၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ

 1540

ရဲထက် (NP News) - နိုဝင်ဘာ ၂၂

ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ကို ရောက်ရှိလာချိန်မှာတော့ လီဗာပူးလ်အသင်းက အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းကို(၅)မှတ်ဖြတ်ပြီး ဦးဆောင်ထား တာကိုတွေ့ရပါတယ်။ မန်စီးတီး အသင်း ကတော့ ပြိုင်ပွဲစုံ (၄)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ရလဒ်ပိုင်းဆိုးရွားနေတာကိုတွေရပါတယ်။ အာဆင်နယ် အသင်း ကလည်း မန်စီးတီး အသင်းလိုပဲ (၄)ပွဲဆက်ရှုံးနိမ့်ထားခဲ့တာကိုတွေ့ရပြီး ပရီးမီယားလိဂ် ချန်ပီယံဆု အတွက်လည်း တဖြည်းဖြည်းနဲ့ အလှမ်းဝေးနေခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရ လီဗာပူးလ် အသင်းကသာ ခြေစွမ်းပိုင်းအရရော ကစားပုံအရပါ တည်ငြိမ်နေတာကို တွေ့ရပြီး ပရီးမီယားလိဂ် ချန်ပီယံဆုရရှိဖို့အတွက် လမ်းစတစ်ခုကို မြင်လာရပြီလို ပြောလို့ရပါတယ်။ ချဲလ်ဆီးအသင်းကလည်း ကစားပုံအရ စောင့်ကြည့် သင့်တဲ့အသင်းထဲမှာ ပါဝင်နေတာကိုတွေ့ရပါတယ်။ လီဗာပူးလ်အသင်းနဲ့သာ ရမှတ်(၉)အထိပြတ်နေ ပေမယ့် မန်စီးတီးအသင်းနဲ့ (၄)မှတ်၊ အာဆင်နယ် အသင်းနဲ့ ရမှတ်တူတူဖြစ်နေ ကိုတွေ့ရပါတယ်။ နော်တင်ဖောရက်စ်အသင်းရဲ့ ခြေစွမ်းကလည်း ဒီနှစ်မှာ မထင်မှတ်ထားဘဲ အက်စ တွန်ဗီလာ၊ စပါး၊ ဘရိုက်တန်တို့ထက် ရလဒ်ကောင်းနေတာကြောင့် စောင့်ကြည့်ချင်စရာကောင်းတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာလည်း NP News က ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)ရဲ့ အကောင်းဆုံးပွဲစဉ်(၅)ပွဲကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။

လက်စတာစီးတီး vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လက်စတာစီးတီး (၁-၃) ချဲလ်ဆီး (၁၁-၃-၂၀၂၄)
ချဲလ်ဆီး (၁-၁) လက်စတာစီးတီး (၂၇-၈-၂၀၂၂)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လက်စတာစီးတီး (၄-၁) ချဲလ်ဆီး (၂၀-၁၁-၂၀၂၂)
လက်စတာစီးတီး (ဝ-၂) ချဲလ်ဆီး
လက်စတာစီးတီး (၂-၄) ချဲလ်ဆီး

ချဲလ်ဆီးအသင်းက ဒီပွဲစဉ်ကို နိုင်လိုက်တာနဲ့ အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းကို အနီးကပ် ဖိအား ပေးလာနိုင်မှာဖြစ်သလို မန်စီးတီးအသင်းက စပါးစ်အသင်းကိုသာရှုံးခဲ့ရင် ချဲလ်ဆီးအသင်းအတွက် အခွင့် အရေး တစ်ခုရှိလာနိုင်တာကြောင့် ဒီပွဲစဉ်က ချဲလ်ဆီးအသင်းအတွက် နိုင်ပွဲရဖို့ မဖြစ်မနေလိုအပ်တဲ့ ပွဲစဉ် တစ်ပွဲဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းက ပြီးခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းကို (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့် ထားပြီး ချဲလ်ဆီးအသင်းကတော့ အာဆင်နယ် အသင်းကို သရေကျထားတာကြောင့် ဒီပွဲစဉ်မှာ နိုင်ပွဲ ရရှိ ဖို့ အားထုတ်ကစားလာနိုင်ပါတယ်။ ဒါ့ပြင် ချဲလ် ဆီးအသင်းက ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲဆက် နိုင်ပွဲ ပျောက်ထားပေမယ့် မန်ယူအသင်းနဲ့ အာဆင် နယ်အသင်းတိုကို မရှုံးအောင်ကန်ထားနိုင်တဲ့ ခြေစွမ်းက အရမ်းကြီးမကောင်းပေမယ့် အနေအထား တစ်ခုအထိ အလုပ်ဖြစ်နေသေးတာကိုတွေ့ရပါတယ်။ ထိပ် တိုက်တွေ့ဆုံမှုတွေအရလည်း လက်စတာ စီးတီးအသင်းက ချဲလ်ဆီးအသင်းကို (၂၀၂၁) ခုနှစ် နောက် ပိုင်းတွေ့ခဲ့တဲ့ ပွဲစဉ်(၆)ပွဲလုံးရှုံးနိမ့်ထား တာကိုတွေ့ရပြီး ဒီတစ်ခေါက် တန်းတက်လာတဲ့ လက်စတာ စီးတီးအသင်းလူစာရင်းအရကြည့်ရင် ချဲလ်ဆီးအသင်းနဲ့ ကွာဟချက်တွေများစွာရှိနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းကပဲ အဝေးကွင်းမှာ အနိုင်(၃)မှတ် ရယူသွားနိုင်ပါတယ်။ ဂိုးတော့မပြတ်ပါဘူး။

