ကလေးဝ-မော်လိုက်ကားလမ်းပေါ်ရှိ လမ်း နှင့် တံတား(၅)စင်းကျော်ကို PDF အဖွဲ့က ဖျက်ဆီး

 282

နာမူ (NP News) - နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ကလေးဝ-မော်လိုက်ကားလမ်းပေါ်ရှိ လမ်း နှင့် တံတား(၅)စင်းကျော်ကို PDF အဖွဲ့က ဖျက်ဆီးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၂ နာရီအချိန်ခန့်က ကလေးဝမြို့နယ်၊ သစ်ချောက်ကျောက်မီးသွေးအတွင်းရှိ ကုမ္ပဏီလုပ်ငန်းခွင်သို့ PDF အဖွဲ့ဝင် အင်အား (၅၀) ဦးခန့်က ရောက်လာပြီး အလုပ်လုပ်ကိုင်နေသောဝန်ထမ်းများအား ရိုက်နှက်၍ ကုမ္ပဏီပိုင်လုပ်ငန်းသုံးယာဉ်များကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ကလေးဝမြို့နှင့် မော်လိုက်မြို့ကို ဆက်သွယ်ထားသော မိုင်(၃၀) ကျော် အရှည်ရှိ ကတ္တရာ လမ်းမကြီး ပေါ်တွင် (၁၈)ပေအကျယ် ပေ(၁၈၀)အရှည်ရှိ မြွေကြီးချောင်းတံတား၊ (၁၈) ပေအကျယ် ပေ(၄၀) အရှည်ရှိ ကျော်ထူးချောင်းတံတား၊ (၁၈)ပေအကျယ် ပေ(၃၀၀) အရှည်ရှိ ပလူဇဝ တံတား၊ (၁၈)ပေအကျယ် ပေ(၁၇၀) အရှည်ရှိ ချောင်းညီအကို (တောင်) တံတား၊ (၁၈)ပေအကျယ် ပေ(၇၀)အရှည်ရှိ ချောင်းညီအကို(မြောက်) တံတား နှင့် အခြားပေ(၃၀)အောက်တံတား များအား စက်ယန္တရားများသုံးကာ တံတားကြမ်းခင်းများအား ဖျက်ဆီးခြင်း၊ တံတားတိုင်များအား ချိုးဖျက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် အဆိုပါကားလမ်းပေါ်ရှိ လမ်းကျဉ်း နေရာများတွင် အကျယ်(၁၀)ပေ အနက် (၆)ပေ ခန့် ကျင်းကြီးများ တူး ၍ လမ်းအားဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် မော်လိုက်မြို့ မှ ကလေးဝမြို့ သို့ ယာဉ်သွားလာမှု ပြတ်တောက်သွားပြီး မော်လိုက်မြို့သို့ မုံရွာမြို့၊ ကလေးမြို့များမှ လူသုံးကုန်နှင့်စားသောက်ကုန်ပို့ဆောင်မှုလုပ်ငန်းများ ပြတ်တောက်ခဲ့ရကာ မော်လိုက်မြို့ ပေါ် နှင့် ဝန်းကျင်မှ ဒေသခံပြည်သူများလည်း သွားလာရေးအခက်အခဲ၊ ကုန်စျေးနှုန်း ကြီးမြှင့်လာနိုင်သည့် အခက်အခဲ များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

အလားတူ ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်သွား ကားလမ်းပေါ်ရှိ (၉) မိုင်တံတားကို KNU-PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖောဖော်ဝါရီလမှစတင်ကာ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်း လမ်းတံတား နှင့် တိုးဂိတ်ပေါင်း (၁၅၀၀) နီးပါး ဖျက်ဆီးခံခဲ့ရကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

Zawgyi Version;
ကေလးဝ-ေမာ္လိုက္ကားလမ္းေပၚရွိ လမ္း ႏွင့္ တံတား(၅)စင္းေက်ာ္ကို PDF အဖြဲ႕က ဖ်က္ဆီး
နာမူ (NP News) - ႏိုဝင္ဘာ ၂၃

