နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ရန် အလားအလာကောင်းနေ

 1600

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချိုမြို့သည် စစ်ရေးအရအရေးပါသည့် မြို့တစ်မြို့ဖြစ်ပြီး တပ်မတော်က ပြန်လည်သိမ်းပိုက်ရန်အလား အလာကောင်းနေကြောင်း ဒေသခံများထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

TNLA ပူးပေါင်းအဖွဲ့က ဇူလိုင်လ (၁၀)ရက် တွင် မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ် သော်လည်း လက်ရှိတွင် အဆိုပါမြို့နယ်၌ အရေးပါသောနေရာအချို့ကို တပ်မတော်ကပြန်လည် ရရှိခဲ့ပြီး အလားအလာကောင်းနေခြင်းဖြစ်ကြောင်း သိရသည်။ “နောင်ချိုကတော့ တပ်မတော်အနေနဲ့ မြို့ထဲဘက်ကိုပြန်ပြီးတော့ ချီတက်လာနိုင်တယ်။ တချို့နေရာတွေကတော့ သူတို့စခန်းကို ခြေကုပ် ရယူနိုင်တဲ့အနေအထားလေးတွေရှိတယ်။ နောင်ချို က တပ်မတော်အနေနဲ့အရေးပါတယ်”ဟု ရှမ်းပြည် နယ်မြောက်ပိုင်းမှဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် နောင်ချိုမြို့ရှိ TNLA လက် နက်ကိုင်အဖွဲ့များ ခိုအောင်းရာအဓိကနေရာများကို တပ်မတော်က ယခုလ၊ ရက် (၂၀) ကျော်ကာလအတွင်း လေကြောင်းမှ(၁၀)ကြိမ်ထက်မနည်း ဗုံးကြဲတိုက် ခိုက်ခဲ့ရာ လက်နက်ကိုင်အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း NP News က ရရှိထားသည့် သတင်းအချက်အလက်များအရ သိရ သည်။ “TNLA ကဆုတ်တော့ ဆုတ်နေပါပြီ။ ကျွန် တော်ကြားရသလောက်ဆိုရင် နောင်ချိုနားမှာ ပြန်ပြီး ခံစစ်ပြင်နေတယ်။ အခြားနေရာတော့ စခန်းကုန်း တစ်ခုရှိတယ်။ အဲဒါကို တပ်မတော်က လက်ရှိ တိုက် နေတုန်းပဲ။ သူတို့ကတော့ အဲဒီက ချက်ချင်းကြီးတော့ ဆုတ်မယ့်ပုံစံတော့မတွေ့ဘူး။ သူတို့ရသမျှအင်အား နဲ့ခံမယ့်သဘောရှိတယ်” ဟု နောင်ချိုမြို့ခံတစ်ဦး ကပြောသည်။

