ရန်ကုန်မြို့ပြ၌ သွယ်တန်းထားသော လျှပ်စစ်ဓာတ်ကြိုးများ ခိုးယူခံရမှုမြင့်တက်နေပြီး ကျူးလွန်သူများကို ထိရောက်စွာဖော်ထုတ်အရေးယူရန် တောင်းဆိုမှုများရှိနေ

 183

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို အချိန်အကန့်သတ်ဖြင့်သာ ရရှိနေသည့်အတွက် သွယ်တန်းထားသော လျှပ်စစ်ဓာတ်ကြိုးများ ခိုးယူခံရမှုမြင့်တက်နေပြီး ကျူးလွန်သူများကို ထိရောက်စွာဖော်ထုတ်အရေးယူရန် တောင်းဆိုမှုများရှိနေသည်။

လက်ရှိတွင် လျှပ်စစ်မီးလိုအပ်ချက်အရ ရန်ကုန်တိုင်းအတွင်း၌ မြို့နယ်များကို (၄)နာရီ အလှည့်ကျ လျှပ်စစ်မီးပေးဝေနေရပြီး ညပိုင်းလျှပ်စစ် မီးပြတ်တောက်နေချိန်တွင် အထက်ပါကဲ့သို့ဓာတ်ကြိုး ခိုးယူခံရမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ "အခု ရန်ကုန်မှာဘာဖြစ်နေလဲဆိုတော့ မီးပျက်တဲ့အချိန်မှာ မီးကြိုးတွေ။ မီးကြိုးဆိုတာလည်း Main မီးကြိုးတွေ ကို မီးပျက်မှန်းသိတော့ အောက်ကနေစညှပ်တယ်။ ပြီးရင် အပေါ်ကနေညှပ်တယ်။ ညှပ်ပြီးဆွဲချလာမယ်။ ခိုးမယ်။ ရသလောက်ကိုယူတယ်။ မီးကြိုးတွေက တိုက်တွေအိမ်တွေမှာ အခိုးခံနေရတယ်။ ဒီလိုလုပ်တဲ့ လူတွေက မီးပျက်တာကိုလည်း အခွင့်ကောင်းယူ လာတယ်။ သူတို့က မီးကို ဘယ်အချိန်မှာ ပျက်တယ်။ ဘယ်အချိန်မှာ မီးလာတယ်ဆိုတာကို သိနေကြတယ်။ အဲဒီလိုဆိုတော့ ကိုင်ရဲတာတို့ လက်ရဲ၊ ဇက်ရဲတွေဖြစ် လာတာပေါ့"ဟု ရန်ကုန်ခံတစ်ဦးက NP News သို့ ပြောသည်။

ထိုသို့ လျှပ်စစ်ဓာတ်ကြိုးဖြတ်တောက်ခိုးယူ ခံရမှုများသည် ရန်ကုန်မြို့ရှိ အဓိကမြို့နယ်(၆)မြို့ နယ်အပါအဝင် သာကေတမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အပြင် အခြားသောမြို့နယ်များတွင်လည်း ဖြစ်ပေါ်နေလျက် ရှိကြောင်း သိရသည်။ " ညက မီးပြတ်နေတဲ့အချိန်မှာ အိမ်ကိုသွယ်ထားတဲ့ ဓာတ်ကြိုးတွေဖြတ်တောက်ပြီး အခိုးခံရတယ်။ မီးပြတ်နေတဲ့အချိန်ဆိုတော့ မီးက ဆက်ပြတ်နေတယ်လို့ပဲထင်တာပေါ့။ သတိမထားမိ လိုက်ဘူး။ EPC က လူတွေကိုခေါ်ပြီးတော့မှ ကြည့် တဲ့အခါမှာ အခိုးခံရတယ် ဆိုတာသိတာ။ ပေ(၆၀)လောက် ဖြတ်ပြီးခိုးသွားကြတာ။ ဒီနေ့ဓာတ်ကြိုးပြန် ဝယ်တော့ ကျပ်(၃၀ဝဝဝ၀)လောက်ကုန်သွားတယ်။ အများကို ဒုက္ခပေးနေတဲ့ အဲဒီလိုသူခိုးတွေကို ဖော် ထုတ်ပြီးတော့ ထိထိရောက်ရောက်အရေးယူပေး ဖို့ပြောချင်တယ်။ ရပ်ကွက်တွေထဲမှာ ကင်းစောင့်တဲ့သူ တွေအနေနဲ့လည်း တာဝန်ကျေကျေလုပ်ဆောင်ဖို့လိုတယ်" ဟု ရွှေပြည်သာမြို့နယ်တွင်နေထိုင်သူတစ်ဦး ကပြောသည်။ လက်ရှိ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် များတွင် လမ်းမီးကြေးကြိုးများ၊ ဓာတ်အားခွဲရုံများ၏ Earth ကြိုးများ၊ Underground cable ကြိုးများ ခိုးယူခံမှု ပိုမိုဖြစ်ပွားလာပြီး ပြီးခဲ့သည့်ရက်ပိုင်းက လည်း လမ်းမတော်မြို့နယ်ရှိ နေအိမ်တစ်အိမ်အား သွယ်တန်းထားသည့် ဓာတ်ကြိုးများကို ခိုးယူနေ သူ(၂)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း လမ်းမတော်မြို့နယ်EPC က ထုတ်ပြန်ထားခဲ့ဖူးသည်။

