နိုင်ဂျီးရီးယားအမျိုးသားတစ်ဦးက စတုရန်းပေ(၁)‌သောင်းကျော်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ပန်းချီကားကိုဖန်တီး

 111

Pika (NP News) - နိုဝင်ဘာ ၂၇

အနုပညာကို ဝါသနာပါသော နိုင်ဂျီးရီးယား ဆရာဝန်တစ်ဦးသည် ၎င်းနိုင်ငံ၏ယဉ်ကျေးမှုများကို ဂုဏ်ပြုသည့် (၁၈၁၄ ဒသမ ၅) စတုရန်းပေရှိသော ပန်းချီကားကိုရေးဆွဲခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

Fola David-Tolaram ဟုခေါ်သော အသက် (၃၁)နှစ်အရွယ်အမျိုးသားသည်he Unity of Diversity ဟု အမည်ပေးထားသော ၎င်း၏ပန်းချီ ကားကို လူ(၅၀ဝဝ)ဝင်ဆံ့သည့်ကြီးမားသော အားကစားကွင်းအတွင်းတွင် ရက်အတော်ကြာအောင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လူတစ်ဦးတည်းက ရေးဆွဲထားသော ကမ္ဘာ့အကြီးဆုံးပန်းချီကားတွင် နိုင်ဂျီးရီးယားနိုင်ငံ၏ လူမျိုးပေါင်းစုံနှင့် နိုင်ငံ၏ဒေသများ၏ ယဉ်ကျေးမှုဆိုင်ရာ ပုံသဏ္ဌာန်ပုံများကို ရေးဆွဲဖော်ပြထားသော ကြီးမားသည့်မြေပုံတစ်ခုပါဝင်ကြောင်း သိရသည်။

Fola David-Tolaram က "နိုင်ဂျီးရီးယားနိုင်ငံဟာ ယဉ်ကျေးမှုပေါင်းစုံရှိတဲ့ နိုင်ငံတစ်နိုင် ငံပါ။ အဲဒီအချက်ကိုဖော်ပြဖို့နဲ့ လူတွေကို သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ဂုဏ်ပြုနိုင်ဖို့အတွက် တစ်စုံတစ်ခု ကို ကျွန်တော်ဖန်တီးပေးချင်ခဲ့တာပါ။ ဒီမှတ်တမ်းပုံစံ မြေပုံကိုရေးဆွဲနိုင်ဖို့အတွက် နိုင်ဂျီးရီးယားနိုင်ငံတစ်ဝန်းကို ကျွန်တော်ခရီးထွက်ခဲ့ရပါတယ်။ ပြီးတော့ မတူညီတဲ့ယဉ်ကျေးမှုတွေကို ကျွန်တော် ကိုယ်တိုင် ကိုယ်ကျလေ့လာခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒီအတွေ့ကြုံတွေအားလုံးကို ဒီအားကစားကွင်းအ တွင်းကိုယူဆောင်လာပြီး ကမ္ဘာ့အကြီးဆုံးမြေပုံကို ဖန် တီးနိုင်ခဲ့ပါပြီ" ဟု ဂင်းနစ်မှတ်တမ်းအဖွဲ့ကို ပြောကြားခဲ့သည်။

zawgyi version
ႏိုင္ဂ်ီးရီးယားအမ်ိဳးသားတစ္ဦးက စတုရန္းေပ(၁)‌ေသာင္းေက်ာ္ရွိတဲ့ ကမာၻ႔အႀကီးဆုံး ပန္းခ်ီကားကိုဖန္တီး
Pika (NP News) - ႏိုဝင္ဘာ ၂၇

အႏုပညာကို ဝါသနာပါေသာ ႏိုင္ဂ်ီးရီးယား ဆရာဝန္တစ္ဦးသည္ ၎ႏိုင္ငံ၏ယဥ္ေက်းမႈမ်ားကို ဂုဏ္ျပဳသည့္ (၁၈၁၄ ဒသမ ၅) စတုရန္းေပရွိေသာ ပန္းခ်ီကားကိုေရးဆြဲခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Fola David-Tolaram ဟုေခၚေသာ အသက္ (၃၁)ႏွစ္အ႐ြယ္အမ်ိဳးသားသည္he Unity of Diversity ဟု အမည္ေပးထားေသာ ၎၏ပန္းခ်ီ ကားကို လူ(၅၀ဝဝ)ဝင္ဆံ့သည့္ႀကီးမားေသာ အားကစားကြင္းအတြင္းတြင္ ရက္အေတာ္ၾကာေအာင္ ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ လူတစ္ဦးတည္းက ေရးဆြဲထားေသာ ကမာၻ႔အႀကီးဆုံးပန္းခ်ီကားတြင္ ႏိုင္ဂ်ီးရီးယားႏိုင္ငံ၏ လူမ်ိဳးေပါင္းစုံႏွင့္ ႏိုင္ငံ၏ေဒသမ်ား၏ ယဥ္ေက်းမႈဆိုင္ရာ ပုံသဏၭာန္ပုံမ်ားကို ေရးဆြဲေဖာ္ျပထားေသာ ႀကီးမားသည့္ေျမပုံတစ္ခုပါဝင္ေၾကာင္း သိရသည္။

Fola David-Tolaram က "ႏိုင္ဂ်ီးရီးယားႏိုင္ငံဟာ ယဥ္ေက်းမႈေပါင္းစုံရွိတဲ့ ႏိုင္ငံတစ္ႏိုင္ ငံပါ။ အဲဒီအခ်က္ကိုေဖာ္ျပဖို႔နဲ႔ လူေတြကို သူတို႔ရဲ႕ ယဥ္ေက်းမႈေတြကို ဂုဏ္ျပဳႏိုင္ဖို႔အတြက္ တစ္စုံတစ္ခု ကို ကြၽန္ေတာ္ဖန္တီးေပးခ်င္ခဲ့တာပါ။ ဒီမွတ္တမ္းပုံစံ ေျမပုံကိုေရးဆြဲႏိုင္ဖို႔အတြက္ ႏိုင္ဂ်ီးရီးယားႏိုင္ငံတစ္ဝန္းကို ကြၽန္ေတာ္ခရီးထြက္ခဲ့ရပါတယ္။ ၿပီးေတာ့ မတူညီတဲ့ယဥ္ေက်းမႈေတြကို ကြၽန္ေတာ္ ကိုယ္တိုင္ ကိုယ္က်ေလ့လာခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ ဒီအေတြ႕ႀကဳံေတြအားလုံးကို ဒီအားကစားကြင္းအ တြင္းကိုယူေဆာင္လာၿပီး ကမာၻ႔အႀကီးဆုံးေျမပုံကို ဖန္ တီးႏိုင္ခဲ့ပါၿပီ" ဟု ဂင္းနစ္မွတ္တမ္းအဖြဲ႕ကို ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.