သုံးလ ဝန်းကျင်ဆက်တိုက် ကျဆင်းနေသည့်ငွေလဲနှုန်းကြောင့် ပဲဈေး ပြန်လည်မြင့်တက်ရန်မသေချာ
324
NP News - နိုဝင်ဘာ ၂၃
မိုးကုန်ကာလ ပဲပေါ်ချိန်စပါးပေါ်ချိန်ရောက်လာသော်လည်း အမေရိကန်ဒေါ်လာ နှင့် မြန်မာငွေလဲနှုန်းမှာ အပြောင်းအလဲနည်းပါးနိုင်ကြောင်း ပို့ကုန်/သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
မြန်မာငွေ နှင့် အမေရိကန်ဒေါ်လာလဲလှယ်သည့်ဈေးနှုန်းမှာ သုံးလဝန်းကျင် ခန့်ကြာချိန်အထိ တည်ငြိမ်နေသည့်အပြင် တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး (၄၃၅၀) ကျပ်အထိ ကျဆင်းနေခြင်းဖြစ်သည်။
“ပဲမျိုးစုံရော ငြုပ်ကြက်သွန်ပါ အကုန်လုံးဈေးတက်နေပါတယ်။ ဒါပေမယ့်နိုင်ငံခြားပို့မယ်ဆိုရင် အခု ပြင်ပ ဒေါ်လာဈေးနဲ့ဆိုရင်တောင်အမြတ်နည်းတယ် အစိုးရနဲ့ ဗဟိုဘဏ်ပေါက်ဈေးနဲ့ဆို ရှုံးဖို့ဘဲရှိတယ်။ ပို့ကုန်သမားတွေအကုန်လုံး ဒေါ်လာဈေးအပေါ်ချိန်ပြီး အရောင်းအဝယ်လုပ်နေရတယ် ပြည်တွင်းမှာတော့ လက်ကျန် ပဲတွေဆို အဝယ်မရှိဘူး။ ပဲအသစ်ကိုဘဲ ဝယ်ကြတယ်” ဟု မြန်မာနိုင်ငံ ပဲနှမ်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
့အပြင် အန္ဒိယနိုင်ငံ၌ ဒေဝါလီပွဲတော်ပြီးဆုံးသွားချိန်ဖြစ်သော်ကြောင့် ပဲဈေးနှုန်းများ အေးနေသည့်အပြင် ယခင် လေးလခန့်က အမေရိကန်တစ်ဒေါ်လာ လျှင် (၇၀၀၀)ကျပ် ဝန်းကျင်အထိမြင့်တက်ခဲ့ရာ ပို့ကုန်လုပ်ငန်းများအနေဖြင့် အဆင်ပြေခဲ့ကြောင်း သိရသည်။
ယခင်က မတ်ပဲတစ်တန်လျှင် ၄၁ သိန်းကျော်အထိ ပေါက်ဈေးရှိခဲ့သော်လည်း လက်ရှိတွင် ၃၆ သိန်း အောက်ပေါက်ဈေးသို့ ကျဆင်းလာကြောင်း ရှိကြောင်း၊ ပဲစင်းငုံတစ်တန်လျှင် သိန်း ၅ဝ ကျော်ပေါက်ဈေးရှိရာမှ လက်ရှိတွင် ၃၈ သိန်းဝန်းကျင်သို့ ကျဆင်းလာကြောင်း သိရသည်။
ပြည်တွင်း၌ မိုးဖျက်ခြင်းနှင့် တောင်ယာသွင်းအားစုစရိတ်များ မြင့်တက်ခြင်းတို့ကြောင့် ယခုနှစ်ပဲပေါ်ချိန်တွင် အထွက်နှုန်းနည်းပါးခြင်း နှင့် အရောင်းအဝယ်အေးခြင်း စသည့်အခြေအနေများဖြစ်ပေါ်နေသည်။
လာမည့်နှစ်အတွက် အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံအကြား ပဲကုန်သွယ်မှုသဘောတူစာချွန်လွှာ MOU သည်လာမည့် ၂၀၂၅ မတ်လတွင်ကုန်ဆုံးမည်ဖြစ်ပြိး နောက်ထပ်ချုပ်ဆိုမည့်စာချုပ်သစ်အရ အသစ်အရ မတ်ပဲတန်ချိန် ငါးသိန်း နှင့် ပဲစင်းငုံတန်ချိန် နှစ်သိန်း ကုန်သွယ်ရန် သဘောတူထားကြောင်း သိရသည်။
