ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို

 454

သန့်ဇင် (NPNews) - နိုဝင်ဘာ ၂၅

ချင်းပြည်နယ် ဖလမ်းမြို့မှ ဒေသခံများကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက မြို့တွင်းမှ မောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေကြောင်း ဒေသခံများက NP News သို့ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်မှ စတင်ကာ ဖလမ်းမြို့ရှိ တပ်မတော်လုံခြုံရေးအဖွဲ့နှင့် CDF ၊ CNF ၊ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများစတင် ပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူ အားလုံးနီးပါးသည်လည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

" PDF တွေက မြို့ထဲကပြည်သူတွေကို အကုန်လုံးမောင်းထုတ်တယ်။ မင်းတို့ဒီမှာမနေနဲ့ ဒီမှာနေရင်သတ်မယ်၊ ဖြတ်မယ်လို့ပြောတယ် ပြီး တော့ဖလမ်းမြို့ကိုသူတို့က အင်အား (၁၀ဝဝ) လောက်ရှိမယ်။ ဝိုင်းပြီးပိတ်ဆို့ထားတာ။ တပ်ကလည်း တောင်ကုန်းပေါ်မှာနေနေတယ်။ ပြည်သူတွေကတော့ ပြောကြတယ်။ မြို့ထဲမှာတော့ ပြည်သူတစ်ယောက် မှမရှိဘူး။ အများစုကတော့ ကလေးကိုရှောင်ကြတယ်။ ပိုက်ဆံရှိတဲ့လူတွေက ရန်ကုန်ရှောင်တယ်။ မရှိတဲ့ လူတွေကတော့ တခြားနယ်ဘက်ကိုရှောင်ကြတယ်။ အများဆုံးရှောင်ကြတာကတော့ ကလေးမြို့ကိုရှောင်ကြတယ် "ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

ထို့နောက် ဖလမ်းမြို့အတွင်းရှိ ဒေသခံ ပြည်သူများ၏ နေအိမ်များနှင့် ဈေးဆိုင်များအတွင်းမှ ပစ္စည်းများကို PDF လက်နက်ကိုင်အဖွဲ့က ဖောက် ထွင်းလုယက်မှုများလုပ်ဆောင်နေလျက်ရှိကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

" ဖလမ်းက ရဲမိသားစုတွေအိမ်က ပိုက်ဆံ တွေရွှေတွေနဲ့ တချို့ဆို သိန်း(၁၀ဝ)ကျော်လောက်ပါ သွားတယ်။ နောက်ပြီးတော့ ဖုန်းဆိုင်တွေ ပစ္စည်း ဆိုင်တွေ ဝင်တယ်။ ဖောက်ပြီးတော့ ကားတွေနဲ့ သယ်သွားတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဖုန်းဆက်ပြောပြတာဆိုရင် သူတို့အိမ်တွေက ပစ္စည်း တွေကို PDF ကမသွားပြီလို့ပြောပြတယ်။ သူတို့အိမ် ကTV တွေ။ ဗီရိုတွေနဲ့ တခြားပစ္စည်းတွေကို တံခါး တွေ ရိုက်ဖွင့်ပြီး ယူသွားပြီလို့ပြောပြတယ်။ ဒီကောင် တွေက အစကတော့ ပြည်သူအတွက်ဆိုပြီး သူတို့ ကိုယ်ကျိုးအတွက်သူတို့လုပ်နေတာ။ တော်တော်တော့ မွစာကြဲနေပြီ " ဟု ၎င်းကဆက်ပြောသည်။

ထို့ပြင် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ဖလမ်းမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံကလေးငယ်များကို စုဆောင်းကာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။