အထက်ပါမြို့နယ်များတွင် လျှပ်စစ်ဓာတ်ကြိုးများအပြင် ဖုန်းလိုင်းကြိုးများနှင့် Wifi ကြိုးများသည်လည်း ဖြတ်တောက်ခိုးယူခံရမှုများနှင့် ကြုံတွေ့နေရကြောင်း အထက်ပါဒေသခံက ဆိုသည်။ လက်ရှိတွင် ကြေးနီတစ်ပိဿာလျှင်ပြင်ပပေါက် ဈေးအရ ငွေကျပ်(၅၀ဝဝဝ)နှင့်အထက်တွင်ရှိနေပြီး ထိုသို့ လျှပ်စစ်ဓာတ်အားကြိုးများနှင့် ဆက်သွယ် လိုင်းကြိုးများအတွင်းမှ ကြေးနီကို ပိဿာချိန်ဖြင့် ပြန်လည်ရောင်းချရန် ခိုးယူခြင်းဖြစ်နိုင်ကြောင်း အခြားသော ရန်ကုန်မြို့ခံတစ်ဦးက သုံးသပ်ပြောဆို ထားသည်။ " မီးကြိုးတွေကိုလည်းဖြတ်ပြီး ကြေးတွေ ထုတ်ရောင်းကြတာ။ ကြေးဈေးကလည်းကောင်း တာနဲ့လုပ်နေကြတာ။ တော်တော်များများ နေရာ တွေမှာ ကြုံနေရတယ်။ ဒီလိုမျိုးတွေက မြို့လယ် ကောင်မှာလည်း တော်တော်ဖြစ်တယ်။ သာကေတ ဘက်တွေဆိုပိုဆိုးတယ်။ တချို့ကလည်း မီးကြိုး တင်မဟုတ်ဘူးအခြားအရာတွေလည်း ခိုးကြတယ်။ ခေတ်ကာလစကားအရဆိုရင် ငါးမရရေချိုးပြန် မယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့လုပ်နေကြတာ" ဟု ၎င်းကဆို သည်။ ထိုသို့ ခိုးယူမှုများကို ကျူးလွန်နေသူများမှာ အသက်(၂၀)ဝန်းကျင်နှင့်အထက် လူငယ်များဖြစ် ကြပြီး မူးယစ်ဆေးနှင့် အခြားသော ငွေကြေးလိုအပ် ချက်များကြောင့် ယခုကဲ့သို့ ပိုမိုအတင့်ရဲကာ လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ရှိ တက္ကစီယာဉ်မောင်း အမျိုးသားတစ်ဦးက သုံးသပ် ပြောဆိုထားသည်။

