မူဆယ်နယ်စပ် ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်သော်လည်း ကုန်သွယ်ရေး အဆင်မပြေသေး
149
ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂၇
မူဆယ်ရှိ တရုတ်မြန်မာနယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပိတ်ထားရာမှ လက်တလော ကျင်စန်းကျော့ ဂိတ်ပြန်ဖွင့်ပေးလိုက်သော်လည်း ကုန်သွယ် ရေးလုပ်ကိုင်နိုင်ခြင်းမရှိကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။
တရုတ်မြန်မာနယ်စပ်မူဆယ်မြို့ရှိ ကုန်သွယ်ရေးဂိတ်များပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများအကြား ဆွေးနွေးမှုများအပြီးတွင် ကျင်စန်းကျော့ ဂိတ်တစ်ခုကိုသာ နိုဝင်ဘာ ၂၅ ရက်ကစတင်ကာ ကုန်သွယ်မှုပြုလုပ်နိုင်ခြင်းဖြစ်သည်။ သို့သော်လည်းသတ်မှတ်ထားသည့် စည်းမျဉ်းများအရတစ်နိုင်တစ်ပိုင်ကုန်သွယ်ရန်နှင့် ဆိုင်ကယ်များဖြင့်သာ ကုန်သွယ်ရန် ညွှန်ကြားထားကြောင်းသိရသည်။
“အခုအချိန်အထိ တရုတ်ဘက်ကနေ ကားကြီးပေးမဝင်ဘူး ဆိုင်ကယ်သီးသန့်ဘဲ မူဆယ်ဘက်ကို ဝင်လို့ရတယ်၊ လက်တွန်းလှည်း မရဘူး၊ စားသောက်ကုန်သီးသန့်ပဲရတယ်။ နောက်ထပ်တခြားကုန်စည်တွေထဲမှာ လျှပ်စစ်ပစ္စည်းတွေ သွင်းလို့မရဘူး”ဟု မူဆယ်နယ်စပ် ကုန်သည်တစ်ဦးက ပြောသည်။
တရုတ်နှင့် မြန်မာတို့ ပူးတွဲသတ်မှတ်ထုတ်ပြန်ထားသော စည်းကမ်းချက် (၆)ချက်ရှိပြီး ကုန်ပစ္စည်းများ တင်ဆောင်မည့် ကားနှင့် ဆိုင်ကယ်များကိုသက်ဆိုင်ရာနှစ်နိုင်ငံလုံးက သတ်မှတ်ထားသော ခွင့်ပြုမိန့်များ ပါရှိရမည်ဖြစ်ကြောင်း၊ မူဆယ်မြို့နယ်အတွင်း စားသုံးရန်ဖြစ်သော မီးဖိုချောင်သုံးအသီးအနှံများ၊ အသားနှင့်ငါးများကိုသာ ခွင့်ပြုကြောင်း၊ အေးခဲသားများ အပါအဝင် အခြားလူသုံးကုန်ပစ္စည်းများကို တင်ဆောင်ခွင့်မပြုကြောင်း၊ အိမ်စီးကားများ၊ စက်ဘီး နှင့် လက်တွန်းလှည်းဖြင့် ကုန်ပစ္စည်းတင်ဆောင်မှု လုံး၀ (လုံး၀) ခွင့်မပြုကြောင်း၊ ဆိုင်ကယ်များဖြင့် ကုန်ပစ္စည်းများ တင် ဆောင်ရာတွင်လည်း စားသုံးရန်ဖြစ်သော မီးဖိုချောင်အသီးအနှံများ၊ အသားနှင့် ငါးများကို ခွင့်ပြုမည်ဖြစ်ကြောင်း စသည့် စည်းကမ်းချက်အသစ်များကို ထုတ်ပြန်ထားသည်။
မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော နန်းတော်၊ ဆင်ဖြူ၊ မန့် ဝိန်း၊ ကျင်စန်းကျော့၊ ပန်ဆိုင်းတို့အနက်မှ ဂိတ်အများစုကို ဒီဇင်ဘာလ ၁ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်လှစ်ရာတွင် ကန့်သတ်ချက်များစွာ ထည့်သွင်းထားကြောင်း သိရသည်။
