ဖားကန့်ဒေသ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းသုံး ယန္တရားမျိုးစုံအတွက် အခွန်ငွေ ကျပ်ဘီလျံ(၁ဝဝ)နီးပါး KIA တို့ နှစ်စဉ်ရရှိနေ
116
အေဝိုင်အီး (NP News) - နိုဝင်ဘာ ၂၇
ပြန်လည်စတင်နေပြီဖြစ်သည့် ဖားကန့်ကျောက်တူးရာသီအတွင်း တစ်ရာသီစာအတွက် ယန္တရားခွန်အဖြစ် ကျပ်ဘီလျံ(၁ဝဝ) သို့မဟုတ် ကျပ်သိန်းပေါင်း(၁၀)သိန်းနီးပါး KIA က ရရှိနေကြောင်းစုံစမ်းသိရှိရသည်။
ဖားကန့်ကျောက်တူးရာသီသည် ပုံမှန်အားဖြင့်(၇)လရှိနေပြီး ယခုနှစ်အတွင်း၌ မိုးရာသီ ကုန်ဆုံးမှုနောက်ကျသည့်အတွက် KIA တို့၏ ယန္တရားခွန် ရရှိမှုသည်လည်း အနည်းငယ်လျော့နည်းသွားနိုင်ခြေရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့ကဆို သည်။ "ဘက်ဟိုးတစ်စီးကို ယန္တရားခွန်အဖြစ် တစ်လ(၁၅)သိန်းကောက်တယ်။ မြေသယ်ကားတစ် စီးကို တစ်လငါးသိန်းကောက်တယ်။ မြေတူးစက် တွေနဲ့ တခြားယန္တရားတွေကိုလည်း တစ်လငါးသိန်း ပတ်ချာလည်ကောက်တယ်။ လူစီးကားပါကောက်တာဗျာ။ ဆိုင်ကယ်တွေကိုတော့ ဒီနှစ်မှစကောက်တာ"ဟု ဖားကန့်အခြေစိုက်သတင်းရင်းမြစ်က NP News ကို ပြောသည်။
ယခင်နှစ်များအတွင်းက ရေမဆေးကျောက်သမားများ အများဆုံးစီးသည့်ဆိုင်ကယ်များအတွက် အခွန်ကောက်ခံခြင်းမလုပ်ခဲ့သော်လည်း ယခုနှစ်ကျောက်တူးရာသီမှစ၍ KIA တို့က ကောက် ယူနေခြင်းအပေါ် နယ်မြေခံများကကျေနပ်မှုမရှိကြ ကြောင်းလည်း ကြားသိရသည်။ သို့သော်လည်း တစ် စီးလျှင် တစ်လ(၂၀ဝဝ)ကျပ်နှုန်းဖြင့် ကောက်ခံနေမှုကို မပေးဘဲမနေရဲကြကြောင်းဆိုသည်။ NLD အစိုးရလက်ထက်(၂၀၁၈)ခုနှစ်အတွင်းက တရားဝင်ကောက်ယူခဲ့သော စာရင်းဇယားများအရ ဖားကန့်ဒေသကျောက်တူးလုပ်ငန်းများတွင် အသုံးပြုသည့် ယန္တရားအစီးရေ(၁၃၀ဝဝ)ကျော် ရှိနေကြောင်းလည်း သိရသည်။ ယင်းအထဲတွင် ဘက်ဟိုးများ၊ မြေသယ်ယာဉ်များ၊ မြေတူးစက်များအပါအဝင် ကျောက်မျက်တူးဖော်ရေးဆိုင်ရာ အခြားသောယန္တရားမျိုးစုံပါဝင်နေသည်ဟုသိရသည်။
