“ဝ”လက်နက်ကိုင်အဖွဲ့ UWSA က တပ်သားအင်အား (၈၀၀၀) တိုးချဲ့ စစ်မှုထမ်းခိုင်းရန် ပြင်ဆင်နေ
397
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၇
“ဝ”လက်နက်ကိုင်အဖွဲ့ UWSA က တပ်သားအင်အား(၈၀၀၀) တိုးချဲ့ စစ်မှု ထမ်းခိုင်းရန် ပြင်ဆင်နေကြောင်း ဒေသတွင်းမီဒီယာများ၏ ထုတ်ဖော်ရေးသားချက်များအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်က “ဝ”လက်နက်ကိုင်အဖွဲ့(UWSA)၏ တောင်ပိုင်း(၁၇၁)စစ်ဒေသတွင် ပထမသုတ် စစ်မှုထမ်းသင်တန်းကျောင်း ကြိုဆိုပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုဆိုပွဲတွင် “ဝ”လက်နက်ကိုင်အဖွဲ့(UWSA)၏ တောင်ပိုင်းစစ်ဒေသ(၁၇၁)မှ တာဝန်ရှိသူတစ်ဦးက “ဝ”တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်မှုထမ်းရန် တပ်သားအင်အား(၄၀၀၀)စီ ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။
အထက်ပါ ကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်က “ဝ” တောင်ပိုင်း (၁၇၁)ဒေသအတွင်း နေထိုင်ခဲ့ကာ ပြည်ပသို့ အလုပ်သွား ရောက်လုပ်ကိုင်နေသည့် “ဝ”အမျိုးသားများ၊ တရားမဝင်အလုပ်သမားများနှင့် စစ်မှုမထမ်းပဲ ရှောင်ပြေးနေသူများကို နေရပ်သို့ အမြန်ဆုံးပြန်လာပြီးနောက် စစ်မှုထမ်းရန် “ဝ”လက်နက်ကိုင်အဖွဲ့"UWSA”က သတင်းထုတ်ပြန် ခဲ့ဖူးကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ အစပိုင်းကလည်း “ဝ”လက်ကိုင်အဖွဲ့ (UWSA)၏ ထိန်းချုပ်ဒေသတစ်ခုဖြစ်သော ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ရပ်ရွာလုံခြုံရေးအတွက် အသက်(၁၈)နှစ်၊ (၄၀)နှစ်အတွင်းရှိသူများကို တစ်ရွာလျှင် (၁၅)ဦးမှ (၂၅)ဦးအထိ ကောက်ခံကာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းရန် ကျေးရွာဆယ်အိမ်မှူးများကို ညွှန်ကြားခဲ့ဖူးသည်။
ထို့ပြင် "ဝ" ဒေသတွင် တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေကို ယခင်ကပင် ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းကာလကို အမျိုးသမီး (၅)နှစ်နှင့် အမျိုးသား (၉)နှစ်စီ သတ်မှတ်ကာ စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်း - မြန်မာနယ်စပ်၊ မယ်ဟောင်ဆိုင်ခရိုင်၊ ၁၇၁ ဒေသဧရိယာအတွင်းရှိ "ဝ"လက်နက်ကိုင်အဖွဲ့ (UWSA)၏ စစ်တပ် စခန်းများကို လာမည့် ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထားကာ ဖယ်ရှားပေးရန် ထိုင်းတော်ဝင်စစ်တပ်က အသိပေးထားသည်။
