မိတ်ဆွေအယောင်ဆောင်၍ ဖုန်းဖြင့်ဆက်သွယ်ကာ ငွေကျပ်သိန်း(၃၀၀) ကျော် လိမ်လည်ရယူခဲ့သူ (၅)ဦးကို ဖမ်းဆီးအမှုဖွင့်ထား

 367

ချယ်ရီ (NP News) - နိုဝင်ဘာ ၂၇

မိတ်ဆွေအယောင်ဆောင်၍ ဖုန်းဖြင့်ဆက်သွယ်ကာ (၄)လအတွင်း ငွေကျပ်သိန်း(၃၀၀)ကျော် လိမ်လည်ရယူခဲ့သူ (၅)ဦးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ကျူးလွန်သူအမျိုးသား(၅)ဦးကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်၊ ညနေပိုင်းက ရန်ကုန်-မန္တလေအမြန်လမ်းမကြီး၊ Zero မိုင်တိုးဂိတ်တွင် မကွေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ ပြေးဆွဲနေသည့် “နန်းထိုက်တော်ဝင်” ခရီးသည်တင်ယာဉ်ပေါ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ကားပေါ်တွင် ငွေကြေးလိမ်လည်မှု ကျူးလွန်သူများဖြစ်ကြသည့် မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကျောက်စံ ကျေးရွာတွင်နေထိုင်သော အသက် (၂၃) နှစ်ရှိ သက်ပိုင် (ခ) သက်ခိုင် (ခ) ဇော်သက်ပိုင်၊ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး (တောင်) ရပ်ကွက်တွင် နေထိုင်သော အသက်(၃၆)နှစ်အရွယ် စိုးရာဇာဟိန်း (ခ) အောင်ထိုက် (ခ) လင်းမြတ်စံ (ခ) ကိုလင်းနှင့်အတူ မသင်္ကာတရားခံများဖြစ်ကြသည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး (တောင်) ရပ်ကွက်တွင် နေထိုင်သည့် အသက်(၂၀)နှစ်အရွယ် ဘိုဘိုထွန်း ၊ အသက် (၂၀)အရွယ် အောင်ဇာနည်ဖြိုးနှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်မှ အသက် (၃၂) နှစ်ရှိ စိုးသီဟ (ခ) ဖြိုးသီဟဇော်တို့ (၅) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့(၅)ဦးထံမှ လက်ကိုင်ဖုန်း (၆)လုံးအပြင် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅) ခု၊ KBZ Bank MPU ကတ် (၁) ခု၊ AYA Bank MPU ကတ် (၁) ခု၊ YOMA Bank MPU ကတ် (၁) ခု၊ ငွေ (၂၈၀,၀၀၀) ကျပ်၊ စိန်လက်စွပ် (၁) ကွင်း၊ ရွှေဖြင့် ပြုလုပ်ထားသည့် ပီရှူးလက်ပတ်(၁)ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျူးလွန်သူ သက်ပိုင် (ခ) သက်ခိုင် (ခ) ဇော်သက်ပိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၁) ထိပ်ရှိ အဆောင်တွင် ငှားရမ်းနေထိုင်ခဲ့ပြီး အောင်မင်္ဂလာအဝေးပြေးကားဝင်း၌ ခရီးသည်ကြိုသည့်အလုပ်ကို လုပ်ကိုင်ခဲ့ကာ ခင်မင်ရင်းနှီးသူ ဦးဟိန်းခန့်နှင့် ပူးပေါင်း၍ နတ်ကနားစီးအလုပ်လုပ်ကိုင်ခဲ့ပြီး အဆောင်မှ Jasmine Palace Hotel သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ ဟိုတယ်တွင် စိုးရာဇာဟိန်း (ခ) အောင်ထိုက် (ခ) လင်းမြတ်စံ (ခ) ကိုလင်း၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုး၊ စိုးသီဟ (ခ) ဖြိုးသီဟဇော်တို့နှင့်အတူနေထိုင်ခဲ့ပြီး ကောက်ယူရရှိထားသည့် အောင်ထိုက်နှင့် နှင်းမောင်မောင်လွင်အမည်ပါ နိုင်ငံသားစိစစ်ရေး ကတ်များအား ပြုပြင်အသုံး ပြု၍ KBZ Pay နှင့် Wave Pay အကောင့်များဖွင့်ကာ ဖုန်းအမှတ် ၀၉ ၅ နှင့်စသည့် ဖုန်းနံပါတ်များအား ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လိမ်လည်မှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ နိုဝင်ဘာလအထိ မိတ်ဆွေသူငယ်ချင်းအဖြစ် ယုံကြည်အောင် လိမ်လည်ပြောဆို၍ စုစုပေါင်း (၉) ကြိမ်ကျူးလွန်ခဲ့ပြီး ငွေကျပ် (၃၁၆) သိန်းအား ၎င်းတို့အသုံးပြုလျက်ရှိသည့် အောင်ထိုက်နှင့် စိုးသူဝင်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် KBZ Pay၊ နှင်းမောင်မောင်လွင်အမည်ဖြင့် ဖွင့်လှစ်ထားသည့် Wave Pay အကောင့်များသို့ လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးချက်များအရ ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးလိမ်လည်မှုများအား သက်ပိုင် (ခ) သက်ခိုင် (ခ) ဇော်သက်ပိုင်က ဦးဆောင်၍ မိတ်ဆွေသူငယ်ချင်းအဖြစ် ယုံကြည်အောင် အယောင်ဆောင်ပြောဆိုလိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စိုးရာဇာဟိန်း (ခ) အောင်ထိုက် (ခ) လင်းမြတ်စံ (ခ) ကိုလင်း၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုးနှင့် စိုးသီဟ (ခ) ဖြိုးသီဟဇော်တို့ (၄) ဦးမှ အယောင်ဆောင်ဆက်သွယ်၍ လိမ်လည်ရမည့် ဖုန်းနံပါတ်များအား ရှာဖွေစုဆောင်းပေးခြင်း၊ အယောင်ဆောင်ဆက်သွယ်၍ ရရှိလာသည့် ငွေကြေးများအား လက်ခံထုတ်ယူရာတွင် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြကာ လက်ခံရရှိသည့်ငွေကြေးများအား ၎င်းတို့ (၅) ဦးမှ ခွဲဝေသုံးစွဲခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖုန်းဖြင့်ဆက်သွယ်၍ အယောင်ဆောင်ပြောဆိုကာ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ ၎င်းတို့(၅) ဦးကို စမ်းချောင်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၄၇၁/၄၁၉/၁၁၄ ဖြင့် အမှုရေးဖွင့်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
မိတ္ေဆြအေယာင္ေဆာင္၍ ဖုန္းျဖင့္ဆက္သြယ္ကာ ေငြက်ပ္သိန္း(၃၀၀) ေက်ာ္ လိမ္လည္ရယူခဲ့သူ (၅)ဦးကို ဖမ္းဆီးအမႈဖြင့္ထား
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၂၇

