နေပြည်တော်ရှိ ညွှန်ချုပ်အိမ်ရာဝန်းအတွင်းသို့ Fixed Wing Drone ကျရောက်
938
NP News - နိုဝင်ဘာ ၂၆
နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ညွှန်ချုပ်အိမ်ရာဝန်းအတွင်းသို့ Fixed Wing Drone ကျရောက်ခဲ့သော်လည်း MICC-2 တွင် ကျရောက်ပေါက်ကွဲခြင်းမျိုးမရှိခဲ့ကြောင်း နေပြည်တော် ထိပ်ပိုင်းလုံခြုံရေးအရာရှိအချို့ထံမှ သိရသည်။
အဆိုပါ ဒရုန်းတစ်စင်းသည် ယမန်နေ့(နိုဝင်ဘာ ၂၅ ရက်)၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ဇဗ္ဗူသီရိမြိုနယ်၊ ဇေယျာသိဒ္ဓိရပ်ကွက်၊ ညွှန်ကြားရေးမှူးချုပ် အိမ်ရာဝန်းအတွင်းရှိ ညွှန်ချုပ်အိမ်ရာ ခြံအမှတ် (၅၃၀-A/B)၏ ခြံဝင်းအနောက်ဘက် (၅)ပေခန့်အကွာသို့ ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဖြစ်တာက ညွှန်ချုပ်အိမ်ရာထဲမှာဖြစ်တာ။ MICC-2 ဘက်ကမဟုတ်ဘူး။ စံပယ်အိမ်ရာနားက ညွှန်ချုပ်အိမ်ရာမှာဖြစ်တာ။ Fixed Wing ဒရုန်းက ညွှန်ချုပ်အိမ်ရာထဲကျတာပေါ့နော်။ သူကတော့ ဗုံးသီးတော့မပါဘူး။ ဗုံးသီးကတော့ ဘယ်မှာပြုတ်ကျခဲ့လည်းမသိဘူး”ဟု နေပြည်တော်ထိပ်ပိုင်းလုံခြုံရေးအရာရှိတစ်ဦးက NP News ကို ပြောသည်။
အလားတူ ယမန်နေ့(နိုဝင်ဘာ ၂၅ ရက်)၊ နံနက် ၉နာရီ ၄၅မိနစ်အချိန်ခန့်ကလည်း နေပြည်တော်ကောင်စီနယ်မြေရှိ MICC-2 အဆောက်အအုံအနီး၌ Fixed Wing Drone ကျရောက်ပေါက်ကွဲကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ပြည်ပြေးမီဒီယာအချို့က ရေးသားဖော်ပြနေသည်ကိုတွေ့ရသည်။
၎င်းသတင်းအချက်အလက်နှင့် ပတ်သက်၍ NP News သတင်းဌာနအ နေဖြင့် နေပြည်တော်ရှိ ထိပ်ပိုင်းလုံခြုံရေးအရာရှိများထံ ဆက်သွယ်မေးမြန်းရာတွင် ယင်းသတင်းမှာ မမှန်ကန်ကြောင်း၊ MICC-2 တွင် ဒရုန်းကျရောက်ကွဲခြင်းမျိုးမရှိခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
“မနေ့ကတော့ Fixed Wing Drone ကျတာက ညွှန်ချုပ်အိမ်ရာထဲမှာပဲကျတာ။ MICC-2 မှာကျတဲ့ဖြစ်စဉ်မရှိပါဘူး။ သတင်းအမှားတွေပါ”ဟု နေပြည် တော်ထိပ်ပိုင်းလုံခြုံရေးအရာရှိတစ်ဦးက ပြောသည်။
zawgyi version
