TNLA ကြောင့် (၅)လကြာစစ်ဒဏ်ခံရသည့် နောင်ချိုမြို့ မြေပြင်အတွင်းရေးများ

 5113

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၇

TNLA လက်နက်ကိုင်အဖွဲ့အပါအဝင် မြောက်ပိုင်း(၃)ဖွဲ့က ပြီးခဲ့သည့်(၂၀၂၃)ခုနှစ် နိုဝင်ဘာ(၂၇)ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့ များကို (၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် တိုက်ပွဲများစတင်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြောက်ပိုင်း(၃)ဖွဲ့က ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုးနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အချို့ကို တိုက်ခိုက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် TNLA လက်နက်ကိုင်နှင့်ပူးပေါင်းအဖွဲ့က ဇွန်လ (၂၅)ရက်မှစတင်ကာ နောင်ချိုမြို့ကိုတိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ(၁၀)ရက်က နောင်ချိုမြို့ရှိ တပ်မတော်၏ အမှတ်(၆၀၆)ဒုံးတပ်ရင်းကို အပြီးသတ်တိုက်ခိုက်ပြီးနောက် မြို့ကိုအလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ နောင်ချိုမြို့ကိုTNLA လက်နက်ကိုင်အဖွဲ့ စတင်တိုက်ခိုက်သည့်အချိန်မှစ၍ ဒေသခံပြည်သူများစွာ အခြားသောဒေသများသို့ နေရပ်စွန့်ခွာစစ်ဘေးရှောင်ခဲ့ရပြီး မြို့ခံများ၏လူမှုစီးပွားဘဝထိခိုက်ပျက်စီးရသည့်အပြင် နေအိမ်များ၊ ပြည်သူပိုင်အဆောက်အအုံများနှင့် အစိုးရဆောက်အအုံများစွာလည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်းသိရသည်။ လက်ရှိတွင် တပ်မတော်ကTNLA လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ဝေဟင်ထိုးစစ်ဖြင့်အရှိန်အဟုန်မြှင့်လုပ်ဆောင်နေလျက်ရှိကြောင်းလည်း သိရသည်။ ထို့ကြောင့် နောင်ချိုမြို့အတွင်း ဒေသခံများကြုံတွေ့နေရ သည့်အခက်အခဲများ၊ လတ်တလောဖြစ်ပေါ်နေသည့် မြို့အတွင်းအခြေအနေများနှင့်ပတ်သက်၍ NP News က ယုံကြည်စိတ်ချရသောနောင်ချို မြို့ခံတစ်ဦးအား ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည်။

မေး-နောင်ချိုမြို့က အရင်တုန်းက ဘယ်လိုမြို့လဲ ခင်ဗျ။
ဖြေ-နောင်ချိုကို ကျွန်တော်က(၁၉၉၁)ခုနှစ်ကတည်း ကရောက်တာ။ အဲဒီတုန်းကတော့ အေးအေးချမ်း ချမ်းပဲ။ အညိုရောင်နယ်မြေပေါ့။ ရှိတာတော့ ရှိကြတာပေါ့။ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေနဲ့ လက် နက်ကိုင်အဖွဲ့အစည်းနည်းနည်းပါးပါးရှိတယ်။ (၁၉၉၄)နောက်ပိုင်းကစပြီး အဲဒီနယ် မြေဟာ အဖြူရောင်နယ်မြေလုံးဝဖြစ်သွားပြီ။ အဲဒီနောက်ပိုင်း အခြေအနေတွေကောင်းခဲ့ပြီးတော့ (၁၀၂၇)မဖော် ဆောင်မီကာလမှာ တော်တော်ကို စီးပွားရေးကောင်း ခဲ့တဲ့မြို့ပါ။

မေး-စီးပွားရေးအနေနဲ့ ဘယ်လိုလုပ်ငန်းတွေလုပ် ကိုင်ခဲ့ကြလဲခင်ဗျ။
ဖြေ- စီးပွားရေးကတော့ ကြက်သွန်အဖြူ၊ အနီ၊ အာလူးတွေ တော်တော်လေးကိုစိုက်ပျိုးပြီး တောင်သူ တွေ၊ ဒေသခံတွေ တော်တော်လေးကိုအဆင်ပြေကြ တယ်။ ခရမ်းချဉ်သီးလည်းထွက်တယ်။ နောက်ပြီး ကြံ၊ ပန်း၊ နှမ်း အဲဒီစိုက်ပျိုးရေးတွေနဲ့လည်း တော် တော်လေးအဆင်ပြေကြတယ်။ (၂၀ဝ၁)ခုနှစ် နောက်ပိုင်းကစပြီး ဈေးတွေဘာတွေနဲ့လုပ်ငန်းတွေ လည်း တော်တော်ကိုအဆင်ပြေခဲ့တဲ့နေရာပေါ့။

