ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် (၁၄)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပါဝင်သူ(၁၀)ဦးကို ဖမ်းဆီးရမိ

 137

ချယ်ရီ (NP News)- နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၄ ဒသမ ၅ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပါဝင်သူ (၁၀)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်၊ ညနေ ၃ နာရီအချိန်ခန့်တွင် ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာ မြောင်းဘေးတွင် မူးယစ်ဆေးဝါးများ လွှဲပြောင်းသယ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိရာ သွားရောက်ရှာဖွေစစ်ဆေးစဉ် စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာတွင် စိုင်းဝဏ္ဏထွန်း(ခ)ဝဏ္ဏ နှင့် စိုးမြင့်ထွန်းတို့ (၂)ဦးကို တူးကရောင်းအမျိုးအစားကားတစ်စီး၊ CANTER အမျိုးအစား ကား တစ်စီး၊ ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဘိန်းဖြူပါ ဆပ်ပြာခွက် (၂၂၀) ခွက်စီပါဝင်သော ဆာလာအိတ် အလုံးပေါင်း (၆၇)လုံးအတွင်းမှ ဘိန်းဖြူ (၁၄၇ ဒသမ ၄) ကီလိုနှင့် ဆာလာအိတ်အလုံးပေါင်း(၂၀) ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား (၄၁ ဒသမ ၄၈) သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေပိုင်းအချိန်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာလမ်း ကြောင်း၌ ရှေ့ပြေးဆောင်ရွက်သူ ဉာဏ်ဝင်းလှိုင်ကို စဉ့်ကိုင်မြို့ တိုးဂိတ်တွင် SURF အမျိုးအစား ကားဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်မှ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ် လမ်းဆုံအထိ တာဝန်ခံသယ်ဆောင်သူ ဇော်ထွန်းကို ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်လမ်းဆုံတွင် ဆိုင်ကယ်တစ်စီးဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၈ ရက်၊နံနက်ပိုင်းတွင် CANTER အမျိုးအစားကားကို မောင်းနှင်ခဲ့သူ ယာဉ်မောင်း ကျော်စွာလင်း(ခ)ဂက်စ်အိုးကို ကျောက်ဆည်မြို့နယ်၊ ဆားတောင်ငယ်ကျေးရွာတွင် လည်းကောင်း၊ အထက်ပါ မူးယစ်ဆေးဝါးများကို လက်ခံမည့်သူ အောင်ခန့်အား ယင်းနေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁ x ၃၂ လမ်းကြား၊ ၈၇ လမ်းမပေါ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နိုဝင်ဘာလ ၁၉ ရက်တွင် ရပ်စောက်မြို့နယ်မှ ရွာငံမြို့နယ်သို့ ယင်းမူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ သက်ဝေအောင် ကို အောင်ပန်းမြို့တွင် လည်းကောင်း၊ မူးယစ်ဆေးဝါးများအား DONGFENG အမျိုးအစား တွဲကားဖြင့် သယ်ဆောင်ခဲ့သူ ဥက္ကာနိုင်ကို ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်းတွင် အဆိုပါတွဲကားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ဇော်ထွန်း၏ ဖော်ထုတ်ချက်အရ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာအနောက်ဘက် တောစပ်ချုံအတွင်း ဝှက်သိမ်းထားခဲ့သည့် ဘိန်းဖြူပါ ဆပ်ပြာခွက်များထည့်ထားသည့် ဆာလာအိတ်အလုံးပေါင်း (၈၄)လုံးအတွင်းမှ ဘိန်းဖြူ (၁၈၄ ဒသမ ၈ ကီလို)ကို ထပ်မံသိမ်းဆည်းရမိခဲ့ရာ စုစုပေါင်း ငွေကျပ် (၁၄ ဒသမ ၅ ဘီလျံ) ကျော်တန်ဖိုးရှိသည့် ဘိန်းဖြူ (၃၃၂ ဒသမ ၂ကီလို)နှင့် စိတ်ကြွရူးသွပ် ဆေးပြား (၄၁ ဒသမ ၄၈) သိန်းတို့ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ့တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်လက် စစ်ဆေးဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးများကို ရွာငံမြို့နယ်၊ ယုန်တောင်ကျေးရွာမှ စစ်ဆေးရေးဂိတ်များအား ရှောင် ကွင်း၍ ကျေးရွာချင်းဆက် လမ်းများမှတဆင့် သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စိုင်းနိုင်ထူးသာ(ခ)နေဖြိုးထက်ကို (နိုဝင်ဘာလ ၁၉ ရက်)၊ ညပိုင်း ၈ နာရီ အချိန်ခန့်က မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များဖြင့် ဝယ်ယူထားသော အောင်ခန့် ပိုင်ဆိုင်ထားသည့် ALPHARD အမျိုးအစားကား နှင့် MARK II ကားတို့ကို ချမ်းအေးသာစံမြို့နယ်တွင် ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိပြီး ၎င်းမူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ေငြက်ပ္ (၁၄)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္ ဆက္စပ္ပါဝင္သူ(၁၀)ဦးကို ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News)- ႏိုဝင္ဘာ ၂၇

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ေငြက်ပ္ ၁၄ ဒသမ ၅ ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္ ဆက္စပ္ပါဝင္သူ (၁၀)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁၇ ရက္၊ ညေန ၃ နာရီအခ်ိန္ခန႔္တြင္ ေက်ာက္ဆည္ၿမိဳ႕နယ္၊ ေတာင္ေတာ္ေက်း႐ြာ၏ ေျမာက္ဘက္ ၃ ဖာလုံခန႔္အကြာ ေျမာင္းေဘးတြင္ မူးယစ္ေဆးဝါးမ်ား လႊဲေျပာင္းသယ္ေဆာင္မည္ျဖစ္ေၾကာင္း သတင္းရရွိရာ သြားေရာက္ရွာေဖြစစ္ေဆးစဥ္ စတင္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေနရာတြင္ စိုင္းဝဏၰထြန္း(ခ)ဝဏၰ ႏွင့္ စိုးျမင့္ထြန္းတို႔ (၂)ဦးကို တူးကေရာင္းအမ်ိဳးအစားကားတစ္စီး၊ CANTER အမ်ိဳးအစား ကား တစ္စီး၊ ဆိုင္ကယ္တစ္စီးတို႔ႏွင့္အတူ ဘိန္းျဖဴပါ ဆပ္ျပာခြက္ (၂၂၀) ခြက္စီပါဝင္ေသာ ဆာလာအိတ္ အလုံးေပါင္း (၆၇)လုံးအတြင္းမွ ဘိန္းျဖဴ (၁၄၇ ဒသမ ၄) ကီလိုႏွင့္ ဆာလာအိတ္အလုံးေပါင္း(၂၀) ျဖင့္ထည့္ထားေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄၁ ဒသမ ၄၈) သိန္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ညေနပိုင္းအခ်ိန္တြင္ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ရာလမ္း ေၾကာင္း၌ ေရွ႕ေျပးေဆာင္႐ြက္သူ ဉာဏ္ဝင္းလႈိင္ကို စဥ့္ကိုင္ၿမိဳ႕ တိုးဂိတ္တြင္ SURF အမ်ိဳးအစား ကားျဖင့္လည္းေကာင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ႐ြာငံၿမိဳ႕နယ္မွ ေက်ာက္ဆည္ၿမိဳ႕နယ္၊ ဟံျမင့္မိုရ္ လမ္းဆုံအထိ တာဝန္ခံသယ္ေဆာင္သူ ေဇာ္ထြန္းကို