စလင်းမြို့နယ်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့ဝင်(၃၀)ဦးခန့်က ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား
596
နာမူ (NP News) - နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့ဝင်(၃၀)ဦးခန့်က ဖမ်းဆီးခေါ်ဆောင် သွားကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါဖြစ်စဥ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်၊ နံနက် ၆ နာရီ ၃ဝ မိနစ်အချိန်က စလင်းမြို့၊ တမာချောင် ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တမာချောင်ကျွေးရွာတွင်နေထိုင်သူ ဦးသန်းဇော်ဦးသည် ၎င်း၏ နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင် (၃၀) ဦးခန့်က ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏ အရှေ့ဘက်မီတာ ၁၅၀ ခန့်အကွာရှိ ရေတွင်းအနီးသို့ အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် ဦးသန်းဇော်ဦး (၄၄)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးနိုင်ရေး ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီ ၃ဝ မိနစ်အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မျက်ခါအင်းကျေးရွာတွင် အသက်(၅၃)နှစ်အရွယ် ဦးသေး(ခ) ဦးသိန်းသည် ၎င်း၏ နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင်နှစ်ဦး ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ ကြောင်း သိရသည်။
Zawgyi Version;
စလင္းၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕ဝင္(၃၀)ဦးခန႔္က ဖမ္းဆီးေခၚေဆာင္ကာ ေသနတ္ျဖင့္ ပစ္ခတ္ သတ္ျဖတ္မႈျဖစ္ပြား
နာမူ (NP News) - ႏိုဝင္ဘာ ၂၄
မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕ဝင္(၃၀)ဦးခန႔္က ဖမ္းဆီးေခၚေဆာင္ သြားကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။
အဆိုပါျဖစ္စဥ္သည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၁ ရက္၊ နံနက္ ၆ နာရီ ၃ဝ မိနစ္အခ်ိန္က စလင္းၿမိဳ႕၊ တမာေခ်ာင္ ေက်း႐ြာအနီး၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
တမာေခ်ာင္ေကြၽး႐ြာတြင္ေနထိုင္သူ ဦးသန္းေဇာ္ဦးသည္ ၎၏ ေနအိမ္တြင္ ရွိေနစဥ္ PDF အဖြဲ႕ဝင္ (၃၀) ဦးခန႔္က ေရာက္ရွိလာၿပီး ဖမ္းဆီးေခၚေဆာင္သြားကာ ေက်း႐ြာ၏ အေရွ႕ဘက္မီတာ ၁၅၀ ခန႔္အကြာရွိ ေရတြင္းအနီးသို႔ အေရာက္တြင္ ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါပစ္ခတ္ခံရမႈေၾကာင့္ ဦးသန္းေဇာ္ဦး (၄၄)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ က်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူ အျပစ္ေပးႏိုင္ေရး ဆက္လက္စုံစမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ႏိုဝင္ဘာ ၂၁ ရက္၊ ေန႔လယ္ ၁၂ နာရီ ၃ဝ မိနစ္အခ်ိန္၌ မႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္၊ မ်က္ခါအင္းေက်း႐ြာတြင္ အသက္(၅၃)ႏွစ္အ႐ြယ္ ဦးေသး(ခ) ဦးသိန္းသည္ ၎၏ ေနအိမ္တြင္ ရွိေနစဥ္ PDF အဖြဲ႕ဝင္ႏွစ္ဦး ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သြားသျဖင့္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ ေၾကာင္း သိရသည္။