အရှေ့ဒဂုံတွင် YBS အမှတ်(၁၀၃)ယာဉ်တစ်စီး ဂတ်စ်ပိုက်ပြတ်ကာ မီးလောင်မှုဖြစ်ပွား
330
ချယ်ရီ (NP News) - နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် YBS အမှတ်(၁၀၃)ယာဉ်တစ်စီး ဂတ်စ်ပိုက်ပြတ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။
ယာဉ်မီးလောင်မှုသည် ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်)၊ ညနေပိုင်း ၄ နာရီ ၃၅ မိနစ်အချိန်ခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၀၉)ရပ်ကွက်၊ ကျန်စစ်သားချဉ်းကပ်လမ်း၊ အမှတ်(၀၁၂) MOGE သဘာဝဓာတ်ငွေ့ အရောင်းဆိုင်ရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ YBS(၁၀၃)ယာဉ်တွင်ပါရှိသည့် ဂတ်စ်အိုး(၈)လုံးတွင် တပ်ဆင်ထားသော ဂတ်စ်ပိုက်ပြုတ်ထွက်ရာမှ မီးပွားများထွက်ကာ မီး စတင် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
“သူက ဂတ်စ်ဆိုင်က ဂတ်စ်ထည့်ပြီးအထွက် ဂိတ်ကိုပြန်ဖို့ အပြင်လမ်းပေါ်အရောက်မှာ မီး စလောင်တာပါ။ ဂိတ်ကို ပြန်ပြီဆိုတော့ ကားပေါ်မှာ ခရီးသည်တွေ မပါဘူး။ ယာဉ်မောင်းတစ်ယောက်တည်းပါ” ဟု ၎င်းက ပြောသည်။
၎င်းယာဉ် မီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း YBS ယာဉ်တစ်စီးလုံးမီးလောင် ဆုံးရှုံးခဲ့ရကာ အသက်(၃၆) နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ ဦးဝေလုကျော်ကို ဒဂုံ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ (ပ) ၃၅၈/၂၀၂၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ(၂၈၅)ဖြင့် အရေးယူထားကြောင်း သိရသည်။
“ယာဉ်ကြံ့ခိုင်မှုအားစနစ်တကျစစ်ဆေးဆောင်ရွက်သင့်တယ်။ ယာဉ်ပေါ်တွင် အသင့်အသုံးပြုနိုင်သော မီးသတ် ဆေးဘူး လုံလုံလောက်လောက်ထားဖို့လည်း လိုတာပေါ့။ မီးသတ်ဆေးဘူးကိုလည်းကျွမ်းကျွမ်းကျင်ကျင် အသုံးပြု နိုင်အောင် လေ့ကျင့်ထားဖို့လည်းလိုတယ်” ဟု အထက်ပါတာဝန်ရှိသူက အကြံပြုထားသည်။
အလားတူ ယနေ့(နိုဝင်ဘာလ ၂၃ ရက်)၊ နံနက်ပိုင်းကလည်း သာကေတမြို့နယ်တွင် ဘီယာဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။
Zawgyi Version;
အေရွ႕ဒဂုံတြင္ YBS အမွတ္(၁၀၃)ယာဥ္တစ္စီး ဂတ္စ္ပိုက္ျပတ္ကာ မီးေလာင္မႈျဖစ္ပြား
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၂၃
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္တြင္ YBS အမွတ္(၁၀၃)ယာဥ္တစ္စီး ဂတ္စ္ပိုက္ျပတ္ကာ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။
ယာဥ္မီးေလာင္မႈသည္ ယမန္ေန႔ (ႏိုဝင္ဘာလ ၂၂ ရက္)၊ ညေနပိုင္း ၄ နာရီ ၃၅ မိနစ္အခ်ိန္ခန႔္က ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၁၀၉)ရပ္ကြက္၊ က်န္စစ္သားခ်ဥ္းကပ္လမ္း၊ အမွတ္(၀၁၂) MOGE သဘာဝဓာတ္ေငြ႕ အေရာင္းဆိုင္ေရွ႕၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ YBS(၁၀၃)ယာဥ္တြင္ပါရွိသည့္ ဂတ္စ္အိုး(၈)လုံးတြင္ တပ္ဆင္ထားေသာ ဂတ္စ္ပိုက္ျပဳတ္ထြက္ရာမွ မီးပြားမ်ားထြက္ကာ မီး စတင္ ကူးစက္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါတာဝန္ရွိသူက ဆိုသည္။
“သူက ဂတ္စ္ဆိုင္က ဂတ္စ္ထည့္ၿပီးအထြက္ ဂိတ္ကိုျပန္ဖို႔ အျပင္လမ္းေပၚအေရာက္မွာ မီး စေလာင္တာပါ။ ဂိတ္ကို ျပန္ၿပီဆိုေတာ့ ကားေပၚမွာ ခရီးသည္ေတြ မပါဘူး။ ယာဥ္ေမာင္းတစ္ေယာက္တည္းပါ” ဟု ၎က ေျပာသည္။
၎ယာဥ္ မီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း YBS ယာဥ္တစ္စီးလုံးမီးေလာင္ ဆုံးရႈံးခဲ့ရကာ အသက္(၃၆) ႏွစ္အ႐ြယ္ ယာဥ္ေမာင္းျဖစ္သူ ဦးေဝလုေက်ာ္ကို ဒဂုံ(အေရွ႕ပိုင္း)ၿမိဳ႕မရဲစခန္းမွ (ပ) ၃၅၈/၂၀၂၄ ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ(၂၈၅)ျဖင့္ အေရးယူထားေၾကာင္း သိရသည္။
“ယာဥ္ႀကံ့ခိုင္မႈအားစနစ္တက်စစ္ေဆးေဆာင္႐ြက္သင့္တယ္။ ယာဥ္ေပၚတြင္ အသင့္အသုံးျပဳႏိုင္ေသာ မီးသတ္ ေဆးဘူး လုံလုံေလာက္ေလာက္ထားဖို႔လည္း လိုတာေပါ့။ မီးသတ္ေဆးဘူးကိုလည္းကြၽမ္းကြၽမ္းက်င္က်င္ အသုံးျပဳ ႏိုင္ေအာင္ ေလ့က်င့္ထားဖို႔လည္းလိုတယ္” ဟု အထက္ပါတာဝန္ရွိသူက အႀကံျပဳထားသည္။
အလားတူ ယေန႔(ႏိုဝင္ဘာလ ၂၃ ရက္)၊ နံနက္ပိုင္းကလည္း သာေကတၿမိဳ႕နယ္တြင္ ဘီယာဆိုင္တစ္ဆိုင္ မီးေလာင္မႈျဖစ္ပြားခဲ့သည့္ျဖစ္စဥ္တစ္ခုလည္း ျဖစ္ပြားခဲ့သည္။