ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
4511
မျိုးမင်း(မကျည်းလဟာ) (NP News) - နိုဝင်ဘာ ၂၅
“လောက်ကိုင်ကမိသားစုကြီး(၄)စု ပျက်စီးရခြင်းအကြောင်းက တရုတ်နိုင်ငံကိုဆန့်ကျင်လို့ပဲ။ မင်းတို့ “ဖုန်” မိသားစုလည်း အဲဒီကနေသင်ခန်း စာယူလို့ရတယ်။ ကိုးကန့်ဒေသဟာ မိသားစုကြီး (၄)စုမရှိဘဲ ခရီးဆက်လို့ရသလို မင်းတို့ “ဖုန်” မိသားစု မရှိလည်း ရှင်သန်လို့ရတယ်” -တိန့်ရှီကျွမ်း (မြန်မာ့ ရေးရာ တရုတ်အထူးကိုယ်စားလှယ်)
ဖုန်တာရွှင့်၏ သားဖြစ်သူဖုန်ခွင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီ ကျွမ်း၏သတိပေးချက်ဖြစ်သည်။ မကြာသေးခင်က ပြီးဆုံးသွားခဲ့သော တရုတ်ကွန်မြူနစ် ပါတီ၏ အကြိမ်(၂၀)မြောက် ဗဟိုကော်မတီအစည်း အဝေးမတိုင်မီ နှစ်ရက်အလို၌ ယူနန်ပြည်နယ် ကူမင်းမြို့ တစ်နေရာတွင် ထိုစကားကို ပြောခဲ့ခြင်း လည်း ဖြစ်၏။ ထိုသတိပေးချက်စကားသည် ဖုန်ကြားရှင်၏ မြေးဖြစ်သူ ဖုန်ခွင်းအတွက် ဖခင်ဖြစ်သူ ဖုန်တာရွှင့်နှင့် ကိုးကန့်ခါးပိုက်ဆောင်တပ်များကိုပါ လက်လွှတ် ဆုံးရှုံးရနိုင်ခြေရှိသည်ဟု နားလည်ရမည့် သဘောလည်းဖြစ်လာသည်။
လက်ရှိလည်း ကိုးကန့်လက်နက်ကိုင်ခေါင်းဆောင် ဖုန်တာရွှင့်ကို တရုတ်နိုင်ငံကဖမ်းဆီးထား ခြင်းလော သို့မဟုတ် ပြန်မလွှတ်သေးခြင်းလောဆိုသည့် မရေရာသောသတင်းမျိုးစုံ ဖြစ်ပေါ်နေသည်။ ဖုန်တာရွှင့်နှင့်ပတ်သက်၍ ပြည်ပအထောက်အပံ့ခံ Myanmar Now သတင်းဌာနက နိုဝင်ဘာ(၁၈) ရက် တွင် ကနဦးရေးသားဖော်ပြလာသည်။ ထိုနေ့တွင်ပင် ပြည်ပြေးခေတ်သစ်က မဟုတ်မှန်ကြောင်း ရေးသားသည်။ နိုဝင်ဘာ(၁၉) ရက်တွင်မူ တရုတ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင် ပုံမှန် သတင်းစာ ရှင်း လင်းပွဲမှတစ်ဆင့် ငြင်းဆိုရသည်။ သို့သော် ထူးခြားချက်မှာ ပုံမှန်သတင်းစာရှင်းလင်းပွဲ၏ မှတ်တမ်းမှတ်ရာအချက်အလက်များ ပြန်လည်ဖော်ပြမှု၌ ထိုအချက်ကိုတရုတ်အာဏာပိုင်တို့က ထိမ်ချန်ထားခဲ့သည်။
ဖုန်တာရွှင့်ကို တရုတ်တို့ဖမ်းဆီးထားခြင်းမရှိဘဲ ယူနန်ပြည်နယ်တစ်နေရာ၌ ဆေးလာကုခြင်း သာ ရှိကြောင်း၊ ကျန်းမာလျက်ရှိနေကြောင်း တရုတ်ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ဤနေရာတွင် မေး ခွန်း များစွာထွက်လာ၏။ တရုတ်အစိုးရကို မေးခွန်းထုတ်လိုခြင်းနှင့် မြန်မာအစိုးရကို တိုက်တွန်းလိုခြင်း လည်း ဖြစ်သည်။ ဖုန်တာရွှင့်သည် တည်ဆဲအစိုးရကို လက်နက်ကိုင်ပုန်ကန်နေသည့်အပြင် ကိုးကန့် အထူးဒေသ၏ ပြင်ပနယ်နိမိတ်များအထိ စစ်မက်များဆင်နွှဲ တိုက်ခိုက်သိမ်းပိုက်လာသော အကြမ်းဖက် သမားတစ်ဦးဖြစ်သည်။ မြန်မာအစိုးရကိုယ်တိုင်ကလည်း ထိုပုဂ္ဂိုလ်၏ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် မြန်မာလူထုနှင့် နိုင်ငံတကာ သိစေရန် သတ်မှတ်ကြေညာပြီး လည်း ဖြစ်သည်။ တစ်နည်းအားဖြင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ သည် အကြမ်းဖက်သမားများဖြစ်ပြီး ၎င်းအဖွဲ့ ၏ခေါင်းဆောင်သည်လည်း အကြမ်းဖက်အဖွဲ့ခေါင်း ဆောင် ဖြစ်သည်။ ထိုအချက်ကို တရုတ်တို့ မသိဘဲ နေမည်မဟုတ်။ သို့ပါလျက် မြန်မာအစိုးရအား ပုန်ကန်နေသည့်အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တစ်ဦးကို တရုတ်အစိုးရက ၎င်းတို့ပိုင်နက်နယ်မြေအတွင်း၌ လက်ခံထားရှိ၍ ဆေးကုသခွင့်များပေးထားခြင်းသည် မည်သို့နည်း။
တရုတ်အစိုးရကိုယ်တိုင်က လက်ခံထားရှိခြင်း မဟုတ်ဟုဆိုလျှင် ထိုပုဂ္ဂိုလ်ကိုလက်ရဖမ်းဆီး၍ လွှဲပြောင်းပေးပါရန် တောင်းဆိုခွင့်မရှိပါသလော။ အကြမ်းဖက်သမား ဖုန်တာရွှင့်သည် တရုတ်နိုင်ငံအ တွင်းသို့ ‘တံခါးမရှိ ဓားမရှိ’ ဝင်ထွက်ရနေခြင်းက မည် သည့်အတွက်ကြောင့်နည်း။ မည်သည့် ကတ်ပြား ကို ကိုင်ထားခြင်းကြောင့် ဤမျှတန်ခိုးဩဇာကြီးထွားနေ ရသနည်း။ တရုတ်အစိုးရအနေဖြင့် ဖုန်တာရွှင့် ကို ကာကွယ်ပေးထားခြင်း ရှိ/မရှိအပေါ် သံသယလည်း ဖြစ်စရာပင်။ မြန်မာအစိုးရအား မထီမဲ့မြင်ပြု၍ ဖုန်တာရွှင့်ကို