ရုရှားကို တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သောနိုင်ငံများကို လက်တုံ့ပြန်တိုက်ခိုက်မည်ဟု ရုရှားသမ္မတပြော
133
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃
ရုရှားသမ္မတပူတင်က ၎င်းတို့သည် ယူကရိန်းနိုင်ငံအပြင် အမရိကန်၊ ဗြိတိန်နိုင်ငံတို့၏ စစ်ရေးဆိုင်ရာ အဆောက် အအုံများကို ပစ်ခတ်တိုက်ခိုက်ဖွယ်ရှိနေကြောင်း အရိပ်အမြွက် သတိပေးပြောဆိုလိုက်သည်။ ယူကရိန်းသည် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ခွင့်ပြုချက်ကို လက်ခံရရှိခဲ့ပြီးနောက် အမေရိကန် နှင့် ဗြိတိန်နိုင်ငံတို့ ကူညီ ထောက်ပံ့ပေးထားသော တာဝေးပစ်ဒုံးကျည်များအသုံးပြုကာ ရုရှားပိုင်နက်အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုရှားသမ္မတ က ပြောသည်။
ရုရှားသမ္မတပူတင်က ယူကရိန်းသည် အမေရိကန်နိုင်ငံ ATACMS ဒုံးကျည်အနည်းဆုံး (၆) စင်းခန့်ဖြင့် Bryansk အရပ်ဒေသသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သလိုဗြိတိန်နိုင်ငံထုတ် Storm Shadow ဒုံးကျည် ဖြငု့်ကမျု ဒေသများသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
ရုရှားသမ္မတပူတင်က ‘‘လက်ရှိအချိန်မှာ အနောက်အုပ်စုနိုင်ငံတွေရဲ့သွေးထိုးမြှောက်ပင့်ပေးမှုကြောင့်ဖြစ်လာခဲ့ရ တဲ့ ယူကရိန်းပဋိပက္ခဟာ ကမ္ဘာရဲ့အဓိကအစိတ်အပိုင်းအဖြစ် ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ဟာ ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး သတိပေးမှုတွေကို ယခင်ထက် ပိုမိုလုပ်ဆောင်လိုတယ်။ ရုရှားဟာ ဒုံးကျည်တွေ ပိုမိုဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ဖို့ အဆင့်သင့်တယ်။ ဒီကိစ္စအတွက် သံသယရှိစရာ မလိုဘူး။ အမြဲတမ်းလည်း လက်တုံ့ပြန်မှာ ဖြစ်တယ်” ဟုပြောသည်။ အမေရိကန် နှင့် နေတိုးမဟာမိတ်နိုင်ငံများသည် ယူကရိန်းကို ၎င်းတို့၏ တာဝေးပစ် လက်နက်များ အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ အနောက်အုပ်စုနိုင်ငံများ၏ စစ်သားများ ပါဝင်ခြင်းမရှိဘဲ အနောက်အုပ်စု ၏ တာဝေးပစ်ဒုံးကျည်များကို ယူကရိန်းအသုံးပြု ပစ်ခတ်ရန် မဖြစ်နိုင်ကြောင်း ရုရှားသမ္မတပူတင်က ပြောသည်။
ယူကရိန်းသည် Bryansk အရပ်ဒေသ လက်နက်ခဲယမ်း မီးကျောက်များ သိုလှောင်ရာနေရာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ဟန့်တားနိုင်ခြင်းကြောင့် ထိခိုက် ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယူကရိန်းသည် Kursk ဒေသရှိ အမိန့်ပေးထိန်းချုပ်ရေးစင်တာများကို ဗြိတိန်နိုင်ငံထုတ် တာဝေးပစ် လက်နက်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံး၊ ဒဏ်ရာရခြင်းများရှိခဲ့ပြီး သေဆုံးသူများကို ကူညီထောက်ပံ့ပေး မည်ဖြစ်ကြောင်း ပြောသည်။
ရုရှားသည် ယူကရိန်း၏တိုက်ခိုက်မှုကို လက်တုံ့ပြန်မှုအဖြစ် ယူကရိန်းနိုင်ငံ Dnepropetrovsk အရပ်ဒေသရှိ စစ်ဘက်ဆိုင်ရာအဆောက်အအုံများကို Oreshnik အိုရက်နစ်အမည်ရှိ အသံထက်မြန်သောဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရုရှားသမ္မတပူတင်က ပြောသည်။
အဆိုပါ ဒုံးကျည်သည် အသံထက် (၁၀) ဆ ပို မြန်ပြီး တစ်စက္ကန့်ကို (၃) ကီလိုမီတာ နီးပါးအထိ ပျံသန်းနိုင် စွမ်းရှိသော ဒုံးကျည်ဖြစ်ကြောင်းသိရသည်။ ရုရှားသမ္မတက ယူကရိန်းသည် အနောက်အုပ်စုနိုင်ငံများ၏ တာဝေး ပစ်လက်နက်များ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း စစ်ပွဲအခြေနေကို အပြောင်းအလဲလုပ်နိုင်မည်မဟုတ်ကြောင်း ပြောသည်။
Zawgyi Version;