အာဆင်နယ် Vs နော်တင်ဖောရက်စ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖောရက်စ် (၁-၂) အာဆင်နယ် (၃၁-၁-၂၀၂၄)
အာဆင်နယ် (၂-၁) ဖောရက်စ် (၁၂-၈-၂၀၂၃)
ဖောရက်စ် (၂-၂) အာဆင်နယ် (၂၀-၅-၂၀၂၃)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် (၁-၁) နော်တင်ဖောရက်စ်
အာဆင်နယ် (၂-၁) နော်တင်ဖောရက်စ်

အာဆင်နယ်အသင်းကတော့ ပရီးမီးယား လိဂ်ဆုကို စိန်ခေါ်နိုင်ဖို့ကြိုးစားမှုတွေမှာ မှေးမိန်စ ပြုလာပြီလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ ရမှတ်(၉) မှတ်အထိကွာဟနေပြီး ဒုတိယနေရာက မန်စီးတီးနဲ့ (၄)မှတ်ကွာဟနေတာကြောင့်ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲ ဆက် နိုင်ပွဲမရဘဲ ရုန်းကန်လာရတာကိုတွေ့ရပြီး မနှစ်ကထက် ပိုမိုဆိုးရွားတဲ့အခြေအနေကို ရောက်ရှိ သွားခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါဟာ နည်းပြ အာတီတာရဲ့ လိုအပ် ချက်ထက် ကစားသမားတွေရဲ့ ကစားပုံ လိုအပ်ချက်ပုံစံတွေကြောင့်သာ အပြောင်းအလဲတွေ လုပ်ထား တဲ့ အာဆင်နယ်အသင်းအတွက် ပေးဆပ်မှု ကြီးမားသွားခဲ့ရတာဖြစ်ပါတယ်။ တိုက်စစ်ပိုင်း မှာ ဂိုးရဖို့ ခက်ခဲနေတာကလည်း အာဆင်နယ်အသင်းအတွက် နိုင်ပွဲပျောက်ဆုံးရခြင်းတဲ့ အကြောင်းအရင်း တစ်ခု ဖြစ်ပြီး ဆာကာနဲ့ ဟာဗက်တို့အတွဲက နောက် ပိုင်းမှာ အလုပ်မဖြစ်လာတာကိုတွေ့ရပါတယ်။ ကွင်းလယ် ပိုင်းမှာ အိုဒီဂတ်ပြန်ပါလာပေမယ့် ဒီကလန်ရိုက်ရဲ့ခြေစွမ်းက အရင်ကလောက်ကစား ပွဲအပေါ် လွှမ်းမိုး နိုင်မှု ကျဆင်းလာတာကိုတွေ့ရပါတယ်။ မာတင်နယ်လီရဲ့ တောင်ပံတိုက်စစ်ကလည်း ဖြတ်ကျော်ဝင် ရောက်မှုနည်းပါးလာတာကိုတွေ့ရပြီး ဂိုးသွင်းဖို့အတွက်လည်း ဆုံးဖြတ်ချက် မပြတ်သား တာကိုတွေ့ရ ပါတယ်။ ဒီအချက်တွေကို မပြင်ဆင်နိုင် ရင်တော့ အာဆင်နယ်အသင်းအတွက် နောက်ပိုင်း ပွဲစဉ်တွေက ဒီထက်ပိုခက်ခဲလာဖို့ရှိနေပါတယ်။ နော်တင်ဖောရက်စ်အသင်းကတော့ အသင်းကြီးတွေကို ဒုက္ခကောင်း ကောင်း ပေးလာတဲ့အသင်းဖြစ်တဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၅) နေရာအထိ ရောက်ရှိလာတဲ့အပြင် ဥရောပ ပြိုင်ပွဲအထိ ခြိမ်းခြောက်လာနိုင်တဲ့အသင်းဖြစ်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ သတိ ကြီးကြီးထားပြီးကစားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာဖို့လွယ်နေမှာမဟုတ် တဲ့အပြင် နိုင်ဖို့ခက်ခဲနိုင်ပြီး သရေကျဖို့များတဲ့ပွဲစဉ်ဖြစ်ပါတယ်။ နိုင်ပွဲ အနေနဲ့ဆိုရင်တော့ အာဆင်နယ် ဘက်နေချင်ပါတယ်။ ဂိုးမပြတ်ပါဘူး။

မန်စီးတီး vs စပါးစ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
စပါးစ် (ဝ-၂) မန်စီးတီး (၁၅-၅-၂၀၂၄)
မန်စီးတီး (၃-၃) စပါးစ် (၃-၁၂-၂၀၂၃)
စပါးစ် (၁-ဝ) မန်စီးတီး (၅-၂-၂၀၂၃)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး (၂-၂) စပါးစ်
မန်စီးတီး (၃- ၂) စပါးစ်