မေး- TNLA က တိုက်ပွဲတွေဖော်ဆောင်လာခဲ့တော့ ဒေသခံတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေစတင် ရင်ဆိုင်ခဲ့ရလဲခင်ဗျ။
ဖြေ- (၁၀၂၇)ဖြစ်လာတော့ ဒေသခံတွေအများကြီးထွက်ပြေးကြရတယ်။ စီးပွားရေးလုပ်လို့လည်း အဆင် မပြေကြဘူး။ (၁၀၂၇)ပထမလှိုင်းမှာ ပလောင်တွေက မရောက်သေးဘူး။ ဒုတိယလှိုင်းမှရောက်လာတာလေ။ ဒုတိယလှိုင်းမှ နောင်ချိုတို့၊ သီပေါတို့၊ ကျောက်မဲတို့ကို သူတို့ TNLA က တိုက်တာလေ။ အဲဒီလိုဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီအနားမှာရှိတဲ့ရွာသားတွေအကုန် ပြေးရတာပေါ့။ နောင်ချိုကိုစတိုက်တဲ့နေ့ကတည်းက အရပ်သားတွေ၊ ကျန်းမာရေးအဖွဲ့ဝင်တွေ။ နောက်ပြီး တော့ ရုံးဝန်ထမ်းတွေနဲ့မိသားစုတွေအကုန်လုံးက မေမြို့ကိုဆင်းပြေးကြရတယ်။ မေမြို့ကိုရောက်ပြီး တော့မှ မေမြို့ကဘုန်းကြီးကျောင်းတွေမှာ စစ်ဘေး ရှောင်ခဲ့ကြရတယ်။ နောက်ပြီးတော့ အခုက ရွှေမုတ်တော၊ ရွာပြင်၊ သရက်ချို၊ နောင်အောတောင်မှာ ရှိတဲ့လူတွေကို TNLA တွေက (၆၀၆)ကိုတိုက်တဲ့ အချိန်အထိ အဲဒီကလူတွေကမရွှေ့ကြသေးဘူး။ စတိုက်တဲ့နေ့ကတော့ နမ့်စောင့်ကရွာသားတွေက စပြီးပြေးကြရတယ်။ အဲဒီတစ်ရွာလုံးကတော့ အကုန် ပြေးရတယ်။ အဲဒီနောက်(၆၀၆)ကျသွားတော့ အဲဒီ အနီးအနားကရွာတွေက ပလောင်တွေဖျက်ဆီးလို့ အကုန်ကုန်ပြီပေါ့။ နောက်ပြီး ကန်ကြီးဘက်ရောက် တော့လည်း သူတို့တွေပဲတော်တော်များများကိုထပ် ဖျက်ဆီးတယ်။ တော်တော်ကုန်သွားတာကတော့ သရက်ချို၊ ရွာပြင်နဲ့ရှောက်ချိုရွာကတော့ တော်တော် ကုန်သွားတယ်။ နောက်ပြီးတော့ သူတို့ဘက်ကကျတဲ့ လူတွေကို နားမုန်ရွာဆိုတာကိုပို့တယ်။ အဲဒီမှာသူတို့ ဘက်ကသေတဲ့လူတွေကို ကား(၃)စီးလောက်တိုက် ပြီးတော့ အဲဒီရွာနားကချောက်ထဲမှာချခဲ့တယ်လို့ ကျွန်တော်တော့ကြားတယ်။ အခုလက်ရှိကတော့ တောင်ခမ်းဘေးနားကရွာတွေတော့ အကုန်ကုန်ပြီ။ စီးပွားရေးကတော့ ဘာမှမလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့ အပြင် ဘာမှကိုစိုက်လို့ပျိုးလို့မရကြဘူး။ နောင်ချိုမှာ လည်း အခုလိုတွေဖြစ်ပြီးနောက်မှာ စစ်မှုထမ်း ဟောင်းတွေထွက်ပြေးရတယ်။ ထွက်ပြေးတဲ့အိမ်တွေ အကုန်လုံးလည်း ဖျက်ဆီးခံရတယ်။ အိမ်ကဟာတွေ ဆိုရင်လည်း အကုန်ယူသွားတယ်။ အဲဒီတုန်းကဆို ရင် မြို့ထဲမှာဘယ်လောက်မှကိုသိပ်မကျန်ခဲ့ဘူး။ တချို့ဆိုရင် တခြားနေရာတွေမှာ ရရာအလုပ်တွေ လုပ်နေကြရတယ်။ တွေ့တော့မေးဖြစ်ပါတယ်။ သူတို့ ကတော့ နောင်ချိုအေးချမ်းမှပဲပြန်တော့မယ်လို့ ပြောကြတယ်။

မေး-အခုလက်ရှိမှာကော နောင်ချိုမြို့မှာ မြို့ခံဦးရေဘယ်လောက်နေထိုင်နေပါသလဲခင်ဗျ။
ဖြေ- မြို့ပေါ်မှာ လူတွေကတော့ တော်တော်များများ မရှိကြဘူး။ ရှောင်ကြရတဲ့လူကများတယ်လေ။ နောင် ချိုမြို့ပေါ်ကို ပြန်ပြီးနေတဲ့လူကနည်းတယ်။ အခု လည်းသိရသလောက်ကတော့ ဘေးနားကရွာတွေ။ ရွှေမုတ်တောတို့ဘက်ကလူတွေလည်း ကျောက်ဂူ ဘက်ကိုရှောင်ကြတယ်။ တောင်ကြီးတို့ဘက်တွေ လည်းရှောင်ကြတယ်။ အခုဒီဘက်ကလူတွေတော် တော်များများကလည်း မေမြို့အကုန်ဆင်းရှောင် သွားကြတယ်။ ထပ်ဖြစ်မယ်ဆိုတာ မသေချာဘူးလေ။ ဒါပေမဲ့ ဗုံးကလည်းတောက်လျှောက်ကြဲတယ်။ နောင် ချိုမြို့ပေါ်က "ပလောင်မ"ဆီဆိုင်ဆိုလားပဲ။ အဲဒီ ကို ဆီဆိုင်ဗုံးကြဲပစ်လိုက်တယ်။ ဆေးရုံနားက ရပ် ကွက်မှာနေတဲ့လူတွေတော်တော်များများလည်း မရှိ ကြတော့ဘူး။ ကျွန်တော်သိသလောက်ဆိုရင် သူတို့ ကိုထောက်ခံတဲ့လူတွေလောက်ပဲ ကျန်ခဲ့ကြတာဖြစ် မယ်။ အဲဒီမြို့ထဲမှာပွဲရုံတွေလုပ်တဲ့ လူတွေကလည်း သူတို့ကိုပိုက်ဆံပေးရတယ်လို့ကြားတယ်။ ဘယ် လောက်ပေးရလဲတော့မသိဘူး။ အခွန်ဆောင်ရ တယ်ပေါ့။ အဲဒါကိုဘယ်အဖွဲ့ကကောက်လဲဆိုတော့ အဲဒီမှာရှိတဲ့မြင့်သန်းဆိုတဲ့ PDF ခေါင်းဆောင်က ကောက်တယ်။ ကျန်တဲ့ စီးပွားရေးလုပ်နေတဲ့လူတော် တော်များများကတော့ မဖြစ်မနေမို့ပေးရတာရှိတယ်။ တကယ်တမ်းဆိုရင် ရပ်ကွက်တော်တော်များများက ဘာမှမရှိဘူး။ အခုဆို နောင်ချိုမြို့က ဟင်းလင်း ပြင်ကြီးလိုကိုဖြစ်နေတာ။