" ဒီကောင်တွေက ဖလမ်းမြို့ကို အပိုင်စီးထားပြီးတော့ ဖလမ်းမြို့ထဲမှာ PDF တွေပဲရှိတော့ တယ်။ ဒေသခံတွေဆိုရင် သူတို့(PDF)ကို မလို လားဘူး။ ဒေသခံတွေအားလုံးက မြို့ကိုပြန်ဝင်ချင်နေပြီ။ သူတို့က မြို့ထဲက ဘုရားကျောင်းထဲမှာနေတယ်။ နိုဝင်ဘာလ (၁၁)ရက်တုန်းကဆိုရင် တိုက်ပွဲ တော်ပြင်းထန်ခဲ့တယ်။ PDF က အင်အား(၂၀ဝ)လောက်ဝင်လုံးတာ။ တပ်က စစ်ကြောင်း (၂)ကြောင်း ခွဲပြီး အရှေ့နဲ့ အနောက်နဲ့ ညှပ်တိုက်တာမှာ PDF က (၁၃)ယောက်သေတယ်။ လက်နက်(၁၃)လက်နဲ့ RPG တစ်လက်ရတယ်။ အမှန်ဆို ပြည်သူတွေ အားလုံးက ဖလမ်းမြို့ထဲကို ပြန်ဝင်ချင်နေပြီ”ဟု ၎င်းကဆက်ပြောသည်။

ချင်းလက်နက်ကိုင်အဖွဲ့များနှင့် PDF ပူပေါင်းအဖွဲ့တို့က (၂၀၂၄)ခုနှစ်၊ နှစ်စပိုင်းမှစတင်ကာ ချင်းပြည်နယ်အတွင်း၌ ပြင်းထန်တိုက်ပွဲများ စတင် ဖော်ဆောင်ခဲ့ရာမှ ဒေသခံသိန်းနှင့်ချီကာ အခြားသော ဒေသများသို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ပြီး အိုးအိမ်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

zawgyi version
ဖလမ္းၿမိဳ႕ခံမ်ားကို အၾကမ္းဖက္မ်ားက ၿမိဳ႕တြင္းမွေမာင္းထုတ္ၿပီးေနာက္ ျပည္သူပိုင္ပစၥည္းမ်ားကို ေဖာက္ထြင္းခိုးယူေနဟု ေဒသခံမ်ား ဆို
သန႔္ဇင္ (NPNews) - ႏိုဝင္ဘာ ၂၅

ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕မွ ေဒသခံမ်ားကို အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕မ်ားက ၿမိဳ႕တြင္းမွ ေမာင္းထုတ္ၿပီးေနာက္ ျပည္သူပိုင္ပစၥည္းမ်ားကို ေဖာက္ထြင္းခိုးယူေနေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ပထမပတ္မွ စတင္ကာ ဖလမ္းၿမိဳ႕ရွိ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ႏွင့္ CDF ၊ CNF ၊ PDF ပူးေပါင္းအဖြဲ႕တို႔အၾကား တိုက္ပြဲမ်ားစတင္ ျပင္းထန္ခဲ့ၿပီး ေဒသခံျပည္သူ အားလုံးနီးပါးသည္လည္း ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ရေၾကာင္း သိရသည္။

" PDF ေတြက ၿမိဳ႕ထဲကျပည္သူေတြကို အကုန္လုံးေမာင္းထုတ္တယ္။ မင္းတို႔ဒီမွာမေနနဲ႔ ဒီမွာေနရင္သတ္မယ္၊ ျဖတ္မယ္လို႔ေျပာတယ္ ၿပီး ေတာ့ဖလမ္းၿမိဳ႕ကိုသူတို႔က အင္အား (၁၀ဝဝ) ေလာက္ရွိမယ္။ ဝိုင္းၿပီးပိတ္ဆို႔ထားတာ။ တပ္ကလည္း ေတာင္ကုန္းေပၚမွာေနေနတယ္။ ျပည္သူေတြကေတာ့ ေျပာၾကတယ္။ ၿမိဳ႕ထဲမွာေတာ့ ျပည္သူတစ္ေယာက္ မွမရွိဘူး။ အမ်ားစုကေတာ့ ကေလးကိုေရွာင္ၾကတယ္။ ပိုက္ဆံရွိတဲ့လူေတြက ရန္ကုန္ေရွာင္တယ္။ မရွိတဲ့ လူေတြကေတာ့ တျခားနယ္ဘက္ကိုေရွာင္ၾကတယ္။ အမ်ားဆုံးေရွာင္ၾကတာကေတာ့ ကေလးၿမိဳ႕ကိုေရွာင္ၾကတယ္ "ဟု ဖလမ္းၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ထို႔ေနာက္ ဖလမ္းၿမိဳ႕အတြင္းရွိ ေဒသခံ ျပည္သူမ်ား၏ ေနအိမ္မ်ားႏွင့္ ေဈးဆိုင္မ်ားအတြင္းမွ ပစၥည္းမ်ားကို PDF လက္နက္ကိုင္အဖြဲ႕က ေဖာက္ ထြင္းလုယက္မႈမ်ားလုပ္ေဆာင္ေနလ်က္ရွိေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