မန်စီးတီးအသင်းက ဒီနှစ် ချန်ပီ ယံဆုကို ကာကွယ်ဖို့ လိုအပ်ချက်တွေရှိနေပြီလို့ သတိပေးလိုက်သလိုဖြစ်သွားပါပြီ။ ပြိုင်ပွဲစုံ(၄)ပွဲဆက် ရှုံးနိမ့်မှုရဲ့ အရသာကိုခံစားလိုက်ရတဲ့ မန်စီးတီးအသင်းအတွက် အမြန်ဆုံးပြန်လည်နိုးထဖို့လိုအပ်နေပြီး လီဗာပူးလ်အသင်းနဲ့ကွာဟနေတဲ့ ရမှတ်(၅)မှတ် အတွက် တိုက်ပွဲဝင်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်း‌တွေ့ရတာက စပါးစ် အသင်းပါ။ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် နိုင်ဖို့ ခက်တဲ့ အသင်းများများစားစားမရှိခဲ့ပေမယ့် စပါးစ် အသင်းမပါတာတော့သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စပါးစ်အသင်းနဲ့တွေ့တိုင်း မန်စီးတီး အသင်းက နိုင်ပွဲရဖို့ ရုန်းကန်ရလေ့ရှိတာကိုတွေ့ရပါတယ်။ ဒါတောင် မန်စီးတီးရဲ့အကောင်းဆုံးအခြေ အနေမှာဖြစ်ပါတယ်။ အခုလက်ရှိအနေအထားအရ မန်စီးတီးအသင်း ဟာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ရိုဒရီ၊ ရူဘင်ဒီယက်ဇ်၊ ဂျွန်စတုန်းနဲ့ ဂရီးလစ်တို့ပါဝင်မလာ နိုင်သေးတာကြောင့် အဘက်ဘက်က ပြိုလဲစပြုလာတာလည်းဖြစ်ပါတယ်။ ဒီပွဲမှာ စပါးစ်အသင်းကိုပါ ထပ်ရှုံးရင် လီဗာပူးလ်အသင်းနဲ့ (၈)မှတ်အထိကွာဟသွားနိုင်တာကြောင့် မဖြစ်မနေ အနိုင်ကန်ရဖို့လည်း ရှိနေပါတယ်။ စပါးစ်အသင်းကလည်း မန်စီးတီးအသင်းလိုပဲ မနှစ်ကထက်ပိုပြီး ခြေစွမ်းညံ့လာတဲ့အပြင် အသင်းကြီးတစ်သင်းအနေအထားမျိုးတောင် ရောက်ရှိမလာတာကြောင့် ခြေစွမ်းပိုင်းမှာ ကြောက်စရာ မလိုတဲ့အသင်းဖြစ်နေပါ တယ်။ ဒါပေမဲ့ စပါးစ်အသင်းက မန်စီးတီးအသင်းနဲ့ဆိုရင် ဘယ်လိုပုံစံမျိုးမှာ မဆို ခြေစွမ်းပြတတ်တာကြောင့် ဒီနှစ်ရဲ့ထိပ်တိုက်တွေ့ဆုံမှုက မန်စီးတီးအိမ်ကွင်းမှာဖြစ်လို့ နိုင်မယ် ဆိုရင် မန်စီးတီးအသင်းက နိုင်ပွဲရဖို့များပေမယ့် အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေလည်း ကျသွားနိုင်ပါတယ်။

ဆောက်သမ်တန် vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဆောက်သမ်တန်(၄-၄)လီဗာပူးလ် (၂၈-၅-၂၀၂၃)
လီဗာပူးလ်(၃-၁)ဆောက်သမ်တန် (၁၂-၁၁-၂၀၂၂)
ဆောက်သမ်တန်(၁-၂) လီဗာပူးလ် (၁၈-၅-၂၀၂၂)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဆောက်သမ်တန် (ဝ - ၃) လီဗာပူးလ်
ဆောက်သမ်တန် (ဝ - ၂) လီဗာပူးလ်

လီဗာပူးလ်အသင်းက ဒီနှစ်မှာ နည်းပြအသစ်နဲ့ အတူ ပရီးမီးယားလိဂ်မှာ တိုင်ပတ်လိမ့်မယ်လို့ လူတိုင်းကထင်ထားပေမယ့် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ခြေစွမ်းပိုင်း တည်ငြိမ်မှု တွေ နဲ့အတူ အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းကို(၅)မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်လိုက် ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့(၂)နှစ်(၃)နှစ်လောက်မှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြားက ပြိုင်ဆိုင်မှု တွေဟာ လီဗာပူးလ် အသင်းရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့် မန်စီးတီးအသင်းကသာ ပရီး မီးယားလိဂ်ကို လေးနှစ်ဆက် ရယူနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ သေချာ ပြန်ကြည့်ရင် မန်စီးတီးအသင်းကို ဒီဘက်နှစ်တွေမှာ ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားရယူခဲ့တဲ့ တစ်ခု တည်းသောအသင်း က လီဗာပူးလ်တစ်သင်းသာ ရှိတာ ကိုတွေ့ရမှာပါ။ ဒါက တိုက်ဆိုင်မှု မဟုတ်သလို မန်တီးစီးကို တူတူတန်တန်ယှဉ်ပြိုင်ဖို့ဆိုတာ လီဗာပူးလ်အသင်းကသာ လုပ်နိုင် တယ်လို့ ပြသလိုက် တဲ့သဘောမျိုးလည်းဖြစ်နေပါတယ်။ ဒီနှစ်မှာ လည်း မန်စီးတီးအသင်းကို (၅)မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် ဒီနှစ်မှာ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူသွားနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဆောက်သမ်တန် အသင်းကလည်း ဒီနှစ်မှာ တန်းဆင်းရဖို့သေချာသလောက်ရှိနေတာကြောင့် ဒီပွဲစဉ်က လီဗာပူးလ်အသင်း အတွက် အနိုင်(၃)မှတ်သေချာတဲ့ ပွဲစဉ်ဖြစ်ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်သွားဖို့ရှိနေပါ တယ်။

