မြန်မာနိုင်ငံက နေရပ်စွန့်ခွာနေသူအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းက ကလေးများဖြစ်တယ်လို့ ကုလသမဂ္ဂပြော
130
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃
ရာသီဥတုပြောင်းလဲပြသာနာများအပြင် တိုက်ပွဲများကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာနေသူအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းက ကလေးများဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးငယ်များရန်ပုံငွေ UNICEF အဖွဲ့က ပြောပါတယ်။
UNICEF အဖွဲ့ရဲ့ ဒုတိယအကြီးအကဲတစ်ဦးဖြစ်သူတက် ချီဘီယာဘမ်က "မြန်မာနိုင်ငံရဲ့လူသားချင်းဆိုင်ရာ စာနာမှု အကူအညီလိုအပ်ချက်တွေဟာ အရေးကြီးတဲ့အခြေအနေမျိုးကို ရောက်ရှိနေတယ်။ ရာသီဥတုပြောင်းလဲမှုအပြင် တိုက်ပွဲတွေကြောင့် ကလေးငယ်တွေ နဲ့ မိသားစုတွေဟာ အန္တရာယ်ဖြစ်ရမယ့်အခြေအနေမျိုးကို ရင်ဆိုင်နေရတယ်။ နိုင်ငံတဝှမ်းမှာ နေရပ်စွန့်ခွာနေထိုင်နေရသူအားလုံးအရေအတွက်ဟာ ၃ ဒသမ ၄ သန်း ဝန်းကျင်ဖြစ်ပြီး ကလေးငယ်အရေအတွက်က ၄ဝ ရာခိုင်နှုန်းဖြစ်တယ်။
စာသင်ကျောင်းများ၊ လူနေအိမ်များ၊ ဆေးရုံများ အပါအဝင် အရပ်သား ဧရိယာများမှာ လူသေဆုံးစေတဲ့ လက်နက်များအသုံးပြုမှုမြင့်တက်ခြင်းဟာ ကလေးငယ်များအတွက် ဘေးကင်းစိတ်ချရေးကို အကန့်အသတ်ဖြစ် လာစေခဲ့သလို ကလေးငယ်တွေရဲ့ဘေးကင်းလုံခြုံရေးကို များစွာ ထိခိုက်လာစေခဲ့တယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းများနဲ့ မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ပျက်စီး ဒဏ်ရသူအရပ်သား ၁၀၀၀ ကျော်ရဲ့သုံးပုံက ကလေးငယ်များဖြစ်နေတယ်လို့ UNICEF အဖွဲ့က ဖော်ပြထားပါတယ်။ ယာဂီတိုင်ဖွန်းမုန်တိုင်းလိုမျိုး ရာသီဥတုပြောင်းလဲမှုအပြင် တိုက်ပွဲများက ကလေးငယ်များအပေါ်ကြီးမားတဲ့ သက်ရောက်မှုဖြစ်စေခဲ့ပြီး ကလေးများရဲ့ပညာရေးကျန်းမာရေး ထိခိုက်ခဲ့ရသလို အကြမ်းဖက်ခံရမှုများကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။
စက်တင်ဘာလအတွင်း တိုက်ခတ်ခဲ့တဲ့ ယာဂီမုန်တိုင်သက်ရောက်မှုကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၄၀၀ သေဆုံးခဲ့သလို လူပေါင်းထောင်နဲ့ချီပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရာ နိုင်ငံတဝှမ်းမှာ နေရပ်စွန့်ခွာနေထိုင်နေရသူ အရေအတွက် ပိုမိုမြင့်တက်လာစေခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
