“ဝ”လက်နက်ကိုင်အဖွဲ့(UWSA)၏ စခန်း(၉)ခုကို ဖယ်ရှားပေးရန် ထိုင်းနိုင်ငံဘက်က သတိပေးထား
1646
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၆
ထိုင်း-မြန်မာနယ်စပ်ရှိ “ဝ”လက်နက်ကိုင်အဖွဲ့(UWSA)၏ စခန်း(၉)ခုကို ဖယ်ရှားပေးရန် ထိုင်းနိုင်ငံဘက်က သတိပေးထားကြောင်း သိရသည်။
ထိုင်း - မြန်မာနယ်စပ်၊ မယ်ဟောင်ဆိုင်ခရိုင်၊ ၁၇၁ ဒေသဧရိယာအတွင်းရှိ "ဝ"လက်နက်ကိုင်အဖွဲ့ (UWSA)၏ စစ်တပ်စခန်းများကို လာမည့် ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထားကာ ဖယ်ရှားပေးရန် ထိုင်းတော်ဝင်စစ်တပ်က အသိပေးထားကြောင်း သိရသည်။
"ဝ"လက်နက်ကိုင်အဖွဲ့၏စခန်းများကို ထိုင်းဘက်က ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်၍ လက်ရှိတွင် နှစ်ဖက်အပြန်အလှန် စစ်ရေးတင်းမာမှုများရှိနေကြောင်း ထိုင်းနိုင်ငံအတွင်းရှိ သတင်းဌာနများက ဖော်ပြရေးသားထားသည်ကိုလည်း တွေ့ရသည်။
အဆိုပါအခြေအနေနှင့် ပတ်သက်၍ “ဝ”လက်နက်ကိုင်အဖွဲ့ (UWSA)မှ ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံဦးညီရန်းက ထိုင်းစစ်တပ်အနေဖြင့် ၎င်းတို့၏ စခန်း(၉)ခုကို ဖယ်ရှားခိုင်းထားပြီး ၎င်းအခြေအနေကို နိုင်ငံတော်အချင်း ချင်း ဆွေးနွေးရမည့်ကိစ္စသာဖြစ်ကြောင်း မီဒီယာတစ်ခုကို ထုတ်ဖော်ပြော ဆိုထားသည်။
"ဝ ပြည်တောင်ပိုင်း ၁၇၁ ဒေသဧရိယာအတွင်း တပ်စခန်း (၉)ခုဖယ်ခိုင်းတာ မှန်ပါတယ်။ ဒီလိုကိစ္စမျိုးက ကျွန်တော်တို့နဲ့မပြီးဘူး။ နိုင်ငံတော် အချင်းချင်းဆွေးနွေးရမဲ့ ကိစ္စရပ်ဖြစ်တယ်။ နိုင်ငံတော်ခေါင်းဆောင်ပိုင်းကိုလည်း သတင်းပို့ပြီးပါပြီ။ ထိုင်းဖက်က အင်အားတိုးတယ်လို့ သိရပြီး ကျနော်တို့ဖက်ကတော့ပုံမှန်အခြေအနေပါပဲ"ဟု ဦးညီရန်းက ပြောသည်။
ထိုင်းနိုင်ငံနှင့် “ဝ”လက်နက်ကိုင်အဖွဲ့တို့၏ နယ်မြေအငြင်းပွားမှုများသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအကြာကပင် ရှိခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ ဖယ်ရှားပေးရန် မကြာခဏ တောင်းဆိုလေ့ရှိကြောင်း “ဝ”ဒေသတွင်းမီဒီယာများက ဖော်ပြထားကြသည်။