နောင်ချိုမြို့သည့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကြားရှိ မြို့တစ်မြို့ဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရှမ်း ပြည်နယ်တောင်ပိုင်းကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက်လိုသည့်အတွက် တောင်ခမ်းတိုက်ပွဲကို ပြင်းပြင်းထန်ထန်ဖော်ဆောင် နေခြင်းဖြစ်နိုင်ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက သုံးသပ်ထားသည်။ ထို့ပြင် နောင်ချိုမြို့တိုက်ပွဲအတွင်း TNLA၊ PDF လက်နက်ကိုင် ပူးပေါင်းအဖွဲ့ဘက်မှ အင်အားအများအပြား ဆုံးရှုံးထားရသည့်အတွက် မြို့နယ်အတွင်းရှိကျေးရွာများမှ ဆယ်ကျော်သက် အရွယ်များကို ငွေကြေးမက်လုံးပေးကာ စည်းရုံးခြင်း နှင့် အသက်မပြည့်သေးသူများအား အတင်းအဓမ္မဆွဲ ခေါ်တိုက်ခိုက်စေခြင်းများကို လုပ်ဆောင်နေကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ “သုံးဆယ်ရွာ နဲ့ အင်ကြင်းကုန်းရွာက ကလေးတွေကို ပိုက်ဆံ (၅၀ဝဝဝ၀) ပေးမယ်ဆိုပြီးခေါ်သွားတယ်။ နောက် တော့ ပိုက်ဆံလည်း မပေးဘူး။ အခုအဲဒီအထဲကို ရောက်သွားတယ်။ အဲဒီမှာတင်လားဆိုတော့မဟုတ် သေးဘူး။ အခု တောင်ခမ်းဘက်ကိုရောက်သွားတယ်။ သူတို့ကတော့ နောင်ချို PDF သဘောမျိုးနဲ့စုတာ။တောင် ခမ်းဘက်ကရွာတွေဆိုရင် ပိုက်ဆံ (၅၀ဝဝဝ၀)ပေးမယ်ဆိုပြီး ခေါ်တယ်။ တချို့ကိုကျတော့ အတင်းဆွဲခေါ်တာ။ အဲဒါဖြစ်တာက ဒီရက်ပိုင်း မှာပဲဖြစ်တာ။ သူတို့ဘက်က တော်တော်အထိနာထားလို့ အခုလို တွေလုပ်နေတာ ”ဟု ၎င်းကဆက်လက်ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်း (၃)ဖွဲ့က ဖော်ဆောင်ခဲ့သော(၁၀၂၇)စစ်ဆင်ရေး တိုက်ပွဲများကြောင့် ဒေသခံများစွာနေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။ “ ဒီနေရာမှာ နောင်ချိုကိုသာ တပ်မတော်က ပြန်ရသွားပြီဆိုရင် လွယ်သွားပါလိမ့်မယ်။ ဘာလို့ဆို လက်ရှိရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းအဆက် ဖြစ်တဲ့ နမ့်လန်၊ မိုင်းရယ်။ အဲဒီဒေသကိုတပ်မတော်အနေနဲ့ ထိန်းချုပ်ထားတဲ့ဒေသဖြစ်တဲ့အတွက် ဒီစစ်မီးဟာ တောင်ပိုင်းကို ကူးစရာအကြောင်းတော့မရှိဘူး။ နမ့်လန်ကနေ ပြီးတော့ သီပေါဘက်ကို ထိုးစစ်ဆင်မယ်။နောင်ချိုကိုသာ ပြန်ရသွားရင် ကျောက်မဲဘက်ကို ထိုးစစ်ဆင်မယ်။ သိပ်မကြာခင်မှာတော့ ဒီဇာတ်လမ်းကြီးကတော့ ပြီး သွားနိုင်တယ်။ လွန်ခဲ့တဲ့(၂)လထက်စာရင်တော့ကောင်းမွန်တဲ့ အခြေအနေတစ်ခုကိုသွားနေတယ်လို့တော့ သိရတယ်ပေါ့။ တန်ပြန်ထိုးစစ်ကလည်း‌ အောင်မြင် တဲ့အပိုင်းတွေရှိတာပေါ့။ အုမ္မတီး၊ အုမ္မခတို့ကို တပ်မတော်အနေနဲ့ ပြန်ပြီးတော့ ရယူသွားတဲ့အနေ အထားမျိုးတွေ ဖြစ်လာတာပေါ့။ ပြည်ထောင်စုလမ်း ပိုင်းမှာရှိတဲ့ အရေးပါတဲ့ရွာတွေအချို့ကို တပ်မတော် ကနေပြန်လည်ရရှိသွားတဲ့အပိုင်းတွေလည်းရှိတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

zawgyi version
ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္က ျပန္လည္သိမ္းပိုက္ရန္ အလားအလာေကာင္းေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၆

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ရွိ ေနာင္ခ်ိဳၿမိဳ႕သည္ စစ္ေရးအရအေရးပါသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး တပ္မေတာ္က ျပန္လည္သိမ္းပိုက္ရန္အလား အလာေကာင္းေနေၾကာင္း ေဒသခံမ်ားထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