ေနျပည္ေတာ္ရွိ ၫႊန္ခ်ဳပ္အိမ္ရာဝန္းအတြင္းသို႔ Fixed Wing Drone က်ေရာက္
NP News - ႏိုဝင္ဘာ ၂၆
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇဗၺဴသီရိၿမိဳ႕နယ္ရွိ ၫႊန္ခ်ဳပ္အိမ္ရာဝန္းအတြင္းသို႔ Fixed Wing Drone က်ေရာက္ခဲ့ေသာ္လည္း MICC-2 တြင္ က်ေရာက္ေပါက္ကြဲျခင္းမ်ိဳးမရွိခဲ့ေၾကာင္း ေနျပည္ေတာ္ ထိပ္ပိုင္းလုံၿခဳံေရးအရာရွိအခ်ိဳ႕ထံမွ သိရသည္။
အဆိုပါ ဒ႐ုန္းတစ္စင္းသည္ ယမန္ေန႔(ႏိုဝင္ဘာ ၂၅ ရက္)၊ နံနက္ ၁၀ နာရီခြဲအခ်ိန္ခန႔္က ဇဗၺဴသီရိၿမိဳနယ္၊ ေဇယ်ာသိဒၶိရပ္ကြက္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ အိမ္ရာဝန္းအတြင္းရွိ ၫႊန္ခ်ဳပ္အိမ္ရာ ၿခံအမွတ္ (၅၃၀-A/B)၏ ၿခံဝင္းအေနာက္ဘက္ (၅)ေပခန႔္အကြာသို႔ က်ေရာက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ျဖစ္တာက ၫႊန္ခ်ဳပ္အိမ္ရာထဲမွာျဖစ္တာ။ MICC-2 ဘက္ကမဟုတ္ဘူး။ စံပယ္အိမ္ရာနားက ၫႊန္ခ်ဳပ္အိမ္ရာမွာျဖစ္တာ။ Fixed Wing ဒ႐ုန္းက ၫႊန္ခ်ဳပ္အိမ္ရာထဲက်တာေပါ့ေနာ္။ သူကေတာ့ ဗုံးသီးေတာ့မပါဘူး။ ဗုံးသီးကေတာ့ ဘယ္မွာျပဳတ္က်ခဲ့လည္းမသိဘူး”ဟု ေနျပည္ေတာ္ထိပ္ပိုင္းလုံၿခဳံေရးအရာရွိတစ္ဦးက NP News ကို ေျပာသည္။
အလားတူ ယမန္ေန႔(ႏိုဝင္ဘာ ၂၅ ရက္)၊ နံနက္ ၉နာရီ ၄၅မိနစ္အခ်ိန္ခန႔္ကလည္း ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ MICC-2 အေဆာက္အအုံအနီး၌ Fixed Wing Drone က်ေရာက္ေပါက္ကြဲကာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ေသဆုံးမႈရွိခဲ့ေၾကာင္း ျပည္ေျပးမီဒီယာအခ်ိဳ႕က ေရးသားေဖာ္ျပေနသည္ကိုေတြ႕ရသည္။
၎သတင္းအခ်က္အလက္ႏွင့္ ပတ္သက္၍ NP News သတင္းဌာနအ ေနျဖင့္ ေနျပည္ေတာ္ရွိ ထိပ္ပိုင္းလုံၿခဳံေရးအရာရွိမ်ားထံ ဆက္သြယ္ေမးျမန္းရာတြင္ ယင္းသတင္းမွာ မမွန္ကန္ေၾကာင္း၊ MICC-2 တြင္ ဒ႐ုန္းက်ေရာက္ကြဲျခင္းမ်ိဳးမရွိခဲ့ေၾကာင္း ျပန္လည္ ေျဖၾကားခဲ့သည္။
“မေန႔ကေတာ့ Fixed Wing Drone က်တာက ၫႊန္ခ်ဳပ္အိမ္ရာထဲမွာပဲက်တာ။ MICC-2 မွာက်တဲ့ျဖစ္စဥ္မရွိပါဘူး။ သတင္းအမွားေတြပါ”ဟု ေနျပည္ ေတာ္ထိပ္ပိုင္းလုံၿခဳံေရးအရာရွိတစ္ဦးက ေျပာသည္။