" အာဏာထိန်းပြီးနောက်ပိုင်းမှာတင် ကျောက်တူးဖို့ဆိုပြီး ထပ်သွင်းလာတဲ့ ဘက်ဟိုးနဲ့ စက် ယန္တရားက အစီးရေ(၁၀ဝဝ)ကျော်တယ်ဗျာ။ အား လုံးကတရုတ်ဘက်ကနေသွင်းတာလည်းရှိတယ်။ ပြည်မကနေသယ်လာတာလည်းရှိတယ်။ တရုတ် ဘက်ကလာတာမှန်သမျှ Black တွေချည်းပဲ။ ပြည်မ ကလာတာလည်း အစိုးရဆီမှာ(၁၀)စီးပြရင် တကယ်သွင်းတာက အစီး(၁၀ဝ)လောက်သွင်းကြတာလေ။ ဖားကန့်မှာက Caterpillar ရှိတယ်၊ Volvo၊Sumitomo နဲ့ Komatsu အစုံပဲဗျာ။ ခန့်မှန်းထားတာ တော့ယန္တရားမျိုးစုံ အစီးရေ(၁၄၀ဝဝ)အထက်မှာပဲ ရှိတယ် " ဟု သတင်းရင်းမြစ်ကပြောသည်။ ဘက်ဟိုး စီးရေ (၃၀ဝဝ)ရှိလျှင်ပင် တစ်လကျပ်(၁၅)သိန်းနှုန်း ဖြင့် အကြမ်းဖျင်းတွက်ပါက တစ်လကျပ်သိန်း(၄၅၀ဝဝ) ရရှိနေပြီး တစ်ရာသီစာ (၇)လအတွင်းကျပ်သိန်း ပေါင်း(၃)သိန်းကျော်ရရှိနေမည့်သဘောဖြစ်သည်။
မြေသယ်ယာဉ်တစ်စီးလျှင် တစ်လကျပ် (၅)သိန်းကောက်ခံနေခြင်းကြောင့် အစီးရေ(၈၀ဝဝ) ရှိမည်ဆိုပါက သိန်းပေါင်း(၄၀ဝဝဝ)လစဉ်ရရှိနေပြီး (၇)လအတွင်း ကျပ်သိန်းပေါင်း(၃)သိန်းနီးပါး ရရှိနေ မည်လည်းဖြစ်သည်။ အခြားသောယန္တရားစီးရေ (၃၀ဝဝ)ကျော်အတွက် တစ်လလျှင် ကျပ်(၅)သိန်း ခန့်သာကောက်မည်ဆိုပါက ကျပ်သိန်းပေါင်း (၁၅၀ဝဝ)ရရှိနိုင်ပြီး (၇)လအတွက်ကျပ်(၁)သိန်း ကျော်ရရှိမည့်သဘောလည်းဖြစ်သည်။
"ယန္တရားအခွန်မပေးရင် ဘာဖြစ်မလဲဆိုတော့ မြေအောက်မြုပ်သွားရင်သွား၊ မဟုတ်ရင်မီး လောင်ပျက်စီးသွားလိမ့်မယ်။ သိန်းသောင်းချီတန်တဲ့ စက်တွေအတွက် လုပ်ငန်းရှင်က မပေးဘဲမနေရဲဘူး လေ။ ယမ်းဖောက်စက်လိုမျိုးဆိုရင် တစ်စီးကိုတစ်လ (၂၅)သိန်းလောက်ကောက်တယ်။ တွန်းတဲ့ Loader စက်တွေလည်းရှိတယ်ဗျ။ မြေသယ်ယာဉ်က လုပ်ငန်း ခွင်မှာအများဆုံးပဲ။ ကျင်းတစ်ကျင်းမှာ ဘက်ဟိုး(၁၀)စီးသုံးရင် မြေသယ်ယာဉ်ကအစီး(၃၀)ကနေ(၅၀)အထိသုံးတယ်"ဟု သတင်းရင်းမြစ်ကဆက်လက် ပြောကြားသည်။