ကာကွယ်ပေးထားခြင်းမျိုးသာ ဖြစ်ခဲ့မည်ဆိုလျှင် မြန်မာတစ်နိုင်ငံလုံးအား တရုတ် အစိုးရ က စော်ကားလိုက်ခြင်းဟုလည်း ဆိုနိုင်သည်။ ဖုန်တာရွှင့် နှင့် မြန်မာတစ်မျိုးသားလုံးကို တရုတ်တို့ လဲလှယ်နေခြင်းလော။ တရုတ်အစိုးရက ကိုးကန့်ဒေသမှ မိသားစုလေးစုကို ကျားဖျန့်ကိစ္စကြောင့် ဖမ်းဆီးပေးရမည်ဟု တောင်းဆိုချိန်တွင် မြန်မာအစိုးရက လိုက် လျောပေးခဲ့ပြီး နေပြည်တော်အထိ လာရောက်ဖမ်းဆီးခေါ်ဆောင်ခွင့်ပြုပေးခဲ့သည် မဟုတ်ပါလား။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင် တစ်ဦးဖြစ်သူ ပယ်စောက်ချိန်၏ ‘ပယ်’ မိသားစုအပါ အဝင် ‘ မြီ’ မိသားစု၊ ‘လျို’ မိသားစု၊ ‘ဝေ’ မိသားစုတို့ကို တရုတ်တို့က ကြက်ငှက်တစ်ကောင်သဖွယ် လွယ် လင့်တကူ လာရောက် ဖမ်းဆီး သွားသည်။ တိန့်ရှီ ကျွမ်းက ဖုန်ခွင်းကိုပြောခဲ့သော မိသားစုလေးစု ဆိုသည့်ကိစ္စသည် ဤအချက်ပင်။ “တိရစ္ဆာန်တွေကို ဖမ်းသလိုမျိုးပြုမူသွားတာဗျ။ လူတွေကို လူ တွေလို မဆက်ဆံခဲ့ဘူး။ အခုလည်း တရုတ်ပြည်မှာ နေရာလေးခုထက်မနည်း ခွဲထားပြီးစစ်ဆေးနေတာ”ဟု မိသားစုလေးစုကိစ္စနှင့် ပတ်သက်၍ လောက်ကိုင်ဒေသ နယ်မြေခံသတင်းရင်းမြစ်က NP News ကို ပြောသည်။
ကိုးကန့်ဒေသမှ မိသားစုကြီးလေးစုကို တရုတ် တို့က ကျားဖျန့်ခေါင်းစဉ်ဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး ‘ဖုန်’ မိသားစုကို အုပ်ချုပ်ခွင့်ပေးလိုနေသည့်သဘောမျိုးဟု ၎င်းကဆိုသည်။ တရုတ်နွယ်ဖွား ဖုန်ကြားရှင် ၏သားဖြစ်သူ ဖုန်တာရွှင့်ကို တရုတ်တို့ကဖမ်းဆီးထားခြင်းလော၊ ကာကွယ်ပေးထားခြင်းလော ဆိုသည် မှာ မရှင်းလင်းပေ။ ထွက်ပေါ်နေသောသတင်းများအရ ဖမ်းဆီးထားသည်ဟုဆို၏။ တရုတ်ပြောရေးဆိုခွင့် ရှိသူ လင်ကျန်းက ငြင်းဆိုသည်။ ဖမ်းထားသည်ဖြစ်စေ၊ ဆေးကုနေသည်ဖြစ်စေ ဖုန်တာရွှင့်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ရှိနေသည်မှာအမှန်ပင်။
“ဘိန်းစားအဖွဲ့နဲ့ ခေါင်းဆောင်ပဲဗျာ။ အချိန် တန်ရင် တရုတ်ကထားမယ်မထင်ဘူး။ အခုလည်း ဖမ်းထားတယ်လို့ ပြောလို့မရပေမယ့် ပြန်လာလို့မရ ဘူးဆိုကတည်းက ဖမ်းထားနည်းတစ်မျိုးပါပဲ။ လားရှိုး ကိုပြန်ဆုတ်ခိုင်းတာ မဆုတ်လို့ဖမ်းတယ်ဆိုတာလည်း မဟုတ်ဘူး။ ကိုးကန့်မိသားစုကြီး လေးခု ကို ရှင်းသလို မျိုး ‘ဖုန်’ အိမ်ကိုလည်း ရှင်းမယ့်သဘော။ သူ့မှာ စီမံ ချက်ရှိပြီးသား။ ဒါကိုသက်သေပြပါ ဆိုရင် တရုတ်ပေါ် လစ်ဗျူရိုကချမှတ်ထားတာကို စာယူပြီးပြလို့မရဘူး လေ” ဟု UWSA ဒေသမှသတင်း ရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
တိန့်ရှီကျွမ်းနှင့် UWSA ဒုဥက္ကဋ္ဌ ကျောက်ကော် အန်း၊ ဥက္ကဋ္ဌ ပေါက်ယူချန်း၏သားပေါက် အိုက်ခမ်းတို့ သီးခြားတွေ့ဆုံခဲ့စဉ်ကလည်း ဖုန်တာရွှင့်ကိစ္စကို အ ထူးကိစ္စအဖြစ်ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ထိုစဉ် ကတည်း က ဖုန်တာရွှင့်က ယူနန်ပြည်နယ်၌ဆေးကုသရန် ရောက်ရှိနေခြင်းဖြစ်ပြီး ဩဂုတ်လကုန်ပိုင်းမှ စ၍ ပန်ဆန်းဒေသသို့ ပြန်လာနိုင်ခြင်းမရှိတော့ကြောင်းလည်း သိရသည်။ ကျောက်ကော်အန်း၏ ပြောကြားချက်အရ ဖုန်တာရွှင့်သည် ကိုးကန့်ဒေသကိုကျော်၍တိုက်ခိုက်ခဲ့စဉ်ကတည်းက လက်လွန်သွားခဲ့ပြီဖြစ်ပြီး တပ်မတော်နှင့်ဆွေးနွေးရမည့် အချိန်ကောင်းကို လည်း ဆုံးရှုံးသွားခဲ့ရပြီဟုဆိုသည်။ ဖုန်တာရွှင့်ကိုယ်တိုင်ကလည်း တိုက်ပွဲကိုရပ်၍ မရတော့ဘဲ လားရှိုးကိုဆက်လက်တိုက်ခိုက် သိမ်း ပိုက်ပြီးမှသာလျှင် ကျယ်ပြန့်သောနယ်မြေအတွက် တောင်းဆိုမှု ကြီးကြီးမားမားရလိမ့်မည်ဟု ယုံကြည်နေကြောင်း ကျောက်ကော်အန်းထံ ပြောခဲ့သည်။ “တရုတ်ကလည်း အသိအမှတ်မပြု၊ မြန်မာ ကလည်း လက်မခံ။ အကောင်းဆုံးအခွင့်အရေးကို မင်း ဆုံးရှုံးသွားပြီ။ မင်းတော့ အကြမ်းဖက်သမားဖြစ်ပြီ” ဟု ကျောက်ကော်အန်းက ဖုန်တာရွှင့်ထံ လားရှိုးကို မတိုက်ခိုက်ခင်သတိပေးခဲ့သည်။
