အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားအစိုးရ ပြစ်တင်ရှုတ်ချ

 44

Pika (NP News) - နိုဝင်ဘာ ၂၃

မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားအစိုးရက နိုဝင်ဘာလ(၂၃)ရက်မှာ ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံကို ကာကွယ်ဖို့အတွက် လိုအပ်လာမယ်ဆိုရင် လက်တုံ့ပြန်မှုတွေကို ချက်ချင်း လုပ်ဆောင်သွားမယ်လို့လည်း မြောက်ကိုရီးယားအစိုးရက သတိပေးပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့ဟာ “Freedom Edge” လို့ အမည်ပေးထား တဲ့ သုံးရက်ကြာပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုအတွင်း တိုက်လေယာဉ်တွေနဲ့ ရေကြောင်းကင်းလှည့်လေယာဉ်တွေအပြင် အမေရိကန်ရဲ့နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS George Washington လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက "ကိုရီးယားကျွန်းဆွယ်နဲ့ ၎င်းရဲ့အနီးတစ်ဝိုက်မှာ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုတွေကနေတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခကို ဦးတည်သွားစေနိုင်တဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန် နဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေကို ကျွန်တော်တို့ပြင်းပြင်းထန်ထန် သတိပေးထားပါ တယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် အမေရိကန်နဲ့၎င်းရဲ့မိတ်ဖက်တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်ထိန်းချုပ်ဖို့ လိုအပ်လာမယ်ဆိုရင် အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ဆောင် သွားမယ်လို့လည်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရုရှားမှာ မြောက်ကိုရီးယားစစ်သားတွေ ဖြန့်ကျက်ချထားမှုအတွက် အပြန်အလှန်အနေနဲ့ ရုရှားက မြောက်ကိုရီးယားကို လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ တောင်ကိုရီးယားအမျိုးသားလုံခြုံရေး အကြံပေး ရှင်ဝွန်းဆစ်ခ်က ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ မြောက်ကိုရီးယားရဲ့ သတိပေးချက် တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version;
အေမရိကန္၊ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္တို႔ရဲ႕ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ေျမာက္ကိုရီးယားအစိုးရ ျပစ္တင္ရႈတ္ခ်
Pika (NP News) - ႏိုဝင္ဘာ ၂၃

မၾကာေသးခင္က လုပ္ေဆာင္ခဲ့တဲ့ အေမရိကန္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ေျမာက္ကိုရီးယားအစိုးရက ႏိုဝင္ဘာလ(၂၃)ရက္မွာ ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားႏိုင္ငံကို ကာကြယ္ဖို႔အတြက္ လိုအပ္လာမယ္ဆိုရင္ လက္တုံ႔ျပန္မႈေတြကို ခ်က္ခ်င္း လုပ္ေဆာင္သြားမယ္လို႔လည္း ေျမာက္ကိုရီးယားအစိုးရက သတိေပးေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက အေမရိကန္၊ ဂ်ပန္ နဲ႔ ေတာင္ကိုရီးယားတို႔ဟာ “Freedom Edge” လို႔ အမည္ေပးထား တဲ့ သုံးရက္ၾကာပူးတြဲစစ္ေရးေလ့က်င့္မႈကို လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီစစ္ေရးေလ့က်င့္မႈအတြင္း တိုက္ေလယာဥ္ေတြနဲ႔ ေရေၾကာင္းကင္းလွည့္ေလယာဥ္ေတြအျပင္ အေမရိကန္ရဲ႕န်ဴကလီးယားစြမ္းအင္သုံး ေလယာဥ္တင္သေဘၤာ USS George Washington လည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

ေျမာက္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက "ကိုရီးယားကြၽန္းဆြယ္နဲ႔ ၎ရဲ႕အနီးတစ္ဝိုက္မွာ စစ္ေရးအရ ထိပ္တိုက္ေတြ႕ဆုံမႈေတြကေနတစ္ဆင့္ လက္နက္ကိုင္ပဋိပကၡကို ဦးတည္သြားေစႏိုင္တဲ့ ရန္လိုတဲ့လုပ္ရပ္ေတြကို ခ်က္ခ်င္းရပ္တန႔္ဖို႔ အေမရိကန္ နဲ႔ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြကို ကြၽန္ေတာ္တို႔ျပင္းျပင္းထန္ထန္ သတိေပးထားပါ တယ္" လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ အေမရိကန္နဲ႔၎ရဲ႕မိတ္ဖက္ေတြရဲ႕စစ္ေရးလႈပ္ရွားမႈေတြကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ေတြကို ႀကိဳတင္ထိန္းခ်ဳပ္ဖို႔ လိုအပ္လာမယ္ဆိုရင္ အေရးယူေဆာင္႐ြက္မႈေတြကို ခ်က္ခ်င္းလုပ္ေဆာင္ သြားမယ္လို႔လည္း ေျမာက္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ႐ုရွားမွာ ေျမာက္ကိုရီးယားစစ္သားေတြ ျဖန႔္က်က္ခ်ထားမႈအတြက္ အျပန္အလွန္အေနနဲ႔ ႐ုရွားက ေျမာက္ကိုရီးယားကို ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္ေတြ ေထာက္ပံ့ေပးခဲ့တယ္လို႔ ေတာင္ကိုရီးယားအမ်ိဳးသားလုံၿခဳံေရး အႀကံေပး ရွင္ဝြန္းဆစ္ခ္က ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ေျမာက္ကိုရီးယားရဲ႕ သတိေပးခ်က္ ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.