မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား

 2388

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့စိမ်း သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ပြည်သူများဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၂၁ ရက်)၊ ညနေ ၅နာရီအချိန်ခန့်က မကွေးမြို့၊ မကွေးမြို့ဆေးရုံကြီးရှေ့ရှိ “စိမ်းဆေးခန်း”တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

“အခုဆရာမကြီးက ကျွန်တော်တို့ ဆရာမပါ။ ကျွန်တော်သိရတာတော့ သူနာပြုအကူဆရာမဆီကနေ အဲဒီအမျိုးသားက ဆွဲကြိုးဖြုတ်ယူတာကို ဆရာမကြီးက အော်ပြီးအကူအညီတောင်းတာမှာ ဓားနဲ့ထိုးသွားတာ”ဟု ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။

ထိုသို့ ဓားဖြင့် ထိုးခုတ်ခံရမှုကြောင့် ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူး (ကာလသားရောဂါတိုက်ဖျက်ရေး)ဆရာဝန် မကြီး ဒေါက်တာမို့မို့စိမ်းတွင် ပြတ်ရှဒဏ်ရာ၊ ထိုးသွင်း ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဆေးခန်းရှိအကူသူနာပြုဆရာမတစ်ဦးသည်လည်း ထိခိုက်ဒဏ် ရာများရရှိခဲ့ကြောင်း သိရသည်။

“အခုဖြစ်သွားတဲ့နေရာက မြို့တွင်းဆိုတော့ လုံခြုံမှုရှိနိုင်တယ်လို့ထင်တာပေါ့။ ကျွန်တော်တို့ကလည်းမထင်ပါဘူး။ အခုလို လူစည်ကားတဲ့ ဆေးရုံနားမှာဖြစ်တာဆိုတော့ ဘာတွေဖြစ်နေလဲမပြောတတ်တော့ပါဘူး။ အရင်းတုန်းကလည်း ဒီလိုဖြစ်စဉ်မျိုးတွေမကြားမိပါဘူး။ လုပ်တဲ့လူကိုတော့ အကုန်ဝိုင်းဖမ်းတာဖမ်းမိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လုယက်သတ်ဖြတ်မှုကျူးလွန်သူအမျိုး သားသည်အဆိုပါဆေးခန်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဆေးခန်းပြသခဲ့ဖူးပြီး ဆေးဖိုးငွေ မလောက်သည့် အတွက် ဆရာမကြီးမှ နောက်မှပေးရန်လည်းပြောဆိုခဲ့ဖူးကြောင်း သိရသည်။

၎င်းသည် အဒေါ်တော်စပ်သူ၏ ဖခင်ထံမှ ငွေကျပ် သိန်း(၆ဝ)ချေးယူခဲ့ဖူးပြီး အဆိုပါ ငွေကြေးများ ပြန်လည်တောင်းချိန်တွင် ငွေအခက်အခဲဖြစ်နေခဲ့ကြောင်း သိရသည်။ ထို့အတွက်ကြောင့် ၎င်းဆေးခန်းပြခဲ့သည့် ဆေးခန်းတွင် ဆရာဝန်မကြီးနှင့် အကူဆရာမ နှစ်ဦးတည်းသာရှိပြီး အကူဆရာမဖြစ်သူ၏ လည်ပင်းတွင်ဆွဲထားသည့် ရွှေဆွဲကြိုးအား သွားရောက်လုယက် ရန် အကြံပေါ်ခဲ့ပြီးနောက် နေအိမ်မှ ဓားတစ်ချောင်းကို ယူကာထွက်ခဲ့ကြောင်း သိရသည်။