" အခုခေတ်မှာ လာခိုးတဲ့လူ တွေကို ကျွန်တော်တို့လမ်းက CCTV ကနေကြည့် မိတာတွေဆိုရင် လူငယ်တွေများတယ်။ လူငယ်တွေ များတော့ ဘာကြောင့် အခုလိုတွေခိုးရလဲဆိုတာကို ကျွန်တော်ခန့်မှန်းကြည့်ရသလောက်ဆိုရင် သောက် စားဖို့နဲ့ မူးယစ်ဖို့ ပိုက်ဆံလိုလို့လုပ်တာလားပေါ့နော်။ ဒါမျိုးတွေစဉ်းစားမိတယ်။ ဒီလိုခိုးတာတွေအပြင် တချို့ဆိုလုယက်ပြီးလူပါသတ်ကြတာတွေရှိတော့ ဆေးကြောင်ကြောင်ပြီး လုပ်တာတွေဖြစ်နိုင်တယ်။ ပုံမှန်လူတွေဆိုရင် တော်ရုံနဲ့လူမသတ်ပါဘူး။ ကျွန်တော်တောင်တစ်ခါကြုံဖူးတယ်။ ကျွန်တော့် ကိုလုမယ့် ကောင်လေးတွေရုပ်ကိုကြည့်ရတာ ဆေး သုံးထားတဲ့ရုပ်တွေ"ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြို့ပြများဖြစ်သည့် ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် အလားတူဖြစ်စဉ်များ မကြာ ခဏဖြစ်ပွားနေလျက်ရှိသည့်အတွက် မြို့ပြလုံခြုံရေး အပေါ် ဒေသခံအချို့ကလည်း မေးခွန်းထုတ်မှုများရှိ နေသည်။ " ကျွန်တော်တို့တွေ့နေရတာပဲ။ သာမန် လူတွေဆိုရင် ညည့်ပိုင်းမှာ လမ်းပေါ်မှာ မရှိတော့ဘူး။ (၁၂)ဂိတ်ဆုံးပြောပြတာပေါ့နော်။ ကားတွေတောင် ဖြတ်တာတွေမရှိတဲ့အချိန်ပေါ့။ အရမ်းနည်းသွားတဲ့အ ချိန်ပေါ။ ဒါပေမဲ့ တချို့က အိတ်တွေကိုင်ပြီးသွား နေတဲ့လူတွေရှိတယ်။ လူငယ်တွေအများကြီးပဲ။ အုပ်စုလိုက်တွေ။ လုပ်တဲ့လူတွေကလည်း အဲဒီလူ တွေပဲ။ မသိရင်ပလုံကောက်တဲ့ လူတွေပုံစံနဲ့။ တကယ့် ပလုံကောက်တဲ့လူတွေအတွက်တော့ သူတို့ ကြောင့်မကောင်းဘူး ဖြစ်သွားတာပေါ့။ တချို့က လည်းလည်တယ်။ လှည့်ကင်းကားက ဘယ်အချိန် လာတတ်တယ်။ မလာတတ်ဘူးဆိုတာကို သိနေကြ တယ်။ သူတို့ကို လှည့်ကင်းတွေမိတယ်ဆို တာလည်း တစ်ခါမှမကြားဖူးဘူး"ဟု ၎င်းကဆက်ပြောသည်။

အထက်ပါကဲ့သို့ လျှပ်စစ်ဓာတ်အားကြိုး များ ခိုးယူခံရမှုများသည့် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ပြများတွင်သာမက နိုင်ငံတစ်ဝန်းရှိ မြို့အချို့တွင် ဖြစ်ပေါ်နေလျက်ရှိပြီး ပြီးခဲ့သည့်ကာလများက လျှပ်စစ်ဓာတ်အားကြိုးများ ဖြတ်တောက်ခိုးယူနေစဉ် ဓာတ်လိုက်သေဆုံးသူများရှိခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ျပ၌ သြယ္တန္းထားေသာ လွ်ပ္စစ္ဓာတ္ႀကိဳးမ်ား ခိုးယူခံရမႈျမင့္တက္ေနၿပီး က်ဴးလြန္သူမ်ားကို ထိေရာက္စြာေဖာ္ထုတ္အေရးယူရန္ ေတာင္းဆိုမႈမ်ားရွိေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၇

ျမန္မာႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္ေသာ ရန္ကုန္ၿမိဳ႕တြင္ လွ်ပ္စစ္မီးကို အခ်ိန္အကန႔္သတ္ျဖင့္သာ ရရွိေနသည့္အတြက္ သြယ္တန္းထားေသာ လွ်ပ္စစ္ဓာတ္ႀကိဳးမ်ား ခိုးယူခံရမႈျမင့္တက္ေနၿပီး က်ဴးလြန္သူမ်ားကို ထိေရာက္စြာေဖာ္ထုတ္အေရးယူရန္ ေတာင္းဆိုမႈမ်ားရွိေနသည္။