အစ်ဝှစ်တောင် vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ (၃-ဝ) အစ်ဝှစ်တောင်း (၂၄-၈-၂၀၁၅)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အစ်ဝှစ်တောင်း (ဝ - ၂) မန်ယူ
အစ်ဝှစ်တောင်း (ဝ - ၃) မန်ယူ

မန်ယူအသင်းက ဒီရက်ပိုင်း ဥရောပမှာရော ပရီးမီးယားလိဂ်မှာပါ နိုင်ပွဲပြန်ရလာတာကြောင့် နည်းပြသစ် အမ်မိုရင်အတွက် လာခြင်းကောင်းတဲ့အရာတွေ ဖန်တီးနိုင်ဖို့ အကောင်းဆုံးအချိန်အခါလို့ ပြောလို့ရနေပါတယ်။ ဒါဟာ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ရတဲ့ နစရိုင်းကို ကျေးဇူးတင်ရမှာဖြစ်ပြီး သူ့ကိုင်တဲ့ပွဲစဉ်(၄)ပွဲမှာ တစ်ပွဲမှ မရှုံးခဲ့ဘဲ (၃)ပွဲနိုင် တစ်ပွဲသရေကျခဲ့တာကြောင့် အကောင်းဆုံးပုံစံတွေနဲ့ မန်ယူအသင်းဟာ ပြန်လည်အသက်သွင်းလာဖို့ရှိနေပါတယ်။ ဒါ့ပြင် အစ်ဝှစ်တောင်းနဲ့ပွဲစဉ်ကို နည်းပြ သစ် အမ်မိုရင် ကိုင်မှာဖြစ်တဲ့အတွက် နိုင်ပွဲရဖို့သေချာသလောက်ရှိနေတဲ့အသင်းနဲ့တွေ့ဆုံမှာကလည်း မန်ယူအသင်းအတွက် ကံကောင်းမှုတစ်ခုလို့ဆိုနိုင် ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာ အဆင့် (၁၃) အထိ ရောက်နေပေမယ့် အစ်ဝှစ်တောင်းကိုအနိုင်ယူ နိုင်ခဲ့ရင် နောက်ပိုင်းမှာ မန်ယူအသင်းဟာ ဥရောပ ဝင်ခွင့်တစ်နေရာအတွက် ပြန်လည်အသက်သွင်းနိုင်ဖို့ များပါတယ်။ ဒါကြောင့်ဒီပွဲစဉ်က အဘက်ဘက် သာ လွန်နေတဲ့ မန်ယူအသင်းကပဲ နည်းပြသစ်နဲ့အတူ အနိုင်(၃)မှတ်ရယူသွားနိုင်ပါတယ်။

၂၃-၁၁-၂၀၂၄ (စနေနေ့ညပိုင်း)
ည(ရးဝဝ) လက်စတာစီးတီး vs ချဲလ်ဆီး
ည(၉း၃၀) အာဆင်နယ် vs နော်တင်ဖောရက်စ်
ည(၁၂းဝဝ) မန်စီးတီး vs စပါးစ်

၂၄-၁၁-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)
ည(၈း၃၀) ဆောက်သမ်တန် Vs လီဗာပူးလ်
ည(၁၁းဝဝ) အစ်ဝှစ်တောင်း Vs မန်ယူ

zawgyi version
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ္ ပြဲစဥ္(၁၂) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ႏိုဝင္ဘာ ၂၂

ပရီးမီးယားလိဂ္ပြဲစဥ္(၁၂)ကို ေရာက္ရွိလာခ်ိန္မွာေတာ့ လီဗာပူးလ္အသင္းက အမွတ္ေပးဇယားမွာ မန္စီးတီးအသင္းကို(၅)မွတ္ျဖတ္ၿပီး ဦးေဆာင္ထား တာကိုေတြ႕ရပါတယ္။ မန္စီးတီး အသင္း ကေတာ့ ၿပိဳင္ပြဲစုံ (၄)ပြဲဆက္ ရႈံးနိမ့္ခဲ့ၿပီး ရလဒ္ပိုင္းဆိုး႐ြားေနတာကိုေတြရပါတယ္။ အာဆင္နယ္ အသင္း ကလည္း မန္စီးတီး အသင္းလိုပဲ (၄)ပြဲဆက္ရႈံးနိမ့္ထားခဲ့တာကိုေတြ႕ရၿပီး ပရီးမီယားလိဂ္ ခ်န္ပီယံဆု အတြက္လည္း တျဖည္းျဖည္းနဲ႔ အလွမ္းေဝးေနခဲ့ၿပီလည္းျဖစ္ပါတယ္။ လက္ရွိေျခစြမ္းအရ လီဗာပူးလ္ အသင္းကသာ ေျခစြမ္းပိုင္းအရေရာ ကစားပုံအရပါ တည္ၿငိမ္ေနတာကို ေတြ႕ရၿပီး ပရီးမီယားလိဂ္ ခ်န္ပီယံဆုရရွိဖို႔အတြက္ လမ္းစတစ္ခုကို ျမင္လာရၿပီလို ေျပာလို႔ရပါတယ္။ ခ်ဲလ္ဆီးအသင္းကလည္း ကစားပုံအရ ေစာင့္ၾကည့္ သင့္တဲ့အသင္းထဲမွာ ပါဝင္ေနတာကိုေတြ႕ရပါတယ္။ လီဗာပူးလ္အသင္းနဲ႔သာ ရမွတ္(၉)အထိျပတ္ေန ေပမယ့္ မန္စီးတီးအသင္းနဲ႔ (၄)မွတ္၊ အာဆင္နယ္ အသင္းနဲ႔ ရမွတ္တူတူျဖစ္ေန ကိုေတြ႕ရပါတယ္။ ေနာ္တင္ေဖာရက္စ္အသင္းရဲ႕ ေျခစြမ္းကလည္း ဒီႏွစ္မွာ မထင္မွတ္ထားဘဲ အက္စ တြန္ဗီလာ၊ စပါး၊ ဘ႐ိုက္တန္တို႔ထက္ ရလဒ္ေကာင္းေနတာေၾကာင့္ ေစာင့္ၾကည့္ခ်င္စရာေကာင္းတဲ့ အသင္းတစ္သင္းလည္း ျဖစ္ပါတယ္။ ဒီတစ္ပတ္မွာလည္း NP News က ပရီးမီးယားလိဂ္ပြဲစဥ္ (၁၂)ရဲ႕ အေကာင္းဆုံးပြဲစဥ္(၅)ပြဲကို သုံးသပ္တင္ဆက္ေပးသြားခ်င္ပါတယ္။

