ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း

 1243

နာမူ (NP News) - နိုဝင်ဘာ ၂၅

ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်းခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများမှ ပေးပို့လှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပါဝင်သည့် သယ်ယူပို့ဆောင်ရေးလေယာဉ်သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ (နိုဝင်ဘာ ၂၄ ရက်)တွင် ဆိုက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများအတွင်း ရေ ဘေးသင့်ခဲ့သည့် ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားနိုင်ငံ၏ အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာဝန်ကြီးဌာန၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ရုရှားနိုင်ငံနျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) နှင့် Aquarius ကုမ္ပဏီများအုပ်စုတို့က လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများကို လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများတွင် သက်ကယ်လှေများ၊ ယာယီတဲများ၊ မီးစက်များ၊ ဆိုလာမီးအိမ်များ၊ ဆေးဝါးများ၊ ကျောင်းသုံးကွန်ပျူတာများနှင့် အခြားသော ပြန်လည် ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. Iskander K. AZIZOV ဦးဆောင်သော သံရုံးကိုယ်စားလှယ်အဖွဲ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ကူညီထောက်ပံ့ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကူညီထောက်ပံ့ရေးပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးခွဲဝေ ပို့ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
႐ုရွားႏိုင္ငံရွိ ဝန္ႀကီးဌာနမ်ား ႏွင့္ ကုမၸဏီမ်ားက ျမန္မာႏိုင္ငံမွ ေရေဘးသင့္ေဒသမ်ားျပန္လည္ထူေထာင္ေရးအတြက္ ကူညီေထာက္ပံ့ေရးပစၥည္း (၃၅)တန္ခန႔္ ေပးပို႔လႉဒါန္း
နာမူ (NP News) - ႏိုဝင္ဘာ ၂၅

႐ုရွားႏိုင္ငံရွိ ဝန္ႀကီးဌာနမ်ား ႏွင့္ ကုမၸဏီမ်ားက ျမန္မာႏိုင္ငံရွိ ေရေဘးသင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရးအတြက္ ကူညီေထာက္ပံ့ေရးပစၥည္း (၃၅)တန္ခန႔္ ေပးပို႔လႉဒါန္းခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံရွိ ေရေဘးသင့္ေဒသမ်ားအတြက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံမွ ဝန္ႀကီးဌာနႏွင့္ ကုမၸဏီမ်ားမွ ေပးပို႔လႉဒါန္းသည့္ ကူညီေထာက္ပံ့ေရးပစၥည္း (၃၅)တန္ခန႔္ ပါဝင္သည့္ သယ္ယူပို႔ေဆာင္ေရးေလယာဥ္သည္ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ယမန္ေန႔ (ႏိုဝင္ဘာ ၂၄ ရက္)တြင္ ဆိုက္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရာဂီမုန္တိုင္းႏွင့္ ဆက္စပ္ျဖစ္ပြားေသာ ေရႀကီးေရလွ်ံမႈမ်ားအတြင္း ေရ ေဘးသင့္ခဲ့သည့္ ေဒသမ်ား ျပန္လည္ထူေထာင္ေရးအတြက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံကိုယ္စား ႐ုရွားႏိုင္ငံ၏ အရပ္ဘက္ကာကြယ္ေရး၊ အေရးေပၚအေျခအေနႏွင့္ သဘာဝေဘးအႏၲရာယ္သက္ေရာက္မႈမ်ား တိုက္ဖ်က္ေရးဆိုင္ရာဝန္ႀကီးဌာန၊ စက္မႈႏွင့္ကုန္သြယ္ေရးဝန္ႀကီးဌာန၊ ႐ုရွားႏိုင္ငံန်ဴကလီးယားစြမ္းအင္ေကာ္ပိုေရးရွင္း (Rosatom) ႏွင့္ Aquarius ကုမၸဏီမ်ားအုပ္စုတို႔က လူသားခ်င္းစာနာေထာက္ထားမႈအကူအညီပစၥည္းမ်ားကို လာေရာက္ပို႔ေဆာင္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

လူသားခ်င္းစာနာေထာက္ထားမႈအကူအညီပစၥည္းမ်ားတြင္ သက္ကယ္ေလွမ်ား၊ ယာယီတဲမ်ား၊ မီးစက္မ်ား၊ ဆိုလာမီးအိမ္မ်ား၊ ေဆးဝါးမ်ား၊ ေက်ာင္းသုံးကြန္ပ်ဴတာမ်ားႏွင့္ အျခားေသာ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းသုံးပစၥည္းမ်ား ပါဝင္ေၾကာင္း သိရသည္။ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီပစၥည္းမ်ားကို ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ သံအမတ္ႀကီး Mr. Iskander K. AZIZOV ဦးေဆာင္ေသာ သံ႐ုံးကိုယ္စားလွယ္အဖြဲ႕က ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံကိုယ္စား ကူညီေထာက္ပံ့ပစၥည္းမ်ားကို လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ကူညီေထာက္ပံ့ေရးပစၥည္းမ်ားကို ေရေဘးသင့္ေဒသမ်ားသို႔ အျမန္ဆုံးခြဲေဝ ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.