အမေရိကန်အစိုးရသည် ဖက်ဆစ်အစိုးရဖြစ်လာနေကြောင်း နာမည်ကြီးဂျာနယ်လစ် တက်ကာကာလ်ဆန် ဝေဖန်
351
Pika (NP News) - နိုဝင်ဘာ ၂၃
အမေရိကန်နိုင်ငံသည် သမ္မတဂျိုးဘိုင်ဒန်အစိုးရအဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ဖက်ဆစ်နိုင်ငံ ဖြစ်လာနေကြောင်း သတင်းထောက်တက်ကာကာလ်ဆန်က ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်။ တက်ကာကာလ်ဆန်သည် အမေရိကန်သတင်းထာက် ဂလင်း ဂရင်းဝေါ့နှင့် အင်တာဗျူးတစ်ခုအတွင်း ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အမေရိကန်က ထောက်ပံ့ပေးထားသော ATACMS ဒုံးကျည်များကို ယူကရိန်းအား အသုံးပြုခွင့်ပေးမည့် အမေရိကန်အစိုးရ၏ဆုံးဖြတ်ချက်သည် ၎င်းမြင်တွေ့ဖူးသမျှ အရာများအားလုံးထဲတွင် အဆိုးဆုံးအရာတစ်ခုဖြစ်ကြောင်း တက်ကာကာလ်ဆန်က ဝေဖန်ပြောဆိုခဲ့သည်။
ထို့ပြင် မကြာမီအချိန်အတွင်း သက်တမ်းကုန်ဆုံးတော့မည့် ဂျိုးဘိုင်ဒန်အစိုးရသည် နောက်တက်လာမည့်အစိုးရကို ကမ္ဘာစစ်ကြီးတစ်ခုအတွင်းထားခဲ့ရန် ကြိုးပမ်းနေကြောင်း တက်ကာကာလ်ဆန်က ထပ်မံဝေဖန်ပြောဆိုခဲ့သည်။ တက်ကာကာလ်ဆန်က “တကယ်တော့ ရုရှားကဖက်ဆစ်နိုင်ငံဖြစ်နေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့ အမေရိကန် က ဖက်ဆစ်နိုင်ငံဖြစ်နေတာပါ” ဟု ပြောခဲ့သည်။
ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ရန်အတွက် အနောက်အုပ်စုကထောက်ပံ့ပေးထားသော တာဝေးပစ်ဒုံးကျည်များကို ယူကရိန်းကိုအသုံးပြုခွင့်ပေးခြင်းသည် နျူကလီးယားစစ်ပွဲကို ဖြစ်ပေါ်လာစေနိုင် ကြောင်း တက်ကာကာလ်ဆန်က ပြောဆိုခဲ့သည်။ ရုရှား၏ အရပ်သားပြည်သူများကြားတွင် အသေအပျောက်များ ကို ဖြစ်ပေါ်စေခဲ့သည့် အမေရိကန်အစိုးရ၏ မဆင်မခြင်လုပ်ရပ်များသည် ရုရှားသမ္မတပူတင်ကို တခြားရွေးချယ် စရာမျိုးမရှိစေခဲ့ဘဲ ယူကရိန်း (သို့မဟုတ်) နေတိုးအဖွဲ့ဝင်နိုင်ငံအချို့ (သို့မဟုတ်) အမေရိကန်နိုင်ငံအပေါ် ပြင်းထန်သော လက်တုံ့ပြန်မှုများ လုပ်ဆောင်ခြင်းမျိုးကိုသာ ကျန်ရှိစေနိုင်ခဲ့ကြောင်း တက်ကာကာလ်ဆန်က ထပ်မံပြောဆိုခဲ့သည်။ သို့သော်လည်း ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ရန်အတွက် အနောက်အုပ်စုထုတ် တာဝေးပစ်ဒုံးကျည်များကို ယူကရိန်းကို အသုံးပြုခွင့်ပေးခဲ့သည်ဆိုသည့် အစီရင်ခံစာများကို အမေရိကန်အစိုးရဘက်မှ တရားဝင်မှတ်ချက်ပြုပြော ဆိုခြင်းမျိုးမရှိသေးကြောင်းလည်းသိရသည်။
Zawgyi Version;