လက္စတာစီးတီး vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လက္စတာစီးတီး (၁-၃) ခ်ဲလ္ဆီး (၁၁-၃-၂၀၂၄)
ခ်ဲလ္ဆီး (၁-၁) လက္စတာစီးတီး (၂၇-၈-၂၀၂၂)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လက္စတာစီးတီး (၄-၁) ခ်ဲလ္ဆီး (၂၀-၁၁-၂၀၂၂)
လက္စတာစီးတီး (ဝ-၂) ခ်ဲလ္ဆီး
လက္စတာစီးတီး (၂-၄) ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းက ဒီပြဲစဥ္ကို ႏိုင္လိုက္တာနဲ႔ အမွတ္ေပးဇယားမွာ မန္စီးတီးအသင္းကို အနီးကပ္ ဖိအား ေပးလာႏိုင္မွာျဖစ္သလို မန္စီးတီးအသင္းက စပါးစ္အသင္းကိုသာရႈံးခဲ့ရင္ ခ်ဲလ္ဆီးအသင္းအတြက္ အခြင့္ အေရး တစ္ခုရွိလာႏိုင္တာေၾကာင့္ ဒီပြဲစဥ္က ခ်ဲလ္ဆီးအသင္းအတြက္ ႏိုင္ပြဲရဖို႔ မျဖစ္မေနလိုအပ္တဲ့ ပြဲစဥ္ တစ္ပြဲျဖစ္ပါတယ္။ လက္စတာစီးတီးအသင္းက ၿပီးခဲ့တဲ့ပြဲစဥ္မွာ မန္ယူအသင္းကို (၃)ဂိုးျပတ္နဲ႔ ရႈံးနိမ့္ ထားၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ အာဆင္နယ္ အသင္းကို သေရက်ထားတာေၾကာင့္ ဒီပြဲစဥ္မွာ ႏိုင္ပြဲ ရရွိ ဖို႔ အားထုတ္ကစားလာႏိုင္ပါတယ္။ ဒါ့ျပင္ ခ်ဲလ္ ဆီးအသင္းက ပရီးမီးယားလိဂ္ပြဲစဥ္(၃)ပြဲဆက္ ႏိုင္ပြဲ ေပ်ာက္ထားေပမယ့္ မန္ယူအသင္းနဲ႔ အာဆင္ နယ္အသင္းတိုကို မရႈံးေအာင္ကန္ထားႏိုင္တဲ့ ေျခစြမ္းက အရမ္းႀကီးမေကာင္းေပမယ့္ အေနအထား တစ္ခုအထိ အလုပ္ျဖစ္ေနေသးတာကိုေတြ႕ရပါတယ္။ ထိပ္ တိုက္ေတြ႕ဆုံမႈေတြအရလည္း လက္စတာ စီးတီးအသင္းက ခ်ဲလ္ဆီးအသင္းကို (၂၀၂၁) ခုႏွစ္ ေနာက္ ပိုင္းေတြ႕ခဲ့တဲ့ ပြဲစဥ္(၆)ပြဲလုံးရႈံးနိမ့္ထား တာကိုေတြ႕ရၿပီး ဒီတစ္ေခါက္ တန္းတက္လာတဲ့ လက္စတာ စီးတီးအသင္းလူစာရင္းအရၾကည့္ရင္ ခ်ဲလ္ဆီးအသင္းနဲ႔ ကြာဟခ်က္ေတြမ်ားစြာရွိေနပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းကပဲ အေဝးကြင္းမွာ အႏိုင္(၃)မွတ္ ရယူသြားႏိုင္ပါတယ္။ ဂိုးေတာ့မျပတ္ပါဘူး။

အာဆင္နယ္ Vs ေနာ္တင္ေဖာရက္စ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဖာရက္စ္ (၁-၂) အာဆင္နယ္ (၃၁-၁-၂၀၂၄)
အာဆင္နယ္ (၂-၁) ေဖာရက္စ္ (၁၂-၈-၂၀၂၃)
ေဖာရက္စ္ (၂-၂) အာဆင္နယ္ (၂၀-၅-၂၀၂၃)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ (၁-၁) ေနာ္တင္ေဖာရက္စ္
အာဆင္နယ္ (၂-၁) ေနာ္တင္ေဖာရက္စ္

