အမေရိကန်အစိုးရ၏ မန္တလေးအခြေစိုက်သံတမန်ရေးရာစင်တာတစ်ခု တိုးတိုးတိတ်တိတ် ပြန်လည်ဖွင့်လှစ်
903
Iris (NP News) - နိုဝင်ဘာ ၂၃
ကိုဗစ်ကပ်ရောဂါအကြောင်းပြချက်ဖြင့် ပိတ်ထားခဲ့သော မန္တလေးရှိ ဂျက်ဖာဆန်စင်တာ(Jefferson Center) ကို အမေရိကန်အစိုးရက နိုဝင်ဘာ(၂၁)ရက်၌ ဧည့်ပရိသတ်အနည်းငယ်ဖြင့် တိုးတိုးတိတ်တိတ် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုဗစ်ကပ်ရောဂါကာလသည် ၂၀၂၂ နောက်ပိုင်းမှစ၍ ပြန်လည်အဆင်ပြေသွားခဲ့ပြီး နိုင်ငံတွင်းရှိ ကုမ္ပဏီရုံးလုပ်ငန်းများ၊ သံတမန်ရုံးများအားလုံး ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကောင်စစ်ဝန်ရုံးဆန်ဆန်ဖွင့်လှစ်ထားသော အမေရိကန်အစိုးရ၏ မန္တလေးအခြေစိုက် ဂျက်ဖာဆန်စင်တာကို ဆက်လက်ပိတ်ထားခဲ့ခြင်းမျိုးလည်း ဖြစ်သည်။ တစ်နည်းအားဖြင့် လက်ရှိမြန်မာအစိုးရနှင့် ဆက်ဆံရေးမတည်ဆောက်လိုသောရည်ရွယ်ချက်မျိုးဖြင့် ပိတ်ပင်ခဲ့ခြင်းမျိုးဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာနောက်ဆုံးပတ်ရောက်မှသာလျှင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းမျိုးဖြစ်သည်။
" ဖိတ်စာမှာတောင် ဒီပွဲအကြောင်း ဖေ့ဘွတ်ပေါ်မတင်ဖို့၊ ဓါတ်ပုံမှတ်တမ်းတွေ မဖြန့်ဖို့နဲ့ ပွဲဖိတ်ထားတာကိုတောင် အများပြည်သူသိအောင် မကြေညာဖို့ ထည့်ရေးထားတယ်။ သူတို့ ရွေးချယ်ထားတဲ့ သီးသန့်လူနည်းနည်းကိုပဲ ဖိတ်သွားတာ။ တိုင်းအစိုးရကိုတောင် သေချာမသိမပေးဘူး " ဟု ဂျက်ဖာဆန်စင်တာဖွင့်ပွဲနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP News ကို နိုဝင်ဘာ(၂၃)ရက်တွင် ပြောသည်။
အမှတ်(၅၃)၊ (၂၆)လမ်းနှင့် (၇၁)လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါစင်တာသည် ၂၀၀၈ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းမျိုးဖြစ်ပြီး အထက်မြန်မာပြည်တစ်လွှားမှ လူငယ်များစွာကို ဝါဒရေးရာသွပ်သွင်းမှုများ လုပ်ဆောင်ခဲ့သည်။ အဆိုပါစင်တာအပြင် ရန်ကုန်ရှိ အမေရိကန်စင်တာသည်လည်း မြန်မာနိုင်ငံတွင်းမှ လူငယ်အများအပြားကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးခေါင်းစဉ်တပ်၍ လက်သပ်မွေးခြင်းများလုပ်ဆောင်ခဲ့သည်။
" ၄ နှစ်ကျော် ပိတ်ထားတာကနေ ပြန်ဖွင့်တာပေ့ါ။ ယဉ်ကျေးမှုဖလှယ်ခြင်းတို့၊ စာပေလေ့လာမှုတို့ အပြင် ဝါဒဖြန့်ချိရေးစာပေတွေ ဖတ်လို့ရတယ်။ အမေရိကန်ကိုလည်း အဲဒီကနေ ရွေးပြီးလွှတ်တာတွေ လုပ်တယ် " ဟု သိရှိထားသူတစ်ဦးက ပြောသည်။
နိုင်ငံရေးအယူအဆအရ တည်ဆဲအစိုးရနှင့် မပတ်သက်လိုသည့်အတွက် လေးနှစ်ကြာပိတ်ထားခဲ့ပြီးနောက် ယခုတစ်ဖန်ပြန်လည်ဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံ၏ဆက်ဆံရေးအသစ်တစ်ခု ပြန်လည်စတင်နိုင်မည့် အလားအလာမျိုးလည်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။ ပြန်လည်ဖွင့်လှစ်ရန်အတွက်လည်း အမေရိကန်သံရုံးနှင့် အမေရိကန်အစိုးရတို့က စနစ်တကျပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Zawgyi Version;