တိန့်ရှီကျွမ်းကလည်း တရုတ်နယ်စပ်တစ်လျှောက် မတည်မငြိမ်ဖြစ်လာမှုများအတွက် ‘ဖုန်’ မိသားစု တာဝန်ယူရမည်ဟု ကျောက်ကော်အန်းမှတစ်ဆင့် ကြိုတင်သတိပေးခဲ့ကြောင်း ဆွေးနွေးချက် အတွင်း ပါဝင်လာသည်။ ဖုန်တာရွှင့်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့က တရုတ်၏သတိပေး ချက်ကို လျစ်လျူရှု၍ လားရှိုးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အပြင် ပြင်ဦးလွင်၊ မန္တလေး အစရှိသောပြည်မဒေသကိုပါ ခြိမ်းခြောက်မှုများလုပ်ဆောင်လာသည့်အတွက် တရုတ်အစိုးရ၏ပြစ်ဒဏ်ပေးမှုကို ခံရနိုင်ခြေလည်း ရှိနေသည်။
“လားရှိုးကနေ အမြန်ဆုံးဆုတ်ခွာရမယ်။ ဒါက တရုတ်အစိုးရရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ပဲ။ ထုံမော် ကျွင်း(MNDAA ကိုဆိုလိုသည်)ဟာ မြန်မာနိုင်ငံကို အနှောင့်အယှက်ပေးတဲ့ ပြဿနာကောင်ဖြစ်လာပြီ။ အဲဒီအပြစ်ကို တာဝန်ခံရမယ်။ စစ်ဆင်ရေးဦးဆောင်သူ မိသားစု(ဖုန်)ဟာ တရုတ်ရဲ့တောင်းဆိုချက်ကို အကြိမ်ကြိမ် လျစ်လျူရှုနေတယ်။ တမင်သက်သက် တရုတ်နိုင်ငံကို ဆန့်ကျင်နေတာပဲ” ဟု တိန့်ရှီ ကျွမ်းက UWSA ဒုခေါင်းဆောင်နှင့်အဖွဲ့ကို ပြောခဲ့သည်။ UWSA အနေဖြင့် ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ အောက်ခြေပြည်သူလူထုကို ထိန်းကျောင်းရန်ခက်ခဲ သည်ဆိုသော ခေါင်းစဉ်အရဖြစ်စေ ကိုးကန့်လက်နက်ကိုင်များအတွက် လက်နက်နှင့်စားနပ်ရိက္ခာများ ကူညီမှုလုံးဝမပြုလုပ်ရန်လည်း သတိပေးသည်။
“တရုတ်နိုင်ငံကို ကူညီတာနဲ့ MNDAA ကို ကူညီတာမှာ ဘယ်ဟာက ရေရှည်ဆက်ဆံရေးဖြစ်မလဲ။ မင်းတို့သေချာစဉ်းစားပြီး အမှားအမှန်ခွဲခြား တတ်ဖို့လိုတယ်”ဟု တိန့်ရှီကျွမ်းက သတိပေးခဲ့ ဖူးသည်။ ဖုန်တာရွှင့်သည် ကိုးကန့်ဒေသအပြင် ၎င်း တို့နှင့်မဆိုင်သည့် ပိုမိုကျယ်ဝန်းသောနယ်မြေများ ကိုပါ မက်မောလာခဲ့ပြီး စစ်ပွဲဆက်တိုက်နိုင်နေမှုများ နှင့်ရော၍ မိုးမမြင်လေမမြင်ဖြစ်လာသည်ဟု ဆို သည်။ “ဖုန်တာရွှင့်က ဒုသမ္မတနေရာကိုပါမှန်းနေ တယ်။ မိုးမမြင်လေမမြင်နဲ့ကိုယ့်ကိုယ်ကိုယ် အရမ်းအထင် ကြီး ဘဝင်မြင့်နေပြီ။ တရုတ်စကားပုံတစ်ခုရှိတယ်။ လူတစ်ဦးကို သေကျေ ပျက်စီးစေချင်ရင် ဦးစွာ ရူးသွပ်စေရမယ်တဲ့။ ဥပဒေမဲ့ အခုလိုတွေ ဆက်သွား နေမယ်ဆိုရင်တော့ မြန်မာ့တပ်မတော်ရဲ့ ချေမှုန်း ခြင်း ခံရလိမ့်မယ်။ အခုအချိန်မှာ ‘ဖုန်’ မိသားစုနဲ့ PDF ကကြိုးချည်ထားသလိုဖြစ်နေပြီ” ဟု တိန့်ရှီကျွမ်းက ပြောခဲ့သည်။
UWSA ကိုလည်း ဒေသအကျိုးအတွက် ‘ဖုန်’ မိသားစုနှင့်ဆက်သွယ်နေခြင်းကို ဖြတ်တောက်ပစ်ရန် လိုကြောင်းသတိပေးခဲ့ပြီး မည်သည့်ကူညီမှုမျိုးမှ တိုး တိုးတိတ်တိတ်ဖြစ်စေ မလုပ်ရန်အသိပေးသည်။ ထို ကဲ့သို့ တိန့်ရှီကျွမ်း၏အသိပေးချက်၊ သတိပေးချက် များသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဆုံးဖြတ်ချက်မှတစ်ဆင့် ပေါက်ဖွားလာပုံရ၏။ ကိုးကန့်နှင့် နယ်စပ်ဂိတ်များကို တရုတ်ဘက်က တစ်ဖက် သတ် ပိတ်ခဲ့သည့်အပြင် အခြားသောနယ်စပ်များကိုပါ ကုန်သွယ်မှုဖြတ်တောက်ခြင်းဖြင့် ပထမအဆင့် ဖိအား ပေးသည်။ ဖုန်တာရွှင့်ကို တရုတ်ပြည်မှ ပြန်ထွက်ခွင့် မရစေရန် စီစဉ်ထားမှုသည်လည်း နောက်တစ်ဆင့် ဖိအားတိုးမြှင့်ပေးခြင်းဟု ယူဆနိုင်သည်။
“ ‘ဝ’ နယ်မြေထဲမှာ ကိုးကန့်တွေ အရေး ပေါ်အစည်းအဝေးလုပ်ကြတယ်။ တရုတ်လူမျိုး ကျင်း ရှင်း၊ ရန်ဝေကျုံး၊ ကောက်ရှင်းကျီ၊ ဖုန်တဲ့ကျွင်း၊ ဖုန်ဝမ်အမ်း တို့ပါတယ်။ အကုန်လုံးဖွဲ့စည်းပုံတော့ ပျက်နေပြီထင်တယ်။ လားရှိုးမှာတော့ လီစူးကျယ်ပဲ အကြီးဆုံးရှိတယ်။ ကျောက်ယိယွင့်ဆိုတဲ့ လားရှိုးသူ အမျိုးသမီးလည်း တာဝန်ခံအဖြစ်ရှိနေတယ်” ဟု ‘ဝ’ ဒေသသတင်းရင်းမြစ်က နိုဝင်ဘာ (၁၉)ရက်တွင် ပြောသည်။ အဆိုပါအစည်း အဝေး၌ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင့်နှင့်အဆက်အသွယ်ပြတ်နေသည့်အ တွက် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းများကို ဆွေးနွေးကြခြင်းမျိုးဖြစ်သော်လည်း မည်သို့ရှေ့ ဆက်ရမည်ကို ဆုံးဖြတ်ရခက်နေကြသည်ဟု ဆိုသည်။ သို့သော် ကြွေးကြော်သံအဖြစ် စစ်တပ်ကို ခုခံ တိုက်ခိုက်သွားမည်ဟု ပြောကြသည်။ ဖုန်တာရွှင့်သည် ကိုးကန့်ခေါင်းဆောင် ဘိန်း ဘုရင် ဖုန်ကြားရှင် ၏သားဖြစ်ပြီး (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလ၌ ဖခင်ကွယ်လွန်ပြီးနောက် ကိုးကန့်တပ်၏ခေါင်းဆောင် ဖြစ် လာသည်။ မကြာသေးမီက တိန့်ရှီ ကျွမ်းနှင့် တွေ့ဆုံခဲ့သော ဖုန်ခွင်းသည် ဖုန်တာရွှင့်၏သား၊ ဖုန်ကြားရှင် ၏ မြေးဖြစ်သည်။
