လောက်ကိုင်မြို့တွင် MNDAA အဖွဲ့က ဖာခန်း(ပြည့်တန်ဆာခန်း)ပေါင်း (၅ဝ)ခန့်ကို ဖွင့်လှစ်ခွင့်ပေး
80
မြူနစ်(NP News) - နိုဝင်ဘာ ၂၇
တရုတ်ဧည့်သည်မရှိတော့၍ စီးပွားရေး ကျပ်တည်းနေသည့် လောက်ကိုင်မြို့တွင် ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA က ဖာခန်း(ပြည့်တန် ဆာခန်း)ပေါင်း (၅ဝ)ဝန်းကျင်ကို သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ခွင့်ပြုပေးထားကြောင်း သိရသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင် လက်နက်ကိုင်အဖွဲ့ AA တို့နှင့်အတူ ပြီးခဲ့သော (၂၀၂၃) ခုနှစ် အောက်တိုဘာ (၂၇) ရက်တွင် ရှမ်းမြောက်ဒေသ၌ (၁၀၂၇) စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့သည်။
စစ်ဆင်ရေးအတွင်း၌ MNDAA အဖွဲ့သည် လောက်ကိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက် အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေ လျက်ရှိကြောင်း သိရသည်။
လောက်ကိုင်မြို့ကို MNDAA အဖွဲ့က အုပ်ချုပ်ခွင့်ရရှိချိန်မှစ၍ လက်ရှိအချိန်အထိ စီးပွားရေးလုပ်ငန်းများသည် ပြန်လည်ကောင်းမွန် လာခြင်းမရှိသေးသကဲ့သို့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသောဒေသခံများသည်လည်း နေရပ်စွန့်ခွာ ထွက် ပြေးနေလျက်ရှိကြသည်။
လောက်ကိုင်မြို့၏ စီးပွားရေးအခြေအနေသည် ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးသော်လည်း ဖာခန်း(ပြည့်တန်ဆာခန်း)ပေါင်း (၅၀)ဝန်း ကျင်ကို သတ်မှတ်ချက်များနှင့်အညီ MNDAA အဖွဲ့က ဖွင့်လှစ်ခွင့်ပြုပေးထားကြောင်း လောက်ကိုင်မြို့ခံများက NP Mews ကို ပြောသည်။
"ဖာခန်းတွေ ဖွင့်တဲ့သူဆိုရင် သူတို့ သတ်မှတ်ထားတဲ့ ဆေးရုံမှာ ဆေးလက်မှတ်အောင် တဲ့သူမှ ဖွင့်ရမယ်။ အဲဒီလိုမျိုးပေါ့။ အရင်တုန်းကဆိုရင် ဖာခန်းတွေ အများကြီးပဲ။ အခုဆိုရင်တော့ လောက် ကိုင်တစ်မြို့လုံးမှာ ဖာခန်းတွေက (၄၀)၊ (၅၀) လောက်ရှိတယ်။ အများစုကတော့ ည (၁၁) နာရီ၊ (၁၂) နာရီလောက်အထိပဲ ဖွင့်ကြတယ်။ သူတို့ MNDAA က ကျန်းမာရေးကတ်မရှိရင် ဒဏ်ရိုက် တယ်လေ။ ဆေးတွေ၊ ဘာတွေကို သူတို့သတ်မှတ် ထားတဲ့ ဆေးရုံမှာ စစ်ဆေးပြီးတော့မှ လုပ်ခွင့်ရတာပေါ့ " ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။