အာဆင္နယ္အသင္းကေတာ့ ပရီးမီးယား လိဂ္ဆုကို စိန္ေခၚႏိုင္ဖို႔ႀကိဳးစားမႈေတြမွာ ေမွးမိန္စ ျပဳလာၿပီလို႔ ေျပာလို႔ရပါတယ္။ ဘာျဖစ္လိုလဲဆိုေတာ့ အမွတ္ေပးဇယားရဲ႕ထိပ္ဆုံးက လီဗာပူးလ္အသင္းနဲ႔ ရမွတ္(၉) မွတ္အထိကြာဟေနၿပီး ဒုတိယေနရာက မန္စီးတီးနဲ႔ (၄)မွတ္ကြာဟေနတာေၾကာင့္ျဖစ္ပါတယ္။ ေျခစြမ္းပိုင္းမွာလည္း ပရီးမီးယားလိဂ္ပြဲစဥ္(၄)ပြဲ ဆက္ ႏိုင္ပြဲမရဘဲ ႐ုန္းကန္လာရတာကိုေတြ႕ရၿပီး မႏွစ္ကထက္ ပိုမိုဆိုး႐ြားတဲ့အေျခအေနကို ေရာက္ရွိ သြားခဲ့ၿပီလည္းျဖစ္ပါတယ္။ ဒါဟာ နည္းျပ အာတီတာရဲ႕ လိုအပ္ ခ်က္ထက္ ကစားသမားေတြရဲ႕ ကစားပုံ လိုအပ္ခ်က္ပုံစံေတြေၾကာင့္သာ အေျပာင္းအလဲေတြ လုပ္ထား တဲ့ အာဆင္နယ္အသင္းအတြက္ ေပးဆပ္မႈ ႀကီးမားသြားခဲ့ရတာျဖစ္ပါတယ္။ တိုက္စစ္ပိုင္း မွာ ဂိုးရဖို႔ ခက္ခဲေနတာကလည္း အာဆင္နယ္အသင္းအတြက္ ႏိုင္ပြဲေပ်ာက္ဆုံးရျခင္းတဲ့ အေၾကာင္းအရင္း တစ္ခု ျဖစ္ၿပီး ဆာကာနဲ႔ ဟာဗက္တို႔အတြဲက ေနာက္ ပိုင္းမွာ အလုပ္မျဖစ္လာတာကိုေတြ႕ရပါတယ္။ ကြင္းလယ္ ပိုင္းမွာ အိုဒီဂတ္ျပန္ပါလာေပမယ့္ ဒီကလန္႐ိုက္ရဲ႕ေျခစြမ္းက အရင္ကေလာက္ကစား ပြဲအေပၚ လႊမ္းမိုး ႏိုင္မႈ က်ဆင္းလာတာကိုေတြ႕ရပါတယ္။ မာတင္နယ္လီရဲ႕ ေတာင္ပံတိုက္စစ္ကလည္း ျဖတ္ေက်ာ္ဝင္ ေရာက္မႈနည္းပါးလာတာကိုေတြ႕ရၿပီး ဂိုးသြင္းဖို႔အတြက္လည္း ဆုံးျဖတ္ခ်က္ မျပတ္သား တာကိုေတြ႕ရ ပါတယ္။ ဒီအခ်က္ေတြကို မျပင္ဆင္ႏိုင္ ရင္ေတာ့ အာဆင္နယ္အသင္းအတြက္ ေနာက္ပိုင္း ပြဲစဥ္ေတြက ဒီထက္ပိုခက္ခဲလာဖို႔ရွိေနပါတယ္။ ေနာ္တင္ေဖာရက္စ္အသင္းကေတာ့ အသင္းႀကီးေတြကို ဒုကၡေကာင္း ေကာင္း ေပးလာတဲ့အသင္းျဖစ္တဲ့ အမွတ္ေပးဇယားရဲ႕ အဆင့္(၅) ေနရာအထိ ေရာက္ရွိလာတဲ့အျပင္ ဥေရာပ ၿပိဳင္ပြဲအထိ ၿခိမ္းေျခာက္လာႏိုင္တဲ့အသင္းျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ သတိ ႀကီးႀကီးထားၿပီးကစားဖို႔လိုအပ္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က အာဆင္နယ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ႏိုင္ပြဲျပန္ရွာဖို႔လြယ္ေနမွာမဟုတ္ တဲ့အျပင္ ႏိုင္ဖို႔ခက္ခဲႏိုင္ၿပီး သေရက်ဖို႔မ်ားတဲ့ပြဲစဥ္ျဖစ္ပါတယ္။ ႏိုင္ပြဲ အေနနဲ႔ဆိုရင္ေတာ့ အာဆင္နယ္ ဘက္ေနခ်င္ပါတယ္။ ဂိုးမျပတ္ပါဘူး။

မန္စီးတီး vs စပါးစ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
စပါးစ္ (ဝ-၂) မန္စီးတီး (၁၅-၅-၂၀၂၄)
မန္စီးတီး (၃-၃) စပါးစ္ (၃-၁၂-၂၀၂၃)
စပါးစ္ (၁-ဝ) မန္စီးတီး (၅-၂-၂၀၂၃)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး (၂-၂) စပါးစ္
မန္စီးတီး (၃- ၂) စပါးစ္