တရုတ် ဟန်လူမျိုးအဖြစ် ကြွေးကြော်ခဲ့သော ဖုန်ကြားရှင်သည် ကိုးကန့်စော်ဘွား၏သားသမီး များ ဖြစ်သော ဂျင်မီယန်းနှင့် အော်လစ်ဗ်ယန်းတို့ထံ တာ ဝန်ထမ်းဆောင်ခဲ့ပြီးနောက် (၁၉၆၇)၌ ဗမာ ပြည် ကွန်မြူနစ်ပါတီ၏ ကေဒါအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ သူလည်း ဖြစ်သည်။ ဘိန်းဘုရင်များဟု နာမည်ကြီး သော ဂျင်မီယန်း၊ အော်လစ်ဗ်ယန်းတို့၏ကိုးကန့် တပ်တွင် တာဝန်ထမ်းပြီးနောက် အခြား သော ဘိန်း ဘုရင်တစ်ဦးဖြစ်သူ လော်စစ်ဟန်နှင့် ခေတ်ပြိုင် သဖွယ် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်သားလည်း ဖြစ်ခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီကို ဖြိုခွဲသည့်ကာလ၌ လော်စစ်ဟန်သကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအစိုး ရနှင့် ချိတ်ဆက်နိုင်ခဲ့သူလည်းဖြစ်သည်။ ၎င်း၏အိမ်မှ မြင်းထိန်းအဆင့်သာရှိသူ ရန်မိုးလျံနှင့် ဖုန်-ရန် အရေးအခင်း ပေါ်ပေါက်ခဲ့ပြီးနောက် ကိုးကန့်ဒေသသို့ဖြတ်သန်းစီးဆင်းသော သံလွင်မြစ်၏ တစ်ဖက် တစ်ခြမ်းစီ၌ နေရာခွဲဝေအုပ်ချုပ်ခဲ့ရပြန်သည်။ (၂၀ဝ၉) ခုနှစ်တွင် ထိုစဉ် ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ချေမှုန်းခြင်းကိုခံရပြီးနောက် သားမက်ဖြစ်သူ မိုင်းလား ဦးစိုင်းလင်း၏ဒေသသို့ ပြေးဝင် ခိုလှုံကာ (၂၀၁၅)တွင် မကျေပွဲအဖြစ်တစ်ကြိမ် သွေး တိုးစမ်းခဲ့ဖူးသည်။ ထိုတစ်ကြိမ်တွင်လည်း ရှုံးခဲ့ပြန်၏။ ထိုအကြွေးများကို ဖုန်ကြားရှင်က ဆပ်နိုင်ခဲ့ခြင်းမရှိဘဲ သားဖြစ်သူ ဖုန်တာရွှင့်လက်ထက်၌ အတိုးချလာခြင်း ဟုလည်း ဆိုနိုင်သည်။ ဤတစ်ကြိမ်တွင် ၎င်းတို့ ယာယီအားဖြင့် အသာစီးရခဲ့ပြီး မြန်မာ အစိုးရနှင့် တရုတ် အစိုးရကိုပါ မထီမဲ့မြင်ပြုလာသည်ဟု ကောက်ချက်ချမိသည်။ နှစ်နိုင်ငံလုံးမှ အစိုးရ ခေါင်းဆောင်များက နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွား အတွက် စကားပြောကြ ချိန်တွင် ဖုန်တာရွှင့်၏မာနနှင့် ဘဝင်မြင့်မောက်မာမှုများ ပြိုကျလာသည်။ နိုင်ငံနှစ်ခု ၏ အကျိုးစီးပွား ဆိုင်ရာ ‘သေး’ စီးကြောင်းသည် နယ်စပ်မှ ပုရွက်ဆိတ်သဖွယ် တိရစ္ဆာန်ငယ်များအတွက် ပင်လယ်ပြင် ဖြစ်လာ၏။ ထောက်လှမ်းရေးအ ကြီးအကဲဟောင်းများဖြစ်သော ဗိုလ်မှူးချုပ် သိန်းဆွေ တို့၏ တရုတ် ပြည်ခရီးစဉ်၌ ဖုန်တာရွှင့်အပါအဝင် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များ၏ ဘိန်းရာဇဝတ် လုပ်ငန်းများနှင့် အမေရိကန် CIA ၊ DEA တို့အကြား ချိတ်ဆက်မှုများကို ထုတ်ဖော်အသိပေးခဲ့ခြင်းမရှိဟု မဆိုနိုင်ပေ။
“ဖုန်တာရွှင့်က DEA က အလိုရှိနေတဲ့ ဘိန်း ရာဇဝတ်သမားပဲလေ။ သိရသလောက် အမေရိကန် DEA စောင့်ကြည့်စာရင်းကနေပြုတ်ဖို့ NUG ကို အားကိုးမိခဲ့ပုံရတယ်။ တရုတ်ကို ကျော်လုပ်တော့ တ ရုတ်က ဒါမျိုးဘယ်ထားမလဲ။ ဖုန်တာရွှင့် လူပေါင်းမှား ပြီပေါ့” ဟု ထောက်လှမ်းရေးအရာရှိဟောင်း တစ်ဦးက သုံးသပ်သည်။ မည်သို့ပင်ဖြစ်စေ ဖုန်တာရွှင့်ကို တရုတ်အစိုးရက ဖမ်းဆီး၍ မြန်မာအစိုးရထံ ပြန်လည်အပ်နှင်းပေးသင့်/မသင့် ပြည်သူလူထုက စဉ်းစား ဆန္ဒပြုရမည်ဖြစ်သည်။
မြန်မာအစိုးရအနေဖြင့်လည်း ဖုန်တာရွှင့်ကို တရားစီရင်နိုင်ရေးအတွက် တရုတ်အစိုးရနှင့် စကားပြောဆိုမှုများလုပ်မည်ဟု မျှော်လင့်ရသည်။ တရုတ်အ စိုးရကလည်း မြန်မာလူထုနှင့်ဆန့်ကျင်ဘက်တွင် ရပ်တည်မည်ဟုမထင်ပါ။ ကိုးကန့်ဒေသသည်လည်း မိသားစု လေးစုအလွန်၊ ဖုန် မိသားစု မပါဝင်တော့ သည့် အနာဂတ်ကို လျှောက်လှမ်းရမည်ဟု တွက်ဆချင်မိ သည်။ ကျော်ကြားမှုအရဆိုလျှင် ရန် မိသားစု နှင့် လော် မိသားစုသာ ကိုးကန့်ဒေသအကြီးအကဲဟောင်းများအဖြစ် ကျန်ရှိနေတော့သည်။ မည်သို့ဆက်ဖြစ်မည်နည်း။