နောက်ဆုံးကောက်ခံနေသည့် ဆိုင်ကယ် တစ်စီးလျှင်(၂၀ဝဝ)ကျပ်နှုန်းဖြင့် ဆိုင်ကယ်အပ်နှံခ ရယူမှုသည်လည်း တစ်ရက်စာသတ်မှတ်ချက်သာ ဖြစ်ပြီး ရေမဆေးကျောက်ကောက်ရန်လာသည့် ဆိုင် ကယ်အစီးရေက နေ့စဉ်(၁၀ဝဝဝ)အထက်ရှိနေ သည့်အတွက် တစ်ရက်ပျမ်းမျှ သိန်း(၂၀ဝ) ကျပ်ထက် မနည်း၊ တစ်လသိန်း(၆၀ဝဝ)နှုန်းဖြင့် (၇)လအတွက် သိန်းပေါင်း(၄၂၀ဝဝ)ကျော် ရရှိနေမည့်သဘောလည်းဖြစ်သည်။
ယင်းအတွက်ကြောင့် ကျောက်တူးလုပ်ငန်း အတွက် ယန္တရားမျိုးစုံ(၁၄၀ဝဝ)ကျော်အပေါ် အခွန် ကောက်ခံမှုသည်(၇)လတာအတွင်း အကြမ်းဖျင်း တွက်ချက်မှုအရ ကျပ်သိန်းပေါင်း(၁၀)သိန်းနီးပါး KIA တို့က ရရှိနေမည့်သဘောလည်းဖြစ်သည်။ အဆိုပါငွေကြေးများသည် နိုင်ငံတော်ထံ သို့လည်း စီးဝင်ခြင်းမရှိ၊ နယ်မြေခံတပ်ရင်း၊ တပ်မများထံသို့လည်း မစို့မပို့ပေးကမ်းမှုထက်မပိုသော ငွေကြေးမျိုးသာရရှိနိုင်ပြီး KIA ကအများဆုံးရယူထား သကဲ့သို့ ဖြစ်နေသည်။
zawgyi version
ဖားကန႔္ေဒသ ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းသုံး ယႏၲရားမ်ိဳးစုံအတြက္ အခြန္ေငြ က်ပ္ဘီလ်ံ(၁ဝဝ)နီးပါး KIA တို႔ ႏွစ္စဥ္ရရွိေန
ေအဝိုင္အီး (NP News) - ႏိုဝင္ဘာ ၂၇
ျပန္လည္စတင္ေနၿပီျဖစ္သည့္ ဖားကန႔္ေက်ာက္တူးရာသီအတြင္း တစ္ရာသီစာအတြက္ ယႏၲရားခြန္အျဖစ္ က်ပ္ဘီလ်ံ(၁ဝဝ) သို႔မဟုတ္ က်ပ္သိန္းေပါင္း(၁၀)သိန္းနီးပါး KIA က ရရွိေနေၾကာင္းစုံစမ္းသိရွိရသည္။
ဖားကန႔္ေက်ာက္တူးရာသီသည္ ပုံမွန္အားျဖင့္(၇)လရွိေနၿပီး ယခုႏွစ္အတြင္း၌ မိုးရာသီ ကုန္ဆုံးမႈေနာက္က်သည့္အတြက္ KIA တို႔၏ ယႏၲရားခြန္ ရရွိမႈသည္လည္း အနည္းငယ္ေလ်ာ့နည္းသြားႏိုင္ေျခရွိေၾကာင္း ေဒသတြင္းသတင္းရင္းျမစ္တို႔ကဆို သည္။ "ဘက္ဟိုးတစ္စီးကို ယႏၲရားခြန္အျဖစ္ တစ္လ(၁၅)သိန္းေကာက္တယ္။ ေျမသယ္ကားတစ္ စီးကို တစ္လငါးသိန္းေကာက္တယ္။ ေျမတူးစက္ ေတြနဲ႔ တျခားယႏၲရားေတြကိုလည္း တစ္လငါးသိန္း ပတ္ခ်ာလည္ေကာက္တယ္။ လူစီးကားပါေကာက္တာဗ်ာ။ ဆိုင္ကယ္ေတြကိုေတာ့ ဒီႏွစ္မွစေကာက္တာ"ဟု ဖားကန႔္အေျခစိုက္သတင္းရင္းျမစ္က NP News ကို ေျပာသည္။