MNDAA အဖွဲ့၏ သတ်မှတ်ချက်များ နှင့်အညီ ဖွင့်လှစ်လုပ်ကိုင်ခြင်းမရှိသည့် ဖာခန်း (ပြည့်တန်ဆာခန်း)များကို ယွမ်နှစ်သောင်းမှစ၍ တစ်သိန်းအထိ ဒဏ်ရိုက်လေ့ရှိကြောင်းလည်း မြို့ခံများက ပြောသည်။
" လောက်ကိုင်မှာ ဖာခန်းတွေက တခြား အလုပ်တွေထက်စာရင် အလုပ်ဖြစ်သေးတဲ့ သဘော မှာရှိတယ်။ ဒါပေမဲ့ သူတို့ မလွယ်လောက်ဘူး။ ကုန်ဈေးနှုန်းက အရမ်းတက်နေတာဆိုတော့။ အဲဒါ တွေကလည်း ကုန်ကျစရိတ်တွေ ရှိတယ်လေ။ ပြည့် တန်ဆာလုပ်တဲ့ ကောင်မလေးတွေကို ဖာခန်းဖွင့်တဲ့ သူတွေက ကျွေးထားရသေးတာကို။ ရရင်တော့ (၅၀) ရာခိုင်နှုန်းစီပဲ ရတာလေ။ အဲဒီတော့ ဖွင့်တဲ့သူ အတွက်တော့ အရမ်းကြီးမကိုက်လောက်ဘူး။ ဟိုတ လောတုန်းက ကောင်မလေးတစ်ယောက်ရောက်လာ တယ်။ သူက ကျန်းမာရေးကတ် မလုပ်ထားတော့ ြြီဗဗ က ဒဏ်ရိုက်တယ်လေ။ တရုတ်ငွေ နှစ်သောင်းရိုက်တာ မြန်မာငွေနဲ့ဆိုရင် သိန်းတစ်ရာ ကျော်ပေါ့။ ဘယ်လိုမှ ပြောလို့မရဘူး။ သူကလည်း ရောက်ခါစပဲရှိသေးတာလေ။ ပထမတစ်ကြိမ်ဆိုရင် သူတို့က တရုတ်ငွေ နှစ်သောင်း ဒဏ်ရိုက်တယ်။ ဒုတိယတစ်ကြိမ်ဆိုရင် ငါးသောင်းတဲ့။ တတိယ တစ်ကြိမ်ဆိုရင် တစ်သိန်းတဲ့၊ သုံးကြိမ်မြောက်မှာ ဖာခန်းပါ ပိတ်ခိုင်းမှာတဲ့။ အဲဒီလိုပဲ " ဟု လောက် ကိုင်မြို့ခံတစ်ဦးက ဆက်လက်ပြောသည်။
MNDAA၊ TNLA နှင့် AA အဖွဲ့တို့ သည် ရှမ်းမြောက်ဒေသ၌ (၁၀၂၇) စစ်ဆင်ရေးကို မဖော်ဆောင်ခင် လောက်ကိုင်မြို့သည် တရုတ်နိုင်ငံ သားဧည့်သည်အများအပြားနှင့်အတူ လောင်းကစား ဝိုင်းများ၊ ကာစီနိုရုံများ၊ ဖာခန်း(ပြည့်တန်ဆာခန်း)များဖြင့် စည်းကားခဲ့ဖူးသည်။ လက်ရှိအချိန်တွင် လောက်ကိုင်မြို့၌ လူသူနည်းပါးနေပြီး ဒေသခံအချို့နှင့်အတူ MNDAA အဖွဲ့ဝင်များသာ ရှိနေကြောင်း သိရသည်။
zawgyi version
