သမ္မတလိုင်ချန်တေးရဲ့ပစိဖိတ်ခရီးစဉ်မတိုင်မီ ထိုင်ဝမ်စစ်တပ်က လေကြောင်းရန်ကာကွယ်ရေးစစ်ရေးလေ့ကျင့်မှု ပြုလုပ်
183
Pika (NP News) - နိုဝင်ဘာ ၂၈
ထိုင်ဝမ်စစ်တပ်ဟာ ၎င်းရဲ့တုံ့ပြန်မှုတွေနဲ့ ထိတွေ့ဆက်ဆံမှုလုပ်ငန်းစဉ်တွေကို စမ်းသပ်ဖို့အတွက် နိုဝင်ဘာလ (၂၈)ရက် နံနက်အစောပိုင်းမှာ လေကြောင်းကာကွယ်ရေးစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်ဝမ်သမ္မတလိုင်ချန်တေးရဲ့ပစိဖိတ်ဒေသခရီးစဉ်မတိုင်မီ ထိုင်ဝမ်စစ်တပ်ရဲ့စစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာ လည်းဖြစ်ပါတယ်။ ဒါ့ပြင် လိုင်ချန်တေးရဲ့ပစိဖိတ်ဒေသခရီးစဉ်မတိုင်မီ တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေကို လာမယ့်ရက်ပိုင်းအတွင်း လုပ်ဆောင်နိုင်ဖွယ်ရှိနေတယ်လို့ ထိုင်ဝမ်နဲ့ဒေသဆိုင်ရာ လုံခြုံရေးအရာရှိတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး လိုင်ချန်တေးကို ခွဲထွက်ရေးသမား တစ်ဦးအဖြစ် ခေါင်းစဉ်တပ်ပြောဆိုထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုင်ချန်တေးဟာ တရုတ်အစိုးရရဲ့ ပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချထားပြီး ထိုင်ဝမ်ကျွန်းပြည်သူတွေကသာ ၎င်းတို့ရဲ့အနာဂါတ်ကို ဆုံးဖြတ်နိုင် တယ်လို့ ပြန်လည်တုံ့ပြန်ပြောဆိုထားတာလည်းဖြစ်ပါတယ်။ နိုဝင်ဘာလ(၂၈)ရက် နံနက်(၅)နာရီအချိန်မှာ စတင် လုပ်ဆောင်ခဲ့တဲ့ အချိန်(၂)နာရီကြာ လေကြောင်းရန်ကာကွယ်ရေးတိုက်ပွဲအစီအစဉ် စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်ဝမ်စစ်တပ်ရဲ့တိုက်လေယာဉ်တွေ၊သင်္ဘောတွေနဲ့ ဒုံးကျည်စနစ်တွေ ပါဝင်ခဲ့တယ်လို့ ထိုင်ဝမ်လေတပ်ကွပ်ကဲမှု ဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေး တွေရဲ့ထိရောက်မှုတွေအားလုံးကို ပိုမိုအားကောင်းလာစေဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တုံ့ပြန်မှုတွေနဲ့ ထိတွေ့ဆက်ဆံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို စမ်းသပ်ဖို့ဖြစ်တယ်လို့ ထိုင်ဝမ်လေတပ် ကွပ်ကဲမှုဌာနချုပ်က ပြောကြားထားပါတယ်။
ထိုင်ဝမ်လေတပ်ကွပ်ကဲမှုဌာနချုပ်က "ရန်သူတွေရဲ့အခြေအနေအပြောင်းအလဲတွေကို ရင်ဆိုင်ရာမှာ အလားအလာ ရှိတဲ့ခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုတွေအပေါ်မူတည်ပြီး လေကြောင်းရန်ကာကွယ်ရေးလုံခြုံရေးကို သေချာအောင် လုပ်ဆောင်ဖို့အတွက် လက်တွေ့ကျတဲ့ လေ့ကျင့်မှုအမျိုးမျိုးတွေကနေ တစ်ဆင့် ကာကွယ်ရေးပိုင်းကို မြှင့်တင်သွား မှာပါ" လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အဲဒီစစ်ရေးလေ့ကျင့်မှုဟာ သုံးလတစ်ကြိမ်ပုံမှန်လုပ်ဆောင်နေကြ စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Zawgyi Version;
