အမေရိကန်နဲ့ ဗြိတိန်မှာ နာမည်ကျော် Minecraft ဂိမ်းရဲ့ အပန်းဖြေပန်းခြံတွေ တည်ဆောက်တော့မယ်

 89

Pika (NP News) - နိုဝင်ဘာ ၂၈

အပန်းဖြေပန်းခြံအော်ပရေတာ Merlin Entertainments ကုမ္ပဏီနှင့်ဗီဒီယိုဂိမ်းတီထွင်ဖန် တီးသူ Mojang Studios တို့သည် အရောင်းရဆုံးဗီဒီယိုဂိမ်းတစ်ခုဖြစ်သည့် Minecraft ကို အပန်းဖြေပန်းခြံတစ်ခုအဖြစ် တီထွင်ဖန်တီးရန်စီစဉ်နေကြောင်းသိရသည်။ နာမည်ကျော်ကြားသည့် ဂိမ်း တစ်ခုဖြစ်သော Minecraft သည် အပန်းဖြေပန်းခြံ အော်ပရေတာ Merlin Entertainments ကုမ္ပဏီ နှင့်ဗီဒီယိုဂိမ်းတီထွင်ဖန်တီးသူ Mojang Studios တို့ကြား ပူးပေါင်းဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းအဖြစ် လက်တွေ့တီထွင်ဖန်တီးထားမည့် ပန်းခြံတစ်ခု ဖြစ်လာတော့မည်လည်းဖြစ်သည်။

(၂၀၂၆)ခုနှစ်နှင့်(၂၀၂၇)ခုနှစ်တို့တွင် အမေရိကန်နှင့် ဗြိတိန်တို့တွင် ဂိမ်းအပေါ်အခြေခံကာ ဆွဲဆောင်မှုနေရာများဖန်တီးရန် Mojang Studios ကုမ္ပဏီနှင့်အမေရိကန်ဒေါ်လာ(၁၀၇ ဒသမ ၅)သန်း တန်ဖိုးရှိ သဘောတူညီချက်တစ်ခုကို သဘောတူညီခဲ့ ကြောင်း Merlin Entertainments ကုမ္ပဏီက ပြောကြားခဲ့သည်။ ထို့ပြင် လူကြိုက်များသော 3D sandbox ဂိမ်းကိုအခြေခံကာ တည်းခိုရာနေရာများ၊လက်လီရောင်းချသည့်နေရာများနှင့် စားသောက်သည့်နေရာများသို့ ချဲ့ထွင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Mojang Studios ကုမ္ပဏီနှင့် သဘောတူညီခဲ့သော အဆိုပါသဘော တူညီချက်သည် သိသာထင်ရှားသောမှတ်တိုင်တစ်ခုဖြစ်ကြောင်း Merlin Entertainments ၏ အမှုဆောင်အရာရှိချုပ် Scott O'Neil ကပြောကြားခဲ့သည်။

Scott O'Neil က "Minecraft ဂိမ်းဟာ ကမ္ဘာပေါ်မှာ အရောင်းရဆုံးဗီဒီယိုဂိမ်းတစ်ခုဖြစ်ပါ တယ်။ ပြီးတော့ ထိပ်တန်းခရီးသွားနေရာတွေမှာ အပန်းဖြေကစားကွင်းတွေနဲ့ မြို့လယ်ကအထင်ကရနေရာတွေမှာ Minecraft ဂိမ်းရဲ့ စိတ်လှုပ်ရှားဖွယ်ရာ တီထွင်ဖန်တီးမှုတွေကို ပရိသတ်တွေက မကြာခင် အချိန်အတွင်း မြင်တွေ့ရတော့မှာပါ"ဟု ပြောဆိုခဲ့သည်။

zawgyi version





Related news

© 2021. All rights reserved.