ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲဖြစ်ပွားလာနိုင်ခြေ တိုးမြင့်လာနေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ဝေဖန်
362
Pika (NP News) - နိုဝင်ဘာ ၂၃
အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံးကို ၎င်း၏ဆန္ဒသဘောအတိုင်း လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းနေ ပြီး ယင်းကဲ့သို့လုပ်ဆောင် ခြင်းသည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားစစ်ပွဲဖြစ်ပွားလာနိုင်ခြေကို တိုးမြင့် လာစေကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ပြောခဲ့သည်။
ကင်ဂျုံအန်သည် အမျိုးသားကာကွယ်ရေးပြပွဲတစ်ခုအတွင်း ယခုကဲ့သို့ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်သည် ကမ္ဘာတစ်ဝန်းကို လွှမ်းခြုံနိုင်သော ဩဇာအာဏာကို ရယူခြင်းဖြင့် ၎င်း၏အာဏာကို အလွဲသုံး စားလုပ်ခဲ့ကြောင်း ကင်ဂျုံအန်က စွပ်စွဲပြောဆိုခဲ့သည်။ အမေရိကန်သည် မြောက်ကိုရီးယားအပါအဝင် သဘောထားကွဲလွဲသည့်နိုင်ငံများအပေါ် စစ်ရေးအရခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ကင်ဂျုံအန်းက ထပ်မံ စွပ်စွဲပြောဆိုခဲ့သည်။
ပြီးခဲ့သည့်အတိတ်ကာလ များအတွင်း အမေရိကန်နှင့်ဆွေးနွေးမှုများလုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း အမေရိကန်သည် ၎င်းနှင့်ခံယူချက်မတူညီသောနိုင်ငံများနှင့် အတူယှဉ်တွဲနေထိုင်လိုသည့်ဆန္ဒမျိုး မရှိသည်မှာ သေချာကြောင်း ကင်ဂျုံအန်းက သုံးသပ်ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားအပေါ် အမေရိကန်၏ ရန်လိုသောမူဝါဒမှာ မည်သည့်အခါမှပြောင်းလဲမည်မဟုတ်ကြောင်းလည်း ကင်ဂျုံအန်က ပြောခဲ့သည်။
ယနေ့ခေတ်ကမ္ဘာကြီးသည် ပဋိပက္ခပေါင်းများစွာဖြင့် ပျက်စီးနေပြီဖြစ်ပြီး ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဖရိုဖရဲ အဖြစ်ဆုံး နှင့် အဆိုးရွားဆုံးဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ ဆိုလိုသည့်အချက်မှာ မိမိကိုယ်ကိုယ်ခုခံ ကာကွယ်မှုကို စွန့်လွှတ်ထားသည့်နိုင်ငံကို စစ်မှန်သောအချုပ်အခြာအာဏာပိုင်နိုင်ငံဟု ခေါ်ဆို၍ မရကြောင်း နှင့် အဆိုပါနိုင်ငံများမှာ အာဏာရှင်နိုင်ငံများ၏ ဖိနှိပ်နင်းခြေမှုများကို ခံရမည့်အန္တရာယ်များရှိနေကြောင်း ကင်ဂျုံအန် က ထပ်မံပြောဆိုခဲ့သည်။
ထို့ပြင် အမျိုးသားကာကွယ်ရေးပြပွဲတွင် ပြသထားသော မြောက်ကိုရီးယား၏ပြည်တွင်း ထုတ်စစ်လက်နက် ပစ္စည်း များသည် ခေတ်မီနိုင်ငံခြားစစ် လက်နက်ပစ္စည်းများ၏ အရည်အသွေးနှင့် တန်းတူညီမျှပြီး နိုင်ငံ၏လုံခြုံရေး အတွက် အပြည့်အဝအာမခံပေးနိုင်ကြောင်း ပြောဆိုကာ တီထွင်ဖန်တီးသူများကို ကင်ဂျုံအန်က ချီးကျူးစကားပြော ဆိုခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version;
ကိုရီးယားကြၽန္းဆြယ္မွာ န်ဴကလီးယားစစ္ပြဲျဖစ္ပြားလာႏိုင္ေျခ တိုးျမင့္လာေနတယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ေဝဖန္
Pika (NP News) - ႏိုဝင္ဘာ ၂၃
အေမရိကန္ႏိုင္ငံသည္ ကမာၻတစ္ဝန္းလုံးကို ၎၏ဆႏၵသေဘာအတိုင္း လိုက္ေလ်ာညီေထြျဖစ္ေစရန္ ႀကိဳးပမ္းေန ၿပီး ယင္းကဲ့သို႔လုပ္ေဆာင္ ျခင္းသည္ ကိုရီးယားကြၽန္းဆြယ္တြင္ န်ဴကလီးယားစစ္ပြဲျဖစ္ပြားလာႏိုင္ေျခကို တိုးျမင့္ လာေစေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ေျပာခဲ့သည္။
ကင္ဂ်ဳံအန္သည္ အမ်ိဳးသားကာကြယ္ေရးျပပြဲတစ္ခုအတြင္း ယခုကဲ့သို႔ မိန႔္ခြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ အေမရိကန္သည္ ကမာၻတစ္ဝန္းကို လႊမ္းၿခဳံႏိုင္ေသာ ဩဇာအာဏာကို ရယူျခင္းျဖင့္ ၎၏အာဏာကို အလြဲသုံး စားလုပ္ခဲ့ေၾကာင္း ကင္ဂ်ဳံအန္က စြပ္စြဲေျပာဆိုခဲ့သည္။ အေမရိကန္သည္ ေျမာက္ကိုရီးယားအပါအဝင္ သေဘာထားကြဲလြဲသည့္ႏိုင္ငံမ်ားအေပၚ စစ္ေရးအရၿခိမ္းေျခာက္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းလည္း ကင္ဂ်ဳံအန္းက ထပ္မံ စြပ္စြဲေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္အတိတ္ကာလ မ်ားအတြင္း အေမရိကန္ႏွင့္ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း အေမရိကန္သည္ ၎ႏွင့္ခံယူခ်က္မတူညီေသာႏိုင္ငံမ်ားႏွင့္ အတူယွဥ္တြဲေနထိုင္လိုသည့္ဆႏၵမ်ိဳး မရွိသည္မွာ ေသခ်ာေၾကာင္း ကင္ဂ်ဳံအန္းက သုံးသပ္ေျပာဆိုခဲ့သည္။
ေျမာက္ကိုရီးယားအေပၚ အေမရိကန္၏ ရန္လိုေသာမူဝါဒမွာ မည္သည့္အခါမွေျပာင္းလဲမည္မဟုတ္ေၾကာင္းလည္း ကင္ဂ်ဳံအန္က ေျပာခဲ့သည္။
ယေန႔ေခတ္ကမာၻႀကီးသည္ ပဋိပကၡေပါင္းမ်ားစြာျဖင့္ ပ်က္စီးေနၿပီျဖစ္ၿပီး ဒုတိယကမာၻစစ္ ေနာက္ပိုင္း ဖ႐ိုဖရဲ အျဖစ္ဆုံး ႏွင့္ အဆိုး႐ြားဆုံးျဖစ္ေၾကာင္းလည္း ၎က ေျပာဆိုခဲ့သည္။ ဆိုလိုသည့္အခ်က္မွာ မိမိကိုယ္ကိုယ္ခုခံ ကာကြယ္မႈကို စြန႔္လႊတ္ထားသည့္ႏိုင္ငံကို စစ္မွန္ေသာအခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံဟု ေခၚဆို၍ မရေၾကာင္း ႏွင့္ အဆိုပါႏိုင္ငံမ်ားမွာ အာဏာရွင္ႏိုင္ငံမ်ား၏ ဖိႏွိပ္နင္းေျခမႈမ်ားကို ခံရမည့္အႏၲရာယ္မ်ားရွိေနေၾကာင္း ကင္ဂ်ဳံအန္ က ထပ္မံေျပာဆိုခဲ့သည္။
ထို႔ျပင္ အမ်ိဳးသားကာကြယ္ေရးျပပြဲတြင္ ျပသထားေသာ ေျမာက္ကိုရီးယား၏ျပည္တြင္း ထုတ္စစ္လက္နက္ ပစၥည္း မ်ားသည္ ေခတ္မီႏိုင္ငံျခားစစ္ လက္နက္ပစၥည္းမ်ား၏ အရည္အေသြးႏွင့္ တန္းတူညီမွ်ၿပီး ႏိုင္ငံ၏လုံၿခဳံေရး အတြက္ အျပည့္အဝအာမခံေပးႏိုင္ေၾကာင္း ေျပာဆိုကာ တီထြင္ဖန္တီးသူမ်ားကို ကင္ဂ်ဳံအန္က ခ်ီးက်ဴးစကားေျပာ ဆိုခဲ့ေၾကာင္းလည္း သိရသည္။