လားရှိုးမြို့အတွင်း အခြေခံအသားငါးများ သတ်မှတ်ဈေးဖြင့် ရောင်းချရန် MNDAA သတိပေး

 294

NP News - နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အသားစျေးများကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် MNDAA စည်းကြပ်သတ်မှတ်ထားကြောင်း ကိုးကန့်တပ်၊ စစ်ဘက်ဆိုင်ရာ စျေးထိန်းသိမ်းရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အသားစျေးနှုန်း သတ်မှတ်ချက်များကို လားရှိုးမြို့ရပ်ကွက် (၂)၊ (၅)၊ (၇)၊ (၈)၊ (၉)၊ (၁၂) စသည့်ရပ်ကွက်များတွင် လိုက်နာရမှာဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၃၁ ရက် အထိ သတ်မှတ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကြက်အရှင် ၁ ပိသာလျှင် (သုံးသောင်းခွဲကျပ်)၊ သတ်ပြီး ကိုင်ပြီးသားကြက်သားကို (၁ ပိသာ ၂ သောင်းကျပ်) ဝန်းကျင်ထက် ပိုမရောင်းကြရန် သတ်မှတ်ထားခြင်းဖြစ်သည်။

ဝက်သား (၁ ပိသာကို ၂ သောင်း ၈ ထောင်ကျပ်)၊ အမဲသား (၁ ပိသာကို ၂ သောင်း ၈ ထောင်ကျပ်)ဖြင့်သာ ရောင်းချရမှာဖြစ်ပြီး သတ်မှတ်ထားတာထက် ပိုမရောင်းကြရန် သတိပေးထားခြင်းဖြစ်သည်။
"အဓိက ကတော့ လူထုတွေ ဒီကြပ်တည်းနေတဲ့ကာလမှာ အစားအသောက်တွေကို စျေးသက်သက် သာသာနဲ့ အဆင်ပြေအောင် ဝယ်ယူစားသောက်နိုင်ဖို့အတွက် ဒီလိုသတ်မှတ်ပေးလိုက်တာ" ကိုးကန့်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက "ဝ" လူငယ်အသံကွန်ရက်ကို ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကချင်ပြည်နယ် အတွင်းရှိ မြို့များတွင် တရုတ်ဘက်မှ စားသောက်ကုန်စည်များ ဝင်ရောက်ခြင်းမရှိသောကြောင့် စားသောက်ကုန်များ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်အာဏာပိုင်များသည် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားသည့်မြို့များသို့ ကုန်စည်စီးဆင်းမှု မရှိစေရန် ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ပင်ထားပြီး မူဆယ်မြို့ကနေ နမ့်ခမ်းမြို့ များအတွင်းသို့ စားသောက်ကုန်သယ်ယူခွင့်ကိုလည်း နိုဝင်ဘာလ (၂၃) ရက်က စတင်ကာ ရောင်းဝယ်ခွင့်ပိတ်ထားခြင်းဖြစ်သည်။

Zawgyi Version;
လားရႈိးၿမိဳ႕အတြင္း အေျခခံအသားငါးမ်ား သတ္မွတ္ေဈးျဖင့္ ေရာင္းခ်ရန္ MNDAA သတိေပး
NP News - ႏိုဝင္ဘာ ၂၅

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕မွာ အသားေစ်းမ်ားကို သတ္မွတ္ေဈးႏႈန္းအတိုင္း ေရာင္းခ်ရန္ MNDAA စည္းၾကပ္သတ္မွတ္ထားေၾကာင္း ကိုးကန္႔တပ္၊ စစ္ဘက္ဆိုင္ရာ ေစ်းထိန္းသိမ္းေရးအဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

အသားေစ်းႏႈန္း သတ္မွတ္ခ်က္မ်ားကို လားရႈိးၿမိဳ႕ရပ္ကြက္ (၂)၊ (၅)၊ (၇)၊ (၈)၊ (၉)၊ (၁၂) စသည့္ရပ္ကြက္မ်ားတြင္ လိုက္နာရမွာျဖစ္ၿပီး ႏိုဝင္ဘာ ၁၆ ရက္မွ ဒီဇင္ဘာ ၃၁ ရက္ အထိ သတ္မွတ္ထားေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ၾကက္အရွင္ ၁ ပိသာလွ်င္ (သုံးေသာင္းခြဲက်ပ္)၊ သတ္ၿပီး ကိုင္ၿပီးသားၾကက္သားကို (၁ ပိသာ ၂ ေသာင္းက်ပ္) ဝန္းက်င္ထက္ ပိုမေရာင္းၾကရန္ သတ္မွတ္ထားျခင္းျဖစ္သည္။

ဝက္သား (၁ ပိသာကို ၂ ေသာင္း ၈ ေထာင္က်ပ္)၊ အမဲသား (၁ ပိသာကို ၂ ေသာင္း ၈ ေထာင္က်ပ္)ျဖင့္သာ ေရာင္းခ်ရမွာျဖစ္ၿပီး သတ္မွတ္ထားတာထက္ ပိုမေရာင္းၾကရန္ သတိေပးထားျခင္းျဖစ္သည္။
"အဓိက ကေတာ့ လူထုေတြ ဒီၾကပ္တည္းေနတဲ့ကာလမွာ အစားအေသာက္ေတြကို ေစ်းသက္သက္ သာသာနဲ႔ အဆင္ေျပေအာင္ ဝယ္ယူစားေသာက္ႏိုင္ဖို႔အတြက္ ဒီလိုသတ္မွတ္ေပးလိုက္တာ" ကိုးကန္႔တပ္ဖြဲ႕ရဲ႕တာဝန္ရွိသူတစ္ဦးက "ဝ" လူငယ္အသံကြန္ရက္ကို ေျပာၾကားသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ႏွင့္ ကခ်င္ျပည္နယ္ အတြင္းရွိ ၿမိဳ႕မ်ားတြင္ တ႐ုတ္ဘက္မွ စားေသာက္ကုန္စည္မ်ား ဝင္ေရာက္ျခင္းမရွိေသာေၾကာင့္ စားေသာက္ကုန္မ်ား ျပတ္လပ္ေနၿပီး ကုန္ေဈးႏႈန္းမ်ား ျမင့္တက္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

တ႐ုတ္အာဏာပိုင္မ်ားသည္ ေျမာက္ပိုင္းမဟာမိတ္ညီေနာင္သုံးဖြဲ႕ထိန္းခ်ဳပ္ထားသည့္ၿမိဳ႕မ်ားသို႔ ကုန္စည္စီးဆင္းမႈ မရွိေစရန္ ကုန္ပစၥည္းသယ္ယူခြင့္ပိတ္ပင္ထားၿပီး မူဆယ္ၿမိဳ႕ကေန နမ့္ခမ္းၿမိဳ႕ မ်ားအတြင္းသို႔ စားေသာက္ကုန္သယ္ယူခြင့္ကိုလည္း ႏိုဝင္ဘာလ (၂၃) ရက္က စတင္ကာ ေရာင္းဝယ္ခြင့္ပိတ္ထားျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.