အစားအသောက်တွေမှာ Labubu ရုပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုအပေါ် အရေးယူဖို့ Pop Mart စီစဉ်နေ
37
ရောင်နီ (NP News) - နိုဝင်ဘာ ၂၃
သွားချွန်ချွန်လေးတွေနဲ့ လာဘူဘူရုပ်လေးတွေကို ကော်ပီကူးပြီး မုန့်တွေမှာ ခွင့်ပြုချက်မရှိပဲ ပုံစံထွင်ပြီး ရောင်းချခြင်းမျိုးကို အရေးယူမယ်လို့ Labubu နဲ့ The Monsters ရဲ့မူပိုင်ခွင့် (IP) ကို စီမံခန့်ခွဲတဲ့ Pop Mart က ကြေညာထားပါတယ်။
Labubu ဟာ ဟောင်ကောင်ဖွား အနုပညာရှင် ကာဆင်လောင့် ဖန်တီးထားတဲ့ The Monsters ဇာတ်လမ်းစီးရီးရဲ့ဇာတ်ကောင်တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး ရေပန်းစားလာခြင်းနဲ့အတူ အရုပ်အတုလုပ်ပြီး လိမ်လည်ရောင်းချတာမျိူး၊ အွန်လိုင်းစပမ်လုပ်တာမျိုးတွေလည်း ရှိလာခဲ့ပြီး အခုတစ်ခေါက်ကတော့ စားသောက်စရာတွေမှာပါ လာဘူဘူရုပ်ပုံတူပြုလုပ်ပြီး ရောင်းချလာကြတာဖြစ်ပါတယ်။
Pop Mart International မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့အကြီးအကဲ မစ္စတာကယ်ဗင်ကျန်းက "ကုမ္ပဏီအနေနဲ့ စင်ကာပူမှာ လာဘူဘူကို အစားအသောက်တွေမှာ ပုံတူပြုလုပ်ရောင်းချနေတာကို သတိပြုမိတယ်။ ဒါတွေက လုပ်ပိုင်ခွင့်မရှိဘူး" လို့ ပြောပါတယ်။
ဒါကြောင့် "Pop Mart အနေနဲ့ အနုပညာရှင်ဖန်တီးသူ နဲ့ Pop Mart ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် Labubu နဲ့ The Monsters ဇာတ်ကောင်တွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းကို ရပ်တန့်စေဖို့ လိုအပ်တဲ့ဥပဒေနဲ့ အရေးယူသွားမယ်"လို့ ပြောကြားပါတယ်။
"တကယ်လို့ ကျွန်တော်တို့က အရေးယူတာမျိုး မလုပ်ဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့အနာဂတ် အမှတ်တံဆိပ်ပါတနာတွေကို ထိခိုက်စေတယ်။ brand ကို ထိခိုက်နစ်နာစေတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
လာဘူဘူရုပ်ဟာ ဧပြီလ Blackpink အဖွဲ့ဝင် လီဆာက သူ့ရဲ့အင်စတာဂရမ်မှာ လာဘူဘူရုပ်နဲ့ပုံ တင်ခဲ့ပြီးနောက်မှာ ရေပန်းစားလာခဲ့တာဖြစ်ပါတယ်
Zawgyi Version;
အစားအေသာက္ေတြမွာ Labubu ႐ုပ္ကို ခြင့္ျပဳခ်က္မရွိဘဲ အသုံးျပဳမႈအေပၚ အေရးယူဖို႔ Pop Mart စီစဥ္ေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၃
သြားခြၽန္ခြၽန္ေလးေတြနဲ႔ လာဘူဘူ႐ုပ္ေလးေတြကို ေကာ္ပီကူးၿပီး မုန႔္ေတြမွာ ခြင့္ျပဳခ်က္မရွိပဲ ပုံစံထြင္ၿပီး ေရာင္းခ်ျခင္းမ်ိဳးကို အေရးယူမယ္လို႔ Labubu နဲ႔ The Monsters ရဲ႕မူပိုင္ခြင့္ (IP) ကို စီမံခန႔္ခြဲတဲ့ Pop Mart က ေၾကညာထားပါတယ္။
Labubu ဟာ ေဟာင္ေကာင္ဖြား အႏုပညာရွင္ ကာဆင္ေလာင့္ ဖန္တီးထားတဲ့ The Monsters ဇာတ္လမ္းစီးရီးရဲ႕ဇာတ္ေကာင္တစ္ခုျဖစ္ပါတယ္။ နာမည္ႀကီး ေရပန္းစားလာျခင္းနဲ႔အတူ အ႐ုပ္အတုလုပ္ၿပီး လိမ္လည္ေရာင္းခ်တာမ်ိဴး၊ အြန္လိုင္းစပမ္လုပ္တာမ်ိဳးေတြလည္း ရွိလာခဲ့ၿပီး အခုတစ္ေခါက္ကေတာ့ စားေသာက္စရာေတြမွာပါ လာဘူဘူ႐ုပ္ပုံတူျပဳလုပ္ၿပီး ေရာင္းခ်လာၾကတာျဖစ္ပါတယ္။
Pop Mart International မဟာဗ်ဴဟာေျမာက္ မိတ္ဖက္အဖြဲ႕အႀကီးအကဲ မစၥတာကယ္ဗင္က်န္းက "ကုမၸဏီအေနနဲ႔ စင္ကာပူမွာ လာဘူဘူကို အစားအေသာက္ေတြမွာ ပုံတူျပဳလုပ္ေရာင္းခ်ေနတာကို သတိျပဳမိတယ္။ ဒါေတြက လုပ္ပိုင္ခြင့္မရွိဘူး" လို႔ ေျပာပါတယ္။
ဒါေၾကာင့္ "Pop Mart အေနနဲ႔ အႏုပညာရွင္ဖန္တီးသူ နဲ႔ Pop Mart ရဲ႕အက်ိဳးစီးပြားကို ကာကြယ္ဖို႔အတြက္ Labubu နဲ႔ The Monsters ဇာတ္ေကာင္ေတြကို ခြင့္ျပဳခ်က္မရွိဘဲ အသုံးျပဳျခင္းကို ရပ္တန႔္ေစဖို႔ လိုအပ္တဲ့ဥပေဒနဲ႔ အေရးယူသြားမယ္"လို႔ ေျပာၾကားပါတယ္။
"တကယ္လို႔ ကြၽန္ေတာ္တို႔က အေရးယူတာမ်ိဳး မလုပ္ဘူးဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕အနာဂတ္ အမွတ္တံဆိပ္ပါတနာေတြကို ထိခိုက္ေစတယ္။ brand ကို ထိခိုက္နစ္နာေစတယ္" လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
လာဘူဘူ႐ုပ္ဟာ ဧၿပီလ Blackpink အဖြဲ႕ဝင္ လီဆာက သူ႔ရဲ႕အင္စတာဂရမ္မွာ လာဘူဘူ႐ုပ္နဲ႔ပုံ တင္ခဲ့ၿပီးေနာက္မွာ ေရပန္းစားလာခဲ့တာျဖစ္ပါတယ္။