မေး- အခုလက်ရှိနောင်ချိုမြို့မှာ ဒေသခံတွေက ဘယ်လိုစီးပွားရေးမျိုးတွေလုပ်ပြီး နေထိုင်နေကြလဲ ခင်ဗျ။
ဖြေ- နောင်ချိုမှာက အခုဘာ စီးပွားရေးမှလုပ်လို့မရဘူး။ လုပ်စရာလည်းမရှိဘူး။ လုပ်ကိုမလုပ်ကြတာ ပေါ့။ ဒီဘက်ကျွန်တော်သိသလောက်ဆို ကျောက် တောတို့ဘက်က ရွာလေးတွေတော့လုပ်လို့ရတယ်။ ကျောက်တောကတော့ အစကတည်းကစံပြရွာဖြစ် တာဆိုတော့ တောင်ယာတွေမှာထွက်လုပ်တယ်။ ညဘက်ဆိုပြန်နားကြတယ်။ တချို့သော ရွာတွေတော် တော်များများကတော့ ဘာအလုပ်မှလုပ်နိုင်တယ် မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ပစ်ခတ်နေကြ တာကိုး။ တောင်ခမ်းခွင်ထဲကရွာတွေလည်း သိပ်ပြီး အလုပ်လုပ်လို့မရဘူး။ မဲပုတ်တို့ နောင်ချိုကြီးတို့ ဘက်က ရွာသားတွေကလုပ်တော့လုပ်နေကြတာပဲ။ လုပ်နေကြပေမယ့် ကျီးလန့်စာစားလုပ်နေကြရတာ ပါပဲ။ အရောင်းအဝယ်အနေနဲ့ကျရင်လည်း အဲဒီ လောက်မဖြစ်ကြဘူး။ နောင်ချိုမြို့ပေါ်မှာလည်း လက်ခံတဲ့လူတွေရှိတယ်။ ပလောင်တွေက မြို့ပေါ်က ရှိတဲ့လူတွေကို ဈေးမဖွင့်ရင်ပိုင်ဆိုင်မှုတွေသိမ်းမယ်။ အိမ်တွေသိမ်းမယ်ဆိုတော့ တချို့ဆိုရင်စစ်ရှောင်နေ ပေမယ့် မဖြစ်မနေပြန်သွားရတဲ့လူတွေရှိတာပေါ့။ သူတို့(TNLA) ကဈေးဆိုင်တွေကိုပြန်မဖွင့်ရင် သူများပေးမယ်လို့ဆိုတော့ ပြန်တော့ဖွင့်ကြတယ်။ ဖွင့်ကြတယ်ဆိုပေမယ့် အရင်ကလောက်တော့ ဘယ် စည်တော့မလဲဗျာ။ အခုချိန်နောက်ပိုင်းမှာတော့ စီးပွားရေးကတော်တော်ကျလာကြတယ်။ အဲဒီမှာရှိခဲ့ တဲ့ဆန်ပွဲရုံပိုင်ရှင်တွေဆိုရင် တခြားနေရာမှာရှောင် နေကြရတယ်။ သူတို့ကိုမထောက်ခံတဲ့လုပ်ငန်းရှင် တွေဆိုလိုက်ဖမ်းတာ။ အဲဒါကြောင့် တချို့စီးပွား ရေးလုပ်ငန်းရှင်တွေဆိုရင် ရှောင်တိမ်းနေရတယ်။ မြို့မှာတော့ (၅၀)ရာခိုင်နှုန်းလောက်ပဲစီးပွားရေးကလုပ်နိုင်တော့မှာ။ သူတို့လက်ထဲမှာ တိုးတက်လာတယ် ဆိုတာမရှိဘူး။

မေး-နောင်ချိုမြို့မှာ အခြေခံစားသောက်ကုန်ဈေးနှုန်း တွေကကောဘယ်လိုရှိလဲခင်ဗျ။
ဖြေ- ကျွန်တော်သိရသလောက်ကတော့ ဆီတစ် ပိဿာကို ငွေကျပ်(၂ဝဝဝဝ)လောက်ဖြစ်နေပြီ။ ဒါပေမဲ့ (၂ဝဝဝဝ )ကျပ်ဆိုတာအခြေခံပဲ။ တချို့ဆို (၂၀ဝဝဝ)ကျော်လောက်ရှိတယ်။ ကြက်ဥတစ်လုံးကို ငွေကျပ်(၁ဝဝဝ)။ ဆန်ကတစ်ပြည်ကို (၈ဝဝဝ)ကျပ် လောက်ရှိတယ်။ စက်သုံးဆီတွေကလည်း တစ်လီတာ ကို(၅ဝဝဝ)ပေးရတယ်တဲ့။ ဈေးတက်တာလည်းမ ပြောနဲ့လေ အဲဒီမှာဂိတ်ကြေးတွေပေးရတာများတာ ကိုး။

မေး-တပ်မတော်က ဝေဟင်ထိုးစစ်ဆင်နေတာဆိုတော့ နောင်ချိုမြို့အခြေအနေက ဘယ်လိုရှိလဲ ခင်ဗျ။
ဖြေ- နောင်ချိုဈေးနားက တိုက်တွေဆိုမရှိတော့ဘူးလေ။ အကုန်ပြိုကျကုန်တာ။ ကျွန်တော်ကြားရသလောက်ကတော့ နေ့တိုင်းကိုကြဲတာလို့ပြောတယ်။ အဲဒီတော့နောင်ချိုမြို့က တော်တော်ကိုကြေနေပြီ။ မရှိသလောက်တောင်ဖြစ်နေပြီ။ TNLA ကတော့ အရင်နေ့က ကျောက်မဲဘက်ကို ပြန်ဆုတ်သွားသေး တယ်လို့ပြောတယ်။

မေး- နစကဥက္ကဋ္ဌရဲ့ တရုတ်ခရီးစဉ်ပြီးတော့ နောင်ချိုအပါအဝင်ရှမ်းမြောက်မှာ ဝေဟင်ထိုးစစ်ဆင်တာတွေ ပိုများလာတယ်လို့ ယူဆမိပါသလားခင်ဗျာ။
ဖြေ- ကျွန်တော်ကတော့မြင်တယ်။ နောင်ချိုဆိုတာက အရမ်းကိုအရေးပါတဲ့မြို့ပါ။ ရှမ်းပြည်နယ်တောင်ပိုင်း ကိုလည်း ဆက်သွယ်ထားတယ်။ မတ္တရာကိုလည်း သွားလို့ရတယ်။ နောက်ပြီး မိုးကုတ်ဘက်လည်းသွား လို့ရတယ်။ အဲဒီလိုမြို့ပါ။ တရုတ်ခရီးစဉ်အပြီးမှာပြော ခဲ့တာတွေရှိပါတယ်။ ငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ် ပေါ့။ သူတို့ (TNLA) ဘက်က ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်ပြမှ ငြိမ်းချမ်းရေးကို ဆွေးနွေးမယ်ပြောလိုက်တဲ့အတွက် တိုက်ပွဲတွေစိပ်လာလိမ့်မယ်။ အဲဒီအပြင်ကိုမှ တရုတ်ကပိတ်ဆို့ လိုက်တဲ့အတွက် လက်နက်ခဲယမ်းနဲ့ပတ်သက်လို့တော့ ဒီကောင်တွေအခက်အခဲတော့ဖြစ်သွားလိမ့် မယ်။ အခုအချိန်တိုက်ရင်တော့ ဒီကောင် (TNLA)တွေစစ်ရှုံးမှာ။ တပ်ကဘာလို့မလုပ်သေးလဲဆိုတာ တော့ စဉ်းစားလို့မရဘူးပေါ့နော်။

