လက်နက်ကိုင်များအနေဖြင့် တိုင်းပြည်ကို ဝိုင်းဖျက်နေမည့်အစား National Dialouge ကို သွားကြရန် IBEC ဆရာတော် တိုက်တွန်း

 564

မြူနစ် (NP News) - နိုဝင်ဘာ ၂၆

အားလုံးသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းပြည်ကိုဝိုင်းဖျက်နေမည့်အစား ပြန်လည် တည်ဆောက်ရေးအတွက် National Dialouge ကိုသွားကြရန် IBEC ဆရာတော်က တိုက်တွန်းထား သည်။ စစ်ကိုင်း IBEC ဆရာတော်၊ ကမ္ဘာ့ငြိမ်း ချမ်းရေးသံတမန် ဆရာတော်ဦးသောဘိတသည် ဗာတီကန်တွင်ကျင်းပသည့် ကမ္ဘာ့ဘာသာရေးခေါင်း ဆောင်များငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ခရီးစဉ်စတင်ချိန်တွင်NP News ကို အထက်ပါကဲ့သို့တိုက်တွန်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။

"မြန်မာပြည်နဲ့ပတ်သက်ရင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်လူကြီးတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေပေါ့ကွာ၊ နောက်ပြီး တော့မှ PDF လို ပုဂ္ဂိုလ်မျိုးတွေကအစ အားလုံးလက်နက်ကိုင်ကြတဲ့လူတွေဟာ တိုင်းပြည်ကိုဝိုင်းဖျက်နေ ကြမယ့်အစား တိုင်းပြည်ပြန်လည်တည်ဆောက်ဖို့ အတွက် national dialouge ကိုသွားကြဖို့ ဒီနေ့ ဗာတီကန်ကိုမသွားခင်မှာ ဒါလေးကိုတောင်းဆိုပါတယ်"ဟု ဆရာတော်ဦးသောဘိတက မိန့်ကြား သည်။

ဆရာတော်ဦးသောဘိတသည် နိုဝင်ဘာ (၂၁)ရက်တွင် ရန်ကုန်မြို့မှစတင်ကာ ဗာတီကန်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

"ဗာတီကန်ဆိုတာကတော့ ဘာသာ ရေးခေါင်းဆောင်တွေထဲမှာ ဩဇာတိက္ကမရှိတဲ့ နေရာဒေသတစ်ခုပေါ့။ ရိုမန်ကက်သလစ် ဘာသာ ရေးခေါင်းဆောင်တွေလည်းဖြစ်တယ်။ ဗာတီကန် state ရဲ့ခေါင်းဆောင်လည်းဖြစ်တယ်ပေါ့။ အဲဒီလို နေရာကနေပြီးတော့မှ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ နောက်ပြီးတော့ middle east မှာဖြစ်နေတဲ့ကိစ္စတွေ၊ ရုရှား-ယူကရိန်းမှာ ဖြစ်နေတဲ့ကိစ္စ တွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးသတင်းစကားတွေပါးချင်ပါတယ်" ဟု IBEC ဆရာတော်က မိန့်ကြား သည်။

အဆိုပါ ဗာတီကန်ခရီးစဉ်အတွင်း၌ ဆရာ တော်ဦးသောဘိတသည် ပုပ်ရဟန်းမင်းကြီးဖရန့်စစ် နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သကဲ့သို့ အခြားသော ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားဖွယ်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ကာ နိုင်ငံရေးပဋိ ပက္ခနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဖြစ်ပွား လာခဲ့ပြီး လက်ရှိတွင် နိုင်ငံအတွင်း၌တိုက်ပွဲများ၊ အပြန်အလှန်သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွား နေသကဲ့သို့ တိုက်ပွဲများကြောင့်လည်း နိုင်ငံသား များစွာ နေရပ်စွန့် ခွာထွက်ပြေးနေရလျက်ရှိကြသည်။

zawgyi version
လက္နက္ကိုင္မ်ားအေနျဖင့္ တိုင္းျပည္ကို ဝိုင္းဖ်က္ေနမည့္အစား National Dialouge ကို သြားၾကရန္ IBEC ဆရာေတာ္ တိုက္တြန္း
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၆