zawgyi version
ဖုန္တာ႐ႊင့္ ဝိေရာဓိ (သို႔မဟုတ္) တ႐ုတ္-ျမန္မာဆက္ဆံေရးၾကားက ဆူးတစ္ေခ်ာင္း
မ်ိဳးမင္း(မက်ည္းလဟာ) (NP News) - ႏိုဝင္ဘာ ၂၅
“ေလာက္ကိုင္ကမိသားစုႀကီး(၄)စု ပ်က္စီးရျခင္းအေၾကာင္းက တ႐ုတ္ႏိုင္ငံကိုဆန႔္က်င္လို႔ပဲ။ မင္းတို႔ “ဖုန္” မိသားစုလည္း အဲဒီကေနသင္ခန္း စာယူလို႔ရတယ္။ ကိုးကန႔္ေဒသဟာ မိသားစုႀကီး (၄)စုမရွိဘဲ ခရီးဆက္လို႔ရသလို မင္းတို႔ “ဖုန္” မိသားစု မရွိလည္း ရွင္သန္လို႔ရတယ္” -တိန႔္ရွီကြၽမ္း (ျမန္မာ့ ေရးရာ တ႐ုတ္အထူးကိုယ္စားလွယ္)
ဖုန္တာ႐ႊင့္၏ သားျဖစ္သူဖုန္ခြင္းကို ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ အထူးကိုယ္စားလွယ္ တိန႔္ရွီ ကြၽမ္း၏သတိေပးခ်က္ျဖစ္သည္။ မၾကာေသးခင္က ၿပီးဆုံးသြားခဲ့ေသာ တ႐ုတ္ကြန္ျမဴနစ္ ပါတီ၏ အႀကိမ္(၂၀)ေျမာက္ ဗဟိုေကာ္မတီအစည္း အေဝးမတိုင္မီ ႏွစ္ရက္အလို၌ ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕ တစ္ေနရာတြင္ ထိုစကားကို ေျပာခဲ့ျခင္း လည္း ျဖစ္၏။ ထိုသတိေပးခ်က္စကားသည္ ဖုန္ၾကားရွင္၏ ေျမးျဖစ္သူ ဖုန္ခြင္းအတြက္ ဖခင္ျဖစ္သူ ဖုန္တာ႐ႊင့္ႏွင့္ ကိုးကန႔္ခါးပိုက္ေဆာင္တပ္မ်ားကိုပါ လက္လႊတ္ ဆုံးရႈံးရႏိုင္ေျခရွိသည္ဟု နားလည္ရမည့္ သေဘာလည္းျဖစ္လာသည္။
လက္ရွိလည္း ကိုးကန႔္လက္နက္ကိုင္ေခါင္းေဆာင္ ဖုန္တာ႐ႊင့္ကို တ႐ုတ္ႏိုင္ငံကဖမ္းဆီးထား ျခင္းေလာ သို႔မဟုတ္ ျပန္မလႊတ္ေသးျခင္းေလာဆိုသည့္ မေရရာေသာသတင္းမ်ိဳးစုံ ျဖစ္ေပၚေနသည္။ ဖုန္တာ႐ႊင့္ႏွင့္ပတ္သက္၍ ျပည္ပအေထာက္အပံ့ခံ Myanmar Now သတင္းဌာနက ႏိုဝင္ဘာ(၁၈) ရက္ တြင္ ကနဦးေရးသားေဖာ္ျပလာသည္။ ထိုေန႔တြင္ပင္ ျပည္ေျပးေခတ္သစ္က မဟုတ္မွန္ေၾကာင္း ေရးသားသည္။ ႏိုဝင္ဘာ(၁၉) ရက္တြင္မူ တ႐ုတ္အစိုးရ၏ ေျပာေရးဆိုခြင့္ရွိသူကိုယ္တိုင္ ပုံမွန္ သတင္းစာ ရွင္း လင္းပြဲမွတစ္ဆင့္ ျငင္းဆိုရသည္။ သို႔ေသာ္ ထူးျခားခ်က္မွာ ပုံမွန္သတင္းစာရွင္းလင္းပြဲ၏ မွတ္တမ္းမွတ္ရာအခ်က္အလက္မ်ား ျပန္လည္ေဖာ္ျပမႈ၌ ထိုအခ်က္ကိုတ႐ုတ္အာဏာပိုင္တို႔က ထိမ္ခ်န္ထားခဲ့သည္။
ဖုန္တာ႐ႊင့္ကို တ႐ုတ္တို႔ဖမ္းဆီးထားျခင္းမရွိဘဲ ယူနန္ျပည္နယ္တစ္ေနရာ၌ ေဆးလာကုျခင္း သာ ရွိေၾကာင္း၊ က်န္းမာလ်က္ရွိေနေၾကာင္း တ႐ုတ္ေျပာေရးဆိုခြင့္ရွိသူက ဆိုသည္။ ဤေနရာတြင္ ေမး ခြန္း မ်ားစြာထြက္လာ၏။ တ႐ုတ္အစိုးရကို ေမးခြန္းထုတ္လိုျခင္းႏွင့္ ျမန္မာအစိုးရကို တိုက္တြန္းလိုျခင္း လည္း ျဖစ္သည္။ ဖုန္တာ႐ႊင့္သည္ တည္ဆဲအစိုးရကို လက္နက္ကိုင္ပုန္ကန္ေနသည့္အျပင္ ကိုးကန႔္ အထူးေဒသ၏ ျပင္ပနယ္နိမိတ္မ်ားအထိ စစ္မက္မ်ားဆင္ႏႊဲ တိုက္ခိုက္သိမ္းပိုက္လာေသာ အၾကမ္းဖက္ သမားတစ္ဦးျဖစ္သည္။ ျမန္မာအစိုးရကိုယ္တိုင္ကလည္း ထိုပုဂၢိဳလ္၏ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ကို အၾကမ္း ဖက္အဖြဲ႕အစည္းအျဖစ္ ျမန္မာလူထုႏွင့္ ႏိုင္ငံတကာ သိေစရန္ သတ္မွတ္ေၾကညာၿပီး လည္း ျဖစ္သည္။ တစ္နည္းအားျဖင့္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ သည္ အၾကမ္းဖက္သမားမ်ားျဖစ္ၿပီး ၎အဖြဲ႕ ၏ေခါင္းေဆာင္သည္လည္း အၾကမ္းဖက္အဖြဲ႕ေခါင္း ေဆာင္ ျဖစ္သည္။ ထိုအခ်က္ကို တ႐ုတ္တို႔ မသိဘဲ ေနမည္မဟုတ္။ သို႔ပါလ်က္ ျမန္မာအစိုးရအား ပုန္ကန္ေနသည့္အၾကမ္းဖက္အဖြဲ႕ေခါင္းေဆာင္တစ္ဦးကို တ႐ုတ္အစိုးရက ၎တို႔ပိုင္နက္နယ္ေျမအတြင္း၌ လက္ခံထားရွိ၍ ေဆးကုသခြင့္မ်ားေပးထားျခင္းသည္ မည္သို႔နည္း။