အေမရိကန္အစိုးရသည္ ဖက္ဆစ္အစိုးရျဖစ္လာေနေၾကာင္း နာမည္ႀကီးဂ်ာနယ္လစ္ တက္ကာကာလ္ဆန္ ေဝဖန္
Pika (NP News) - ႏိုဝင္ဘာ ၂၃
အေမရိကန္ႏိုင္ငံသည္ သမၼတဂ်ိဳးဘိုင္ဒန္အစိုးရအဖြဲ႕၏ အုပ္ခ်ဳပ္မႈေအာက္တြင္ ဖက္ဆစ္ႏိုင္ငံ ျဖစ္လာေနေၾကာင္း သတင္းေထာက္တက္ကာကာလ္ဆန္က ျပစ္တင္ေဝဖန္ေျပာဆိုခဲ့သည္။ တက္ကာကာလ္ဆန္သည္ အေမရိကန္သတင္းထာက္ ဂလင္း ဂရင္းေဝါ့ႏွင့္ အင္တာဗ်ဴးတစ္ခုအတြင္း ယခုကဲ့သို႔ ထုတ္ျပန္ေျပာဆိုခဲ့ျခင္း ျဖစ္သည္။
႐ုရွားႏိုင္ငံအတြင္းရွိ ပစ္မွတ္မ်ားကို တိုက္ခိုက္ရန္အတြက္ အေမရိကန္က ေထာက္ပံ့ေပးထားေသာ ATACMS ဒုံးက်ည္မ်ားကို ယူကရိန္းအား အသုံးျပဳခြင့္ေပးမည့္ အေမရိကန္အစိုးရ၏ဆုံးျဖတ္ခ်က္သည္ ၎ျမင္ေတြ႕ဖူးသမွ် အရာမ်ားအားလုံးထဲတြင္ အဆိုးဆုံးအရာတစ္ခုျဖစ္ေၾကာင္း တက္ကာကာလ္ဆန္က ေဝဖန္ေျပာဆိုခဲ့သည္။
ထို႔ျပင္ မၾကာမီအခ်ိန္အတြင္း သက္တမ္းကုန္ဆုံးေတာ့မည့္ ဂ်ိဳးဘိုင္ဒန္အစိုးရသည္ ေနာက္တက္လာမည့္အစိုးရကို ကမာၻစစ္ႀကီးတစ္ခုအတြင္းထားခဲ့ရန္ ႀကိဳးပမ္းေနေၾကာင္း တက္ကာကာလ္ဆန္က ထပ္မံေဝဖန္ေျပာဆိုခဲ့သည္။ တက္ကာကာလ္ဆန္က “တကယ္ေတာ့ ႐ုရွားကဖက္ဆစ္ႏိုင္ငံျဖစ္ေနတာမ်ိဳးမဟုတ္ဘဲ ကြၽန္ေတာ္တို႔ အေမရိကန္ က ဖက္ဆစ္ႏိုင္ငံျဖစ္ေနတာပါ” ဟု ေျပာခဲ့သည္။
႐ုရွားႏိုင္ငံအတြင္းရွိ ပစ္မွတ္မ်ားကို ပစ္ခတ္တိုက္ခိုက္ရန္အတြက္ အေနာက္အုပ္စုကေထာက္ပံ့ေပးထားေသာ တာေဝးပစ္ဒုံးက်ည္မ်ားကို ယူကရိန္းကိုအသုံးျပဳခြင့္ေပးျခင္းသည္ န်ဴကလီးယားစစ္ပြဲကို ျဖစ္ေပၚလာေစႏိုင္ ေၾကာင္း တက္ကာကာလ္ဆန္က ေျပာဆိုခဲ့သည္။ ႐ုရွား၏ အရပ္သားျပည္သူမ်ားၾကားတြင္ အေသအေပ်ာက္မ်ား ကို ျဖစ္ေပၚေစခဲ့သည့္ အေမရိကန္အစိုးရ၏ မဆင္မျခင္လုပ္ရပ္မ်ားသည္ ႐ုရွားသမၼတပူတင္ကို တျခားေ႐ြးခ်ယ္ စရာမ်ိဳးမရွိေစခဲ့ဘဲ ယူကရိန္း (သို႔မဟုတ္) ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ (သို႔မဟုတ္) အေမရိကန္ႏိုင္ငံအေပၚ ျပင္းထန္ေသာ လက္တုံ႔ျပန္မႈမ်ား လုပ္ေဆာင္ျခင္းမ်ိဳးကိုသာ က်န္ရွိေစႏိုင္ခဲ့ေၾကာင္း တက္ကာကာလ္ဆန္က ထပ္မံေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ႐ုရွားႏိုင္ငံတြင္းရွိ ပစ္မွတ္မ်ားကို ပစ္ခတ္တိုက္ခိုက္ရန္အတြက္ အေနာက္အုပ္စုထုတ္ တာေဝးပစ္ဒုံးက်ည္မ်ားကို ယူကရိန္းကို အသုံးျပဳခြင့္ေပးခဲ့သည္ဆိုသည့္ အစီရင္ခံစာမ်ားကို အေမရိကန္အစိုးရဘက္မွ တရားဝင္မွတ္ခ်က္ျပဳေျပာ ဆိုျခင္းမ်ိဳးမရွိေသးေၾကာင္းလည္းသိရသည္။