ေလာက္ကိုင္ၿမိဳ႕တြင္ MNDAA အဖြဲ႕က ဖာခန္း(ျပည့္တန္ဆာခန္း)ေပါင္း (၅ဝ)ခန႔္ကို ဖြင့္လွစ္ခြင့္ေပး
ျမဴနစ္(NP News) - ႏိုဝင္ဘာ ၂၇
တ႐ုတ္ဧည့္သည္မရွိေတာ့၍ စီးပြားေရး က်ပ္တည္းေနသည့္ ေလာက္ကိုင္ၿမိဳ႕တြင္ ကိုးကန႔္ လက္နက္ကိုင္အဖြဲ႕ MNDAA က ဖာခန္း(ျပည့္တန္ ဆာခန္း)ေပါင္း (၅ဝ)ဝန္းက်င္ကို သတ္မွတ္ခ်က္မ်ားႏွင့္အညီ ဖြင့္လွစ္ခြင့္ျပဳေပးထားေၾကာင္း သိရသည္။
ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA သည္ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA၊ ရခိုင္ လက္နက္ကိုင္အဖြဲ႕ AA တို႔ႏွင့္အတူ ၿပီးခဲ့ေသာ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာ (၂၇) ရက္တြင္ ရွမ္းေျမာက္ေဒသ၌ (၁၀၂၇) စစ္ဆင္ေရးကို ေဖာ္ေဆာင္ခဲ့သည္။
စစ္ဆင္ေရးအတြင္း၌ MNDAA အဖြဲ႕သည္ ေလာက္ကိုင္ၿမိဳ႕ကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး ေနာက္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေန လ်က္ရွိေၾကာင္း သိရသည္။
ေလာက္ကိုင္ၿမိဳ႕ကို MNDAA အဖြဲ႕က အုပ္ခ်ဳပ္ခြင့္ရရွိခ်ိန္မွစ၍ လက္ရွိအခ်ိန္အထိ စီးပြားေရးလုပ္ငန္းမ်ားသည္ ျပန္လည္ေကာင္းမြန္ လာျခင္းမရွိေသးသကဲ့သို႔ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ၾကေသာေဒသခံမ်ားသည္လည္း ေနရပ္စြန႔္ခြာ ထြက္ ေျပးေနလ်က္ရွိၾကသည္။
ေလာက္ကိုင္ၿမိဳ႕၏ စီးပြားေရးအေျခအေနသည္ ျပန္လည္ေကာင္းမြန္လာျခင္း မရွိေသးေသာ္လည္း ဖာခန္း(ျပည့္တန္ဆာခန္း)ေပါင္း (၅၀)ဝန္း က်င္ကို သတ္မွတ္ခ်က္မ်ားႏွင့္အညီ MNDAA အဖြဲ႕က ဖြင့္လွစ္ခြင့္ျပဳေပးထားေၾကာင္း ေလာက္ကိုင္ၿမိဳ႕ခံမ်ားက NP Mews ကို ေျပာသည္။
"ဖာခန္းေတြ ဖြင့္တဲ့သူဆိုရင္ သူတို႔ သတ္မွတ္ထားတဲ့ ေဆး႐ုံမွာ ေဆးလက္မွတ္ေအာင္ တဲ့သူမွ ဖြင့္ရမယ္။ အဲဒီလိုမ်ိဳးေပါ့။ အရင္တုန္းကဆိုရင္ ဖာခန္းေတြ အမ်ားႀကီးပဲ။ အခုဆိုရင္ေတာ့ ေလာက္ ကိုင္တစ္ၿမိဳ႕လုံးမွာ ဖာခန္းေတြက (၄၀)၊ (၅၀) ေလာက္ရွိတယ္။ အမ်ားစုကေတာ့ ည (၁၁) နာရီ၊ (၁၂) နာရီေလာက္အထိပဲ ဖြင့္ၾကတယ္။ သူတို႔ MNDAA က က်န္းမာေရးကတ္မရွိရင္ ဒဏ္႐ိုက္ တယ္ေလ။ ေဆးေတြ၊ ဘာေတြကို သူတို႔သတ္မွတ္ ထားတဲ့ ေဆး႐ုံမွာ စစ္ေဆးၿပီးေတာ့မွ လုပ္ခြင့္ရတာေပါ့ " ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