လက္ရွိတြင္ လွ်ပ္စစ္မီးလိုအပ္ခ်က္အရ ရန္ကုန္တိုင္းအတြင္း၌ ၿမိဳ႕နယ္မ်ားကို (၄)နာရီ အလွည့္က် လွ်ပ္စစ္မီးေပးေဝေနရၿပီး ညပိုင္းလွ်ပ္စစ္ မီးျပတ္ေတာက္ေနခ်ိန္တြင္ အထက္ပါကဲ့သို႔ဓာတ္ႀကိဳး ခိုးယူခံရမႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။ "အခု ရန္ကုန္မွာဘာျဖစ္ေနလဲဆိုေတာ့ မီးပ်က္တဲ့အခ်ိန္မွာ မီးႀကိဳးေတြ။ မီးႀကိဳးဆိုတာလည္း Main မီးႀကိဳးေတြ ကို မီးပ်က္မွန္းသိေတာ့ ေအာက္ကေနစညႇပ္တယ္။ ၿပီးရင္ အေပၚကေနညႇပ္တယ္။ ညႇပ္ၿပီးဆြဲခ်လာမယ္။ ခိုးမယ္။ ရသေလာက္ကိုယူတယ္။ မီးႀကိဳးေတြက တိုက္ေတြအိမ္ေတြမွာ အခိုးခံေနရတယ္။ ဒီလိုလုပ္တဲ့ လူေတြက မီးပ်က္တာကိုလည္း အခြင့္ေကာင္းယူ လာတယ္။ သူတို႔က မီးကို ဘယ္အခ်ိန္မွာ ပ်က္တယ္။ ဘယ္အခ်ိန္မွာ မီးလာတယ္ဆိုတာကို သိေနၾကတယ္။ အဲဒီလိုဆိုေတာ့ ကိုင္ရဲတာတို႔ လက္ရဲ၊ ဇက္ရဲေတြျဖစ္ လာတာေပါ့"ဟု ရန္ကုန္ခံတစ္ဦးက NP News သို႔ ေျပာသည္။

ထိုသို႔ လွ်ပ္စစ္ဓာတ္ႀကိဳးျဖတ္ေတာက္ခိုးယူ ခံရမႈမ်ားသည္ ရန္ကုန္ၿမိဳ႕ရွိ အဓိကၿမိဳ႕နယ္(၆)ၿမိဳ႕ နယ္အပါအဝင္ သာေကတၿမိဳ႕နယ္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔အျပင္ အျခားေသာၿမိဳ႕နယ္မ်ားတြင္လည္း ျဖစ္ေပၚေနလ်က္ ရွိေၾကာင္း သိရသည္။ " ညက မီးျပတ္ေနတဲ့အခ်ိန္မွာ အိမ္ကိုသြယ္ထားတဲ့ ဓာတ္ႀကိဳးေတြျဖတ္ေတာက္ၿပီး အခိုးခံရတယ္။ မီးျပတ္ေနတဲ့အခ်ိန္ဆိုေတာ့ မီးက ဆက္ျပတ္ေနတယ္လို႔ပဲထင္တာေပါ့။ သတိမထားမိ လိုက္ဘူး။ EPC က လူေတြကိုေခၚၿပီးေတာ့မွ ၾကည့္ တဲ့အခါမွာ အခိုးခံရတယ္ ဆိုတာသိတာ။ ေပ(၆၀)ေလာက္ ျဖတ္ၿပီးခိုးသြားၾကတာ။ ဒီေန႔ဓာတ္ႀကိဳးျပန္ ဝယ္ေတာ့ က်ပ္(၃၀ဝဝဝ၀)ေလာက္ကုန္သြားတယ္။ အမ်ားကို ဒုကၡေပးေနတဲ့ အဲဒီလိုသူခိုးေတြကို ေဖာ္ ထုတ္ၿပီးေတာ့ ထိထိေရာက္ေရာက္အေရးယူေပး ဖို႔ေျပာခ်င္တယ္။ ရပ္ကြက္ေတြထဲမွာ ကင္းေစာင့္တဲ့သူ ေတြအေနနဲ႔လည္း တာဝန္ေက်ေက်လုပ္ေဆာင္ဖို႔လိုတယ္" ဟု ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ေနထိုင္သူတစ္ဦး ကေျပာသည္။ လက္ရွိ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္ မ်ားတြင္ လမ္းမီးေၾကးႀကိဳးမ်ား၊ ဓာတ္အားခြဲ႐ုံမ်ား၏ Earth ႀကိဳးမ်ား၊ Underground cable ႀကိဳးမ်ား ခိုးယူခံမႈ ပိုမိုျဖစ္ပြားလာၿပီး ၿပီးခဲ့သည့္ရက္ပိုင္းက လည္း လမ္းမေတာ္ၿမိဳ႕နယ္ရွိ ေနအိမ္တစ္အိမ္အား သြယ္တန္းထားသည့္ ဓာတ္ႀကိဳးမ်ားကို ခိုးယူေန သူ(၂)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း လမ္းမေတာ္ၿမိဳ႕နယ္EPC က ထုတ္ျပန္ထားခဲ့ဖူးသည္။