Zawgyi Version;
သုံးလ ဝန္းက်င္ဆက္တိုက္ က်ဆင္းေနသည့္ေငြလဲႏႈန္းေၾကာင့္ ပဲေဈး ျပန္လည္ျမင့္တက္ရန္မေသခ်ာ
NP News - ႏိုဝင္ဘာ ၂၃
မိုးကုန္ကာလ ပဲေပၚခ်ိန္စပါးေပၚခ်ိန္ေရာက္လာေသာ္လည္း အေမရိကန္ေဒၚလာ ႏွင့္ ျမန္မာေငြလဲႏႈန္းမွာ အေျပာင္းအလဲနည္းပါးႏိုင္ေၾကာင္း ပို႔ကုန္/သြင္းကုန္ စီးပြားေရးလုပ္ငန္းရွင္မ်ားက သုံးသပ္ေျပာၾကားသည္။
ျမန္မာေငြ ႏွင့္ အေမရိကန္ေဒၚလာလဲလွယ္သည့္ေဈးႏႈန္းမွာ သုံးလဝန္းက်င္ ခန႔္ၾကာခ်ိန္အထိ တည္ၿငိမ္ေနသည့္အျပင္ တစ္ေဒၚလာလွ်င္ ျပင္ပေပါက္ေဈး (၄၃၅၀) က်ပ္အထိ က်ဆင္းေနျခင္းျဖစ္သည္။
“ပဲမ်ိဳးစုံေရာ ျငဳပ္ၾကက္သြန္ပါ အကုန္လုံးေဈးတက္ေနပါတယ္။ ဒါေပမယ့္ႏိုင္ငံျခားပို႔မယ္ဆိုရင္ အခု ျပင္ပ ေဒၚလာေဈးနဲ႔ဆိုရင္ေတာင္အျမတ္နည္းတယ္ အစိုးရနဲ႔ ဗဟိုဘဏ္ေပါက္ေဈးနဲ႔ဆို ရႈံးဖို႔ဘဲရွိတယ္။ ပို႔ကုန္သမားေတြအကုန္လုံး ေဒၚလာေဈးအေပၚခ်ိန္ၿပီး အေရာင္းအဝယ္လုပ္ေနရတယ္ ျပည္တြင္းမွာေတာ့ လက္က်န္ ပဲေတြဆို အဝယ္မရွိဘူး။ ပဲအသစ္ကိုဘဲ ဝယ္ၾကတယ္” ဟု ျမန္မာႏိုင္ငံ ပဲႏွမ္းလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
့အျပင္ အႏၵိယႏိုင္ငံ၌ ေဒဝါလီပြဲေတာ္ၿပီးဆုံးသြားခ်ိန္ျဖစ္ေသာ္ေၾကာင့္ ပဲေဈးႏႈန္းမ်ား ေအးေနသည့္အျပင္ ယခင္ ေလးလခန႔္က အေမရိကန္တစ္ေဒၚလာ လွ်င္ (၇၀၀၀)က်ပ္ ဝန္းက်င္အထိျမင့္တက္ခဲ့ရာ ပို႔ကုန္လုပ္ငန္းမ်ားအေနျဖင့္ အဆင္ေျပခဲ့ေၾကာင္း သိရသည္။
ယခင္က မတ္ပဲတစ္တန္လွ်င္ ၄၁ သိန္းေက်ာ္အထိ ေပါက္ေဈးရွိခဲ့ေသာ္လည္း လက္ရွိတြင္ ၃၆ သိန္း ေအာက္ေပါက္ေဈးသို႔ က်ဆင္းလာေၾကာင္း ရွိေၾကာင္း၊ ပဲစင္းငုံတစ္တန္လွ်င္ သိန္း ၅ဝ ေက်ာ္ေပါက္ေဈးရွိရာမွ လက္ရွိတြင္ ၃၈ သိန္းဝန္းက်င္သို႔ က်ဆင္းလာေၾကာင္း သိရသည္။
ျပည္တြင္း၌ မိုးဖ်က္ျခင္းႏွင့္ ေတာင္ယာသြင္းအားစုစရိတ္မ်ား ျမင့္တက္ျခင္းတို႔ေၾကာင့္ ယခုႏွစ္ပဲေပၚခ်ိန္တြင္ အထြက္ႏႈန္းနည္းပါးျခင္း ႏွင့္ အေရာင္းအဝယ္ေအးျခင္း စသည့္အေျခအေနမ်ားျဖစ္ေပၚေနသည္။
လာမည့္ႏွစ္အတြက္ အိႏၵိယႏိုင္ငံ ႏွင့္ ျမန္မာႏိုင္ငံအၾကား ပဲကုန္သြယ္မႈသေဘာတူစာခြၽန္လႊာ MOU သည္လာမည့္ ၂၀၂၅ မတ္လတြင္ကုန္ဆုံးမည္ျဖစ္ၿပိး ေနာက္ထပ္ခ်ဳပ္ဆိုမည့္စာခ်ဳပ္သစ္အရ အသစ္အရ မတ္ပဲတန္ခ်ိန္ ငါးသိန္း ႏွင့္ ပဲစင္းငုံတန္ခ်ိန္ ႏွစ္သိန္း ကုန္သြယ္ရန္ သေဘာတူထားေၾကာင္း သိရသည္။