ဆေးခန်းသို့ရောက်ရှိချိန်တွင် ယခင်က ပေးရန် ကျန်သည့် ငွေကို လာရောက်ပေးချေခြင်းဖြစ်ကြောင်းပြောဆိုပြီး ဆရာဝန်မကြီးကို ဓားဖြင့်ထိုးကာ အကူဆရာမ၏ လည်ပင်းတွင် ဆွဲထားသည့်ရွှေဆွဲကြိုးအား ဖြုတ်ယူရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုယက်သတ်ဖြတ်မှုကျူးလွန်သူအမျိုးသားမှာ ဆေးခန်းအပြင်ဘက်သို့ ပြန်လည်ထွက်ပြေးစဉ် မြို့ခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်းလည်း မြို့ခံတစ်ဦး ဆိုသည်။

ထိုသို့ သတ်ဖြတ်ခံရသည့် ဒေါက်တာမို့မို့စိမ်းမှာ ရဟန်းသံဃာတော်များနှင့် ဆင်းရဲနွမ်းပါးသူများကို မြေပြင်ဆင်းကာ မကြာခဏ အခမဲ့ဆေးကုသပေးသည့် ဆရာဝန်ကောင်းတစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများက ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများတွင် မှတ်ချက်ပြုရေးသားထားသည်ကို တွေ့ရသည်။ ထို့ကြောင့် သေဆုံးသူဒေါက်တာမို့မို့စိမ်းကို မကွေးမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူအမျိုးသားကို မကွေးမြို့မရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

zawgyi version
မေကြးၿမိဳ႕၌ ဒုတိုင္းက်န္းမာေရးဦးစီးမႉး သတ္ျဖတ္ခံရမႈျဖစ္ပြား
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၂

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕၌ ဒုတိယတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာမို႔မို႔စိမ္း သတ္ျဖတ္မႈျဖစ္ပြားခဲ့ၿပီး က်ဴးလြန္သူကို ျပည္သူမ်ားဝိုင္းဝန္းဖမ္းဆီးေပးခဲ့ေၾကာင္း က်န္းမာေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာ ၂၁ ရက္)၊ ညေန ၅နာရီအခ်ိန္ခန႔္က မေကြးၿမိဳ႕၊ မေကြးၿမိဳ႕ေဆး႐ုံႀကီးေရွ႕ရွိ “စိမ္းေဆးခန္း”တြင္ျဖစ္ပြားခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။

“အခုဆရာမႀကီးက ကြၽန္ေတာ္တို႔ ဆရာမပါ။ ကြၽန္ေတာ္သိရတာေတာ့ သူနာျပဳအကူဆရာမဆီကေန အဲဒီအမ်ိဳးသားက ဆြဲႀကိဳးျဖဳတ္ယူတာကို ဆရာမႀကီးက ေအာ္ၿပီးအကူအညီေတာင္းတာမွာ ဓားနဲ႔ထိုးသြားတာ”ဟု က်န္းမာေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။

ထိုသို႔ ဓားျဖင့္ ထိုးခုတ္ခံရမႈေၾကာင့္ ဒုတိယတိုင္းေဒသႀကီး ျပည္သူ႔က်န္း မာေရးဦးစီးဌာနမႉး (ကာလသားေရာဂါတိုက္ဖ်က္ေရး)ဆရာဝန္ မႀကီး ေဒါက္တာမို႔မို႔စိမ္းတြင္ ျပတ္ရွဒဏ္ရာ၊ ထိုးသြင္း ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ၿပီး ေဆးခန္းရွိအကူသူနာျပဳဆရာမတစ္ဦးသည္လည္း ထိခိုက္ဒဏ္ ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“အခုျဖစ္သြားတဲ့ေနရာက ၿမိဳ႕တြင္းဆိုေတာ့ လုံၿခဳံမႈရွိႏိုင္တယ္လို႔ထင္တာေပါ့။ ကြၽန္ေတာ္တို႔ကလည္းမထင္ပါဘူး။ အခုလို လူစည္ကားတဲ့ ေဆး႐ုံနားမွာျဖစ္တာဆိုေတာ့ ဘာေတြျဖစ္ေနလဲမေျပာတတ္ေတာ့ပါဘူး။ အရင္းတုန္းကလည္း ဒီလိုျဖစ္စဥ္မ်ိဳးေတြမၾကားမိပါဘူး။ လုပ္တဲ့လူကိုေတာ့ အကုန္ဝိုင္းဖမ္းတာဖမ္းမိတယ္”ဟု ၎က ဆက္လက္ေျပာသည္။

