ဗာတီကန်၌ IBEC ဆရာတော် ပါဝင်သော ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ နှင့် ပုပ်ရဟန်းမင်းကြီးတို့ တွေ့ဆုံ

 2419

သုတကျော် (NP News) - နိုဝင်ဘာ ၂၆

ဗာတီကန်နန်းတော်၌ IBEC ဆရာတော် ပါဝင်သော ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ နှင့် ပုပ်ရဟန်းမင်းကြီးတို့ နိုဝင်ဘာလ ၂၅ ရက် တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဗာတီကန်နန်းတော်၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ IBEC ဆရာတော်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

"ဤသည်မှာ IBEC ဆရာတော်ဘုရား နှင့် IBEC ကျောင်းတော်ကြီး၏ မှတ်တိုင်၌ သမိုင်းဝင်မှတ်တမ်းဖြစ်ခဲ့ပြီး ဤကဲ့သို့ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များထဲတွင် သြဇာတိက္ကမကြီးမားသော ပုပ်ရဟန်းမင်းကြီး နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်မှာမလွယ်ကူလှပေ။ ဤသည်မှာ IBEC ဆရာတော်ဘုရား၏ နေ့ရောညပါ ကြိုးစားဆောင်ရွက်မှုများ၏ အသီးအပွင့်များဖြစ် သည့်အပြင် မြန်မာနိုင်ငံအမြန်ဆုံးပြန်လည်ငြိမ်းချမ်းရေးကို အစဥ်တစိုက်ကြိုးပမ်းအားထုတ်နေသည့် ဆရာတော်ဘုရား၏ ပြယုဂ်တစ်ခုလည်းဖြစ်ပေသည်" ဟု IBEC - Myanmar Official Information Office Committee လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအတွက် IBEC ဆရာတော်သည် နိုဝင်ဘာလ ၂၄ ရက်တွင် အီတလီနိုင်ငံ၊ ရောမမြို့သို့ ရောက်ရှိခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်တွင် ​ဗာတီကန်နန်းတော်၌ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်အပါအဝင် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များနှင့်အတူ ကမ္ဘာ့ငြိမ်းချမ်းရေးအပါအဝင် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ပါ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် ရုရှား-ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ နှင့် အင်ဒို-ပစိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးအားပြိုင်မှု၊ မြောက်ကိုးရီးယား၏ နျူးကလီးယားလက်နက်အရေး အစရှိ သည့် ကမ္ဘာ့ငြိမ်းချမ်းရေးစိန်ခေါ်မှုများအပြင် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရှိနိုင်ရေးကိုပါ တစ်ပါတည်းထည့်ဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဤတွေ့ဆုံဆွေးနွေးပွဲအတွက် ဗုဒ္ဓဘာသာရဟန်းတော်အဖြစ် မြန်မာနိုင်ငံမှ IBEC ဆရာတော်ဘုရားကို Universal Peace Council မှ အထူးဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ဗာတီကန္၌ IBEC ဆရာေတာ္ ပါဝင္ေသာ ကမာၻ႔ဘာသာေရးေခါင္းေဆာင္မ်ား ႏွင့္ ပုပ္ရဟန္းမင္းႀကီးတို႔ ေတြ႕ဆုံ

သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၆

ဗာတီကန္နန္းေတာ္၌ IBEC ဆရာေတာ္ ပါဝင္ေသာ ကမာၻ႔ဘာသာေရးေခါင္းေဆာင္မ်ား ႏွင့္ ပုပ္ရဟန္းမင္းႀကီးတို႔ ႏိုဝင္ဘာလ ၂၅ ရက္ တြင္ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ဗာတီကန္နန္းေတာ္၌ က်င္းပျပဳလုပ္ခဲ့ေသာ ကမာၻ႔ဘာသာေရးေခါင္းေဆာင္မ်ားၿငိမ္းခ်မ္းေရးဆိုင္ရာကိစၥရပ္မ်ား ေတြ႕ဆုံေဆြးေႏြးပြဲကို က်င္းပခဲ့ရာ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ကိုယ္တိုင္တက္ေရာက္ခဲ့ၿပီး ျမန္မာႏိုင္ငံမွ IBEC ဆရာေတာ္လည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

"ဤသည္မွာ IBEC ဆရာေတာ္ဘုရား ႏွင့္ IBEC ေက်ာင္းေတာ္ႀကီး၏ မွတ္တိုင္၌ သမိုင္းဝင္မွတ္တမ္းျဖစ္ခဲ့ၿပီး ဤကဲ့သို႔ ကမာၻ႔ဘာသာေရးေခါင္းေဆာင္မ်ားထဲတြင္ ၾသဇာတိကၠမႀကီးမားေသာ ပုပ္ရဟန္းမင္းႀကီး ႏွင့္ ေတြ႕ဆုံေဆြးေႏြးႏိုင္ရန္မွာမလြယ္ကူလွေပ။ ဤသည္မွာ IBEC ဆရာေတာ္ဘုရား၏ ေန႔ေရာညပါ ႀကိဳးစားေဆာင္႐ြက္မႈမ်ား၏ အသီးအပြင့္မ်ားျဖစ္ သည့္အျပင္ ျမန္မာႏိုင္ငံအျမန္ဆုံးျပန္လည္ၿငိမ္းခ်မ္းေရးကို အစဥ္တစိုက္ႀကိဳးပမ္းအားထုတ္ေနသည့္ ဆရာေတာ္ဘုရား၏ ျပယုဂ္တစ္ခုလည္းျဖစ္ေပသည္" ဟု IBEC - Myanmar Official Information Office Committee လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ထုတ္ျပန္ထားသည္။

အဆိုပါေတြ႕ဆုံေဆြးေႏြးပြဲအတြက္ IBEC ဆရာေတာ္သည္ ႏိုဝင္ဘာလ ၂၄ ရက္တြင္ အီတလီႏိုင္ငံ၊ ေရာမၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး ႏိုဝင္ဘာလ ၂၅ ရက္တြင္ ​ဗာတီကန္နန္းေတာ္၌ ပုပ္ရဟန္းမင္းႀကီးဖရန္႔စစ္အပါအဝင္ ကမာၻ႔ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္အတူ ကမာၻ႔ၿငိမ္းခ်မ္းေရးအပါအဝင္ ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးအတြက္ပါ တက္ေရာက္ပါဝင္ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကမာၻႀကီး၏ ၿငိမ္းခ်မ္းေရးကို ထိခိုက္ေစႏိုင္သည့္ ႐ုရွား-ယူကရိန္းအေရး၊ အေရွ႕အလယ္ပိုင္းေဒသပဋိပကၡ ႏွင့္ အင္ဒို-ပစိဖိတ္ေဒသ၏ ပထဝီႏိုင္ငံေရးအားၿပိဳင္မႈ၊ ေျမာက္ကိုးရီးယား၏ န်ဴးကလီးယားလက္နက္အေရး အစရွိ သည့္ ကမာၻ႔ၿငိမ္းခ်မ္းေရးစိန္ေခၚမႈမ်ားအျပင္ ျမန္မာႏိုင္ငံျပည္တြင္းၿငိမ္းခ်မ္းေရးအျမန္ဆုံးရရွိႏိုင္ေရးကိုပါ တစ္ပါတည္းထည့္ဝင္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ဤေတြ႕ဆုံေဆြးေႏြးပြဲအတြက္ ဗုဒၶဘာသာရဟန္းေတာ္အျဖစ္ ျမန္မာႏိုင္ငံမွ IBEC ဆရာေတာ္ဘုရားကို Universal Peace Council မွ အထူးဖိတ္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.