ေက်ာက္ဆည္ၿမိဳ႕နယ္၊ ဟံျမင့္မိုရ္လမ္းဆုံတြင္ ဆိုင္ကယ္တစ္စီးျဖင့္ လည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုဝင္ဘာလ ၁၈ ရက္၊နံနက္ပိုင္းတြင္ CANTER အမ်ိဳးအစားကားကို ေမာင္းႏွင္ခဲ့သူ ယာဥ္ေမာင္း ေက်ာ္စြာလင္း(ခ)ဂက္စ္အိုးကို ေက်ာက္ဆည္ၿမိဳ႕နယ္၊ ဆားေတာင္ငယ္ေက်း႐ြာတြင္ လည္းေကာင္း၊ အထက္ပါ မူးယစ္ေဆးဝါးမ်ားကို လက္ခံမည့္သူ ေအာင္ခန႔္အား ယင္းေန႔၊ မြန္းလြဲပိုင္းတြင္ မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၃၁ x ၃၂ လမ္းၾကား၊ ၈၇ လမ္းမေပၚတြင္လည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ႏိုဝင္ဘာလ ၁၉ ရက္တြင္ ရပ္ေစာက္ၿမိဳ႕နယ္မွ ႐ြာငံၿမိဳ႕နယ္သို႔ ယင္းမူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ခိုင္းသူ သက္ေဝေအာင္ ကို ေအာင္ပန္းၿမိဳ႕တြင္ လည္းေကာင္း၊ မူးယစ္ေဆးဝါးမ်ားအား DONGFENG အမ်ိဳးအစား တြဲကားျဖင့္ သယ္ေဆာင္ခဲ့သူ ဥကၠာႏိုင္ကို ေက်ာက္ဆည္ၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္းတြင္ အဆိုပါတြဲကားႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျပစ္မႈက်ဴးလြန္သူ ေဇာ္ထြန္း၏ ေဖာ္ထုတ္ခ်က္အရ ေက်ာက္ဆည္ၿမိဳ႕နယ္၊ ကင္းေက်း႐ြာအေနာက္ဘက္ ေတာစပ္ခ်ဳံအတြင္း ဝွက္သိမ္းထားခဲ့သည့္ ဘိန္းျဖဴပါ ဆပ္ျပာခြက္မ်ားထည့္ထားသည့္ ဆာလာအိတ္အလုံးေပါင္း (၈၄)လုံးအတြင္းမွ ဘိန္းျဖဴ (၁၈၄ ဒသမ ၈ ကီလို)ကို ထပ္မံသိမ္းဆည္းရမိခဲ့ရာ စုစုေပါင္း ေငြက်ပ္ (၁၄ ဒသမ ၅ ဘီလ်ံ) ေက်ာ္တန္ဖိုးရွိသည့္ ဘိန္းျဖဴ (၃၃၂ ဒသမ ၂ကီလို)ႏွင့္ စိတ္ႂကြ႐ူးသြပ္ ေဆးျပား (၄၁ ဒသမ ၄၈) သိန္းတို႔ ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲ႕တပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

ဆက္လက္ စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ မူးယစ္ေဆးဝါးမ်ားကို ႐ြာငံၿမိဳ႕နယ္၊ ယုန္ေတာင္ေက်း႐ြာမွ စစ္ေဆးေရးဂိတ္မ်ားအား ေရွာင္ ကြင္း၍ ေက်း႐ြာခ်င္းဆက္ လမ္းမ်ားမွတဆင့္ သယ္ေဆာင္ရာ၌ ပူးေပါင္းပါဝင္သူ စိုင္းႏိုင္ထူးသာ(ခ)ေနၿဖိဳးထက္ကို (ႏိုဝင္ဘာလ ၁၉ ရက္)၊ ညပိုင္း ၈ နာရီ အခ်ိန္ခန႔္က မႏၲေလးၿမိဳ႕တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၎မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ေရာင္းဝယ္ရာမွ ရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ားျဖင့္ ဝယ္ယူထားေသာ ေအာင္ခန႔္ ပိုင္ဆိုင္ထားသည့္ ALPHARD အမ်ိဳးအစားကား ႏွင့္ MARK II ကားတို႔ကို ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ ဆက္လက္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစႏိုင္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား စစ္ေဆးေဖာ္ထုတ္လ်က္ရွိၿပီး ၎မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ရာမွရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ ဆက္လက္အေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.