MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ဓားဒဏ်ရာများဖြင့် ပုတ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ
446
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ဓားဒဏ်ရာများဖြင့် ပုတ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါအမျိုးသမီး၏ ရုပ်အလောင်းကို ယနေ့(နိုဝင်ဘာ ၂၃ ရက်)၊ နံနက်ပိုင်းက လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ နေအိမ် တစ်လုံးအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်လိုဖြစ်တာလဲတော့ကျွန်တော်တို့လည်း မသိပါဘူး။ သေဆုံးနေတာတော့ (၃)ရက်လောက်ရှိပြီလို့ ယူဆရပါ တယ်” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
သေဆုံးသူမှာ အသက်(၄၅)နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး နေအိမ်အိပ်ခန်းအတွင်း ဓားဒဏ်ရာများ ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့နောက် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း၊ မေတ္တာရောင်ခြည် ပရဟိတအသင်း နှင့် ဓမ္မရက္ခိ တနာရေးကူညီမှုအသင်းတို့ ပူးပေါင်းကာ ဘာသာပေါင်းစုံသုသာန်မီးသဂြိုလ်စက်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ လားရှိုးမြို့ကို MNDAA လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားကာ လူနေရပ်ကွက်များအတွက် အရပ်ဝတ်ဖြင့် လှည့်လည်သွားလာနေထိုင်နေကြောင်း သိရသည်။
Zawgyi Version;
MNDAA ထိန္းခ်ဳပ္ထားသည့္ လားရႈိးၿမိဳ႕တြင္ ဓားဒဏ္ရာမ်ားျဖင့္ ပုတ္ပြေသဆုံးေနသည့္ အမ်ိဳးသမီးအေလာင္း တစ္ေလာင္းေတြ႕ရွိ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၃
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ MNDAA ထိန္းခ်ဳပ္ထားသည့္ လားရႈိးၿမိဳ႕တြင္ ဓားဒဏ္ရာမ်ားျဖင့္ ပုတ္ပြေသဆုံးေနသည့္ အမ်ိဳးသမီးအေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
အဆိုပါအမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို ယေန႔(ႏိုဝင္ဘာ ၂၃ ရက္)၊ နံနက္ပိုင္းက လားရႈိးၿမိဳ႕၊ ရပ္ကြက္(၁၂)ရွိ ေနအိမ္ တစ္လုံးအတြင္း ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဘယ္လိုျဖစ္တာလဲေတာ့ကြၽန္ေတာ္တို႔လည္း မသိပါဘူး။ ေသဆုံးေနတာေတာ့ (၃)ရက္ေလာက္ရွိၿပီလို႔ ယူဆရပါ တယ္” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
ေသဆုံးသူမွာ အသက္(၄၅)ႏွစ္ဝန္းက်င္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ေနအိမ္အိပ္ခန္းအတြင္း ဓားဒဏ္ရာမ်ား ျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို လားရႈိးလူငယ္မ်ား လူမႈကူညီေရးအသင္း၊ ေမတၱာေရာင္ျခည္ ပရဟိတအသင္း ႏွင့္ ဓမၼရကၡိ တနာေရးကူညီမႈအသင္းတို႔ ပူးေပါင္းကာ ဘာသာေပါင္းစုံသုသာန္မီးသၿဂိဳလ္စက္သို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္ထိ လားရႈိးၿမိဳ႕ကို MNDAA လက္နက္ကိုင္အဖြဲ႕က ထိန္းခ်ဳပ္ထားကာ လူေနရပ္ကြက္မ်ားအတြက္ အရပ္ဝတ္ျဖင့္ လွည့္လည္သြားလာေနထိုင္ေနေၾကာင္း သိရသည္။