မန္စီးတီးအသင္းက ဒီႏွစ္ ခ်န္ပီ ယံဆုကို ကာကြယ္ဖို႔ လိုအပ္ခ်က္ေတြရွိေနၿပီလို႔ သတိေပးလိုက္သလိုျဖစ္သြားပါၿပီ။ ၿပိဳင္ပြဲစုံ(၄)ပြဲဆက္ ရႈံးနိမ့္မႈရဲ႕ အရသာကိုခံစားလိုက္ရတဲ့ မန္စီးတီးအသင္းအတြက္ အျမန္ဆုံးျပန္လည္ႏိုးထဖို႔လိုအပ္ေနၿပီး လီဗာပူးလ္အသင္းနဲ႔ကြာဟေနတဲ့ ရမွတ္(၅)မွတ္ အတြက္ တိုက္ပြဲဝင္ဖို႔လိုအပ္ေနၿပီပဲျဖစ္ပါတယ္။ ဒါေပမဲ့ မန္စီးတီးအသင္း‌ေတြ႕ရတာက စပါးစ္ အသင္းပါ။ မန္စီးတီးအသင္းအတြက္ ပရီးမီးယားလိဂ္ ႏိုင္ဖို႔ ခက္တဲ့ အသင္းမ်ားမ်ားစားစားမရွိခဲ့ေပမယ့္ စပါးစ္ အသင္းမပါတာေတာ့ေသခ်ာပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စပါးစ္အသင္းနဲ႔ေတြ႕တိုင္း မန္စီးတီး အသင္းက ႏိုင္ပြဲရဖို႔ ႐ုန္းကန္ရေလ့ရွိတာကိုေတြ႕ရပါတယ္။ ဒါေတာင္ မန္စီးတီးရဲ႕အေကာင္းဆုံးအေျခ အေနမွာျဖစ္ပါတယ္။ အခုလက္ရွိအေနအထားအရ မန္စီးတီးအသင္း ဟာ အသင္းရဲ႕အဓိက ကစားသမားေတြျဖစ္တဲ့ ႐ိုဒရီ၊ ႐ူဘင္ဒီယက္ဇ္၊ ဂြၽန္စတုန္းနဲ႔ ဂရီးလစ္တို႔ပါဝင္မလာ ႏိုင္ေသးတာေၾကာင့္ အဘက္ဘက္က ၿပိဳလဲစျပဳလာတာလည္းျဖစ္ပါတယ္။ ဒီပြဲမွာ စပါးစ္အသင္းကိုပါ ထပ္ရႈံးရင္ လီဗာပူးလ္အသင္းနဲ႔ (၈)မွတ္အထိကြာဟသြားႏိုင္တာေၾကာင့္ မျဖစ္မေန အႏိုင္ကန္ရဖို႔လည္း ရွိေနပါတယ္။ စပါးစ္အသင္းကလည္း မန္စီးတီးအသင္းလိုပဲ မႏွစ္ကထက္ပိုၿပီး ေျခစြမ္းညံ့လာတဲ့အျပင္ အသင္းႀကီးတစ္သင္းအေနအထားမ်ိဳးေတာင္ ေရာက္ရွိမလာတာေၾကာင့္ ေျခစြမ္းပိုင္းမွာ ေၾကာက္စရာ မလိုတဲ့အသင္းျဖစ္ေနပါ တယ္။ ဒါေပမဲ့ စပါးစ္အသင္းက မန္စီးတီးအသင္းနဲ႔ဆိုရင္ ဘယ္လိုပုံစံမ်ိဳးမွာ မဆို ေျခစြမ္းျပတတ္တာေၾကာင့္ ဒီႏွစ္ရဲ႕ထိပ္တိုက္ေတြ႕ဆုံမႈက မန္စီးတီးအိမ္ကြင္းမွာျဖစ္လို႔ ႏိုင္မယ္ ဆိုရင္ မန္စီးတီးအသင္းက ႏိုင္ပြဲရဖို႔မ်ားေပမယ့္ အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရလည္း က်သြားႏိုင္ပါတယ္။

ေဆာက္သမ္တန္ vs လီဗာပူးလ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဆာက္သမ္တန္(၄-၄)လီဗာပူးလ္ (၂၈-၅-၂၀၂၃)
လီဗာပူးလ္(၃-၁)ေဆာက္သမ္တန္ (၁၂-၁၁-၂၀၂၂)
ေဆာက္သမ္တန္(၁-၂) လီဗာပူးလ္ (၁၈-၅-၂၀၂၂)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ေဆာက္သမ္တန္ (ဝ - ၃) လီဗာပူးလ္
ေဆာက္သမ္တန္ (ဝ - ၂) လီဗာပူးလ္