မိတ္ေဆြအေယာင္ေဆာင္၍ ဖုန္းျဖင့္ဆက္သြယ္ကာ (၄)လအတြင္း ေငြက်ပ္သိန္း(၃၀၀)ေက်ာ္ လိမ္လည္ရယူခဲ့သူ (၅)ဦးကို ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

အဆိုပါ က်ဴးလြန္သူအမ်ိဳးသား(၅)ဦးကို ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၁၇ ရက္၊ ညေနပိုင္းက ရန္ကုန္-မႏၲေလအျမန္လမ္းမႀကီး၊ Zero မိုင္တိုးဂိတ္တြင္ မေကြးတိုင္းေဒသႀကီးမွ ရန္ကုန္တိုင္းေဒသႀကီးသို႔ ေျပးဆြဲေနသည့္ “နန္းထိုက္ေတာ္ဝင္” ခရီးသည္တင္ယာဥ္ေပၚ၌ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ခရီးသည္တင္ကားေပၚတြင္ ေငြေၾကးလိမ္လည္မႈ က်ဴးလြန္သူမ်ားျဖစ္ၾကသည့္ မေကြးတိုင္း၊ မင္းဘူးၿမိဳ႕နယ္၊ ေက်ာက္စံ ေက်း႐ြာတြင္ေနထိုင္ေသာ အသက္ (၂၃) ႏွစ္ရွိ သက္ပိုင္ (ခ) သက္ခိုင္ (ခ) ေဇာ္သက္ပိုင္၊ ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ကန္ေတာ္ကေလး (ေတာင္) ရပ္ကြက္တြင္ ေနထိုင္ေသာ အသက္(၃၆)ႏွစ္အ႐ြယ္ စိုးရာဇာဟိန္း (ခ) ေအာင္ထိုက္ (ခ) လင္းျမတ္စံ (ခ) ကိုလင္းႏွင့္အတူ မသကၤာတရားခံမ်ားျဖစ္ၾကသည့္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ကန္ေတာ္ကေလး (ေတာင္) ရပ္ကြက္တြင္ ေနထိုင္သည့္ အသက္(၂၀)ႏွစ္အ႐ြယ္ ဘိုဘိုထြန္း ၊ အသက္ (၂၀)အ႐ြယ္ ေအာင္ဇာနည္ၿဖိဳးႏွင့္ လႈိင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕နယ္၊ အမွတ္ (၁၆) ရပ္ကြက္မွ အသက္ (၃၂) ႏွစ္ရွိ စိုးသီဟ (ခ) ၿဖိဳးသီဟေဇာ္တို႔ (၅) ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၎တို႔(၅)ဦးထံမွ လက္ကိုင္ဖုန္း (၆)လုံးအျပင္ ၎တို႔၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပား (၅) ခု၊ KBZ Bank MPU ကတ္ (၁) ခု၊ AYA Bank MPU ကတ္ (၁) ခု၊ YOMA Bank MPU ကတ္ (၁) ခု၊ ေငြ (၂၈၀,၀၀၀) က်ပ္၊ စိန္လက္စြပ္ (၁) ကြင္း၊ ေ႐ႊျဖင့္ ျပဳလုပ္ထားသည့္ ပီရႉးလက္ပတ္(၁)ခုတို႔ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

က်ဴးလြန္သူ သက္ပိုင္ (ခ) သက္ခိုင္ (ခ) ေဇာ္သက္ပိုင္၏ ထြက္ဆိုခ်က္အရ ၎သည္ လႈိင္သာယာ (အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ (၁) ထိပ္ရွိ အေဆာင္တြင္ ငွားရမ္းေနထိုင္ခဲ့ၿပီး ေအာင္မဂၤလာအေဝးေျပးကားဝင္း၌ ခရီးသည္ႀကိဳသည့္အလုပ္ကို လုပ္ကိုင္ခဲ့ကာ ခင္မင္ရင္းႏွီးသူ ဦးဟိန္းခန႔္ႏွင့္ ပူးေပါင္း၍ နတ္ကနားစီးအလုပ္လုပ္ကိုင္ခဲ့ၿပီး အေဆာင္မွ Jasmine Palace Hotel သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ အဆိုပါ ဟိုတယ္တြင္ စိုးရာဇာဟိန္း (ခ) ေအာင္ထိုက္ (ခ) လင္းျမတ္စံ (ခ) ကိုလင္း၊ ဘိုဘိုထြန္း၊ ေအာင္ဇာနည္ၿဖိဳး၊ စိုးသီဟ (ခ) ၿဖိဳးသီဟေဇာ္တို႔ႏွင့္အတူေနထိုင္ခဲ့ၿပီး ေကာက္ယူရရွိထားသည့္ ေအာင္ထိုက္ႏွင့္ ႏွင္းေမာင္ေမာင္လြင္အမည္ပါ ႏိုင္ငံသားစိစစ္ေရး ကတ္မ်ားအား ျပဳျပင္အသုံး ျပဳ၍ KBZ Pay ႏွင့္ Wave Pay အေကာင့္မ်ားဖြင့္ကာ ဖုန္းအမွတ္ ၀၉ ၅ ႏွင့္စသည့္ ဖုန္းနံပါတ္မ်ားအား ဆက္သြယ္၍ ေငြေၾကးလိမ္လည္ေတာင္းခံမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