အားလုံးေသာ လက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ တိုင္းျပည္ကိုဝိုင္းဖ်က္ေနမည့္အစား ျပန္လည္ တည္ေဆာက္ေရးအတြက္ National Dialouge ကိုသြားၾကရန္ IBEC ဆရာေတာ္က တိုက္တြန္းထား သည္။ စစ္ကိုင္း IBEC ဆရာေတာ္၊ ကမာၻ႔ၿငိမ္း ခ်မ္းေရးသံတမန္ ဆရာေတာ္ဦးေသာဘိတသည္ ဗာတီကန္တြင္က်င္းပသည့္ ကမာၻ႔ဘာသာေရးေခါင္း ေဆာင္မ်ားၿငိမ္းခ်မ္းေရးဆိုင္ရာ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ တက္ေရာက္ရန္ ခရီးစဥ္စတင္ခ်ိန္တြင္NP News ကို အထက္ပါကဲ့သို႔တိုက္တြန္း မိန႔္ၾကားခဲ့ျခင္းျဖစ္သည္။

"ျမန္မာျပည္နဲ႔ပတ္သက္ရင္လည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္လူႀကီးေတြ၊ တိုင္းရင္းသားလက္နက္ကိုင္ေတြေပါ့ကြာ၊ ေနာက္ၿပီး ေတာ့မွ PDF လို ပုဂၢိဳလ္မ်ိဳးေတြကအစ အားလုံးလက္နက္ကိုင္ၾကတဲ့လူေတြဟာ တိုင္းျပည္ကိုဝိုင္းဖ်က္ေန ၾကမယ့္အစား တိုင္းျပည္ျပန္လည္တည္ေဆာက္ဖို႔ အတြက္ national dialouge ကိုသြားၾကဖို႔ ဒီေန႔ ဗာတီကန္ကိုမသြားခင္မွာ ဒါေလးကိုေတာင္းဆိုပါတယ္"ဟု ဆရာေတာ္ဦးေသာဘိတက မိန႔္ၾကား သည္။

ဆရာေတာ္ဦးေသာဘိတသည္ ႏိုဝင္ဘာ (၂၁)ရက္တြင္ ရန္ကုန္ၿမိဳ႕မွစတင္ကာ ဗာတီကန္သို႔ သြားေရာက္ခဲ့ျခင္းျဖစ္သည္။

"ဗာတီကန္ဆိုတာကေတာ့ ဘာသာ ေရးေခါင္းေဆာင္ေတြထဲမွာ ဩဇာတိကၠမရွိတဲ့ ေနရာေဒသတစ္ခုေပါ့။ ႐ိုမန္ကက္သလစ္ ဘာသာ ေရးေခါင္းေဆာင္ေတြလည္းျဖစ္တယ္။ ဗာတီကန္ state ရဲ႕ေခါင္းေဆာင္လည္းျဖစ္တယ္ေပါ့။ အဲဒီလို ေနရာကေနၿပီးေတာ့မွ ျမန္မာျပည္မွာျဖစ္ေပၚေနတဲ့ ပဋိပကၡေတြ၊ ေနာက္ၿပီးေတာ့ middle east မွာျဖစ္ေနတဲ့ကိစၥေတြ၊ ႐ုရွား-ယူကရိန္းမွာ ျဖစ္ေနတဲ့ကိစၥ ေတြနဲ႔ပတ္သက္လို႔ ၿငိမ္းခ်မ္းေရးသတင္းစကားေတြပါးခ်င္ပါတယ္" ဟု IBEC ဆရာေတာ္က မိန႔္ၾကား သည္။

အဆိုပါ ဗာတီကန္ခရီးစဥ္အတြင္း၌ ဆရာ ေတာ္ဦးေသာဘိတသည္ ပုပ္ရဟန္းမင္းႀကီးဖရန႔္စစ္ ႏွင့္လည္း ေတြ႕ဆုံသြားမည္ျဖစ္သကဲ့သို႔ အျခားေသာ ေခါင္းေဆာင္မ်ားႏွင့္လည္း ေတြ႕ဆုံသြားဖြယ္ရွိေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္ (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစတင္ကာ ႏိုင္ငံေရးပဋိ ပကၡႏွင့္အတူ လက္နက္ကိုင္ပဋိပကၡမ်ား ပိုမိုျဖစ္ပြား လာခဲ့ၿပီး လက္ရွိတြင္ ႏိုင္ငံအတြင္း၌တိုက္ပြဲမ်ား၊ အျပန္အလွန္သတ္ျဖတ္မႈမ်ား ဆက္လက္ျဖစ္ပြား ေနသကဲ့သို႔ တိုက္ပြဲမ်ားေၾကာင့္လည္း ႏိုင္ငံသား မ်ားစြာ ေနရပ္စြန႔္ ခြာထြက္ေျပးေနရလ်က္ရွိၾကသည္။

Related news

© 2021. All rights reserved.