MNDAA အဖြဲ႕၏ သတ္မွတ္ခ်က္မ်ား ႏွင့္အညီ ဖြင့္လွစ္လုပ္ကိုင္ျခင္းမရွိသည့္ ဖာခန္း (ျပည့္တန္ဆာခန္း)မ်ားကို ယြမ္ႏွစ္ေသာင္းမွစ၍ တစ္သိန္းအထိ ဒဏ္႐ိုက္ေလ့ရွိေၾကာင္းလည္း ၿမိဳ႕ခံမ်ားက ေျပာသည္။
" ေလာက္ကိုင္မွာ ဖာခန္းေတြက တျခား အလုပ္ေတြထက္စာရင္ အလုပ္ျဖစ္ေသးတဲ့ သေဘာ မွာရွိတယ္။ ဒါေပမဲ့ သူတို႔ မလြယ္ေလာက္ဘူး။ ကုန္ေဈးႏႈန္းက အရမ္းတက္ေနတာဆိုေတာ့။ အဲဒါ ေတြကလည္း ကုန္က်စရိတ္ေတြ ရွိတယ္ေလ။ ျပည့္ တန္ဆာလုပ္တဲ့ ေကာင္မေလးေတြကို ဖာခန္းဖြင့္တဲ့ သူေတြက ေကြၽးထားရေသးတာကို။ ရရင္ေတာ့ (၅၀) ရာခိုင္ႏႈန္းစီပဲ ရတာေလ။ အဲဒီေတာ့ ဖြင့္တဲ့သူ အတြက္ေတာ့ အရမ္းႀကီးမကိုက္ေလာက္ဘူး။ ဟိုတ ေလာတုန္းက ေကာင္မေလးတစ္ေယာက္ေရာက္လာ တယ္။ သူက က်န္းမာေရးကတ္ မလုပ္ထားေတာ့ ျျီဗဗ က ဒဏ္႐ိုက္တယ္ေလ။ တ႐ုတ္ေငြ ႏွစ္ေသာင္း႐ိုက္တာ ျမန္မာေငြနဲ႔ဆိုရင္ သိန္းတစ္ရာ ေက်ာ္ေပါ့။ ဘယ္လိုမွ ေျပာလို႔မရဘူး။ သူကလည္း ေရာက္ခါစပဲရွိေသးတာေလ။ ပထမတစ္ႀကိမ္ဆိုရင္ သူတို႔က တ႐ုတ္ေငြ ႏွစ္ေသာင္း ဒဏ္႐ိုက္တယ္။ ဒုတိယတစ္ႀကိမ္ဆိုရင္ ငါးေသာင္းတဲ့။ တတိယ တစ္ႀကိမ္ဆိုရင္ တစ္သိန္းတဲ့၊ သုံးႀကိမ္ေျမာက္မွာ ဖာခန္းပါ ပိတ္ခိုင္းမွာတဲ့။ အဲဒီလိုပဲ " ဟု ေလာက္ ကိုင္ၿမိဳ႕ခံတစ္ဦးက ဆက္လက္ေျပာသည္။
MNDAA၊ TNLA ႏွင့္ AA အဖြဲ႕တို႔ သည္ ရွမ္းေျမာက္ေဒသ၌ (၁၀၂၇) စစ္ဆင္ေရးကို မေဖာ္ေဆာင္ခင္ ေလာက္ကိုင္ၿမိဳ႕သည္ တ႐ုတ္ႏိုင္ငံ သားဧည့္သည္အမ်ားအျပားႏွင့္အတူ ေလာင္းကစား ဝိုင္းမ်ား၊ ကာစီႏို႐ုံမ်ား၊ ဖာခန္း(ျပည့္တန္ဆာခန္း)မ်ားျဖင့္ စည္းကားခဲ့ဖူးသည္။ လက္ရွိအခ်ိန္တြင္ ေလာက္ကိုင္ၿမိဳ႕၌ လူသူနည္းပါးေနၿပီး ေဒသခံအခ်ိဳ႕ႏွင့္အတူ MNDAA အဖြဲ႕ဝင္မ်ားသာ ရွိေနေၾကာင္း သိရသည္။