အေမရိကန္အစိုးရ၏ မႏၲေလးအေျခစိုက္သံတမန္ေရးရာစင္တာတစ္ခု တိုးတိုးတိတ္တိတ္ ျပန္လည္ဖြင့္လွစ္
Iris (NP News) - ႏိုဝင္ဘာ ၂၃
ကိုဗစ္ကပ္ေရာဂါအေၾကာင္းျပခ်က္ျဖင့္ ပိတ္ထားခဲ့ေသာ မႏၲေလးရွိ ဂ်က္ဖာဆန္စင္တာ(Jefferson Center) ကို အေမရိကန္အစိုးရက ႏိုဝင္ဘာ(၂၁)ရက္၌ ဧည့္ပရိသတ္အနည္းငယ္ျဖင့္ တိုးတိုးတိတ္တိတ္ ျပန္လည္ဖြင့္လွစ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ကိုဗစ္ကပ္ေရာဂါကာလသည္ ၂၀၂၂ ေနာက္ပိုင္းမွစ၍ ျပန္လည္အဆင္ေျပသြားခဲ့ၿပီး ႏိုင္ငံတြင္းရွိ ကုမၸဏီ႐ုံးလုပ္ငန္းမ်ား၊ သံတမန္႐ုံးမ်ားအားလုံး ျပန္လည္ဖြင့္လွစ္ခဲ့ေသာ္လည္း ေကာင္စစ္ဝန္႐ုံးဆန္ဆန္ဖြင့္လွစ္ထားေသာ အေမရိကန္အစိုးရ၏ မႏၲေလးအေျခစိုက္ ဂ်က္ဖာဆန္စင္တာကို ဆက္လက္ပိတ္ထားခဲ့ျခင္းမ်ိဳးလည္း ျဖစ္သည္။ တစ္နည္းအားျဖင့္ လက္ရွိျမန္မာအစိုးရႏွင့္ ဆက္ဆံေရးမတည္ေဆာက္လိုေသာရည္႐ြယ္ခ်က္မ်ိဳးျဖင့္ ပိတ္ပင္ခဲ့ျခင္းမ်ိဳးျဖစ္ၿပီး ၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာေနာက္ဆုံးပတ္ေရာက္မွသာလွ်င္ ျပန္လည္ဖြင့္လွစ္ခဲ့ျခင္းမ်ိဳးျဖစ္သည္။
" ဖိတ္စာမွာေတာင္ ဒီပြဲအေၾကာင္း ေဖ့ဘြတ္ေပၚမတင္ဖို႔၊ ဓါတ္ပုံမွတ္တမ္းေတြ မျဖန႔္ဖို႔နဲ႔ ပြဲဖိတ္ထားတာကိုေတာင္ အမ်ားျပည္သူသိေအာင္ မေၾကညာဖို႔ ထည့္ေရးထားတယ္။ သူတို႔ ေ႐ြးခ်ယ္ထားတဲ့ သီးသန႔္လူနည္းနည္းကိုပဲ ဖိတ္သြားတာ။ တိုင္းအစိုးရကိုေတာင္ ေသခ်ာမသိမေပးဘူး " ဟု ဂ်က္ဖာဆန္စင္တာဖြင့္ပြဲႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP News ကို ႏိုဝင္ဘာ(၂၃)ရက္တြင္ ေျပာသည္။
အမွတ္(၅၃)၊ (၂၆)လမ္းႏွင့္ (၇၁)လမ္းေထာင့္၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ အဆိုပါစင္တာသည္ ၂၀၀၈ ခုႏွစ္ကတည္းက စတင္ဖြင့္လွစ္ခဲ့ျခင္းမ်ိဳးျဖစ္ၿပီး အထက္ျမန္မာျပည္တစ္လႊားမွ လူငယ္မ်ားစြာကို ဝါဒေရးရာသြပ္သြင္းမႈမ်ား လုပ္ေဆာင္ခဲ့သည္။ အဆိုပါစင္တာအျပင္ ရန္ကုန္ရွိ အေမရိကန္စင္တာသည္လည္း ျမန္မာႏိုင္ငံတြင္းမွ လူငယ္အမ်ားအျပားကို ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးေခါင္းစဥ္တပ္၍ လက္သပ္ေမြးျခင္းမ်ားလုပ္ေဆာင္ခဲ့သည္။
" ၄ ႏွစ္ေက်ာ္ ပိတ္ထားတာကေန ျပန္ဖြင့္တာေပ့ါ။ ယဥ္ေက်းမႈဖလွယ္ျခင္းတို႔၊ စာေပေလ့လာမႈတို႔ အျပင္ ဝါဒျဖန႔္ခ်ိေရးစာေပေတြ ဖတ္လို႔ရတယ္။ အေမရိကန္ကိုလည္း အဲဒီကေန ေ႐ြးၿပီးလႊတ္တာေတြ လုပ္တယ္ " ဟု သိရွိထားသူတစ္ဦးက ေျပာသည္။
ႏိုင္ငံေရးအယူအဆအရ တည္ဆဲအစိုးရႏွင့္ မပတ္သက္လိုသည့္အတြက္ ေလးႏွစ္ၾကာပိတ္ထားခဲ့ၿပီးေနာက္ ယခုတစ္ဖန္ျပန္လည္ဖြင့္လွစ္ျခင္းသည္ ႏွစ္ႏိုင္ငံ၏ဆက္ဆံေရးအသစ္တစ္ခု ျပန္လည္စတင္ႏိုင္မည့္ အလားအလာမ်ိဳးလည္း ျဖစ္ေၾကာင္း ၎က သုံးသပ္သည္။ ျပန္လည္ဖြင့္လွစ္ရန္အတြက္လည္း အေမရိကန္သံ႐ုံးႏွင့္ အေမရိကန္အစိုးရတို႔က စနစ္တက်ျပန္လည္ျပင္ဆင္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။