လုယက္သတ္ျဖတ္မႈက်ဴးလြန္သူအမ်ိဳး သားသည္အဆိုပါေဆးခန္းတြင္ ၿပီးခဲ့သည့္ရက္ပိုင္းက ေဆးခန္းျပသခဲ့ဖူးၿပီး ေဆးဖိုးေငြ မေလာက္သည့္ အတြက္ ဆရာမႀကီးမွ ေနာက္မွေပးရန္လည္းေျပာဆိုခဲ့ဖူးေၾကာင္း သိရသည္။

၎သည္ အေဒၚေတာ္စပ္သူ၏ ဖခင္ထံမွ ေငြက်ပ္ သိန္း(၆ဝ)ေခ်းယူခဲ့ဖူးၿပီး အဆိုပါ ေငြေၾကးမ်ား ျပန္လည္ေတာင္းခ်ိန္တြင္ ေငြအခက္အခဲျဖစ္ေနခဲ့ေၾကာင္း သိရသည္။ ထို႔အတြက္ေၾကာင့္ ၎ေဆးခန္းျပခဲ့သည့္ ေဆးခန္းတြင္ ဆရာဝန္မႀကီးႏွင့္ အကူဆရာမ ႏွစ္ဦးတည္းသာရွိၿပီး အကူဆရာမျဖစ္သူ၏ လည္ပင္းတြင္ဆြဲထားသည့္ ေ႐ႊဆြဲႀကိဳးအား သြားေရာက္လုယက္ ရန္ အႀကံေပၚခဲ့ၿပီးေနာက္ ေနအိမ္မွ ဓားတစ္ေခ်ာင္းကို ယူကာထြက္ခဲ့ေၾကာင္း သိရသည္။

ေဆးခန္းသို႔ေရာက္ရွိခ်ိန္တြင္ ယခင္က ေပးရန္ က်န္သည့္ ေငြကို လာေရာက္ေပးေခ်ျခင္းျဖစ္ေၾကာင္းေျပာဆိုၿပီး ဆရာဝန္မႀကီးကို ဓားျဖင့္ထိုးကာ အကူဆရာမ၏ လည္ပင္းတြင္ ဆြဲထားသည့္ေ႐ႊဆြဲႀကိဳးအား ျဖဳတ္ယူရန္ ႀကံစည္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လုယက္သတ္ျဖတ္မႈက်ဴးလြန္သူအမ်ိဳးသားမွာ ေဆးခန္းအျပင္ဘက္သို႔ ျပန္လည္ထြက္ေျပးစဥ္ ၿမိဳ႕ခံျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးေပးခဲ့ေၾကာင္းလည္း ၿမိဳ႕ခံတစ္ဦး ဆိုသည္။

ထိုသို႔ သတ္ျဖတ္ခံရသည့္ ေဒါက္တာမို႔မို႔စိမ္းမွာ ရဟန္းသံဃာေတာ္မ်ားႏွင့္ ဆင္းရဲႏြမ္းပါးသူမ်ားကို ေျမျပင္ဆင္းကာ မၾကာခဏ အခမဲ့ေဆးကုသေပးသည့္ ဆရာဝန္ေကာင္းတစ္ဦးလည္း ျဖစ္ေၾကာင္း ေဒသခံမ်ားက ၎တို႔၏ လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ မွတ္ခ်က္ျပဳေရးသားထားသည္ကို ေတြ႕ရသည္။ ထို႔ေၾကာင့္ ေသဆုံးသူေဒါက္တာမို႔မို႔စိမ္းကို မေကြးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားကို မေကြးၿမိဳ႕မရဲစခန္းက ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

Picture

Win Lwin

22/11/2024 19:00

ဝန်ထမ်းမှ အငြိမ်းစားယူပြီးသူ ဆရာဝန်ပါ။

Related news

© 2021. All rights reserved.