zawgyi version
မူဆယ္နယ္စပ္ က်င္စန္းေက်ာ့ဂိတ္ ျပန္ဖြင့္ေသာ္လည္း ကုန္သြယ္ေရး အဆင္မေျပေသး
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၂၇
မူဆယ္ရွိ တ႐ုတ္ျမန္မာနယ္စပ္ဂိတ္မ်ားကို တ႐ုတ္ဘက္မွ ပိတ္ထားရာမွ လက္တေလာ က်င္စန္းေက်ာ့ ဂိတ္ျပန္ဖြင့္ေပးလိုက္ေသာ္လည္း ကုန္သြယ္ ေရးလုပ္ကိုင္ႏိုင္ျခင္းမရွိေၾကာင္း မူဆယ္ၿမိဳ႕ခံမ်ားထံမွ သိရသည္။
တ႐ုတ္ျမန္မာနယ္စပ္မူဆယ္ၿမိဳ႕ရွိ ကုန္သြယ္ေရးဂိတ္မ်ားျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ႏွစ္ႏိုင္ငံတာဝန္ရွိသူမ်ားအၾကား ေဆြးေႏြးမႈမ်ားအၿပီးတြင္ က်င္စန္းေက်ာ့ ဂိတ္တစ္ခုကိုသာ ႏိုဝင္ဘာ ၂၅ ရက္ကစတင္ကာ ကုန္သြယ္မႈျပဳလုပ္ႏိုင္ျခင္းျဖစ္သည္။ သို႔ေသာ္လည္းသတ္မွတ္ထားသည့္ စည္းမ်ဥ္းမ်ားအရတစ္ႏိုင္တစ္ပိုင္ကုန္သြယ္ရန္ႏွင့္ ဆိုင္ကယ္မ်ားျဖင့္သာ ကုန္သြယ္ရန္ ၫႊန္ၾကားထားေၾကာင္းသိရသည္။
“အခုအခ်ိန္အထိ တ႐ုတ္ဘက္ကေန ကားႀကီးေပးမဝင္ဘူး ဆိုင္ကယ္သီးသန႔္ဘဲ မူဆယ္ဘက္ကို ဝင္လို႔ရတယ္၊ လက္တြန္းလွည္း မရဘူး၊ စားေသာက္ကုန္သီးသန႔္ပဲရတယ္။ ေနာက္ထပ္တျခားကုန္စည္ေတြထဲမွာ လွ်ပ္စစ္ပစၥည္းေတြ သြင္းလို႔မရဘူး”ဟု မူဆယ္နယ္စပ္ ကုန္သည္တစ္ဦးက ေျပာသည္။
တ႐ုတ္ႏွင့္ ျမန္မာတို႔ ပူးတြဲသတ္မွတ္ထုတ္ျပန္ထားေသာ စည္းကမ္းခ်က္ (၆)ခ်က္ရွိၿပီး ကုန္ပစၥည္းမ်ား တင္ေဆာင္မည့္ ကားႏွင့္ ဆိုင္ကယ္မ်ားကိုသက္ဆိုင္ရာႏွစ္ႏိုင္ငံလုံးက သတ္မွတ္ထားေသာ ခြင့္ျပဳမိန႔္မ်ား ပါရွိရမည္ျဖစ္ေၾကာင္း၊ မူဆယ္ၿမိဳ႕နယ္အတြင္း စားသုံးရန္ျဖစ္ေသာ မီးဖိုေခ်ာင္သုံးအသီးအႏွံမ်ား၊ အသားႏွင့္ငါးမ်ားကိုသာ ခြင့္ျပဳေၾကာင္း၊ ေအးခဲသားမ်ား အပါအဝင္ အျခားလူသုံးကုန္ပစၥည္းမ်ားကို တင္ေဆာင္ခြင့္မျပဳေၾကာင္း၊ အိမ္စီးကားမ်ား၊ စက္ဘီး ႏွင့္ လက္တြန္းလွည္းျဖင့္ ကုန္ပစၥည္းတင္ေဆာင္မႈ လုံး၀ (လုံး၀) ခြင့္မျပဳေၾကာင္း၊ ဆိုင္ကယ္မ်ားျဖင့္ ကုန္ပစၥည္းမ်ား တင္ ေဆာင္ရာတြင္လည္း စားသုံးရန္ျဖစ္ေသာ မီးဖိုေခ်ာင္အသီးအႏွံမ်ား၊ အသားႏွင့္ ငါးမ်ားကို ခြင့္ျပဳမည္ျဖစ္ေၾကာင္း စသည့္ စည္းကမ္းခ်က္အသစ္မ်ားကို ထုတ္ျပန္ထားသည္။
မူဆယ္ၿမိဳ႕ရွိ တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္ျဖစ္ေသာ နန္းေတာ္၊ ဆင္ျဖဴ၊ မန႔္ ဝိန္း၊ က်င္စန္းေက်ာ့၊ ပန္ဆိုင္းတို႔အနက္မွ ဂိတ္အမ်ားစုကို ဒီဇင္ဘာလ ၁ ရက္မွစတင္၍ ျပန္လည္ဖြင့္လွစ္မည္ျဖစ္ၿပီး ဖြင့္လွစ္ရာတြင္ ကန႔္သတ္ခ်က္မ်ားစြာ ထည့္သြင္းထားေၾကာင္း သိရသည္။