TNLA ပူးေပါင္းအဖြဲ႕က ဇူလိုင္လ (၁၀)ရက္ တြင္ ၿမိဳ႕ကို အၿပီးသတ္ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္ ေသာ္လည္း လက္ရွိတြင္ အဆိုပါၿမိဳ႕နယ္၌ အေရးပါေသာေနရာအခ်ိဳ႕ကို တပ္မေတာ္ကျပန္လည္ ရရွိခဲ့ၿပီး အလားအလာေကာင္းေနျခင္းျဖစ္ေၾကာင္း သိရသည္။ “ေနာင္ခ်ိဳကေတာ့ တပ္မေတာ္အေနနဲ႔ ၿမိဳ႕ထဲဘက္ကိုျပန္ၿပီးေတာ့ ခ်ီတက္လာႏိုင္တယ္။ တခ်ိဳ႕ေနရာေတြကေတာ့ သူတို႔စခန္းကို ေျခကုပ္ ရယူႏိုင္တဲ့အေနအထားေလးေတြရွိတယ္။ ေနာင္ခ်ိဳ က တပ္မေတာ္အေနနဲ႔အေရးပါတယ္”ဟု ရွမ္းျပည္ နယ္ေျမာက္ပိုင္းမွေဒသခံတစ္ဦးက ဆိုသည္။

ထို႔ျပင္ ေနာင္ခ်ိဳၿမိဳ႕ရွိ TNLA လက္ နက္ကိုင္အဖြဲ႕မ်ား ခိုေအာင္းရာအဓိကေနရာမ်ားကို တပ္မေတာ္က ယခုလ၊ ရက္ (၂၀) ေက်ာ္ကာလအတြင္း ေလေၾကာင္းမွ(၁၀)ႀကိမ္ထက္မနည္း ဗုံးႀကဲတိုက္ ခိုက္ခဲ့ရာ လက္နက္ကိုင္အဖြဲ႕ဝင္မ်ား ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း NP News က ရရွိထားသည့္ သတင္းအခ်က္အလက္မ်ားအရ သိရ သည္။ “TNLA ကဆုတ္ေတာ့ ဆုတ္ေနပါၿပီ။ ကြၽန္ ေတာ္ၾကားရသေလာက္ဆိုရင္ ေနာင္ခ်ိဳနားမွာ ျပန္ၿပီး ခံစစ္ျပင္ေနတယ္။ အျခားေနရာေတာ့ စခန္းကုန္း တစ္ခုရွိတယ္။ အဲဒါကို တပ္မေတာ္က လက္ရွိ တိုက္ ေနတုန္းပဲ။ သူတို႔ကေတာ့ အဲဒီက ခ်က္ခ်င္းႀကီးေတာ့ ဆုတ္မယ့္ပုံစံေတာ့မေတြ႕ဘူး။ သူတို႔ရသမွ်အင္အား နဲ႔ခံမယ့္သေဘာရွိတယ္” ဟု ေနာင္ခ်ိဳၿမိဳ႕ခံတစ္ဦး ကေျပာသည္။