မေး-နောင်ချိုမြို့မှာ ဆက်သွယ်ရေးလိုင်းတွေ ဘယ် လိုအခြေအနေရှိပါသလဲခင်ဗျ။
ဖြေ-မြို့ထဲကို တခြားက ဆယ်သွယ်ရင်တော့မရဘူး ပြောတယ်။ နောင်ချိုကနေပြန်ဆက်မှရတယ်။ အဲဒါ တောင်ရတစ်လှည့်မရတစ်လှည့်ပါ။ တောင်ခမ်း ဘက်မှာတော့ MPT ရတယ်။ နောင်ချိုကိုလှမ်းခေါ်ရင်တော့မရဘူး။ တခြားဘယ်SIM ကတ်မှမရဘူး။ MPT နဲ့ဆက်တာတောင် သူတို့ဘက်ကဆက်မရတာ ဆိုတော့ အချိန်နဲ့ပဲဆက်လို့ရတာလို့ပြောတယ်။ အင်တာနက်လိုင်းတွေကလည်း လောလောဆယ် ဆယ်တော့ သုံးမရဘူးပြောတယ်။ Starlink အင်တာနက်ကိုအရင်ကတော့သုံးတယ်တဲ့။ အခု နောက်ပိုင်းတော့ မသုံးရတော့ဘူး။ ဆက်သွယ်ရေး ကတော့ တော်တော်လေးကိုအခက်အခဲရှိ တယ်။ မြို့ ထဲကနေလည်းအပြင်ကိုလှမ်းဆက်လို့မရဘူး။ တချို့ နေရာတွေမှာ သူတို့(TNLA)တွေရဲ့ ဂျန်ဘာတွေရှိ တယ်။ အဲဒါကြောင့်ဆက်လို့မရတာလည်းဖြစ်နိုင် တယ်။

မေး-နောင်ချိုမှာ အသက်မပြည့်သေးတဲ့လူငယ် တွေကို TNLA က စစ်သားစုဆောင်းတာတွေလုပ်နေ တယ်လို့ ကြားမိပါတယ်။ ဘယ်လိုအခြေအနေရှိပါသ လဲခင်ဗျ။
ဖြေ-ကလေးစစ်သားတွေစုတာတော့ ကြာပါပြီ။ TNLAက ကလေးတွေဘာတွေမထားဘူး။ အကုန် စုတာ။ အဲဒါက ရပ်ရွာမှာရှိတဲ့အသက်(၁၄)နှစ် ကလေးတွေပါလာတာပေါ့။ အဲဒီအပြင် လူငယ်တွေကို အတင်းအဓမ္မစုဆောင်းတာတွေလုပ်တယ်။ သူတို့ အထဲကိုဝင်ရင် ငွေကျပ်(၅)သိန်းပေးမယ်ဆိုပြီးပြော ပြီးစုဆောင်းတာ။ တကယ်တော့မပေးဘူးကြားတယ်။ အဲဒါတွေဖြစ်နေတာက ဘယ်ရွာတွေလဲဆိုတော့ သုံးဆယ်နဲ့အင်ကြင်းကုန်း အဲဒီရွာတွေ။ ပြီးတော့ တောင်ခမ်းနားတစ်ဝိုက်က ရွာတွေ။ နောင်ချိုနားက ကလေးတွေလည်းပါတယ်။ တချို့ကလည်းစားဖို့ သောက်ဖို့ပြတ်နေပြီလေ။ အဲဒါနဲ့ ငွေကျပ်(၅)သိန်း ပေးမယ်ဆိုပြီးဝင်လိုက်တာမှာ အခုကမပေးဘဲနဲ့ဆွဲ ထည့်ထားတယ်လို့ကြားတယ်။

မေး-နောက်ဆုံးအနေနဲ့ နောင်ချိုမြို့အခြေအနေက ဒီအတိုင်းဆက်သွားရင် ဘာဖြစ်သွားနိုင်လဲခင်ဗျ။
ဖြေ-နောင်ချိုမြို့အခြေအနေက ပြောလို့မရတဲ့အ ခြေအနေပါ။ ဘာဖြစ်မယ်ဆိုတာပဲ စောင့်ကြည့်နေရ တာပေါ့။ အဲဒီလိုပဲဖြေရမှာပဲ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
TNLA ေၾကာင့္ (၅)လၾကာစစ္ဒဏ္ခံရသည့္ ေနာင္ခ်ိဳၿမိဳ႕ ေျမျပင္အတြင္းေရးမ်ား
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၇

TNLA လက္နက္ကိုင္အဖြဲ႕အပါအဝင္ ေျမာက္ပိုင္း(၃)ဖြဲ႕က ၿပီးခဲ့သည့္(၂၀၂၃)ခုႏွစ္ ႏိုဝင္ဘာ(၂၇)ရက္မွစတင္ကာ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိၿမိဳ႕ မ်ားကို (၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ တိုက္ပြဲမ်ားစတင္ေဖာ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ ေျမာက္ပိုင္း(၃)ဖြဲ႕က ကြတ္ခိုင္၊ ေက်ာက္မဲ၊ မူဆယ္၊ နမ့္ခမ္း၊ လားရႈိးႏွင့္ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ၿမိဳ႕အခ်ိဳ႕ကို တိုက္ခိုက္ထိန္းခ်ဳပ္ထားဆဲျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ TNLA လက္နက္ကိုင္ႏွင့္ပူးေပါင္းအဖြဲ႕က ဇြန္လ (၂၅)ရက္မွစတင္ကာ ေနာင္ခ်ိဳၿမိဳ႕ကိုတိုက္ခိုက္ခဲ့ၿပီး ဇူလိုင္လ(၁၀)ရက္က ေနာင္ခ်ိဳၿမိဳ႕ရွိ တပ္မေတာ္၏ အမွတ္(၆၀၆)ဒုံးတပ္ရင္းကို အၿပီးသတ္တိုက္ခိုက္ၿပီးေနာက္ ၿမိဳ႕ကိုအလုံးစုံထိန္းခ်ဳပ္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့သည္။ ေနာင္ခ်ိဳၿမိဳ႕ကိုTNLA လက္နက္ကိုင္အဖြဲ႕ စတင္တိုက္ခိုက္သည့္အခ်ိန္မွစ၍ ေဒသခံျပည္သူမ်ားစြာ အျခားေသာေဒသမ်ားသို႔ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ခဲ့ရၿပီး ၿမိဳ႕ခံမ်ား၏လူမႈစီးပြားဘဝထိခိုက္ပ်က္စီးရသည့္အျပင္ ေနအိမ္မ်ား၊ ျပည္သူပိုင္အေဆာက္အအုံမ်ားႏွင့္ အစိုးရေဆာက္အအုံမ်ားစြာလည္း ပ်က္စီးဆုံးရႈံးမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။ လက္ရွိတြင္ တပ္မေတာ္ကTNLA လက္နက္ကိုင္အဖြဲ႕ထိန္းခ်ဳပ္ထားသည့္ ေနာင္ခ်ိဳၿမိဳ႕ကို ေဝဟင္ထိုးစစ္ျဖင့္အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္ေနလ်က္ရွိေၾကာင္းလည္း သိရသည္။ ထို႔ေၾကာင့္ ေနာင္ခ်ိဳၿမိဳ႕အတြင္း ေဒသခံမ်ားႀကဳံေတြ႕ေနရ သည့္အခက္အခဲမ်ား၊ လတ္တေလာျဖစ္ေပၚေနသည့္ ၿမိဳ႕အတြင္းအေျခအေနမ်ားႏွင့္ပတ္သက္၍ NP News က ယုံၾကည္စိတ္ခ်ရေသာေနာင္ခ်ိဳ ၿမိဳ႕ခံတစ္ဦးအား ဆက္သြယ္ေမးျမန္းထားမႈမ်ားကို ေဖာ္ျပအပ္ပါသည္။

