နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA ထုတ်ပြောလာ

 1217

သုတကျော် (NP News) – နိုဝင်ဘာ ၂၅

နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA က ၎င်းတို့ သဘောထားကို ထုတ်ဖော်သည်ဟု ဆိုကာ ထည့်သွင်းရေးထားသော ထုတ်ပြန်ချက် တစ်စောင်ကို ယနေ့ (နိုဝင်ဘာလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။

စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသခံမိဘပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍သော်လည်းကောင်း ထိုသို့ ထုတ်ပြန်ခြင်းဖြစ်သည်ဟု TNLA ၏ စာတွင် ဖော်ပြထားသည်။

မြန်မာပြည်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည် ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်နေမှုများကို အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း နှင့် ကောင်းမွန်သည့် ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံကို တိုင်း ရင်းသားမြန်မာပြည်သူလူထုတို့နှင့်အတူတကွ တည်ဆောက်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားပြီး စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အမြဲတမ်းအဆင်သင့်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက် တွဲဖော်ဆောင်နိုင်ရန် အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်သူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ရန် နစက ဘက်ကလည်း စက်တင်ဘာ လအတွင်းက ထုတ်ပြန်ချက်ထုတ်ကာ ကမ်းလှမ်းဖိတ်ခေါ်ထားသည်။

zawgyi version

ႏွစ္ဖက္စစ္ေရး ပဋိပကၡမ်ား အဆုံးသတ္ႏိုင္ရန္အတြက္ ေတြ႕ဆုံေဆြးေႏြးရန္ အဆင္သင့္ရွိေၾကာင္း TNLA ထုတ္ေျပာလာ
သုတေက်ာ္ (NP News) – ႏိုဝင္ဘာ ၂၅

ႏွစ္ဖက္စစ္ေရး ပဋိပကၡမ်ား အဆုံးသတ္ႏိုင္ရန္အတြက္ ေတြ႕ဆုံေဆြးေႏြးရန္ အဆင္သင့္ရွိေၾကာင္း TNLA က ၎တို႔ သေဘာထားကို ထုတ္ေဖာ္သည္ဟု ဆိုကာ ထည့္သြင္းေရးထားေသာ ထုတ္ျပန္ခ်က္ တစ္ေစာင္ကို ယေန႔ (ႏိုဝင္ဘာလ ၂၅ ရက္)တြင္ ထုတ္ျပန္ထားသည္။

စစ္ေဘးဒဏ္ ဆိုး႐ြားစြာခံစားေနရသည့္ ေဒသခံမိဘျပည္သူမ်ား၏ အက်ိဳးကို ငဲ့ညႇာေထာက္ထား၍ ေသာ္လည္းေကာင္း၊ နယ္စပ္တည္ၿငိမ္ေရးႏွင့္ တိုက္ပြဲရပ္စဲေရးအတြက္ ၾကားဝင္ႀကိဳးပမ္းေဆာင္႐ြက္ေနသည့္ တ႐ုတ္ႏိုင္ငံအစိုးရ၏ႀကိဳးပမ္းမႈကို ေလးစားအသိအမွတ္ျပဳ၍ေသာ္လည္းေကာင္း ထိုသို႔ ထုတ္ျပန္ျခင္းျဖစ္သည္ဟု TNLA ၏ စာတြင္ ေဖာ္ျပထားသည္။

ျမန္မာျပည္တြင္ ျဖစ္ပြားေနသည့္ စစ္ေရးပဋိပကၡမ်ားအဆုံးသတ္ၿပီး တည္ ၿငိမ္ေအးခ်မ္းသည့္ ႏိုင္ငံေရးအေျခအေန တည္ေဆာက္ႏိုင္ရန္အတြက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၏ ၾကားဝင္ေစ့စပ္ႀကိဳးပမ္းေဆာင္႐ြက္ေနမႈမ်ားကို အျပဳသေဘာေဆာင္ ေကာင္းက်ိဳးရွိသည့္အျမင္ျဖင့္ အၿမဲပူးေပါင္း ေဆာင္႐ြက္ရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း ႏွင့္ ေကာင္းမြန္သည့္ ရလဒ္မ်ားရရွိရန္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ကိုယ္ပိုင္ျပဌာန္းခြင့္အာမခံသည့္ ဖက္ဒရယ္ျပည္ေထာင္စု ႏိုင္ငံကို တိုင္း ရင္းသားျမန္မာျပည္သူလူထုတို႔ႏွင့္အတူတကြ တည္ေဆာက္ရန္ အၿမဲတေစ ႀကိဳးပမ္းေဆာင္႐ြက္ေနသည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားၿပီး စစ္ေဘးဒဏ္အလူးအလဲခံစားေနရေသာ ျပည္သူလူထုအား ေထာက္ထားညႇာတာျခင္းႏွင့္အတူ မိမိကိုယ္ကို ခုခံကာကြယ္ခြင့္အခြင့္အေရးကို ကိုင္စြဲထားၿပီး ျပႆနာအရပ္ရပ္ကို ေျဖရွင္းႏိုင္ရန္အတြက္ ေတြ႕ဆုံေဆြးေႏြးအေျဖရွာရန္ အၿမဲတမ္းအဆင္သင့္ရွိသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထာဝရၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ျပည္သူမ်ားႏွင့္အတူ လက္ တြဲေဖာ္ေဆာင္ႏိုင္ရန္ အလို႔ငွာ ႏိုင္ငံေတာ္အား ဆန႔္က်င္တိုက္ခိုက္ေနသည့္ တိုင္ရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ အၾကမ္းဖက္ေသာင္းက်န္သူအဖြဲ႕အစည္းမ်ား၊ အၾကမ္းဖက္ PDF အဖြဲ႕မ်ားအေနျဖင့္ လက္နက္ကိုင္ အၾကမ္းဖက္တိုက္ခိုက္သည့္ လမ္းစဥ္ကို စြန႔္လႊတ္ကာ ပါတီႏိုင္ငံေရးလမ္းေၾကာင္းျဖင့္ေသာ္လည္းေကာင္း၊ ေ႐ြးေကာက္ပြဲလမ္းေၾကာင္းမွေသာ္လည္းေကာင္း ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရး နည္းလမ္းျဖင့္ ေျဖရွင္းႏိုင္ေရး ဆက္သြယ္ေဆာင္႐ြက္ႏိုင္ရန္ နစက ဘက္ကလည္း စက္တင္ဘာ လအတြင္းက ထုတ္ျပန္ခ်က္ထုတ္ကာ ကမ္းလွမ္းဖိတ္ေခၚထားသည္။

Related news

© 2021. All rights reserved.