ေနာင္ခ်ိဳၿမိဳ႕သည့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းၾကားရွိ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ၎တို႔၏ ရည္႐ြယ္ခ်က္မွာ ရွမ္း ျပည္နယ္ေတာင္ပိုင္းကို ထိုးေဖာက္ဝင္ေရာက္တိုက္ခိုက္လိုသည့္အတြက္ ေတာင္ခမ္းတိုက္ပြဲကို ျပင္းျပင္းထန္ထန္ေဖာ္ေဆာင္ ေနျခင္းျဖစ္ႏိုင္ေၾကာင္း ရွမ္းေျမာက္ေဒသခံတစ္ဦးက သုံးသပ္ထားသည္။ ထို႔ျပင္ ေနာင္ခ်ိဳၿမိဳ႕တိုက္ပြဲအတြင္း TNLA၊ PDF လက္နက္ကိုင္ ပူးေပါင္းအဖြဲ႕ဘက္မွ အင္အားအမ်ားအျပား ဆုံးရႈံးထားရသည့္အတြက္ ၿမိဳ႕နယ္အတြင္းရွိေက်း႐ြာမ်ားမွ ဆယ္ေက်ာ္သက္ အ႐ြယ္မ်ားကို ေငြေၾကးမက္လုံးေပးကာ စည္း႐ုံးျခင္း ႏွင့္ အသက္မျပည့္ေသးသူမ်ားအား အတင္းအဓမၼဆြဲ ေခၚတိုက္ခိုက္ေစျခင္းမ်ားကို လုပ္ေဆာင္ေနေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။ “သုံးဆယ္႐ြာ နဲ႔ အင္ၾကင္းကုန္း႐ြာက ကေလးေတြကို ပိုက္ဆံ (၅၀ဝဝဝ၀) ေပးမယ္ဆိုၿပီးေခၚသြားတယ္။ ေနာက္ ေတာ့ ပိုက္ဆံလည္း မေပးဘူး။ အခုအဲဒီအထဲကို ေရာက္သြားတယ္။ အဲဒီမွာတင္လားဆိုေတာ့မဟုတ္ ေသးဘူး။ အခု ေတာင္ခမ္းဘက္ကိုေရာက္သြားတယ္။ သူတို႔ကေတာ့ ေနာင္ခ်ိဳ PDF သေဘာမ်ိဳးနဲ႔စုတာ။ေတာင္ ခမ္းဘက္က႐ြာေတြဆိုရင္ ပိုက္ဆံ (၅၀ဝဝဝ၀)ေပးမယ္ဆိုၿပီး ေခၚတယ္။ တခ်ိဳ႕ကိုက်ေတာ့ အတင္းဆြဲေခၚတာ။ အဲဒါျဖစ္တာက ဒီရက္ပိုင္း မွာပဲျဖစ္တာ။ သူတို႔ဘက္က ေတာ္ေတာ္အထိနာထားလို႔ အခုလို ေတြလုပ္ေနတာ ”ဟု ၎ကဆက္လက္ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေျမာက္ပိုင္း (၃)ဖြဲ႕က ေဖာ္ေဆာင္ခဲ့ေသာ(၁၀၂၇)စစ္ဆင္ေရး တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ားစြာေနရပ္စြန႔္ခြာတိမ္းေရွာင္ေနရသည္။ “ ဒီေနရာမွာ ေနာင္ခ်ိဳကိုသာ တပ္မေတာ္က ျပန္ရသြားၿပီဆိုရင္ လြယ္သြားပါလိမ့္မယ္။ ဘာလို႔ဆို လက္ရွိရွမ္းျပည္နယ္ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းအဆက္ ျဖစ္တဲ့ နမ့္လန္၊ မိုင္းရယ္။ အဲဒီေဒသကိုတပ္မေတာ္အေနနဲ႔ ထိန္းခ်ဳပ္ထားတဲ့ေဒသျဖစ္တဲ့အတြက္ ဒီစစ္မီးဟာ ေတာင္ပိုင္းကို ကူးစရာအေၾကာင္းေတာ့မရွိဘူး။ နမ့္လန္ကေန ၿပီးေတာ့ သီေပါဘက္ကို ထိုးစစ္ဆင္မယ္။ေနာင္ခ်ိဳကိုသာ ျပန္ရသြားရင္ ေက်ာက္မဲဘက္ကို ထိုးစစ္ဆင္မယ္။ သိပ္မၾကာခင္မွာေတာ့ ဒီဇာတ္လမ္းႀကီးကေတာ့ ၿပီး သြားႏိုင္တယ္။ လြန္ခဲ့တဲ့(၂)လထက္စာရင္ေတာ့ေကာင္းမြန္တဲ့ အေျခအေနတစ္ခုကိုသြားေနတယ္လို႔ေတာ့ သိရတယ္ေပါ့။ တန္ျပန္ထိုးစစ္ကလည္း‌ ေအာင္ျမင္ တဲ့အပိုင္းေတြရွိတာေပါ့။ အုမၼတီး၊ အုမၼခတို႔ကို တပ္မေတာ္အေနနဲ႔ ျပန္ၿပီးေတာ့ ရယူသြားတဲ့အေန အထားမ်ိဳးေတြ ျဖစ္လာတာေပါ့။ ျပည္ေထာင္စုလမ္း ပိုင္းမွာရွိတဲ့ အေရးပါတဲ့႐ြာေတြအခ်ိဳ႕ကို တပ္မေတာ္ ကေနျပန္လည္ရရွိသြားတဲ့အပိုင္းေတြလည္းရွိတယ္” ဟု အျခားေဒသခံတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.