ေမး-ေနာင္ခ်ိဳၿမိဳ႕က အရင္တုန္းက ဘယ္လိုၿမိဳ႕လဲ ခင္ဗ်။
ေျဖ-ေနာင္ခ်ိဳကို ကြၽန္ေတာ္က(၁၉၉၁)ခုႏွစ္ကတည္း ကေရာက္တာ။ အဲဒီတုန္းကေတာ့ ေအးေအးခ်မ္း ခ်မ္းပဲ။ အညိဳေရာင္နယ္ေျမေပါ့။ ရွိတာေတာ့ ရွိၾကတာေပါ့။ ၿငိမ္းခ်မ္းေရးအဖြဲ႕အစည္းေတြနဲ႔ လက္ နက္ကိုင္အဖြဲ႕အစည္းနည္းနည္းပါးပါးရွိတယ္။ (၁၉၉၄)ေနာက္ပိုင္းကစၿပီး အဲဒီနယ္ ေျမဟာ အျဖဴေရာင္နယ္ေျမလုံးဝျဖစ္သြားၿပီ။ အဲဒီေနာက္ပိုင္း အေျခအေနေတြေကာင္းခဲ့ၿပီးေတာ့ (၁၀၂၇)မေဖာ္ ေဆာင္မီကာလမွာ ေတာ္ေတာ္ကို စီးပြားေရးေကာင္း ခဲ့တဲ့ၿမိဳ႕ပါ။

ေမး-စီးပြားေရးအေနနဲ႔ ဘယ္လိုလုပ္ငန္းေတြလုပ္ ကိုင္ခဲ့ၾကလဲခင္ဗ်။
ေျဖ- စီးပြားေရးကေတာ့ ၾကက္သြန္အျဖဴ၊ အနီ၊ အာလူးေတြ ေတာ္ေတာ္ေလးကိုစိုက္ပ်ိဳးၿပီး ေတာင္သူ ေတြ၊ ေဒသခံေတြ ေတာ္ေတာ္ေလးကိုအဆင္ေျပၾက တယ္။ ခရမ္းခ်ဥ္သီးလည္းထြက္တယ္။ ေနာက္ၿပီး ႀကံ၊ ပန္း၊ ႏွမ္း အဲဒီစိုက္ပ်ိဳးေရးေတြနဲ႔လည္း ေတာ္ ေတာ္ေလးအဆင္ေျပၾကတယ္။ (၂၀ဝ၁)ခုႏွစ္ ေနာက္ပိုင္းကစၿပီး ေဈးေတြဘာေတြနဲ႔လုပ္ငန္းေတြ လည္း ေတာ္ေတာ္ကိုအဆင္ေျပခဲ့တဲ့ေနရာေပါ့။

ေမး- TNLA က တိုက္ပြဲေတြေဖာ္ေဆာင္လာခဲ့ေတာ့ ေဒသခံေတြအေနနဲ႔ ဘယ္လိုအခက္အခဲေတြစတင္ ရင္ဆိုင္ခဲ့ရလဲခင္ဗ်။
ေျဖ- (၁၀၂၇)ျဖစ္လာေတာ့ ေဒသခံေတြအမ်ားႀကီးထြက္ေျပးၾကရတယ္။ စီးပြားေရးလုပ္လို႔လည္း အဆင္ မေျပၾကဘူး။ (၁၀၂၇)ပထမလႈိင္းမွာ ပေလာင္ေတြက မေရာက္ေသးဘူး။ ဒုတိယလႈိင္းမွေရာက္လာတာေလ။ ဒုတိယလႈိင္းမွ ေနာင္ခ်ိဳတို႔၊ သီေပါတို႔၊ ေက်ာက္မဲတို႔ကို သူတို႔ TNLA က တိုက္တာေလ။ အဲဒီလိုျဖစ္ၿပီး ေနာက္ပိုင္းမွာ အဲဒီအနားမွာရွိတဲ့႐ြာသားေတြအကုန္ ေျပးရတာေပါ့။ ေနာင္ခ်ိဳကိုစတိုက္တဲ့ေန႔ကတည္းက အရပ္သားေတြ၊ က်န္းမာေရးအဖြဲ႕ဝင္ေတြ။ ေနာက္ၿပီး ေတာ့ ႐ုံးဝန္ထမ္းေတြနဲ႔မိသားစုေတြအကုန္လုံးက ေမၿမိဳ႕ကိုဆင္းေျပးၾကရတယ္။ ေမၿမိဳ႕ကိုေရာက္ၿပီး ေတာ့မွ ေမၿမိဳ႕ကဘုန္းႀကီးေက်ာင္းေတြမွာ စစ္ေဘး ေရွာင္ခဲ့ၾကရတယ္။ ေနာက္ၿပီးေတာ့ အခုက ေ႐ႊမုတ္ေတာ၊ ႐ြာျပင္၊ သရက္ခ်ိဳ၊ ေနာင္ေအာေတာင္မွာ ရွိတဲ့လူေတြကို TNLA ေတြက (၆၀၆)ကိုတိုက္တဲ့ အခ်ိန္အထိ အဲဒီကလူေတြကမေ႐ႊ႕ၾကေသးဘူး။ စတိုက္တဲ့ေန႔ကေတာ့ နမ့္ေစာင့္က႐ြာသားေတြက စၿပီးေျပးၾကရတယ္။ အဲဒီတစ္႐ြာလုံးကေတာ့ အကုန္ ေျပးရတယ္။ အဲဒီေနာက္(၆၀၆)က်သြားေတာ့ အဲဒီ အနီးအနားက႐ြာေတြက ပေလာင္ေတြဖ်က္ဆီးလို႔ အကုန္ကုန္ၿပီေပါ့။ ေနာက္ၿပီး ကန္ႀကီးဘက္ေရာက္ ေတာ့လည္း သူတို႔ေတြပဲေတာ္ေတာ္မ်ားမ်ားကိုထပ္ ဖ်က္ဆီးတယ္။ ေတာ္ေတာ္ကုန္သြားတာကေတာ့ သရက္ခ်ိဳ၊ ႐ြာျပင္နဲ႔ေရွာက္ခ်ိဳ႐ြာကေတာ့ ေတာ္ေတာ္ ကုန္သြားတယ္။ ေနာက္ၿပီးေတာ့ သူတို႔ဘက္ကက်တဲ့ လူေတြကို နားမုန္႐ြာဆိုတာကိုပို႔တယ္။ အဲဒီမွာသူတို႔ ဘက္ကေသတဲ့လူေတြကို ကား(၃)စီးေလာက္တိုက္ ၿပီးေတာ့ အဲဒီ႐ြာနားကေခ်ာက္ထဲမွာခ်ခဲ့တယ္လို႔ ကြၽန္ေတာ္ေတာ့ၾကားတယ္။ အခုလက္ရွိကေတာ့ ေတာင္ခမ္းေဘးနားက႐ြာေတြေတာ့ အကုန္ကုန္ၿပီ။ စီးပြားေရးကေတာ့ ဘာမွမလုပ္ႏိုင္ဘူး။ မလုပ္ႏိုင္တဲ့ အျပင္ ဘာမွကိုစိုက္လို႔ပ်ိဳးလို႔မရၾကဘူး။ ေနာင္ခ်ိဳမွာ လည္း အခုလိုေတြျဖစ္ၿပီးေနာက္မွာ စစ္မႈထမ္း ေဟာင္းေတြထြက္ေျပးရတယ္။ ထြက္ေျပးတဲ့အိမ္ေတြ အကုန္လုံးလည္း ဖ်က္ဆီးခံရတယ္။ အိမ္ကဟာေတြ ဆိုရင္လည္း အကုန္ယူသြားတယ္။ အဲဒီတုန္းကဆို ရင္ ၿမိဳ႕ထဲမွာဘယ္ေလာက္မွကိုသိပ္မက်န္ခဲ့ဘူး။ တခ်ိဳ႕ဆိုရင္ တျခားေနရာေတြမွာ ရရာအလုပ္ေတြ လုပ္ေနၾကရတယ္။ ေတြ႕ေတာ့ေမးျဖစ္ပါတယ္။ သူတို႔ ကေတာ့ ေနာင္ခ်ိဳေအးခ်မ္းမွပဲျပန္ေတာ့မယ္လို႔ ေျပာၾကတယ္။