လိမ္လည္မႈမ်ားအေနျဖင့္ ၂၀၂၄ ခုႏွစ္၊ ဩဂုတ္လမွ ႏိုဝင္ဘာလအထိ မိတ္ေဆြသူငယ္ခ်င္းအျဖစ္ ယုံၾကည္ေအာင္ လိမ္လည္ေျပာဆို၍ စုစုေပါင္း (၉) ႀကိမ္က်ဴးလြန္ခဲ့ၿပီး ေငြက်ပ္ (၃၁၆) သိန္းအား ၎တို႔အသုံးျပဳလ်က္ရွိသည့္ ေအာင္ထိုက္ႏွင့္ စိုးသူဝင္းအမည္ျဖင့္ ဖြင့္လွစ္ထားသည့္ KBZ Pay၊ ႏွင္းေမာင္ေမာင္လြင္အမည္ျဖင့္ ဖြင့္လွစ္ထားသည့္ Wave Pay အေကာင့္မ်ားသို႔ လႊဲေျပာင္းလက္ခံရယူခဲ့ေၾကာင္း သိရသည္။

ဆက္လက္စစ္ေဆးခ်က္မ်ားအရ ဖုန္းျဖင့္ဆက္သြယ္ကာ အေယာင္ေဆာင္ေျပာဆို၍ ေငြေၾကးလိမ္လည္မႈမ်ားအား သက္ပိုင္ (ခ) သက္ခိုင္ (ခ) ေဇာ္သက္ပိုင္က ဦးေဆာင္၍ မိတ္ေဆြသူငယ္ခ်င္းအျဖစ္ ယုံၾကည္ေအာင္ အေယာင္ေဆာင္ေျပာဆိုလိမ္လည္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ စိုးရာဇာဟိန္း (ခ) ေအာင္ထိုက္ (ခ) လင္းျမတ္စံ (ခ) ကိုလင္း၊ ဘိုဘိုထြန္း၊ ေအာင္ဇာနည္ၿဖိဳးႏွင့္ စိုးသီဟ (ခ) ၿဖိဳးသီဟေဇာ္တို႔ (၄) ဦးမွ အေယာင္ေဆာင္ဆက္သြယ္၍ လိမ္လည္ရမည့္ ဖုန္းနံပါတ္မ်ားအား ရွာေဖြစုေဆာင္းေပးျခင္း၊ အေယာင္ေဆာင္ဆက္သြယ္၍ ရရွိလာသည့္ ေငြေၾကးမ်ားအား လက္ခံထုတ္ယူရာတြင္ ပူးေပါင္းပါဝင္က်ဴးလြန္ခဲ့ၾကကာ လက္ခံရရွိသည့္ေငြေၾကးမ်ားအား ၎တို႔ (၅) ဦးမွ ခြဲေဝသုံးစြဲခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဖုန္းျဖင့္ဆက္သြယ္၍ အေယာင္ေဆာင္ေျပာဆိုကာ ေငြေၾကးမ်ား အႀကိမ္ႀကိမ္လိမ္လည္ရယူခဲ့သူ ၎တို႔(၅) ဦးကို စမ္းေခ်ာင္းၿမိဳ႕မ ရဲစခန္းတြင္ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈/၄၇၁/၄၁၉/၁၁၄ ျဖင့္ အမႈေရးဖြင့္ကာ တရားဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.