ယခင္ႏွစ္မ်ားအတြင္းက ေရမေဆးေက်ာက္သမားမ်ား အမ်ားဆုံးစီးသည့္ဆိုင္ကယ္မ်ားအတြက္ အခြန္ေကာက္ခံျခင္းမလုပ္ခဲ့ေသာ္လည္း ယခုႏွစ္ေက်ာက္တူးရာသီမွစ၍ KIA တို႔က ေကာက္ ယူေနျခင္းအေပၚ နယ္ေျမခံမ်ားကေက်နပ္မႈမရွိၾက ေၾကာင္းလည္း ၾကားသိရသည္။ သို႔ေသာ္လည္း တစ္ စီးလွ်င္ တစ္လ(၂၀ဝဝ)က်ပ္ႏႈန္းျဖင့္ ေကာက္ခံေနမႈကို မေပးဘဲမေနရဲၾကေၾကာင္းဆိုသည္။ NLD အစိုးရလက္ထက္(၂၀၁၈)ခုႏွစ္အတြင္းက တရားဝင္ေကာက္ယူခဲ့ေသာ စာရင္းဇယားမ်ားအရ ဖားကန႔္ေဒသေက်ာက္တူးလုပ္ငန္းမ်ားတြင္ အသုံးျပဳသည့္ ယႏၲရားအစီးေရ(၁၃၀ဝဝ)ေက်ာ္ ရွိေနေၾကာင္းလည္း သိရသည္။ ယင္းအထဲတြင္ ဘက္ဟိုးမ်ား၊ ေျမသယ္ယာဥ္မ်ား၊ ေျမတူးစက္မ်ားအပါအဝင္ ေက်ာက္မ်က္တူးေဖာ္ေရးဆိုင္ရာ အျခားေသာယႏၲရားမ်ိဳးစုံပါဝင္ေနသည္ဟုသိရသည္။
" အာဏာထိန္းၿပီးေနာက္ပိုင္းမွာတင္ ေက်ာက္တူးဖို႔ဆိုၿပီး ထပ္သြင္းလာတဲ့ ဘက္ဟိုးနဲ႔ စက္ ယႏၲရားက အစီးေရ(၁၀ဝဝ)ေက်ာ္တယ္ဗ်ာ။ အား လုံးကတ႐ုတ္ဘက္ကေနသြင္းတာလည္းရွိတယ္။ ျပည္မကေနသယ္လာတာလည္းရွိတယ္။ တ႐ုတ္ ဘက္ကလာတာမွန္သမွ် Black ေတြခ်ည္းပဲ။ ျပည္မ ကလာတာလည္း အစိုးရဆီမွာ(၁၀)စီးျပရင္ တကယ္သြင္းတာက အစီး(၁၀ဝ)ေလာက္သြင္းၾကတာေလ။ ဖားကန႔္မွာက Caterpillar ရွိတယ္၊ Volvo၊Sumitomo နဲ႔ Komatsu အစုံပဲဗ်ာ။ ခန႔္မွန္းထားတာ ေတာ့ယႏၲရားမ်ိဳးစုံ အစီးေရ(၁၄၀ဝဝ)အထက္မွာပဲ ရွိတယ္ " ဟု သတင္းရင္းျမစ္ကေျပာသည္။ ဘက္ဟိုး စီးေရ (၃၀ဝဝ)ရွိလွ်င္ပင္ တစ္လက်ပ္(၁၅)သိန္းႏႈန္း ျဖင့္ အၾကမ္းဖ်င္းတြက္ပါက တစ္လက်ပ္သိန္း(၄၅၀ဝဝ) ရရွိေနၿပီး တစ္ရာသီစာ (၇)လအတြင္းက်ပ္သိန္း ေပါင္း(၃)သိန္းေက်ာ္ရရွိေနမည့္သေဘာျဖစ္သည္။