ေမး-အခုလက္ရွိမွာေကာ ေနာင္ခ်ိဳၿမိဳ႕မွာ ၿမိဳ႕ခံဦးေရဘယ္ေလာက္ေနထိုင္ေနပါသလဲခင္ဗ်။
ေျဖ- ၿမိဳ႕ေပၚမွာ လူေတြကေတာ့ ေတာ္ေတာ္မ်ားမ်ား မရွိၾကဘူး။ ေရွာင္ၾကရတဲ့လူကမ်ားတယ္ေလ။ ေနာင္ ခ်ိဳၿမိဳ႕ေပၚကို ျပန္ၿပီးေနတဲ့လူကနည္းတယ္။ အခု လည္းသိရသေလာက္ကေတာ့ ေဘးနားက႐ြာေတြ။ ေ႐ႊမုတ္ေတာတို႔ဘက္ကလူေတြလည္း ေက်ာက္ဂူ ဘက္ကိုေရွာင္ၾကတယ္။ ေတာင္ႀကီးတို႔ဘက္ေတြ လည္းေရွာင္ၾကတယ္။ အခုဒီဘက္ကလူေတြေတာ္ ေတာ္မ်ားမ်ားကလည္း ေမၿမိဳ႕အကုန္ဆင္းေရွာင္ သြားၾကတယ္။ ထပ္ျဖစ္မယ္ဆိုတာ မေသခ်ာဘူးေလ။ ဒါေပမဲ့ ဗုံးကလည္းေတာက္ေလွ်ာက္ႀကဲတယ္။ ေနာင္ ခ်ိဳၿမိဳ႕ေပၚက "ပေလာင္မ"ဆီဆိုင္ဆိုလားပဲ။ အဲဒီ ကို ဆီဆိုင္ဗုံးႀကဲပစ္လိုက္တယ္။ ေဆး႐ုံနားက ရပ္ ကြက္မွာေနတဲ့လူေတြေတာ္ေတာ္မ်ားမ်ားလည္း မရွိ ၾကေတာ့ဘူး။ ကြၽန္ေတာ္သိသေလာက္ဆိုရင္ သူတို႔ ကိုေထာက္ခံတဲ့လူေတြေလာက္ပဲ က်န္ခဲ့ၾကတာျဖစ္ မယ္။ အဲဒီၿမိဳ႕ထဲမွာပြဲ႐ုံေတြလုပ္တဲ့ လူေတြကလည္း သူတို႔ကိုပိုက္ဆံေပးရတယ္လို႔ၾကားတယ္။ ဘယ္ ေလာက္ေပးရလဲေတာ့မသိဘူး။ အခြန္ေဆာင္ရ တယ္ေပါ့။ အဲဒါကိုဘယ္အဖြဲ႕ကေကာက္လဲဆိုေတာ့ အဲဒီမွာရွိတဲ့ျမင့္သန္းဆိုတဲ့ PDF ေခါင္းေဆာင္က ေကာက္တယ္။ က်န္တဲ့ စီးပြားေရးလုပ္ေနတဲ့လူေတာ္ ေတာ္မ်ားမ်ားကေတာ့ မျဖစ္မေနမို႔ေပးရတာရွိတယ္။ တကယ္တမ္းဆိုရင္ ရပ္ကြက္ေတာ္ေတာ္မ်ားမ်ားက ဘာမွမရွိဘူး။ အခုဆို ေနာင္ခ်ိဳၿမိဳ႕က ဟင္းလင္း ျပင္ႀကီးလိုကိုျဖစ္ေနတာ။