အထက္ပါၿမိဳ႕နယ္မ်ားတြင္ လွ်ပ္စစ္ဓာတ္ႀကိဳးမ်ားအျပင္ ဖုန္းလိုင္းႀကိဳးမ်ားႏွင့္ Wifi ႀကိဳးမ်ားသည္လည္း ျဖတ္ေတာက္ခိုးယူခံရမႈမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း အထက္ပါေဒသခံက ဆိုသည္။ လက္ရွိတြင္ ေၾကးနီတစ္ပိႆာလွ်င္ျပင္ပေပါက္ ေဈးအရ ေငြက်ပ္(၅၀ဝဝဝ)ႏွင့္အထက္တြင္ရွိေနၿပီး ထိုသို႔ လွ်ပ္စစ္ဓာတ္အားႀကိဳးမ်ားႏွင့္ ဆက္သြယ္ လိုင္းႀကိဳးမ်ားအတြင္းမွ ေၾကးနီကို ပိႆာခ်ိန္ျဖင့္ ျပန္လည္ေရာင္းခ်ရန္ ခိုးယူျခင္းျဖစ္ႏိုင္ေၾကာင္း အျခားေသာ ရန္ကုန္ၿမိဳ႕ခံတစ္ဦးက သုံးသပ္ေျပာဆို ထားသည္။ " မီးႀကိဳးေတြကိုလည္းျဖတ္ၿပီး ေၾကးေတြ ထုတ္ေရာင္းၾကတာ။ ေၾကးေဈးကလည္းေကာင္း တာနဲ႔လုပ္ေနၾကတာ။ ေတာ္ေတာ္မ်ားမ်ား ေနရာ ေတြမွာ ႀကဳံေနရတယ္။ ဒီလိုမ်ိဳးေတြက ၿမိဳ႕လယ္ ေကာင္မွာလည္း ေတာ္ေတာ္ျဖစ္တယ္။ သာေကတ ဘက္ေတြဆိုပိုဆိုးတယ္။ တခ်ိဳ႕ကလည္း မီးႀကိဳး တင္မဟုတ္ဘူးအျခားအရာေတြလည္း ခိုးၾကတယ္။ ေခတ္ကာလစကားအရဆိုရင္ ငါးမရေရခ်ိဳးျပန္ မယ္ဆိုတဲ့ ပုံစံမ်ိဳးေတြနဲ႔လုပ္ေနၾကတာ" ဟု ၎ကဆို သည္။ ထိုသို႔ ခိုးယူမႈမ်ားကို က်ဴးလြန္ေနသူမ်ားမွာ အသက္(၂၀)ဝန္းက်င္ႏွင့္အထက္ လူငယ္မ်ားျဖစ္ ၾကၿပီး မူးယစ္ေဆးႏွင့္ အျခားေသာ ေငြေၾကးလိုအပ္ ခ်က္မ်ားေၾကာင့္ ယခုကဲ့သို႔ ပိုမိုအတင့္ရဲကာ လုပ္ေဆာင္ေနျခင္းျဖစ္ႏိုင္ေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ တကၠစီယာဥ္ေမာင္း အမ်ိဳးသားတစ္ဦးက သုံးသပ္ ေျပာဆိုထားသည္။