တ႐ုတ္အစိုးရကိုယ္တိုင္က လက္ခံထားရွိျခင္း မဟုတ္ဟုဆိုလွ်င္ ထိုပုဂၢိဳလ္ကိုလက္ရဖမ္းဆီး၍ လႊဲေျပာင္းေပးပါရန္ ေတာင္းဆိုခြင့္မရွိပါသေလာ။ အၾကမ္းဖက္သမား ဖုန္တာ႐ႊင့္သည္ တ႐ုတ္ႏိုင္ငံအ တြင္းသို႔ ‘တံခါးမရွိ ဓားမရွိ’ ဝင္ထြက္ရေနျခင္းက မည္ သည့္အတြက္ေၾကာင့္နည္း။ မည္သည့္ ကတ္ျပား ကို ကိုင္ထားျခင္းေၾကာင့္ ဤမွ်တန္ခိုးဩဇာႀကီးထြားေန ရသနည္း။ တ႐ုတ္အစိုးရအေနျဖင့္ ဖုန္တာ႐ႊင့္ ကို ကာကြယ္ေပးထားျခင္း ရွိ/မရွိအေပၚ သံသယလည္း ျဖစ္စရာပင္။ ျမန္မာအစိုးရအား မထီမဲ့ျမင္ျပဳ၍ ဖုန္တာ႐ႊင့္ကို ကာကြယ္ေပးထားျခင္းမ်ိဳးသာ ျဖစ္ခဲ့မည္ဆိုလွ်င္ ျမန္မာတစ္ႏိုင္ငံလုံးအား တ႐ုတ္ အစိုးရ က ေစာ္ကားလိုက္ျခင္းဟုလည္း ဆိုႏိုင္သည္။ ဖုန္တာ႐ႊင့္ ႏွင့္ ျမန္မာတစ္မ်ိဳးသားလုံးကို တ႐ုတ္တို႔ လဲလွယ္ေနျခင္းေလာ။ တ႐ုတ္အစိုးရက ကိုးကန႔္ေဒသမွ မိသားစုေလးစုကို က်ားဖ်န႔္ကိစၥေၾကာင့္ ဖမ္းဆီးေပးရမည္ဟု ေတာင္းဆိုခ်ိန္တြင္ ျမန္မာအစိုးရက လိုက္ ေလ်ာေပးခဲ့ၿပီး ေနျပည္ေတာ္အထိ လာေရာက္ဖမ္းဆီးေခၚေဆာင္ခြင့္ျပဳေပးခဲ့သည္ မဟုတ္ပါလား။ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေခါင္းေဆာင္ တစ္ဦးျဖစ္သူ ပယ္ေစာက္ခ်ိန္၏ ‘ပယ္’ မိသားစုအပါ အဝင္ ‘ ၿမီ’ မိသားစု၊ ‘လ်ိဳ’ မိသားစု၊ ‘ေဝ’ မိသားစုတို႔ကို တ႐ုတ္တို႔က ၾကက္ငွက္တစ္ေကာင္သဖြယ္ လြယ္ လင့္တကူ လာေရာက္ ဖမ္းဆီး သြားသည္။ တိန႔္ရွီ ကြၽမ္းက ဖုန္ခြင္းကိုေျပာခဲ့ေသာ မိသားစုေလးစု ဆိုသည့္ကိစၥသည္ ဤအခ်က္ပင္။ “တိရစာၦန္ေတြကို ဖမ္းသလိုမ်ိဳးျပဳမူသြားတာဗ်။ လူေတြကို လူ ေတြလို မဆက္ဆံခဲ့ဘူး။ အခုလည္း တ႐ုတ္ျပည္မွာ ေနရာေလးခုထက္မနည္း ခြဲထားၿပီးစစ္ေဆးေနတာ”ဟု မိသားစုေလးစုကိစၥႏွင့္ ပတ္သက္၍ ေလာက္ကိုင္ေဒသ နယ္ေျမခံသတင္းရင္းျမစ္က NP News ကို ေျပာသည္။
ကိုးကန႔္ေဒသမွ မိသားစုႀကီးေလးစုကို တ႐ုတ္ တို႔က က်ားဖ်န႔္ေခါင္းစဥ္ျဖင့္ ၿဖိဳခ်ဖ်က္ဆီးခဲ့ၿပီး ‘ဖုန္’ မိသားစုကို အုပ္ခ်ဳပ္ခြင့္ေပးလိုေနသည့္သေဘာမ်ိဳးဟု ၎ကဆိုသည္။ တ႐ုတ္ႏြယ္ဖြား ဖုန္ၾကားရွင္ ၏သားျဖစ္သူ ဖုန္တာ႐ႊင့္ကို တ႐ုတ္တို႔ကဖမ္းဆီးထားျခင္းေလာ၊ ကာကြယ္ေပးထားျခင္းေလာ ဆိုသည္ မွာ မရွင္းလင္းေပ။ ထြက္ေပၚေနေသာသတင္းမ်ားအရ ဖမ္းဆီးထားသည္ဟုဆို၏။ တ႐ုတ္ေျပာေရးဆိုခြင့္ ရွိသူ လင္က်န္းက ျငင္းဆိုသည္။ ဖမ္းထားသည္ျဖစ္ေစ၊ ေဆးကုေနသည္ျဖစ္ေစ ဖုန္တာ႐ႊင့္က တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္တြင္ ရွိေနသည္မွာအမွန္ပင္။
“ဘိန္းစားအဖြဲ႕နဲ႔ ေခါင္းေဆာင္ပဲဗ်ာ။ အခ်ိန္ တန္ရင္ တ႐ုတ္ကထားမယ္မထင္ဘူး။ အခုလည္း ဖမ္းထားတယ္လို႔ ေျပာလို႔မရေပမယ့္ ျပန္လာလို႔မရ ဘူးဆိုကတည္းက ဖမ္းထားနည္းတစ္မ်ိဳးပါပဲ။ လားရႈိး ကိုျပန္ဆုတ္ခိုင္းတာ မဆုတ္လို႔ဖမ္းတယ္ဆိုတာလည္း မဟုတ္ဘူး။ ကိုးကန႔္မိသားစုႀကီး ေလးခု ကို ရွင္းသလို မ်ိဳး ‘ဖုန္’ အိမ္ကိုလည္း ရွင္းမယ့္သေဘာ။ သူ႔မွာ စီမံ ခ်က္ရွိၿပီးသား။ ဒါကိုသက္ေသျပပါ ဆိုရင္ တ႐ုတ္ေပၚ လစ္ဗ်ဴ႐ိုကခ်မွတ္ထားတာကို စာယူၿပီးျပလို႔မရဘူး ေလ” ဟု UWSA ေဒသမွသတင္း ရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
တိန႔္ရွီကြၽမ္းႏွင့္ UWSA ဒုဥကၠ႒ ေက်ာက္ေကာ္ အန္း၊ ဥကၠ႒ ေပါက္ယူခ်န္း၏သားေပါက္ အိုက္ခမ္းတို႔ သီးျခားေတြ႕ဆုံခဲ့စဥ္ကလည္း ဖုန္တာ႐ႊင့္ကိစၥကို အ ထူးကိစၥအျဖစ္ထည့္သြင္းေဆြးေႏြးခဲ့ၾကသည္။ ထိုစဥ္ ကတည္း က ဖုန္တာ႐ႊင့္က ယူနန္ျပည္နယ္၌ေဆးကုသရန္ ေရာက္ရွိေနျခင္းျဖစ္ၿပီး ဩဂုတ္လကုန္ပိုင္းမွ စ၍ ပန္ဆန္းေဒသသို႔ ျပန္လာႏိုင္ျခင္းမရွိေတာ့ေၾကာင္းလည္း သိရသည္။ ေက်ာက္ေကာ္အန္း၏ ေျပာၾကားခ်က္အရ ဖုန္တာ႐ႊင့္သည္ ကိုးကန႔္ေဒသကိုေက်ာ္၍တိုက္ခိုက္ခဲ့စဥ္ကတည္းက လက္လြန္သြားခဲ့ၿပီျဖစ္ၿပီး တပ္မေတာ္ႏွင့္ေဆြးေႏြးရမည့္ အခ်ိန္ေကာင္းကို လည္း ဆုံးရႈံးသြားခဲ့ရၿပီဟုဆိုသည္။ ဖုန္တာ႐ႊင့္ကိုယ္တိုင္ကလည္း တိုက္ပြဲကိုရပ္၍ မရေတာ့ဘဲ လားရႈိးကိုဆက္လက္တိုက္ခိုက္ သိမ္း ပိုက္ၿပီးမွသာလွ်င္ က်ယ္ျပန႔္ေသာနယ္ေျမအတြက္ ေတာင္းဆိုမႈ ႀကီးႀကီးမားမားရလိမ့္မည္ဟု ယုံၾကည္ေနေၾကာင္း ေက်ာက္ေကာ္အန္းထံ ေျပာခဲ့သည္။ “တ႐ုတ္ကလည္း အသိအမွတ္မျပဳ၊ ျမန္မာ ကလည္း လက္မခံ။ အေကာင္းဆုံးအခြင့္အေရးကို မင္း ဆုံးရႈံးသြားၿပီ။ မင္းေတာ့ အၾကမ္းဖက္သမားျဖစ္ၿပီ” ဟု ေက်ာက္ေကာ္အန္းက ဖုန္တာ႐ႊင့္ထံ လားရႈိးကို မတိုက္ခိုက္ခင္သတိေပးခဲ့သည္။