ေမး- အခုလက္ရွိေနာင္ခ်ိဳၿမိဳ႕မွာ ေဒသခံေတြက ဘယ္လိုစီးပြားေရးမ်ိဳးေတြလုပ္ၿပီး ေနထိုင္ေနၾကလဲ ခင္ဗ်။
ေျဖ- ေနာင္ခ်ိဳမွာက အခုဘာ စီးပြားေရးမွလုပ္လို႔မရဘူး။ လုပ္စရာလည္းမရွိဘူး။ လုပ္ကိုမလုပ္ၾကတာ ေပါ့။ ဒီဘက္ကြၽန္ေတာ္သိသေလာက္ဆို ေက်ာက္ ေတာတို႔ဘက္က ႐ြာေလးေတြေတာ့လုပ္လို႔ရတယ္။ ေက်ာက္ေတာကေတာ့ အစကတည္းကစံျပ႐ြာျဖစ္ တာဆိုေတာ့ ေတာင္ယာေတြမွာထြက္လုပ္တယ္။ ညဘက္ဆိုျပန္နားၾကတယ္။ တခ်ိဳ႕ေသာ ႐ြာေတြေတာ္ ေတာ္မ်ားမ်ားကေတာ့ ဘာအလုပ္မွလုပ္ႏိုင္တယ္ မရွိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ပစ္ခတ္ေနၾက တာကိုး။ ေတာင္ခမ္းခြင္ထဲက႐ြာေတြလည္း သိပ္ၿပီး အလုပ္လုပ္လို႔မရဘူး။ မဲပုတ္တို႔ ေနာင္ခ်ိဳႀကီးတို႔ ဘက္က ႐ြာသားေတြကလုပ္ေတာ့လုပ္ေနၾကတာပဲ။ လုပ္ေနၾကေပမယ့္ က်ီးလန႔္စာစားလုပ္ေနၾကရတာ ပါပဲ။ အေရာင္းအဝယ္အေနနဲ႔က်ရင္လည္း အဲဒီ ေလာက္မျဖစ္ၾကဘူး။ ေနာင္ခ်ိဳၿမိဳ႕ေပၚမွာလည္း လက္ခံတဲ့လူေတြရွိတယ္။ ပေလာင္ေတြက ၿမိဳ႕ေပၚက ရွိတဲ့လူေတြကို ေဈးမဖြင့္ရင္ပိုင္ဆိုင္မႈေတြသိမ္းမယ္။ အိမ္ေတြသိမ္းမယ္ဆိုေတာ့ တခ်ိဳ႕ဆိုရင္စစ္ေရွာင္ေန ေပမယ့္ မျဖစ္မေနျပန္သြားရတဲ့လူေတြရွိတာေပါ့။ သူတို႔(TNLA) ကေဈးဆိုင္ေတြကိုျပန္မဖြင့္ရင္ သူမ်ားေပးမယ္လို႔ဆိုေတာ့ ျပန္ေတာ့ဖြင့္ၾကတယ္။ ဖြင့္ၾကတယ္ဆိုေပမယ့္ အရင္ကေလာက္ေတာ့ ဘယ္ စည္ေတာ့မလဲဗ်ာ။ အခုခ်ိန္ေနာက္ပိုင္းမွာေတာ့ စီးပြားေရးကေတာ္ေတာ္က်လာၾကတယ္။ အဲဒီမွာရွိခဲ့ တဲ့ဆန္ပြဲ႐ုံပိုင္ရွင္ေတြဆိုရင္ တျခားေနရာမွာေရွာင္ ေနၾကရတယ္။ သူတို႔ကိုမေထာက္ခံတဲ့လုပ္ငန္းရွင္ ေတြဆိုလိုက္ဖမ္းတာ။ အဲဒါေၾကာင့္ တခ်ိဳ႕စီးပြား ေရးလုပ္ငန္းရွင္ေတြဆိုရင္ ေရွာင္တိမ္းေနရတယ္။ ၿမိဳ႕မွာေတာ့ (၅၀)ရာခိုင္ႏႈန္းေလာက္ပဲစီးပြားေရးကလုပ္ႏိုင္ေတာ့မွာ။ သူတို႔လက္ထဲမွာ တိုးတက္လာတယ္ ဆိုတာမရွိဘူး။

ေမး-ေနာင္ခ်ိဳၿမိဳ႕မွာ အေျခခံစားေသာက္ကုန္ေဈးႏႈန္း ေတြကေကာဘယ္လိုရွိလဲခင္ဗ်။
ေျဖ- ကြၽန္ေတာ္သိရသေလာက္ကေတာ့ ဆီတစ္ ပိႆာကို ေငြက်ပ္(၂ဝဝဝဝ)ေလာက္ျဖစ္ေနၿပီ။ ဒါေပမဲ့ (၂ဝဝဝဝ )က်ပ္ဆိုတာအေျခခံပဲ။ တခ်ိဳ႕ဆို (၂၀ဝဝဝ)ေက်ာ္ေလာက္ရွိတယ္။ ၾကက္ဥတစ္လုံးကို ေငြက်ပ္(၁ဝဝဝ)။ ဆန္ကတစ္ျပည္ကို (၈ဝဝဝ)က်ပ္ ေလာက္ရွိတယ္။ စက္သုံးဆီေတြကလည္း တစ္လီတာ ကို(၅ဝဝဝ)ေပးရတယ္တဲ့။ ေဈးတက္တာလည္းမ ေျပာနဲ႔ေလ အဲဒီမွာဂိတ္ေၾကးေတြေပးရတာမ်ားတာ ကိုး။

ေမး-တပ္မေတာ္က ေဝဟင္ထိုးစစ္ဆင္ေနတာဆိုေတာ့ ေနာင္ခ်ိဳၿမိဳ႕အေျခအေနက ဘယ္လိုရွိလဲ ခင္ဗ်။
ေျဖ- ေနာင္ခ်ိဳေဈးနားက တိုက္ေတြဆိုမရွိေတာ့ဘူးေလ။ အကုန္ၿပိဳက်ကုန္တာ။ ကြၽန္ေတာ္ၾကားရသေလာက္ကေတာ့ ေန႔တိုင္းကိုႀကဲတာလို႔ေျပာတယ္။ အဲဒီေတာ့ေနာင္ခ်ိဳၿမိဳ႕က ေတာ္ေတာ္ကိုေၾကေနၿပီ။ မရွိသေလာက္ေတာင္ျဖစ္ေနၿပီ။ TNLA ကေတာ့ အရင္ေန႔က ေက်ာက္မဲဘက္ကို ျပန္ဆုတ္သြားေသး တယ္လို႔ေျပာတယ္။

