ပုပ္ပားတောင်မကြီးအနီးရှိ ချောင်းဆုံခေါ် ဘမ်းစတား အလည်အပတ်ခရီးစဉ် စတင်

 389

စော (NP News) - နိုဝင်ဘာ ၂၈

ပုပ္ပားတောင်မကြီးအနီးရှိ ‘‘ချောင်းဆုံခေါ် ဘမ်းစတားလမ်းကြား”ကို လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှု များပြားနေကြောင်း Popa Bumster ထံမှ သိရသည်။

ချောင်းဆုံခေါ် ဘမ်းစတားလမ်းကြားသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင် မကြီးအနီးအနားတွင်တည်ရှိပြီး အဆိုပါနေရာသို့ လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှုများ ရှိနေကြောင်း သိရသည်။

‘‘အများကြီးပဲရှိတယ်။ ကျွန်တော်တို့ပုံမှန် Page မှာတင်ရင် တခြားနေရာတွေဆို Like တို့ React တို့၊ Share တို့သိပ်မရဘူး။ ဒီနေရာကိုစပြီး တင်လိုက်တဲ့အချိန်မှာ တော်တော်များများ စိတ်ဝင်စား တာကိုတွေ့တယ်။ Page မှာ လာမေးတာလည်း အများကြီးရှိတယ်”ဟု Popa Bumster မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။ အဆိုပါ ဘမ်းစတားလမ်းကြားတွင် ဒေသန္တရဗဟုသုတများကို လေ့လာနိုင်ခြင်းနှင့် လွတ်လွတ်လပ်လပ် ဓာတ်ပုံရိုက်ကူးနိုင်ကြောင်း သိရသည်။

‘‘ဒီနေရာကို ချောင်းဆုံလို့ခေါ်ကြတယ်ဗျ။ ဒီနေရာက သူကမိုးရာသီမှာ ချောင်းသုံးခုစီးတယ်။ ကျန်တဲ့ရာသီတွေက အမြဲတမ်းစီးတဲ့ချောင်းတစ်ခု ပဲရှိတယ်။ အဲဒါကြောင့် ချောင်းဆုံလို့ခေါ်တာ”ဟု ၎င်းက ဆက်လက်ပြော သည်။ အဆိုပါ ဘမ်းစတားလမ်းကြားနေရာသို့သွားရောက်ရာတွင် လမ်းကြမ်းသည့်အတွက် တစ်နာရီခွဲဝန်းကျင် ကြာမြင့်ကြောင်း သိရသည်။

‘‘Social မှာ‌တော့ ကျွန်တော်တို့ပထမဆုံးတင်တာပေါ့။ ဒေသခံတွေအတွက်ကတော့ တွေ့တာတော့ကြာပြီပေါ့။ အလည်အပတ်အနေနဲ့ကတော့ ပထမဆုံးပဲပေါ့။ လည်ပတ်လို့ရအောင်တော့ ဖော်ဆောင်နေပါပြီ”ဟု ၎င်းက ဆက်လက်ပြောသည်။

ဘမ်းစတားလမ်းကြားကို လာရောက်လည်ပတ်ရာ၌ လိုက်နာရမည့်စည်းကမ်းချက်များမှာ အမှိုက်များကိုပြန်သိမ်းရန်နှင့် သွားရောက်သည့် လမ်းခရီးများကို Video ရိုက်ကူးခွင့်မပြုကြောင်းနှင့် အကြောင်းအရင်းမှာဒေသ အရင်းအမြစ် ပျက်စီးသွားမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အဆိုပါနေရာသို့ သွားရောက်ရာတွင် ဘမ်းစတားလမ်းကြား-တောင်ပေါ်တောင်ရွာ-ရွှေ သမင်ခြံ-ငဝါစမ်း-ပုပ္ပားတောင်မကြီး ညအိပ်ခရီးစဉ်များနှင့် တွဲဖက်ထားကြောင်းသိရသည်။

zawgyi version
ပုပၸားေတာင္မႀကီးအနီးရွိ ေခ်ာင္းဆုံေခၚ ဘမ္းစတား အလည္အပတ္ခရီးစဥ္ စတင္
ေစာ (NP News) - ႏိုဝင္ဘာ ၂၈

