ရေကျော်ပွဲဈေး ဒုတိယည ကြက်ပျံမကျစည်ကား
113
NP News - နိုဝင်ဘာ ၂၃
လေးနှစ်ဝန်းကျင် ရပ်နားထားသည့် ရေကျော်ဈေးပွဲတော်၏ ဒုတိယညတွင် လည်ပတ်သူများပြားသဖြင့် ကြက်ပျံမကျအောင် စည်ကားလျက်ရှိသည်။
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ နာမည်ကြီးရေကျော်ပွဲဈေးကို ယမန်နေ့ (နိုဝင်ဘာ ၂၂ ရက်) က စတင်တာ လာမည့်(၂၆)ရက်ထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်ကြမည်ဖြစ်သည်။
ယခုနှစ်တွင်ပြန်လည်ကျင်းပသော နာမည်ကြီးရေကျော်ပွဲဈေးကို လာမည့်(နိုဝင်ဘာ ၂၅ ရက်) တွင် ကျရောက်မည့် (၁၀၄)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်နှင့် ပူးတွဲကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။
Zawgyi Version;
NP News - နိုဝင်ဘာ ၂၃