ေမး- နစကဥကၠ႒ရဲ႕ တ႐ုတ္ခရီးစဥ္ၿပီးေတာ့ ေနာင္ခ်ိဳအပါအဝင္ရွမ္းေျမာက္မွာ ေဝဟင္ထိုးစစ္ဆင္တာေတြ ပိုမ်ားလာတယ္လို႔ ယူဆမိပါသလားခင္ဗ်ာ။
ေျဖ- ကြၽန္ေတာ္ကေတာ့ျမင္တယ္။ ေနာင္ခ်ိဳဆိုတာက အရမ္းကိုအေရးပါတဲ့ၿမိဳ႕ပါ။ ရွမ္းျပည္နယ္ေတာင္ပိုင္း ကိုလည္း ဆက္သြယ္ထားတယ္။ မတၱရာကိုလည္း သြားလို႔ရတယ္။ ေနာက္ၿပီး မိုးကုတ္ဘက္လည္းသြား လို႔ရတယ္။ အဲဒီလိုၿမိဳ႕ပါ။ တ႐ုတ္ခရီးစဥ္အၿပီးမွာေျပာ ခဲ့တာေတြရွိပါတယ္။ ၿငိမ္းခ်မ္းေရးတံခါးဖြင့္ထားတယ္ ေပါ့။ သူတို႔ (TNLA) ဘက္က ၿငိမ္းခ်မ္းေရးကို လက္ေတြ႕အေကာင္အထည္ေဖာ္ျပမွ ၿငိမ္းခ်မ္းေရးကို ေဆြးေႏြးမယ္ေျပာလိုက္တဲ့အတြက္ တိုက္ပြဲေတြစိပ္လာလိမ့္မယ္။ အဲဒီအျပင္ကိုမွ တ႐ုတ္ကပိတ္ဆို႔ လိုက္တဲ့အတြက္ လက္နက္ခဲယမ္းနဲ႔ပတ္သက္လို႔ေတာ့ ဒီေကာင္ေတြအခက္အခဲေတာ့ျဖစ္သြားလိမ့္ မယ္။ အခုအခ်ိန္တိုက္ရင္ေတာ့ ဒီေကာင္ (TNLA)ေတြစစ္ရႈံးမွာ။ တပ္ကဘာလို႔မလုပ္ေသးလဲဆိုတာ ေတာ့ စဥ္းစားလို႔မရဘူးေပါ့ေနာ္။

ေမး-ေနာင္ခ်ိဳၿမိဳ႕မွာ ဆက္သြယ္ေရးလိုင္းေတြ ဘယ္ လိုအေျခအေနရွိပါသလဲခင္ဗ်။
ေျဖ-ၿမိဳ႕ထဲကို တျခားက ဆယ္သြယ္ရင္ေတာ့မရဘူး ေျပာတယ္။ ေနာင္ခ်ိဳကေနျပန္ဆက္မွရတယ္။ အဲဒါ ေတာင္ရတစ္လွည့္မရတစ္လွည့္ပါ။ ေတာင္ခမ္း ဘက္မွာေတာ့ MPT ရတယ္။ ေနာင္ခ်ိဳကိုလွမ္းေခၚရင္ေတာ့မရဘူး။ တျခားဘယ္SIM ကတ္မွမရဘူး။ MPT နဲ႔ဆက္တာေတာင္ သူတို႔ဘက္ကဆက္မရတာ ဆိုေတာ့ အခ်ိန္နဲ႔ပဲဆက္လို႔ရတာလို႔ေျပာတယ္။ အင္တာနက္လိုင္းေတြကလည္း ေလာေလာဆယ္ ဆယ္ေတာ့ သုံးမရဘူးေျပာတယ္။ Starlink အင္တာနက္ကိုအရင္ကေတာ့သုံးတယ္တဲ့။ အခု ေနာက္ပိုင္းေတာ့ မသုံးရေတာ့ဘူး။ ဆက္သြယ္ေရး ကေတာ့ ေတာ္ေတာ္ေလးကိုအခက္အခဲရွိ တယ္။ ၿမိဳ႕ ထဲကေနလည္းအျပင္ကိုလွမ္းဆက္လို႔မရဘူး။ တခ်ိဳ႕ ေနရာေတြမွာ သူတို႔(TNLA)ေတြရဲ႕ ဂ်န္ဘာေတြရွိ တယ္။ အဲဒါေၾကာင့္ဆက္လို႔မရတာလည္းျဖစ္ႏိုင္ တယ္။

ေမး-ေနာင္ခ်ိဳမွာ အသက္မျပည့္ေသးတဲ့လူငယ္ ေတြကို TNLA က စစ္သားစုေဆာင္းတာေတြလုပ္ေန တယ္လို႔ ၾကားမိပါတယ္။ ဘယ္လိုအေျခအေနရွိပါသ လဲခင္ဗ်။
ေျဖ-ကေလးစစ္သားေတြစုတာေတာ့ ၾကာပါၿပီ။ TNLAက ကေလးေတြဘာေတြမထားဘူး။ အကုန္ စုတာ။ အဲဒါက ရပ္႐ြာမွာရွိတဲ့အသက္(၁၄)ႏွစ္ ကေလးေတြပါလာတာေပါ့။ အဲဒီအျပင္ လူငယ္ေတြကို အတင္းအဓမၼစုေဆာင္းတာေတြလုပ္တယ္။ သူတို႔ အထဲကိုဝင္ရင္ ေငြက်ပ္(၅)သိန္းေပးမယ္ဆိုၿပီးေျပာ ၿပီးစုေဆာင္းတာ။ တကယ္ေတာ့မေပးဘူးၾကားတယ္။ အဲဒါေတြျဖစ္ေနတာက ဘယ္႐ြာေတြလဲဆိုေတာ့ သုံးဆယ္နဲ႔အင္ၾကင္းကုန္း အဲဒီ႐ြာေတြ။ ၿပီးေတာ့ ေတာင္ခမ္းနားတစ္ဝိုက္က ႐ြာေတြ။ ေနာင္ခ်ိဳနားက ကေလးေတြလည္းပါတယ္။ တခ်ိဳ႕ကလည္းစားဖို႔ ေသာက္ဖို႔ျပတ္ေနၿပီေလ။ အဲဒါနဲ႔ ေငြက်ပ္(၅)သိန္း ေပးမယ္ဆိုၿပီးဝင္လိုက္တာမွာ အခုကမေပးဘဲနဲ႔ဆြဲ ထည့္ထားတယ္လို႔ၾကားတယ္။

ေမး-ေနာက္ဆုံးအေနနဲ႔ ေနာင္ခ်ိဳၿမိဳ႕အေျခအေနက ဒီအတိုင္းဆက္သြားရင္ ဘာျဖစ္သြားႏိုင္လဲခင္ဗ်။
ေျဖ-ေနာင္ခ်ိဳၿမိဳ႕အေျခအေနက ေျပာလို႔မရတဲ့အ ေျခအေနပါ။ ဘာျဖစ္မယ္ဆိုတာပဲ ေစာင့္ၾကည့္ေနရ တာေပါ့။ အဲဒီလိုပဲေျဖရမွာပဲ။

အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.