တိန႔္ရွီကြၽမ္းကလည္း တ႐ုတ္နယ္စပ္တစ္ေလွ်ာက္ မတည္မၿငိမ္ျဖစ္လာမႈမ်ားအတြက္ ‘ဖုန္’ မိသားစု တာဝန္ယူရမည္ဟု ေက်ာက္ေကာ္အန္းမွတစ္ဆင့္ ႀကိဳတင္သတိေပးခဲ့ေၾကာင္း ေဆြးေႏြးခ်က္ အတြင္း ပါဝင္လာသည္။ ဖုန္တာ႐ႊင့္ႏွင့္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕က တ႐ုတ္၏သတိေပး ခ်က္ကို လ်စ္လ်ဴရႈ၍ လားရႈိးကို တိုက္ခိုက္သိမ္းပိုက္ခဲ့သည့္အျပင္ ျပင္ဦးလြင္၊ မႏၲေလး အစရွိေသာျပည္မေဒသကိုပါ ၿခိမ္းေျခာက္မႈမ်ားလုပ္ေဆာင္လာသည့္အတြက္ တ႐ုတ္အစိုးရ၏ျပစ္ဒဏ္ေပးမႈကို ခံရႏိုင္ေျခလည္း ရွိေနသည္။
“လားရႈိးကေန အျမန္ဆုံးဆုတ္ခြာရမယ္။ ဒါက တ႐ုတ္အစိုးရရဲ႕ခိုင္မာတဲ့ဆုံးျဖတ္ခ်က္ပဲ။ ထုံေမာ္ ကြၽင္း(MNDAA ကိုဆိုလိုသည္)ဟာ ျမန္မာႏိုင္ငံကို အေႏွာင့္အယွက္ေပးတဲ့ ျပႆနာေကာင္ျဖစ္လာၿပီ။ အဲဒီအျပစ္ကို တာဝန္ခံရမယ္။ စစ္ဆင္ေရးဦးေဆာင္သူ မိသားစု(ဖုန္)ဟာ တ႐ုတ္ရဲ႕ေတာင္းဆိုခ်က္ကို အႀကိမ္ႀကိမ္ လ်စ္လ်ဴရႈေနတယ္။ တမင္သက္သက္ တ႐ုတ္ႏိုင္ငံကို ဆန႔္က်င္ေနတာပဲ” ဟု တိန႔္ရွီ ကြၽမ္းက UWSA ဒုေခါင္းေဆာင္ႏွင့္အဖြဲ႕ကို ေျပာခဲ့သည္။ UWSA အေနျဖင့္ ပုဂၢိဳလ္ေရးအရျဖစ္ေစ၊ ေအာက္ေျချပည္သူလူထုကို ထိန္းေက်ာင္းရန္ခက္ခဲ သည္ဆိုေသာ ေခါင္းစဥ္အရျဖစ္ေစ ကိုးကန႔္လက္နက္ကိုင္မ်ားအတြက္ လက္နက္ႏွင့္စားနပ္ရိကၡာမ်ား ကူညီမႈလုံးဝမျပဳလုပ္ရန္လည္း သတိေပးသည္။
“တ႐ုတ္ႏိုင္ငံကို ကူညီတာနဲ႔ MNDAA ကို ကူညီတာမွာ ဘယ္ဟာက ေရရွည္ဆက္ဆံေရးျဖစ္မလဲ။ မင္းတို႔ေသခ်ာစဥ္းစားၿပီး အမွားအမွန္ခြဲျခား တတ္ဖို႔လိုတယ္”ဟု တိန႔္ရွီကြၽမ္းက သတိေပးခဲ့ ဖူးသည္။ ဖုန္တာ႐ႊင့္သည္ ကိုးကန႔္ေဒသအျပင္ ၎ တို႔ႏွင့္မဆိုင္သည့္ ပိုမိုက်ယ္ဝန္းေသာနယ္ေျမမ်ား ကိုပါ မက္ေမာလာခဲ့ၿပီး စစ္ပြဲဆက္တိုက္ႏိုင္ေနမႈမ်ား ႏွင့္ေရာ၍ မိုးမျမင္ေလမျမင္ျဖစ္လာသည္ဟု ဆို သည္။ “ဖုန္တာ႐ႊင့္က ဒုသမၼတေနရာကိုပါမွန္းေန တယ္။ မိုးမျမင္ေလမျမင္နဲ႔ကိုယ့္ကိုယ္ကိုယ္ အရမ္းအထင္ ႀကီး ဘဝင္ျမင့္ေနၿပီ။ တ႐ုတ္စကားပုံတစ္ခုရွိတယ္။ လူတစ္ဦးကို ေသေက် ပ်က္စီးေစခ်င္ရင္ ဦးစြာ ႐ူးသြပ္ေစရမယ္တဲ့။ ဥပေဒမဲ့ အခုလိုေတြ ဆက္သြား ေနမယ္ဆိုရင္ေတာ့ ျမန္မာ့တပ္မေတာ္ရဲ႕ ေခ်မႈန္း ျခင္း ခံရလိမ့္မယ္။ အခုအခ်ိန္မွာ ‘ဖုန္’ မိသားစုနဲ႔ PDF ကႀကိဳးခ်ည္ထားသလိုျဖစ္ေနၿပီ” ဟု တိန႔္ရွီကြၽမ္းက ေျပာခဲ့သည္။
UWSA ကိုလည္း ေဒသအက်ိဳးအတြက္ ‘ဖုန္’ မိသားစုႏွင့္ဆက္သြယ္ေနျခင္းကို ျဖတ္ေတာက္ပစ္ရန္ လိုေၾကာင္းသတိေပးခဲ့ၿပီး မည္သည့္ကူညီမႈမ်ိဳးမွ တိုး တိုးတိတ္တိတ္ျဖစ္ေစ မလုပ္ရန္အသိေပးသည္။ ထို ကဲ့သို႔ တိန႔္ရွီကြၽမ္း၏အသိေပးခ်က္၊ သတိေပးခ်က္ မ်ားသည္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ဆုံးျဖတ္ခ်က္မွတစ္ဆင့္ ေပါက္ဖြားလာပုံရ၏။ ကိုးကန႔္ႏွင့္ နယ္စပ္ဂိတ္မ်ားကို တ႐ုတ္ဘက္က တစ္ဖက္ သတ္ ပိတ္ခဲ့သည့္အျပင္ အျခားေသာနယ္စပ္မ်ားကိုပါ ကုန္သြယ္မႈျဖတ္ေတာက္ျခင္းျဖင့္ ပထမအဆင့္ ဖိအား ေပးသည္။ ဖုန္တာ႐ႊင့္ကို တ႐ုတ္ျပည္မွ ျပန္ထြက္ခြင့္ မရေစရန္ စီစဥ္ထားမႈသည္လည္း ေနာက္တစ္ဆင့္ ဖိအားတိုးျမႇင့္ေပးျခင္းဟု ယူဆႏိုင္သည္။
“ ‘ဝ’ နယ္ေျမထဲမွာ ကိုးကန႔္ေတြ အေရး ေပၚအစည္းအေဝးလုပ္ၾကတယ္။ တ႐ုတ္လူမ်ိဳး က်င္း ရွင္း၊ ရန္ေဝက်ဳံး၊ ေကာက္ရွင္းက်ီ၊ ဖုန္တဲ့ကြၽင္း၊ ဖုန္ဝမ္အမ္း တို႔ပါတယ္။ အကုန္လုံးဖြဲ႕စည္းပုံေတာ့ ပ်က္ေနၿပီထင္တယ္။ လားရႈိးမွာေတာ့ လီစူးက်ယ္ပဲ အႀကီးဆုံးရွိတယ္။ ေက်ာက္ယိယြင့္ဆိုတဲ့ လားရႈိးသူ အမ်ိဳးသမီးလည္း တာဝန္ခံအျဖစ္ရွိေနတယ္” ဟု ‘ဝ’ ေဒသသတင္းရင္းျမစ္က ႏိုဝင္ဘာ (၁၉)ရက္တြင္ ေျပာသည္။ အဆိုပါအစည္း အေဝး၌ ေခါင္းေဆာင္ျဖစ္သူ ဖုန္တာ႐ႊင့္ႏွင့္အဆက္အသြယ္ျပတ္ေနသည့္အ တြက္ ေရွ႕ဆက္လုပ္ေဆာင္ရမည့္လုပ္ငန္းမ်ားကို ေဆြးေႏြးၾကျခင္းမ်ိဳးျဖစ္ေသာ္လည္း မည္သို႔ေရွ႕ ဆက္ရမည္ကို ဆုံးျဖတ္ရခက္ေနၾကသည္ဟု ဆိုသည္။ သို႔ေသာ္ ေႂကြးေၾကာ္သံအျဖစ္ စစ္တပ္ကို ခုခံ တိုက္ခိုက္သြားမည္ဟု ေျပာၾကသည္။ ဖုန္တာ႐ႊင့္သည္ ကိုးကန႔္ေခါင္းေဆာင္ ဘိန္း ဘုရင္ ဖုန္ၾကားရွင္ ၏သားျဖစ္ၿပီး (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလ၌ ဖခင္ကြယ္လြန္ၿပီးေနာက္ ကိုးကန႔္တပ္၏ေခါင္းေဆာင္ ျဖစ္ လာသည္။ မၾကာေသးမီက တိန႔္ရွီ ကြၽမ္းႏွင့္ ေတြ႕ဆုံခဲ့ေသာ ဖုန္ခြင္းသည္ ဖုန္တာ႐ႊင့္၏သား၊ ဖုန္ၾကားရွင္ ၏ ေျမးျဖစ္သည္။