သမၼတလိုင္ခ်န္ေတးရဲ႕ပစိဖိတ္ခရီးစဥ္မတိုင္မီ ထိုင္ဝမ္စစ္တပ္က ေလေၾကာင္းရန္ကာကြယ္ေရးစစ္ေရးေလ့က်င့္မႈ ျပဳလုပ္
Pika (NP News) - ႏိုဝင္ဘာ ၂၈
ထိုင္ဝမ္စစ္တပ္ဟာ ၎ရဲ႕တုံ႔ျပန္မႈေတြနဲ႔ ထိေတြ႕ဆက္ဆံမႈလုပ္ငန္းစဥ္ေတြကို စမ္းသပ္ဖို႔အတြက္ ႏိုဝင္ဘာလ (၂၈)ရက္ နံနက္အေစာပိုင္းမွာ ေလေၾကာင္းကာကြယ္ေရးစစ္ေရးေလ့က်င့္မႈကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
ထိုင္ဝမ္သမၼတလိုင္ခ်န္ေတးရဲ႕ပစိဖိတ္ေဒသခရီးစဥ္မတိုင္မီ ထိုင္ဝမ္စစ္တပ္ရဲ႕စစ္ေရးေလ့က်င့္မႈ ထြက္ေပၚလာတာ လည္းျဖစ္ပါတယ္။ ဒါ့ျပင္ လိုင္ခ်န္ေတးရဲ႕ပစိဖိတ္ေဒသခရီးစဥ္မတိုင္မီ တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကြၽန္းအနီးမွာ စစ္ေရးေလ့က်င့္မႈေတြကို လာမယ့္ရက္ပိုင္းအတြင္း လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနတယ္လို႔ ထိုင္ဝမ္နဲ႔ေဒသဆိုင္ရာ လုံၿခဳံေရးအရာရွိေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားၿပီး လိုင္ခ်န္ေတးကို ခြဲထြက္ေရးသမား တစ္ဦးအျဖစ္ ေခါင္းစဥ္တပ္ေျပာဆိုထားတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း လိုင္ခ်န္ေတးဟာ တ႐ုတ္အစိုးရရဲ႕ ေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားၿပီး ထိုင္ဝမ္ကြၽန္းျပည္သူေတြကသာ ၎တို႔ရဲ႕အနာဂါတ္ကို ဆုံးျဖတ္ႏိုင္ တယ္လို႔ ျပန္လည္တုံ႔ျပန္ေျပာဆိုထားတာလည္းျဖစ္ပါတယ္။ ႏိုဝင္ဘာလ(၂၈)ရက္ နံနက္(၅)နာရီအခ်ိန္မွာ စတင္ လုပ္ေဆာင္ခဲ့တဲ့ အခ်ိန္(၂)နာရီၾကာ ေလေၾကာင္းရန္ကာကြယ္ေရးတိုက္ပြဲအစီအစဥ္ စစ္ေရးေလ့က်င့္မႈအတြင္း ထိုင္ဝမ္စစ္တပ္ရဲ႕တိုက္ေလယာဥ္ေတြ၊သေဘၤာေတြနဲ႔ ဒုံးက်ည္စနစ္ေတြ ပါဝင္ခဲ့တယ္လို႔ ထိုင္ဝမ္ေလတပ္ကြပ္ကဲမႈ ဌာနခ်ဳပ္က သတင္းထုတ္ျပန္ထားပါတယ္။ အဲဒီစစ္ေရးေလ့က်င့္မႈဟာ ေလေၾကာင္းရန္ကာကြယ္ေရးစစ္ဆင္ေရး ေတြရဲ႕ထိေရာက္မႈေတြအားလုံးကို ပိုမိုအားေကာင္းလာေစဖို႔နဲ႔ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ႕ တုံ႔ျပန္မႈေတြနဲ႔ ထိေတြ႕ဆက္ဆံမႈဆိုင္ရာ လုပ္ထုံးလုပ္နည္းေတြကို စမ္းသပ္ဖို႔ျဖစ္တယ္လို႔ ထိုင္ဝမ္ေလတပ္ ကြပ္ကဲမႈဌာနခ်ဳပ္က ေျပာၾကားထားပါတယ္။
ထိုင္ဝမ္ေလတပ္ကြပ္ကဲမႈဌာနခ်ဳပ္က "ရန္သူေတြရဲ႕အေျခအေနအေျပာင္းအလဲေတြကို ရင္ဆိုင္ရာမွာ အလားအလာ ရွိတဲ့ၿခိမ္းေျခာက္မႈေတြနဲ႔ စိန္ေခၚမႈေတြအေပၚမူတည္ၿပီး ေလေၾကာင္းရန္ကာကြယ္ေရးလုံၿခဳံေရးကို ေသခ်ာေအာင္ လုပ္ေဆာင္ဖို႔အတြက္ လက္ေတြ႕က်တဲ့ ေလ့က်င့္မႈအမ်ိဳးမ်ိဳးေတြကေန တစ္ဆင့္ ကာကြယ္ေရးပိုင္းကို ျမႇင့္တင္သြား မွာပါ" လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီစစ္ေရးေလ့က်င့္မႈဟာ သုံးလတစ္ႀကိမ္ပုံမွန္လုပ္ေဆာင္ေနၾက စစ္ေရးေလ့က်င့္မႈတစ္ခုျဖစ္တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။