ပုပၸားေတာင္မႀကီးအနီးရွိ ‘‘ေခ်ာင္းဆုံေခၚ ဘမ္းစတားလမ္းၾကား”ကို လာေရာက္လည္ပတ္ရန္ စိတ္ဝင္စားမႈ မ်ားျပားေနေၾကာင္း Popa Bumster ထံမွ သိရသည္။

ေခ်ာင္းဆုံေခၚ ဘမ္းစတားလမ္းၾကားသည္ မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ပုပၸားေတာင္ မႀကီးအနီးအနားတြင္တည္ရွိၿပီး အဆိုပါေနရာသို႔ လာေရာက္လည္ပတ္ရန္ စိတ္ဝင္စားမႈမ်ား ရွိေနေၾကာင္း သိရသည္။

‘‘အမ်ားႀကီးပဲရွိတယ္။ ကြၽန္ေတာ္တို႔ပုံမွန္ Page မွာတင္ရင္ တျခားေနရာေတြဆို Like တို႔ React တို႔၊ Share တို႔သိပ္မရဘူး။ ဒီေနရာကိုစၿပီး တင္လိုက္တဲ့အခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ား စိတ္ဝင္စား တာကိုေတြ႕တယ္။ Page မွာ လာေမးတာလည္း အမ်ားႀကီးရွိတယ္”ဟု Popa Bumster မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။ အဆိုပါ ဘမ္းစတားလမ္းၾကားတြင္ ေဒသႏၲရဗဟုသုတမ်ားကို ေလ့လာႏိုင္ျခင္းႏွင့္ လြတ္လြတ္လပ္လပ္ ဓာတ္ပုံ႐ိုက္ကူးႏိုင္ေၾကာင္း သိရသည္။

‘‘ဒီေနရာကို ေခ်ာင္းဆုံလို႔ေခၚၾကတယ္ဗ်။ ဒီေနရာက သူကမိုးရာသီမွာ ေခ်ာင္းသုံးခုစီးတယ္။ က်န္တဲ့ရာသီေတြက အၿမဲတမ္းစီးတဲ့ေခ်ာင္းတစ္ခု ပဲရွိတယ္။ အဲဒါေၾကာင့္ ေခ်ာင္းဆုံလို႔ေခၚတာ”ဟု ၎က ဆက္လက္ေျပာ သည္။ အဆိုပါ ဘမ္းစတားလမ္းၾကားေနရာသို႔သြားေရာက္ရာတြင္ လမ္းၾကမ္းသည့္အတြက္ တစ္နာရီခြဲဝန္းက်င္ ၾကာျမင့္ေၾကာင္း သိရသည္။

‘‘Social မွာ‌ေတာ့ ကြၽန္ေတာ္တို႔ပထမဆုံးတင္တာေပါ့။ ေဒသခံေတြအတြက္ကေတာ့ ေတြ႕တာေတာ့ၾကာၿပီေပါ့။ အလည္အပတ္အေနနဲ႔ကေတာ့ ပထမဆုံးပဲေပါ့။ လည္ပတ္လို႔ရေအာင္ေတာ့ ေဖာ္ေဆာင္ေနပါၿပီ”ဟု ၎က ဆက္လက္ေျပာသည္။

ဘမ္းစတားလမ္းၾကားကို လာေရာက္လည္ပတ္ရာ၌ လိုက္နာရမည့္စည္းကမ္းခ်က္မ်ားမွာ အမႈိက္မ်ားကိုျပန္သိမ္းရန္ႏွင့္ သြားေရာက္သည့္ လမ္းခရီးမ်ားကို Video ႐ိုက္ကူးခြင့္မျပဳေၾကာင္းႏွင့္ အေၾကာင္းအရင္းမွာေဒသ အရင္းအျမစ္ ပ်က္စီးသြားမည္ကို စိုးရိမ္ျခင္းေၾကာင့္ျဖစ္ေၾကာင္း ၎ကေျပာၾကားသည္။

အဆိုပါေနရာသို႔ သြားေရာက္ရာတြင္ ဘမ္းစတားလမ္းၾကား-ေတာင္ေပၚေတာင္႐ြာ-ေ႐ႊ သမင္ၿခံ-ငဝါစမ္း-ပုပၸားေတာင္မႀကီး ညအိပ္ခရီးစဥ္မ်ားႏွင့္ တြဲဖက္ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.