လီဗာပူးလ္အသင္းက ဒီႏွစ္မွာ နည္းျပအသစ္နဲ႔ အတူ ပရီးမီးယားလိဂ္မွာ တိုင္ပတ္လိမ့္မယ္လို႔ လူတိုင္းကထင္ထားေပမယ့္ မယုံၾကည္ႏိုင္စရာ ေကာင္းေလာက္ေအာင္ ေျခစြမ္းပိုင္း တည္ၿငိမ္မႈ ေတြ နဲ႔အတူ အမွတ္ေပးဇယားမွာ မန္စီးတီးအသင္းကို(၅)မွတ္ျဖတ္ၿပီး ဦးေဆာင္ထားႏိုင္လိုက္ ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့(၂)ႏွစ္(၃)ႏွစ္ေလာက္မွာ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ၾကားက ၿပိဳင္ဆိုင္မႈ ေတြဟာ လီဗာပူးလ္ အသင္းရဲ႕ ေျခစြမ္းပိုင္းက်ဆင္းမႈေတြေၾကာင့္ မန္စီးတီးအသင္းကသာ ပရီး မီးယားလိဂ္ကို ေလးႏွစ္ဆက္ ရယူႏိုင္ခဲ့တာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ ေသခ်ာ ျပန္ၾကည့္ရင္ မန္စီးတီးအသင္းကို ဒီဘက္ႏွစ္ေတြမွာ ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ဖလားရယူခဲ့တဲ့ တစ္ခု တည္းေသာအသင္း က လီဗာပူးလ္တစ္သင္းသာ ရွိတာ ကိုေတြ႕ရမွာပါ။ ဒါက တိုက္ဆိုင္မႈ မဟုတ္သလို မန္တီးစီးကို တူတူတန္တန္ယွဥ္ၿပိဳင္ဖို႔ဆိုတာ လီဗာပူးလ္အသင္းကသာ လုပ္ႏိုင္ တယ္လို႔ ျပသလိုက္ တဲ့သေဘာမ်ိဳးလည္းျဖစ္ေနပါတယ္။ ဒီႏွစ္မွာ လည္း မန္စီးတီးအသင္းကို (၅)မွတ္အထိ ျဖတ္ထားႏိုင္တာေၾကာင့္ ဒီႏွစ္မွာ လီဗာပူးလ္အသင္းက ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရယူသြားႏိုင္မလားဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းေနပါတယ္။ ေဆာက္သမ္တန္ အသင္းကလည္း ဒီႏွစ္မွာ တန္းဆင္းရဖို႔ေသခ်ာသေလာက္ရွိေနတာေၾကာင့္ ဒီပြဲစဥ္က လီဗာပူးလ္အသင္း အတြက္ အႏိုင္(၃)မွတ္ေသခ်ာတဲ့ ပြဲစဥ္ျဖစ္ၿပီး အမွတ္ေပးဇယားကို ဆက္လက္ ဦးေဆာင္သြားဖို႔ရွိေနပါ တယ္။

အစ္ဝွစ္ေတာင္ vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ (၃-ဝ) အစ္ဝွစ္ေတာင္း (၂၄-၈-၂၀၁၅)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အစ္ဝွစ္ေတာင္း (ဝ - ၂) မန္ယူ
အစ္ဝွစ္ေတာင္း (ဝ - ၃) မန္ယူ

မန္ယူအသင္းက ဒီရက္ပိုင္း ဥေရာပမွာေရာ ပရီးမီးယားလိဂ္မွာပါ ႏိုင္ပြဲျပန္ရလာတာေၾကာင့္ နည္းျပသစ္ အမ္မိုရင္အတြက္ လာျခင္းေကာင္းတဲ့အရာေတြ ဖန္တီးႏိုင္ဖို႔ အေကာင္းဆုံးအခ်ိန္အခါလို႔ ေျပာလို႔ရေနပါတယ္။ ဒါဟာ ယာယီနည္းျပအျဖစ္ တာဝန္ယူခဲ့ရတဲ့ နစ႐ိုင္းကို ေက်းဇူးတင္ရမွာျဖစ္ၿပီး သူ႔ကိုင္တဲ့ပြဲစဥ္(၄)ပြဲမွာ တစ္ပြဲမွ မရႈံးခဲ့ဘဲ (၃)ပြဲႏိုင္ တစ္ပြဲသေရက်ခဲ့တာေၾကာင့္ အေကာင္းဆုံးပုံစံေတြနဲ႔ မန္ယူအသင္းဟာ ျပန္လည္အသက္သြင္းလာဖို႔ရွိေနပါတယ္။ ဒါ့ျပင္ အစ္ဝွစ္ေတာင္းနဲ႔ပြဲစဥ္ကို နည္းျပ သစ္ အမ္မိုရင္ ကိုင္မွာျဖစ္တဲ့အတြက္ ႏိုင္ပြဲရဖို႔ေသခ်ာသေလာက္ရွိေနတဲ့အသင္းနဲ႔ေတြ႕ဆုံမွာကလည္း မန္ယူအသင္းအတြက္ ကံေကာင္းမႈတစ္ခုလို႔ဆိုႏိုင္ ပါတယ္။ လက္ရွိအမွတ္ေပးဇယားမွာ အဆင့္ (၁၃) အထိ ေရာက္ေနေပမယ့္ အစ္ဝွစ္ေတာင္းကိုအႏိုင္ယူ ႏိုင္ခဲ့ရင္ ေနာက္ပိုင္းမွာ မန္ယူအသင္းဟာ ဥေရာပ ဝင္ခြင့္တစ္ေနရာအတြက္ ျပန္လည္အသက္သြင္းႏိုင္ဖို႔ မ်ားပါတယ္။ ဒါေၾကာင့္ဒီပြဲစဥ္က အဘက္ဘက္ သာ လြန္ေနတဲ့ မန္ယူအသင္းကပဲ နည္းျပသစ္နဲ႔အတူ အႏိုင္(၃)မွတ္ရယူသြားႏိုင္ပါတယ္။

၂၃-၁၁-၂၀၂၄ (စေနေန႔ညပိုင္း)
ည(ရးဝဝ) လက္စတာစီးတီး vs ခ်ဲလ္ဆီး
ည(၉း၃၀) အာဆင္နယ္ vs ေနာ္တင္ေဖာရက္စ္
ည(၁၂းဝဝ) မန္စီးတီး vs စပါးစ္

၂၄-၁၁-၂၀၂၄ (တနဂၤေႏြေန႔ညပိုင္း)
ည(၈း၃၀) ေဆာက္သမ္တန္ Vs လီဗာပူးလ္
ည(၁၁းဝဝ) အစ္ဝွစ္ေတာင္း Vs မန္ယူ

Related news

© 2021. All rights reserved.