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးဝၿမိဳ႕နယ္၊ ကေလးဝ-ေမာ္လိုက္ကားလမ္းေပၚရွိ လမ္း ႏွင့္ တံတား(၅)စင္းေက်ာ္ကို PDF အဖြဲ႕က ဖ်က္ဆီးခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၂၀ ရက္၊ နံနက္ ၂ နာရီအခ်ိန္ခန႔္က ကေလးဝၿမိဳ႕နယ္၊ သစ္ေခ်ာက္ေက်ာက္မီးေသြးအတြင္းရွိ ကုမၸဏီလုပ္ငန္းခြင္သို႔ PDF အဖြဲ႕ဝင္ အင္အား (၅၀) ဦးခန္႔က ေရာက္လာၿပီး အလုပ္လုပ္ကိုင္ေနေသာဝန္ထမ္းမ်ားအား ႐ိုက္ႏွက္၍ ကုမၸဏီပိုင္လုပ္ငန္းသုံးယာဥ္မ်ားကို လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ကေလးဝၿမိဳ႕ႏွင့္ ေမာ္လိုက္ၿမိဳ႕ကို ဆက္သြယ္ထားေသာ မိုင္(၃၀) ေက်ာ္ အရွည္ရွိ ကတၱရာ လမ္းမႀကီး ေပၚတြင္ (၁၈)ေပအက်ယ္ ေပ(၁၈၀)အရွည္ရွိ ေႁမြႀကီးေခ်ာင္းတံတား၊ (၁၈) ေပအက်ယ္ ေပ(၄၀) အရွည္ရွိ ေက်ာ္ထူးေခ်ာင္းတံတား၊ (၁၈)ေပအက်ယ္ ေပ(၃၀၀) အရွည္ရွိ ပလူဇဝ တံတား၊ (၁၈)ေပအက်ယ္ ေပ(၁၇၀) အရွည္ရွိ ေခ်ာင္းညီအကို (ေတာင္) တံတား၊ (၁၈)ေပအက်ယ္ ေပ(၇၀)အရွည္ရွိ ေခ်ာင္းညီအကို(ေျမာက္) တံတား ႏွင့္ အျခားေပ(၃၀)ေအာက္တံတား မ်ားအား စက္ယႏၲရားမ်ားသုံးကာ တံတားၾကမ္းခင္းမ်ားအား ဖ်က္ဆီးျခင္း၊ တံတားတိုင္မ်ားအား ခ်ိဳးဖ်က္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

ထို႔ျပင္ အဆိုပါကားလမ္းေပၚရွိ လမ္းက်ဥ္း ေနရာမ်ားတြင္ အက်ယ္(၁၀)ေပ အနက္ (၆)ေပ ခန္႔ က်င္းႀကီးမ်ား တူး ၍ လမ္းအားဖ်က္ဆီးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းလည္း ၎က ဆိုသည္။

ထို႔ေၾကာင့္ ေမာ္လိုက္ၿမိဳ႕ မွ ကေလးဝၿမိဳ႕ သို႔ ယာဥ္သြားလာမႈ ျပတ္ေတာက္သြားၿပီး ေမာ္လိုက္ၿမိဳ႕သို႔ မုံ႐ြာၿမိဳ႕၊ ကေလးၿမိဳ႕မ်ားမွ လူသုံးကုန္ႏွင့္စားေသာက္ကုန္ပို႔ေဆာင္မႈလုပ္ငန္းမ်ား ျပတ္ေတာက္ခဲ့ရကာ ေမာ္လိုက္ၿမိဳ႕ ေပၚ ႏွင့္ ဝန္းက်င္မွ ေဒသခံျပည္သူမ်ားလည္း သြားလာေရးအခက္အခဲ၊ ကုန္ေစ်းႏႈန္း ႀကီးျမႇင့္လာႏိုင္သည့္ အခက္အခဲ မ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔ (ႏိုဝင္ဘာလ ၂၂ ရက္) ကလည္း မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ေရး-ထားဝယ္သြား ကားလမ္းေပၚရွိ (၉) မိုင္တံတားကို KNU-PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္စီးသြားခဲ့ေၾကာင္းလည္း သိရသည္။

၂၀၂၁ ခုႏွစ္၊ ေဖာေဖာ္ဝါရီလမွစတင္ကာ လက္ရွိအခ်ိန္ထိ ႏိုင္ငံတစ္ဝန္း လမ္းတံတား ႏွင့္ တိုးဂိတ္ေပါင္း (၁၅၀၀) နီးပါး ဖ်က္ဆီးခံခဲ့ရေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.