" ဖလမ္းက ရဲမိသားစုေတြအိမ္က ပိုက္ဆံ ေတြေ႐ႊေတြနဲ႔ တခ်ိဳ႕ဆို သိန္း(၁၀ဝ)ေက်ာ္ေလာက္ပါ သြားတယ္။ ေနာက္ၿပီးေတာ့ ဖုန္းဆိုင္ေတြ ပစၥည္း ဆိုင္ေတြ ဝင္တယ္။ ေဖာက္ၿပီးေတာ့ ကားေတြနဲ႔ သယ္သြားတယ္။ ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ ဖုန္းဆက္ေျပာျပတာဆိုရင္ သူတို႔အိမ္ေတြက ပစၥည္း ေတြကို PDF ကမသြားၿပီလို႔ေျပာျပတယ္။ သူတို႔အိမ္ ကTV ေတြ။ ဗီ႐ိုေတြနဲ႔ တျခားပစၥည္းေတြကို တံခါး ေတြ ႐ိုက္ဖြင့္ၿပီး ယူသြားၿပီလို႔ေျပာျပတယ္။ ဒီေကာင္ ေတြက အစကေတာ့ ျပည္သူအတြက္ဆိုၿပီး သူတို႔ ကိုယ္က်ိဳးအတြက္သူတို႔လုပ္ေနတာ။ ေတာ္ေတာ္ေတာ့ မြစာႀကဲေနၿပီ " ဟု ၎ကဆက္ေျပာသည္။

ထို႔ျပင္ PDF လက္နက္ကိုင္ပူးေပါင္းအဖြဲ႕က ဖလမ္းၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္မွ ေဒသခံကေလးငယ္မ်ားကို စုေဆာင္းကာ ဖလမ္းၿမိဳ႕သိမ္းတိုက္ပြဲကို ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါေဒသခံက ဆိုသည္။

" ဒီေကာင္ေတြက ဖလမ္းၿမိဳ႕ကို အပိုင္စီးထားၿပီးေတာ့ ဖလမ္းၿမိဳ႕ထဲမွာ PDF ေတြပဲရွိေတာ့ တယ္။ ေဒသခံေတြဆိုရင္ သူတို႔(PDF)ကို မလို လားဘူး။ ေဒသခံေတြအားလုံးက ၿမိဳ႕ကိုျပန္ဝင္ခ်င္ေနၿပီ။ သူတို႔က ၿမိဳ႕ထဲက ဘုရားေက်ာင္းထဲမွာေနတယ္။ ႏိုဝင္ဘာလ (၁၁)ရက္တုန္းကဆိုရင္ တိုက္ပြဲ ေတာ္ျပင္းထန္ခဲ့တယ္။ PDF က အင္အား(၂၀ဝ)ေလာက္ဝင္လုံးတာ။ တပ္က စစ္ေၾကာင္း (၂)ေၾကာင္း ခြဲၿပီး အေရွ႕နဲ႔ အေနာက္နဲ႔ ညႇပ္တိုက္တာမွာ PDF က (၁၃)ေယာက္ေသတယ္။ လက္နက္(၁၃)လက္နဲ႔ RPG တစ္လက္ရတယ္။ အမွန္ဆို ျပည္သူေတြ အားလုံးက ဖလမ္းၿမိဳ႕ထဲကို ျပန္ဝင္ခ်င္ေနၿပီ”ဟု ၎ကဆက္ေျပာသည္။

ခ်င္းလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ PDF ပူေပါင္းအဖြဲ႕တို႔က (၂၀၂၄)ခုႏွစ္၊ ႏွစ္စပိုင္းမွစတင္ကာ ခ်င္းျပည္နယ္အတြင္း၌ ျပင္းထန္တိုက္ပြဲမ်ား စတင္ ေဖာ္ေဆာင္ခဲ့ရာမွ ေဒသခံသိန္းႏွင့္ခ်ီကာ အျခားေသာ ေဒသမ်ားသို႔ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ခဲ့ၿပီး အိုးအိမ္မ်ားစြာလည္း ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.