zawgyi version
“ဝ”လက္နက္ကိုင္အဖြဲ႕ UWSA က တပ္သားအင္အား (၈၀၀၀) တိုးခ်ဲ႕ စစ္မႈထမ္းခိုင္းရန္ ျပင္ဆင္ေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၇
“ဝ”လက္နက္ကိုင္အဖြဲ႕ UWSA က တပ္သားအင္အား(၈၀၀၀) တိုးခ်ဲ႕ စစ္မႈ ထမ္းခိုင္းရန္ ျပင္ဆင္ေနေၾကာင္း ေဒသတြင္းမီဒီယာမ်ား၏ ထုတ္ေဖာ္ေရးသားခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၂၆ ရက္က “ဝ”လက္နက္ကိုင္အဖြဲ႕(UWSA)၏ ေတာင္ပိုင္း(၁၇၁)စစ္ေဒသတြင္ ပထမသုတ္ စစ္မႈထမ္းသင္တန္းေက်ာင္း ႀကိဳဆိုပြဲကို က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ ႀကိဳဆိုပြဲတြင္ “ဝ”လက္နက္ကိုင္အဖြဲ႕(UWSA)၏ ေတာင္ပိုင္းစစ္ေဒသ(၁၇၁)မွ တာဝန္ရွိသူတစ္ဦးက “ဝ”ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းတြင္ စစ္မႈထမ္းရန္ တပ္သားအင္အား(၄၀၀၀)စီ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားထားသည္။
အထက္ပါ ကိစၥႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ ဩဂုတ္လ ၃၀ ရက္က “ဝ” ေတာင္ပိုင္း (၁၇၁)ေဒသအတြင္း ေနထိုင္ခဲ့ကာ ျပည္ပသို႔ အလုပ္သြား ေရာက္လုပ္ကိုင္ေနသည့္ “ဝ”အမ်ိဳးသားမ်ား၊ တရားမဝင္အလုပ္သမားမ်ားႏွင့္ စစ္မႈမထမ္းပဲ ေရွာင္ေျပးေနသူမ်ားကို ေနရပ္သို႔ အျမန္ဆုံးျပန္လာၿပီးေနာက္ စစ္မႈထမ္းရန္ “ဝ”လက္နက္ကိုင္အဖြဲ႕"UWSA”က သတင္းထုတ္ျပန္ ခဲ့ဖူးေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ အစပိုင္းကလည္း “ဝ”လက္ကိုင္အဖြဲ႕ (UWSA)၏ ထိန္းခ်ဳပ္ေဒသတစ္ခုျဖစ္ေသာ ဟိုပန္ခ႐ိုင္၊ ဟိုပန္ၿမိဳ႕တြင္ ရပ္႐ြာလုံၿခဳံေရးအတြက္ အသက္(၁၈)ႏွစ္၊ (၄၀)ႏွစ္အတြင္းရွိသူမ်ားကို တစ္႐ြာလွ်င္ (၁၅)ဦးမွ (၂၅)ဦးအထိ ေကာက္ခံကာ ျပည္သူ႔စစ္အဖြဲ႕ ဖြဲ႕စည္းရန္ ေက်း႐ြာဆယ္အိမ္မႉးမ်ားကို ၫႊန္ၾကားခဲ့ဖူးသည္။
ထို႔ျပင္ "ဝ" ေဒသတြင္ တစ္အိမ္တစ္ေယာက္ စစ္မႈမထမ္းမေနရ ဥပေဒကို ယခင္ကပင္ က်င့္သုံးခဲ့ျခင္းျဖစ္ၿပီး စစ္မႈထမ္းကာလကို အမ်ိဳးသမီး (၅)ႏွစ္ႏွင့္ အမ်ိဳးသား (၉)ႏွစ္စီ သတ္မွတ္ကာ စစ္မႈထမ္းရမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ထိုင္း - ျမန္မာနယ္စပ္၊ မယ္ေဟာင္ဆိုင္ခ႐ိုင္၊ ၁၇၁ ေဒသဧရိယာအတြင္းရွိ "ဝ"လက္နက္ကိုင္အဖြဲ႕ (UWSA)၏ စစ္တပ္ စခန္းမ်ားကို လာမည့္ ဒီဇင္ဘာ ၁၈ ရက္ ေနာက္ဆုံးထားကာ ဖယ္ရွားေပးရန္ ထိုင္းေတာ္ဝင္စစ္တပ္က အသိေပးထားသည္။