ျမန္မာႏိုင္ငံက ေနရပ္စြန႔္ခြာေနသူအားလုံးရဲ႕ ၄၀ ရာခိုင္ႏႈန္းက ကေလးမ်ားျဖစ္တယ္လို႔ ကုလသမဂၢေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၃
ရာသီဥတုေျပာင္းလဲျပသာနာမ်ားအျပင္ တိုက္ပြဲမ်ားေၾကာင့္ ျမန္မာႏိုင္ငံမွာ ေနရပ္စြန႔္ခြာေနသူအားလုံးရဲ႕ ၄၀ ရာခိုင္ႏႈန္းက ကေလးမ်ားျဖစ္တယ္လို႔ ကုလသမဂၢ ကေလးငယ္မ်ားရန္ပုံေငြ UNICEF အဖြဲ႕က ေျပာပါတယ္။
UNICEF အဖြဲ႕ရဲ႕ ဒုတိယအႀကီးအကဲတစ္ဦးျဖစ္သူတက္ ခ်ီဘီယာဘမ္က "ျမန္မာႏိုင္ငံရဲ႕လူသားခ်င္းဆိုင္ရာ စာနာမႈ အကူအညီလိုအပ္ခ်က္ေတြဟာ အေရးႀကီးတဲ့အေျခအေနမ်ိဳးကို ေရာက္ရွိေနတယ္။ ရာသီဥတုေျပာင္းလဲမႈအျပင္ တိုက္ပြဲေတြေၾကာင့္ ကေလးငယ္ေတြ နဲ႔ မိသားစုေတြဟာ အႏၲရာယ္ျဖစ္ရမယ့္အေျခအေနမ်ိဳးကို ရင္ဆိုင္ေနရတယ္။ ႏိုင္ငံတဝွမ္းမွာ ေနရပ္စြန႔္ခြာေနထိုင္ေနရသူအားလုံးအေရအတြက္ဟာ ၃ ဒသမ ၄ သန္း ဝန္းက်င္ျဖစ္ၿပီး ကေလးငယ္အေရအတြက္က ၄ဝ ရာခိုင္ႏႈန္းျဖစ္တယ္။
စာသင္ေက်ာင္းမ်ား၊ လူေနအိမ္မ်ား၊ ေဆး႐ုံမ်ား အပါအဝင္ အရပ္သား ဧရိယာမ်ားမွာ လူေသဆုံးေစတဲ့ လက္နက္မ်ားအသုံးျပဳမႈျမင့္တက္ျခင္းဟာ ကေလးငယ္မ်ားအတြက္ ေဘးကင္းစိတ္ခ်ေရးကို အကန႔္အသတ္ျဖစ္ လာေစခဲ့သလို ကေလးငယ္ေတြရဲ႕ေဘးကင္းလုံၿခဳံေရးကို မ်ားစြာ ထိခိုက္လာေစခဲ့တယ္" လို႔ ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္အတြင္းျဖစ္ပြားခဲ့တဲ့ ေပါက္ကြဲေစတဲ့ပစၥည္းမ်ားနဲ႔ ေျမျမႇဳပ္မိုင္းမ်ားေၾကာင့္ ထိခိုက္ပ်က္စီး ဒဏ္ရသူအရပ္သား ၁၀၀၀ ေက်ာ္ရဲ႕သုံးပုံက ကေလးငယ္မ်ားျဖစ္ေနတယ္လို႔ UNICEF အဖြဲ႕က ေဖာ္ျပထားပါတယ္။ ယာဂီတိုင္ဖြန္းမုန္တိုင္းလိုမ်ိဳး ရာသီဥတုေျပာင္းလဲမႈအျပင္ တိုက္ပြဲမ်ားက ကေလးငယ္မ်ားအေပၚႀကီးမားတဲ့ သက္ေရာက္မႈျဖစ္ေစခဲ့ၿပီး ကေလးမ်ားရဲ႕ပညာေရးက်န္းမာေရး ထိခိုက္ခဲ့ရသလို အၾကမ္းဖက္ခံရမႈမ်ားကိုလည္း ရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။
စက္တင္ဘာလအတြင္း တိုက္ခတ္ခဲ့တဲ့ ယာဂီမုန္တိုင္သက္ေရာက္မႈေၾကာင့္ ျမန္မာႏိုင္ငံမွာ လူေပါင္း ၄၀၀ ေသဆုံးခဲ့သလို လူေပါင္းေထာင္နဲ႔ခ်ီၿပီး ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရာ ႏိုင္ငံတဝွမ္းမွာ ေနရပ္စြန႔္ခြာေနထိုင္ေနရသူ အေရအတြက္ ပိုမိုျမင့္တက္လာေစခဲ့တယ္လို႔ သိရပါတယ္။