တ႐ုတ္ ဟန္လူမ်ိဳးအျဖစ္ ေႂကြးေၾကာ္ခဲ့ေသာ ဖုန္ၾကားရွင္သည္ ကိုးကန႔္ေစာ္ဘြား၏သားသမီး မ်ား ျဖစ္ေသာ ဂ်င္မီယန္းႏွင့္ ေအာ္လစ္ဗ္ယန္းတို႔ထံ တာ ဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ (၁၉၆၇)၌ ဗမာ ျပည္ ကြန္ျမဴနစ္ပါတီ၏ ေကဒါအဖြဲ႕ဝင္အျဖစ္ ဝင္ေရာက္ခဲ့ သူလည္း ျဖစ္သည္။ ဘိန္းဘုရင္မ်ားဟု နာမည္ႀကီး ေသာ ဂ်င္မီယန္း၊ ေအာ္လစ္ဗ္ယန္းတို႔၏ကိုးကန႔္ တပ္တြင္ တာဝန္ထမ္းၿပီးေနာက္ အျခား ေသာ ဘိန္း ဘုရင္တစ္ဦးျဖစ္သူ ေလာ္စစ္ဟန္ႏွင့္ ေခတ္ၿပိဳင္ သဖြယ္ ဗမာျပည္ကြန္ျမဴနစ္ပါတီ၏ တပ္သားလည္း ျဖစ္ခဲ့သည္။
ဗမာျပည္ကြန္ျမဴနစ္ပါတီကို ၿဖိဳခြဲသည့္ကာလ၌ ေလာ္စစ္ဟန္သကဲ့သို႔ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊအစိုး ရႏွင့္ ခ်ိတ္ဆက္ႏိုင္ခဲ့သူလည္းျဖစ္သည္။ ၎၏အိမ္မွ ျမင္းထိန္းအဆင့္သာရွိသူ ရန္မိုးလ်ံႏွင့္ ဖုန္-ရန္ အေရးအခင္း ေပၚေပါက္ခဲ့ၿပီးေနာက္ ကိုးကန႔္ေဒသသို႔ျဖတ္သန္းစီးဆင္းေသာ သံလြင္ျမစ္၏ တစ္ဖက္ တစ္ျခမ္းစီ၌ ေနရာခြဲေဝအုပ္ခ်ဳပ္ခဲ့ရျပန္သည္။ (၂၀ဝ၉) ခုႏွစ္တြင္ ထိုစဥ္ ကစထမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းေအာင္လႈိင္၏ ေခ်မႈန္းျခင္းကိုခံရၿပီးေနာက္ သားမက္ျဖစ္သူ မိုင္းလား ဦးစိုင္းလင္း၏ေဒသသို႔ ေျပးဝင္ ခိုလႈံကာ (၂၀၁၅)တြင္ မေက်ပြဲအျဖစ္တစ္ႀကိမ္ ေသြး တိုးစမ္းခဲ့ဖူးသည္။ ထိုတစ္ႀကိမ္တြင္လည္း ရႈံးခဲ့ျပန္၏။ ထိုအေႂကြးမ်ားကို ဖုန္ၾကားရွင္က ဆပ္ႏိုင္ခဲ့ျခင္းမရွိဘဲ သားျဖစ္သူ ဖုန္တာ႐ႊင့္လက္ထက္၌ အတိုးခ်လာျခင္း ဟုလည္း ဆိုႏိုင္သည္။ ဤတစ္ႀကိမ္တြင္ ၎တို႔ ယာယီအားျဖင့္ အသာစီးရခဲ့ၿပီး ျမန္မာ အစိုးရႏွင့္ တ႐ုတ္ အစိုးရကိုပါ မထီမဲ့ျမင္ျပဳလာသည္ဟု ေကာက္ခ်က္ခ်မိသည္။ ႏွစ္ႏိုင္ငံလုံးမွ အစိုးရ ေခါင္းေဆာင္မ်ားက နယ္စပ္ေဒသ တည္ၿငိမ္ေရးႏွင့္ ႏွစ္ႏိုင္ငံအက်ိဳးစီးပြား အတြက္ စကားေျပာၾက ခ်ိန္တြင္ ဖုန္တာ႐ႊင့္၏မာနႏွင့္ ဘဝင္ျမင့္ေမာက္မာမႈမ်ား ၿပိဳက်လာသည္။ ႏိုင္ငံႏွစ္ခု ၏ အက်ိဳးစီးပြား ဆိုင္ရာ ‘ေသး’ စီးေၾကာင္းသည္ နယ္စပ္မွ ပု႐ြက္ဆိတ္သဖြယ္ တိရစာၦန္ငယ္မ်ားအတြက္ ပင္လယ္ျပင္ ျဖစ္လာ၏။ ေထာက္လွမ္းေရးအ ႀကီးအကဲေဟာင္းမ်ားျဖစ္ေသာ ဗိုလ္မႉးခ်ဳပ္ သိန္းေဆြ တို႔၏ တ႐ုတ္ ျပည္ခရီးစဥ္၌ ဖုန္တာ႐ႊင့္အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္အဖြဲ႕မ်ား၏ ဘိန္းရာဇဝတ္ လုပ္ငန္းမ်ားႏွင့္ အေမရိကန္ CIA ၊ DEA တို႔အၾကား ခ်ိတ္ဆက္မႈမ်ားကို ထုတ္ေဖာ္အသိေပးခဲ့ျခင္းမရွိဟု မဆိုႏိုင္ေပ။
“ဖုန္တာ႐ႊင့္က DEA က အလိုရွိေနတဲ့ ဘိန္း ရာဇဝတ္သမားပဲေလ။ သိရသေလာက္ အေမရိကန္ DEA ေစာင့္ၾကည့္စာရင္းကေနျပဳတ္ဖို႔ NUG ကို အားကိုးမိခဲ့ပုံရတယ္။ တ႐ုတ္ကို ေက်ာ္လုပ္ေတာ့ တ ႐ုတ္က ဒါမ်ိဳးဘယ္ထားမလဲ။ ဖုန္တာ႐ႊင့္ လူေပါင္းမွား ၿပီေပါ့” ဟု ေထာက္လွမ္းေရးအရာရွိေဟာင္း တစ္ဦးက သုံးသပ္သည္။ မည္သို႔ပင္ျဖစ္ေစ ဖုန္တာ႐ႊင့္ကို တ႐ုတ္အစိုးရက ဖမ္းဆီး၍ ျမန္မာအစိုးရထံ ျပန္လည္အပ္ႏွင္းေပးသင့္/မသင့္ ျပည္သူလူထုက စဥ္းစား ဆႏၵျပဳရမည္ျဖစ္သည္။
ျမန္မာအစိုးရအေနျဖင့္လည္း ဖုန္တာ႐ႊင့္ကို တရားစီရင္ႏိုင္ေရးအတြက္ တ႐ုတ္အစိုးရႏွင့္ စကားေျပာဆိုမႈမ်ားလုပ္မည္ဟု ေမွ်ာ္လင့္ရသည္။ တ႐ုတ္အ စိုးရကလည္း ျမန္မာလူထုႏွင့္ဆန႔္က်င္ဘက္တြင္ ရပ္တည္မည္ဟုမထင္ပါ။ ကိုးကန႔္ေဒသသည္လည္း မိသားစု ေလးစုအလြန္၊ ဖုန္ မိသားစု မပါဝင္ေတာ့ သည့္ အနာဂတ္ကို ေလွ်ာက္လွမ္းရမည္ဟု တြက္ဆခ်င္မိ သည္။ ေက်ာ္ၾကားမႈအရဆိုလွ်င္ ရန္ မိသားစု ႏွင့္ ေလာ္ မိသားစုသာ ကိုးကန႔္ေဒသအႀကီးအကဲေဟာင္းမ်ားအျဖစ္ က်န္ရွိေနေတာ့သည္။ မည္သို႔ဆက္ျဖစ္မည္နည္း။