ေျမသယ္ယာဥ္တစ္စီးလွ်င္ တစ္လက်ပ္ (၅)သိန္းေကာက္ခံေနျခင္းေၾကာင့္ အစီးေရ(၈၀ဝဝ) ရွိမည္ဆိုပါက သိန္းေပါင္း(၄၀ဝဝဝ)လစဥ္ရရွိေနၿပီး (၇)လအတြင္း က်ပ္သိန္းေပါင္း(၃)သိန္းနီးပါး ရရွိေန မည္လည္းျဖစ္သည္။ အျခားေသာယႏၲရားစီးေရ (၃၀ဝဝ)ေက်ာ္အတြက္ တစ္လလွ်င္ က်ပ္(၅)သိန္း ခန႔္သာေကာက္မည္ဆိုပါက က်ပ္သိန္းေပါင္း (၁၅၀ဝဝ)ရရွိႏိုင္ၿပီး (၇)လအတြက္က်ပ္(၁)သိန္း ေက်ာ္ရရွိမည့္သေဘာလည္းျဖစ္သည္။
"ယႏၲရားအခြန္မေပးရင္ ဘာျဖစ္မလဲဆိုေတာ့ ေျမေအာက္ျမဳပ္သြားရင္သြား၊ မဟုတ္ရင္မီး ေလာင္ပ်က္စီးသြားလိမ့္မယ္။ သိန္းေသာင္းခ်ီတန္တဲ့ စက္ေတြအတြက္ လုပ္ငန္းရွင္က မေပးဘဲမေနရဲဘူး ေလ။ ယမ္းေဖာက္စက္လိုမ်ိဳးဆိုရင္ တစ္စီးကိုတစ္လ (၂၅)သိန္းေလာက္ေကာက္တယ္။ တြန္းတဲ့ Loader စက္ေတြလည္းရွိတယ္ဗ်။ ေျမသယ္ယာဥ္က လုပ္ငန္း ခြင္မွာအမ်ားဆုံးပဲ။ က်င္းတစ္က်င္းမွာ ဘက္ဟိုး(၁၀)စီးသုံးရင္ ေျမသယ္ယာဥ္ကအစီး(၃၀)ကေန(၅၀)အထိသုံးတယ္"ဟု သတင္းရင္းျမစ္ကဆက္လက္ ေျပာၾကားသည္။
ေနာက္ဆုံးေကာက္ခံေနသည့္ ဆိုင္ကယ္ တစ္စီးလွ်င္(၂၀ဝဝ)က်ပ္ႏႈန္းျဖင့္ ဆိုင္ကယ္အပ္ႏွံခ ရယူမႈသည္လည္း တစ္ရက္စာသတ္မွတ္ခ်က္သာ ျဖစ္ၿပီး ေရမေဆးေက်ာက္ေကာက္ရန္လာသည့္ ဆိုင္ ကယ္အစီးေရက ေန႔စဥ္(၁၀ဝဝဝ)အထက္ရွိေန သည့္အတြက္ တစ္ရက္ပ်မ္းမွ် သိန္း(၂၀ဝ) က်ပ္ထက္ မနည္း၊ တစ္လသိန္း(၆၀ဝဝ)ႏႈန္းျဖင့္ (၇)လအတြက္ သိန္းေပါင္း(၄၂၀ဝဝ)ေက်ာ္ ရရွိေနမည့္သေဘာလည္းျဖစ္သည္။
ယင္းအတြက္ေၾကာင့္ ေက်ာက္တူးလုပ္ငန္း အတြက္ ယႏၲရားမ်ိဳးစုံ(၁၄၀ဝဝ)ေက်ာ္အေပၚ အခြန္ ေကာက္ခံမႈသည္(၇)လတာအတြင္း အၾကမ္းဖ်င္း တြက္ခ်က္မႈအရ က်ပ္သိန္းေပါင္း(၁၀)သိန္းနီးပါး KIA တို႔က ရရွိေနမည့္သေဘာလည္းျဖစ္သည္။ အဆိုပါေငြေၾကးမ်ားသည္ ႏိုင္ငံေတာ္ထံ သို႔လည္း စီးဝင္ျခင္းမရွိ၊ နယ္ေျမခံတပ္ရင္း၊ တပ္မမ်ားထံသို႔လည္း မစို႔မပို႔ေပးကမ္းမႈထက္မပိုေသာ ေငြေၾကးမ်ိဳးသာရရွိႏိုင္ၿပီး KIA ကအမ်ားဆုံးရယူထား သကဲ့သို႔ ျဖစ္ေနသည္။