တရုတ် e-commerce တွေက ရောင်းချတဲ့ ကလေးအဝတ်အစားတွေမှာ အဆိပ်အတောက်တွေ မြင့်မားစွာပါဝင်နေတယ်လို့ တောင်ကိုရီးယားပြော
509
ရောင်နီ (NP News) - နိုဝင်ဘာ ၂၄
တရုတ် e-commerce ပလပ်ဖောင်းတွေမှာ ရောင်းချတဲ့ ဆောင်းရာသီဝတ် ကလေးအ၀တ်အထည်တွေမှာ အဆိပ် အတောက်ပမာဏ ၆၂၂ ဆအထိ တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အစိုးရက နိုဝင်ဘာ ၂၂ ရက်မှာ ပြောကြားပါတယ်။
Temu၊ Shein နဲ့ AliExpress စတဲ့ တရုတ် e-commerce ပလက်ဖောင်းဝက်ဆိုက်ဒ်တွေကနေ ရောင်းချတဲ့ ကလေးဝတ်၊ မွေးကင်းစကလေးဝတ် အသုံးအဆောင် ၂၆ မျိုးကို စစ်ဆေးကြည့်ရာမှာ အဆိပ်သင့်ဓာတုပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ Temu မှာ ရောင်းချတဲ့ ကလေးဝတ် ဂျာကင်အင်္ကျီမှာ ဖာလာလိတ် ပလတ်စတစ် ဆား ပါဝင်ပြီး အဲဒါတွေဟာ တရားဝင် ကန့်သတ်ချက်ထက် ၆၂၂ ဆနီးပါး ပါဝင်နေပြီး မျိုးပွားမှု ကျန်းမာရေးကို ထိခိုက်စေနိုင်ငတယ်လို့ ဆိုပါတယ်။ ဒါအပြင် ဂျာကင်အင်္ကျီရဲ့အလှဆင်ကြိုးအရှည်ဟာ ခွင့်ပြုထားတဲ့ ၇.၆ စင်တီမီတာထက် ရှည်ပြီး ၁၁.၂ စင်တီမီတာထိ ရှိနေတာဟာ ကလေးရဲ့ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်စရာ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါအပြင် AliExpress မှာ ရောင်းချတဲ့ ဖိနပ်တစ်ရံဟာ ဆိုရင်လည်း ခွင့်ပြုထားတဲ့ ခဲအဆင့်ထက် ငါးဆ ကျော်လွန် ပါဝင်နေတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားဆိုးလ်မြို့တော်အစိုးရဟာ တောင်ကိုရီးယားမှာ အသုံးပြုသူများတဲ့ နိုင်ငံခြားပလက်ဖောင်းတွေကို ဘေးကင်းရေးစမ်းသပ်မှုတွေပြုလုပ်ဖို့ စီစဉ်ထားပြီး အထူးသဖြင့် ရာသီအလိုက် ဝယ်လိုအားတဲ့ ညထုတ်ကုန်တွေ မှာ အာရုံစိုက် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
Zawgyi Version;
တ႐ုတ္ e-commerce ေတြက ေရာင္းခ်တဲ့ ကေလးအဝတ္အစားေတြမွာ အဆိပ္အေတာက္ေတြ ျမင့္မားစြာပါဝင္ေနတယ္လို႔ ေတာင္ကိုရီးယားေျပာ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၄
တ႐ုတ္ e-commerce ပလပ္ေဖာင္းေတြမွာ ေရာင္းခ်တဲ့ ေဆာင္းရာသီဝတ္ ကေလးအ၀တ္အထည္ေတြမွာ အဆိပ္ အေတာက္ပမာဏ ၆၂၂ ဆအထိ ေတြ႕ရွိခဲ့တယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ေတာ္အစိုးရက ႏိုဝင္ဘာ ၂၂ ရက္မွာ ေျပာၾကားပါတယ္။
Temu၊ Shein နဲ႔ AliExpress စတဲ့ တ႐ုတ္ e-commerce ပလက္ေဖာင္းဝက္ဆိုက္ဒ္ေတြကေန ေရာင္းခ်တဲ့ ကေလးဝတ္၊ ေမြးကင္းစကေလးဝတ္ အသုံးအေဆာင္ ၂၆ မ်ိဳးကို စစ္ေဆးၾကည့္ရာမွာ အဆိပ္သင့္ဓာတုပစၥည္းေတြ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ Temu မွာ ေရာင္းခ်တဲ့ ကေလးဝတ္ ဂ်ာကင္အက်ႌမွာ ဖာလာလိတ္ ပလတ္စတစ္ ဆား ပါဝင္ၿပီး အဲဒါေတြဟာ တရားဝင္ ကန႔္သတ္ခ်က္ထက္ ၆၂၂ ဆနီးပါး ပါဝင္ေနၿပီး မ်ိဳးပြားမႈ က်န္းမာေရးကို ထိခိုက္ေစႏိုင္ငတယ္လို႔ ဆိုပါတယ္။ ဒါအျပင္ ဂ်ာကင္အက်ႌရဲ႕အလွဆင္ႀကိဳးအရွည္ဟာ ခြင့္ျပဳထားတဲ့ ၇.၆ စင္တီမီတာထက္ ရွည္ၿပီး ၁၁.၂ စင္တီမီတာထိ ရွိေနတာဟာ ကေလးရဲ႕ေဘးကင္းလုံၿခဳံေရးအတြက္ စိုးရိမ္ပူပန္စရာ ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ဒါအျပင္ AliExpress မွာ ေရာင္းခ်တဲ့ ဖိနပ္တစ္ရံဟာ ဆိုရင္လည္း ခြင့္ျပဳထားတဲ့ ခဲအဆင့္ထက္ ငါးဆ ေက်ာ္လြန္ ပါဝင္ေနတာ ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။
ေတာင္ကိုရီးယားဆိုးလ္ၿမိဳ႕ေတာ္အစိုးရဟာ ေတာင္ကိုရီးယားမွာ အသုံးျပဳသူမ်ားတဲ့ ႏိုင္ငံျခားပလက္ေဖာင္းေတြကို ေဘးကင္းေရးစမ္းသပ္မႈေတြျပဳလုပ္ဖို႔ စီစဥ္ထားၿပီး အထူးသျဖင့္ ရာသီအလိုက္ ဝယ္လိုအားတဲ့ ညထုတ္ကုန္ေတြ မွာ အာ႐ုံစိုက္ စစ္ေဆးမႈေတြ လုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။