Rose နဲ့ Bruno Mars ရဲ့ APT သီချင်း ကြည့်ရှုသူ သန်း ၄၀၀ ကျော် အမြန်ဆုံးရရှိတဲ့ MV အဖြစ် စံချိန်တင်
368
ရောင်နီ (NP News) - နိုဝင်ဘာ ၂၄
BLACKPINK ရဲ့ အဖွဲ့ဝင် Rosé နဲ့ အမေရိကန် အဆိုတော် Bruno Mars ရဲ့ "APT" သီချင်းဟာ ကြည့်ရှုသူ သန်း ၄၀၀ ကျော်သွားခဲ့ပြီး YouTube မှာ အမြန်ဆုံး ကြည့်ရှုသူ သန်း ၄၀၀ ကျော်တဲ့ စံချိန်ကို ချိုးဖျက်လိုက်ပါတယ်။
အဲဒီစံချိန်ကို နိုဝင်ဘာလ ၂၃ ရက် နံနက် ၃ နာရီအချိန်ခန့်မှာ ချိုးဖျက်သွားခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းကို အောက်တိုဘာလ ၁၈ ရက် နေ့လည် ၁ နာရီမှာ ထွက်ရှိခဲ့တယ်။ ဒီကြည့်ရှုသူ သန်း ၄၀၀ ကျော်တဲ့ မှတ်တိုင်ကိုတော့ အချိန် ၃၅ ရက်နဲ့ ၁၄ နာရီအတွင်း ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ အလျင်မြန်ဆုံး ကြည့်ရှုသူ ၁ သန်း ပြည့်ခြင်း၊ အချိန်တိုအတွင်း ကြည့်ရှုသူ သန်း ၄၀၀ ကျော်ခြင်းဆိုတဲ့ စံချိန်သစ်ကို တင်ထားပါတယ်။
ဒါအပြင် Rosé ဟာ BLACKPINK အဖွဲ့ရဲ့ ၂၀၂၀ ခုနှစ်က ထွက်တဲ့ "How You Like That” သီချင်းစံချိန် ၄၃ ရက်နဲ့ ကြည့်ရှုသူ သန်း ၄၀၀ ရခဲ့တဲ့ စံချိန်ကိုလည်း တစ်ကိုယ်တော်အနေနဲ့ ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။
Zawgyi Version;
Rose နဲ႔ Bruno Mars ရဲ႕ APT သီခ်င္း ၾကည့္ရႈသူ သန္း ၄၀၀ ေက်ာ္ အျမန္ဆုံးရရွိတဲ့ MV အျဖစ္ စံခ်ိန္တင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၄
BLACKPINK ရဲ႕ အဖြဲ႕ဝင္ Rosé နဲ႔ အေမရိကန္ အဆိုေတာ္ Bruno Mars ရဲ႕ "APT" သီခ်င္းဟာ ၾကည့္ရႈသူ သန္း ၄၀၀ ေက်ာ္သြားခဲ့ၿပီး YouTube မွာ အျမန္ဆုံး ၾကည့္ရႈသူ သန္း ၄၀၀ ေက်ာ္တဲ့ စံခ်ိန္ကို ခ်ိဳးဖ်က္လိုက္ပါတယ္။
အဲဒီစံခ်ိန္ကို ႏိုဝင္ဘာလ ၂၃ ရက္ နံနက္ ၃ နာရီအခ်ိန္ခန႔္မွာ ခ်ိဳးဖ်က္သြားခဲ့တာျဖစ္ပါတယ္။ ဒီသီခ်င္းကို ေအာက္တိုဘာလ ၁၈ ရက္ ေန႔လည္ ၁ နာရီမွာ ထြက္ရွိခဲ့တယ္။ ဒီၾကည့္ရႈသူ သန္း ၄၀၀ ေက်ာ္တဲ့ မွတ္တိုင္ကိုေတာ့ အခ်ိန္ ၃၅ ရက္နဲ႔ ၁၄ နာရီအတြင္း ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ၂၀၂၄ ခုႏွစ္ရဲ႕ အလ်င္ျမန္ဆုံး ၾကည့္ရႈသူ ၁ သန္း ျပည့္ျခင္း၊ အခ်ိန္တိုအတြင္း ၾကည့္ရႈသူ သန္း ၄၀၀ ေက်ာ္ျခင္းဆိုတဲ့ စံခ်ိန္သစ္ကို တင္ထားပါတယ္။
ဒါအျပင္ Rosé ဟာ BLACKPINK အဖြဲ႕ရဲ႕ ၂၀၂၀ ခုႏွစ္က ထြက္တဲ့ "How You Like That” သီခ်င္းစံခ်ိန္ ၄၃ ရက္နဲ႔ ၾကည့္ရႈသူ သန္း ၄၀၀ ရခဲ့တဲ့ စံခ်ိန္ကိုလည္း တစ္ကိုယ္ေတာ္အေနနဲ႔ ေက်ာ္ျဖတ္သြားႏိုင္ခဲ့ပါတယ္။