" အခုေခတ္မွာ လာခိုးတဲ့လူ ေတြကို ကြၽန္ေတာ္တို႔လမ္းက CCTV ကေနၾကည့္ မိတာေတြဆိုရင္ လူငယ္ေတြမ်ားတယ္။ လူငယ္ေတြ မ်ားေတာ့ ဘာေၾကာင့္ အခုလိုေတြခိုးရလဲဆိုတာကို ကြၽန္ေတာ္ခန႔္မွန္းၾကည့္ရသေလာက္ဆိုရင္ ေသာက္ စားဖို႔နဲ႔ မူးယစ္ဖို႔ ပိုက္ဆံလိုလို႔လုပ္တာလားေပါ့ေနာ္။ ဒါမ်ိဳးေတြစဥ္းစားမိတယ္။ ဒီလိုခိုးတာေတြအျပင္ တခ်ိဳ႕ဆိုလုယက္ၿပီးလူပါသတ္ၾကတာေတြရွိေတာ့ ေဆးေၾကာင္ေၾကာင္ၿပီး လုပ္တာေတြျဖစ္ႏိုင္တယ္။ ပုံမွန္လူေတြဆိုရင္ ေတာ္႐ုံနဲ႔လူမသတ္ပါဘူး။ ကြၽန္ေတာ္ေတာင္တစ္ခါႀကဳံဖူးတယ္။ ကြၽန္ေတာ့္ ကိုလုမယ့္ ေကာင္ေလးေတြ႐ုပ္ကိုၾကည့္ရတာ ေဆး သုံးထားတဲ့႐ုပ္ေတြ"ဟု ၎ကေျပာသည္။

လက္ရွိတြင္ ၿမိဳ႕ျပမ်ားျဖစ္သည့္ ရန္ကုန္ၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ အလားတူျဖစ္စဥ္မ်ား မၾကာ ခဏျဖစ္ပြားေနလ်က္ရွိသည့္အတြက္ ၿမိဳ႕ျပလုံၿခဳံေရး အေပၚ ေဒသခံအခ်ိဳ႕ကလည္း ေမးခြန္းထုတ္မႈမ်ားရွိ ေနသည္။ " ကြၽန္ေတာ္တို႔ေတြ႕ေနရတာပဲ။ သာမန္ လူေတြဆိုရင္ ညည့္ပိုင္းမွာ လမ္းေပၚမွာ မရွိေတာ့ဘူး။ (၁၂)ဂိတ္ဆုံးေျပာျပတာေပါ့ေနာ္။ ကားေတြေတာင္ ျဖတ္တာေတြမရွိတဲ့အခ်ိန္ေပါ့။ အရမ္းနည္းသြားတဲ့အ ခ်ိန္ေပါ။ ဒါေပမဲ့ တခ်ိဳ႕က အိတ္ေတြကိုင္ၿပီးသြား ေနတဲ့လူေတြရွိတယ္။ လူငယ္ေတြအမ်ားႀကီးပဲ။ အုပ္စုလိုက္ေတြ။ လုပ္တဲ့လူေတြကလည္း အဲဒီလူ ေတြပဲ။ မသိရင္ပလုံေကာက္တဲ့ လူေတြပုံစံနဲ႔။ တကယ့္ ပလုံေကာက္တဲ့လူေတြအတြက္ေတာ့ သူတို႔ ေၾကာင့္မေကာင္းဘူး ျဖစ္သြားတာေပါ့။ တခ်ိဳ႕က လည္းလည္တယ္။ လွည့္ကင္းကားက ဘယ္အခ်ိန္ လာတတ္တယ္။ မလာတတ္ဘူးဆိုတာကို သိေနၾက တယ္။ သူတို႔ကို လွည့္ကင္းေတြမိတယ္ဆို တာလည္း တစ္ခါမွမၾကားဖူးဘူး"ဟု ၎ကဆက္ေျပာသည္။

အထက္ပါကဲ့သို႔ လွ်ပ္စစ္ဓာတ္အားႀကိဳး မ်ား ခိုးယူခံရမႈမ်ားသည့္ ရန္ကုန္ႏွင့္ မႏၲေလးကဲ့သို႔ ၿမိဳ႕ျပမ်ားတြင္သာမက ႏိုင္ငံတစ္ဝန္းရွိ ၿမိဳ႕အခ်ိဳ႕တြင္ ျဖစ္ေပၚေနလ်က္ရွိၿပီး ၿပီးခဲ့သည့္ကာလမ်ားက လွ်ပ္စစ္ဓာတ္အားႀကိဳးမ်ား ျဖတ္ေတာက္ခိုးယူေနစဥ္ ဓာတ္လိုက္ေသဆုံးသူမ်ားရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.