႐ုရွားကို တာေဝးပစ္ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ရာတြင္ ပါဝင္ခဲ့ေသာႏိုင္ငံမ်ားကို လက္တုံ႔ျပန္တိုက္ခိုက္ မည္ဟု ႐ုရွားသမၼတေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၃
႐ုရွားသမၼတပူတင္က ၎တို႔သည္ ယူကရိန္းႏိုင္ငံအျပင္ အမရိကန္၊ ၿဗိတိန္ႏိုင္ငံတို႔၏ စစ္ေရးဆိုင္ရာ အေဆာက္ အအုံမ်ားကို ပစ္ခတ္တိုက္ခိုက္ဖြယ္ရွိေနေၾကာင္း အရိပ္အႁမြက္ သတိေပးေျပာဆိုလိုက္သည္။ ယူကရိန္းသည္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္၏ ခြင့္ျပဳခ်က္ကို လက္ခံရရွိခဲ့ၿပီးေနာက္ အေမရိကန္ ႏွင့္ ၿဗိတိန္ႏိုင္ငံတို႔ ကူညီ ေထာက္ပံ့ေပးထားေသာ တာေဝးပစ္ဒုံးက်ည္မ်ားအသုံးျပဳကာ ႐ုရွားပိုင္နက္အတြင္းသို႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ႐ုရွားသမၼတ က ေျပာသည္။
႐ုရွားသမၼတပူတင္က ယူကရိန္းသည္ အေမရိကန္ႏိုင္ငံ ATACMS ဒုံးက်ည္အနည္းဆုံး (၆) စင္းခန႔္ျဖင့္ Bryansk အရပ္ေဒသသို႔ ပစ္ခတ္တိုက္ခိုက္ခဲ့သလိုၿဗိတိန္ႏိုင္ငံထုတ္ Storm Shadow ဒုံးက်ည္ ျဖငု႔္ကမ်ဳ ေဒသမ်ားသို႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ေျပာသည္။
႐ုရွားသမၼတပူတင္က ‘‘လက္ရွိအခ်ိန္မွာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ေသြးထိုးေျမႇာက္ပင့္ေပးမႈေၾကာင့္ျဖစ္လာခဲ့ရ တဲ့ ယူကရိန္းပဋိပကၡဟာ ကမာၻရဲ႕အဓိကအစိတ္အပိုင္းအျဖစ္ ျဖစ္လာခဲ့တယ္။ ကြၽန္ေတာ္တို႔ဟာ ဒီစစ္ပြဲနဲ႔ ပတ္သက္ၿပီး သတိေပးမႈေတြကို ယခင္ထက္ ပိုမိုလုပ္ေဆာင္လိုတယ္။ ႐ုရွားဟာ ဒုံးက်ည္ေတြ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ ေအာင္ လုပ္ေဆာင္ဖို႔ အဆင့္သင့္တယ္။ ဒီကိစၥအတြက္ သံသယရွိစရာ မလိုဘူး။ အၿမဲတမ္းလည္း လက္တုံ႔ျပန္မွာ ျဖစ္တယ္” ဟုေျပာသည္။ အေမရိကန္ ႏွင့္ ေနတိုးမဟာမိတ္ႏိုင္ငံမ်ားသည္ ယူကရိန္းကို ၎တို႔၏ တာေဝးပစ္ လက္နက္မ်ား အသုံးျပဳခြင့္ေပးခဲ့ေၾကာင္း၊ အေနာက္အုပ္စုႏိုင္ငံမ်ား၏ စစ္သားမ်ား ပါဝင္ျခင္းမရွိဘဲ အေနာက္အုပ္စု ၏ တာေဝးပစ္ဒုံးက်ည္မ်ားကို ယူကရိန္းအသုံးျပဳ ပစ္ခတ္ရန္ မျဖစ္ႏိုင္ေၾကာင္း ႐ုရွားသမၼတပူတင္က ေျပာသည္။
ယူကရိန္းသည္ Bryansk အရပ္ေဒသ လက္နက္ခဲယမ္း မီးေက်ာက္မ်ား သိုေလွာင္ရာေနရာမ်ားကို ပစ္ခတ္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေသာ္လည္း ႐ုရွားေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားက ဟန႔္တားႏိုင္ျခင္းေၾကာင့္ ထိခိုက္ ပ်က္စီးမႈအနည္းငယ္သာရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ယူကရိန္းသည္ Kursk ေဒသရွိ အမိန႔္ေပးထိန္းခ်ဳပ္ေရးစင္တာမ်ားကို ၿဗိတိန္ႏိုင္ငံထုတ္ တာေဝးပစ္ လက္နက္ျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ေသဆုံး၊ ဒဏ္ရာရျခင္းမ်ားရွိခဲ့ၿပီး ေသဆုံးသူမ်ားကို ကူညီေထာက္ပံ့ေပး မည္ျဖစ္ေၾကာင္း ေျပာသည္။
႐ုရွားသည္ ယူကရိန္း၏တိုက္ခိုက္မႈကို လက္တုံ႔ျပန္မႈအျဖစ္ ယူကရိန္းႏိုင္ငံ Dnepropetrovsk အရပ္ေဒသရွိ စစ္ဘက္ဆိုင္ရာအေဆာက္အအုံမ်ားကို Oreshnik အိုရက္နစ္အမည္ရွိ အသံထက္ျမန္ေသာဒုံးက်ည္ျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း ႐ုရွားသမၼတပူတင္က ေျပာသည္။
အဆိုပါ ဒုံးက်ည္သည္ အသံထက္ (၁၀) ဆ ပို ျမန္ၿပီး တစ္စကၠန႔္ကို (၃) ကီလိုမီတာ နီးပါးအထိ ပ်ံသန္းႏိုင္ စြမ္းရွိေသာ ဒုံးက်ည္ျဖစ္ေၾကာင္းသိရသည္။ ႐ုရွားသမၼတက ယူကရိန္းသည္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ တာေဝး ပစ္လက္နက္မ်ား အသုံးျပဳတိုက္ခိုက္ခဲ့ေသာ္လည္း စစ္ပြဲအေျခေနကို အေျပာင္းအလဲလုပ္ႏိုင္မည္မဟုတ္ေၾကာင္း ေျပာသည္။