zawgyi version
“ဝ”လက္နက္ကိုင္အဖြဲ႕(UWSA)၏ စခန္း(၉)ခုကို ဖယ္ရွားေပးရန္ ထိုင္းႏိုင္ငံဘက္က သတိေပးထား
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၆
ထိုင္း-ျမန္မာနယ္စပ္ရွိ “ဝ”လက္နက္ကိုင္အဖြဲ႕(UWSA)၏ စခန္း(၉)ခုကို ဖယ္ရွားေပးရန္ ထိုင္းႏိုင္ငံဘက္က သတိေပးထားေၾကာင္း သိရသည္။
ထိုင္း - ျမန္မာနယ္စပ္၊ မယ္ေဟာင္ဆိုင္ခ႐ိုင္၊ ၁၇၁ ေဒသဧရိယာအတြင္းရွိ "ဝ"လက္နက္ကိုင္အဖြဲ႕ (UWSA)၏ စစ္တပ္စခန္းမ်ားကို လာမည့္ ဒီဇင္ဘာ ၁၈ ရက္ ေနာက္ဆုံးထားကာ ဖယ္ရွားေပးရန္ ထိုင္းေတာ္ဝင္စစ္တပ္က အသိေပးထားေၾကာင္း သိရသည္။
"ဝ"လက္နက္ကိုင္အဖြဲ႕၏စခန္းမ်ားကို ထိုင္းဘက္က ဖယ္ရွားခိုင္းျခင္းႏွင့္ပတ္သက္၍ လက္ရွိတြင္ ႏွစ္ဖက္အျပန္အလွန္ စစ္ေရးတင္းမာမႈမ်ားရွိေနေၾကာင္း ထိုင္းႏိုင္ငံအတြင္းရွိ သတင္းဌာနမ်ားက ေဖာ္ျပေရးသားထားသည္ကိုလည္း ေတြ႕ရသည္။
အဆိုပါအေျခအေနႏွင့္ ပတ္သက္၍ “ဝ”လက္နက္ကိုင္အဖြဲ႕ (UWSA)မွ ေျပာေရးဆိုခြင့္ရွိသူ တာဝန္ခံဦးညီရန္းက ထိုင္းစစ္တပ္အေနျဖင့္ ၎တို႔၏ စခန္း(၉)ခုကို ဖယ္ရွားခိုင္းထားၿပီး ၎အေျခအေနကို ႏိုင္ငံေတာ္အခ်င္း ခ်င္း ေဆြးေႏြးရမည့္ကိစၥသာျဖစ္ေၾကာင္း မီဒီယာတစ္ခုကို ထုတ္ေဖာ္ေျပာ ဆိုထားသည္။
"ဝ ျပည္ေတာင္ပိုင္း ၁၇၁ ေဒသဧရိယာအတြင္း တပ္စခန္း (၉)ခုဖယ္ခိုင္းတာ မွန္ပါတယ္။ ဒီလိုကိစၥမ်ိဳးက ကြၽန္ေတာ္တို႔နဲ႔မၿပီးဘူး။ ႏိုင္ငံေတာ္ အခ်င္းခ်င္းေဆြးေႏြးရမဲ့ ကိစၥရပ္ျဖစ္တယ္။ ႏိုင္ငံေတာ္ေခါင္းေဆာင္ပိုင္းကိုလည္း သတင္းပို႔ၿပီးပါၿပီ။ ထိုင္းဖက္က အင္အားတိုးတယ္လို႔ သိရၿပီး က်ေနာ္တို႔ဖက္ကေတာ့ပုံမွန္အေျခအေနပါပဲ"ဟု ဦးညီရန္းက ေျပာသည္။
ထိုင္းႏိုင္ငံႏွင့္ “ဝ”လက္နက္ကိုင္အဖြဲ႕တို႔၏ နယ္ေျမအျငင္းပြားမႈမ်ားသည္ လြန္ခဲ့သည့္ ဆယ္စုႏွစ္တစ္ခုအၾကာကပင္ ရွိခဲ့ျခင္းျဖစ္ၿပီး ထိုင္းႏိုင္ငံဘက္မွ ဖယ္ရွားေပးရန္ မၾကာခဏ ေတာင္းဆိုေလ့ရွိေၾကာင္း “ဝ”ေဒသတြင္းမီဒီယာမ်ားက ေဖာ္ျပထားၾကသည္။