အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်လာမယ့်သူက ဘယ်လို လူစားမျိုးလဲ (အတ္ထုပ္ပတ္တိ)
973
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈
နိုဝင်ဘာလ (၅) ရက်ကကျင်းပခဲ့တဲ့ အမေရိ ကန်သမ္မတရွေးကောက်ပွဲမှာအနိုင်ရပြီးနောက် ရီပတ် ဘလီကန်ပါတီရဲ့ရွေးကောက်ခံသမ္မတ ဖြစ်သူ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆို မီ အစိုးရအဖွဲ့အသစ်မှာပါဝင်မယ့်သူတွေကို အမည် စာရင်းတင်သွင်းလျက်ရှိနေပါတယ်။ ဘီလျံနာ ဒေါ် နယ်ထရမ့် အမည်စာရင်းတင်သွင်းခဲ့သူတွေထဲမှာ မာကိုအန်တိုနီယို ရူဘီယိုလည်းပါဝင်နေပါတယ်။ ရူဘီ ယိုဟာ (၂၀၁၁) ခုနှစ်နောက်ပိုင်းတည်းက ဖလော်ရီ ပြည်နယ်က ရွေးကောက်တင်မြှောက်ခံရတဲ့ အထက် လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်ပါတယ်။ ရူဘီ ယိုဟာ ဒေါ်နယ်ထရမ့်ရဲ့ပြိုင်ဘက်ဟောင်းတစ်ဦး ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ဒေါ်နယ်ထရမ့်အပေါ် သစ္စာရှိသူတစ်ဦးအဖြစ် သတ်မှတ်ပြောဆိုခံရပြီး အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာ ရင်းတင်သွင်းခံထားရသူဖြစ်ပါတယ်။ (၂၀၁၆)ခုနှစ်တုန်းက ရီပတ်ဘလီကန်ပါတီကိုယ်စားပြုပြီး သမ္မတလောင်းအဖြစ်ရွေးချယ်ခံရဖို့ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်ခဲ့ဖူးပြီး အဲဒီအချိန်တုန်းက ရူဘီယိုဟာ ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်ခဲ့ပါတယ်။ အသက် (၅၃)နှစ်အရွယ်ရှိ ရူဘီယိုကို ကျူးဘားရွှေ့ပြောင်း သွားလာသူ မိသားစုက မိုင်ယာမီမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူဟာ ဘားသမားတစ်ဦးဖြစ်ကာ မိခင်ဖြစ်သူကတော့ ဟိုတယ်အကူအမျိုးသမီးဖြစ်ပါ တယ်။ ရူဘီယိုရဲ့မိဘနှစ်ပါးဟာ ကျူးဘားတော်လှန် ရေးဖြစ်ပြီးနောက် ဟိုတယ်လုပ်ငန်းတွေမှာ လုပ် ကိုင်နိုင်အောင် (၁၉၅၆)ခုနှစ်မှာ အမေရိကန်နိုင်ငံ ကိုပြောင်းရွှေ့လာတဲ့ ကျူးဘားနိုင်ငံသားတွေဖြစ်ပါ တယ်။ ရူဘီယိုဟာ ရွှေ့ပြောင်းသွားလာတဲ့ မိသားစုက မွေးဖွားသူဖြစ်တဲ့အတွက် အသက် (၆)နှစ်အရွယ်အထိ လက်ဗီးဂတ်စ်မြို့မှာ နေထိုင်ကုန်ဆုံးခဲ့ရပြီး အသက် (၁၄)နှစ်အရွယ်မှာ မိုင်ယာမီမြို့ကိုပြန်လည် ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ပါတယ်။ ငယ်စဉ် ကလေးဘဝတုန်းက လက်ဗီးဂတ်စ်မြို့ရှိ ကက် သလစ်ဘုရားကျောင်းမှာ ကျောင်းတက်ခဲ့ရဖူးသလို မိုင်ယာမီမြို့အထက်တန်းကျောင်းမှာလည်း ကျောင်း တက်ခဲ့ရဖူးသူဖြစ်ပါတယ်။ ရူဘီယိုဟာ ဖလော်ရီဒါ ပြည်နယ်တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာ ရပ်နဲ့ ဘွဲ့ရခဲ့သလို (၁၉၉၆)ခုနှစ်မှာ မိုင်ယာမီ ဥပဒေ ပညာ ပိုင်းဆိုင်ရာတက္ကသိုလ်ကနေလည်း ဒေါက်တာ ဘွဲ့တွေရရှိခဲ့သူဖြစ်ပါတယ်။ တကယ်တော့ ရူဘီ ယိုဟာ ငယ်စဉ် ကလေးဘဝတုန်းက နိုင်ငံရေးသမား ဖြစ်ဖို့ ရည်ရွယ်ချက်မရှိဘဲ အမေရိကန် Football League NFLကစားသမားတစ်ဦးဖြစ်ဖို့ ကြီးမားတဲ့ အိမ်မက်ရှိခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ကောလိပ်ပြိုင်ပွဲတွေမှာ ပါဝင်ကစားခဲ့ပြီး ကောလိပ် လိဂ်ပြိုင်ပွဲ နှစ်ပွဲကစားပြီးချိန်မှာ NFL ကစားသမား ဖြစ်ဖို့ ပိုမိုစိတ်ဝင်စားလာခဲ့သလို တခြားကော လိပ်တွေက ကမ်း လှမ်းခြင်းတွေကိုလည်းခံခဲ့ရဖူး သူဖြစ်ပါတယ်။ ဒါပေမဲ့ ရူဘီယိုဟာ ဒဏ်ရာပြဿ နာတွေအပြင် ငွေကြေးလို အပ်ချက်တွေကြောင့် NFL ကစားသမားဖြစ်ဖို့ ရည်ရွယ်ချက်ကို စွန့်လွှတ်ကာ တက္ကသိုလ်ကနေ ဘွဲ့ရရှိအောင် ကြိုးပမ်းခဲ့ တယ်လို့ သိရပါတယ်။ ရူဘီယိုဟာ NFL ကစားသမားဖြစ်မလာခဲ့ပေမယ့် ၎င်းတို့အသင်းကို အားပေးတဲ့ ပရိသတ်တစ်ဦးဖြစ်သူနဲ့ လက်ထပ်ကာ သားသမီး လေးဦးရရှိထားပါတယ်။ (၁၉၉၉) ခုနှစ်မှာ နိုင်ငံရေးလောကကို ဝင်ရောက်ကာ ဖလော်ရီဒါပြည် နယ် အထူးရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် လေးကြိမ်ဆက်တိုက် ရွေးကောက်ခံရပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် (၉) နှစ်ကြာ တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ရူဘီယိုဟာ ဖလော်ရီဒါပြည်နယ်မှာ လွှတ်တော်ဥက္ကဋ္ဌတာဝန်တွေ အပြင် လူများစုခေါင်း ဆောင်အဖြစ်ရွေးချယ်တာဝန် ပေးခြင်းတွေလည်းခံခဲ့ရဖူးပါတယ်။
ဖလော်ရီဒါ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင် ယှဉ်ပြိုင်ဖို့ ကြိုးပမ်းချိန်တုန်းက ရီပတ်ဘလီကန် ပါတီခေါင်းဆောင်တွေဟာ ၎င်းင်းကို ပါဝင်မယှဉ်ပြိုင်ဖို့ဖိအားပေးခဲ့ပြီး ရှေ့နေချုပ်နေရာအတွက် ဖိအားပေးခဲ့ဖူးကြောင်း မာကိုရူဘီယိုက "An American Son."အမည်ရှိစာအုပ်ထဲမှာ ထည့်သွင်းရေးသား ခဲ့ဖူးပါတယ်။ ရူဘီယိုဟာ ဖလော်ရီဒါပြည်နယ်လွှတ် တော်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီးနောက် အမေရိကန် သမ္မတရွေးကောက်ပွဲကို (၂၀၁၆)ခုနှစ်က ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမ ရဘဲဖြစ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ရွေး ကောက် ပွဲကိုပါဝင်ယှဉ်ပြိုင်ခြင်းမပြုမိ ရီပတ်ဘလီကန် ပါတီသမ္မတလောင်းရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဒေါ်နယ်ထရမ့်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီးအပြန်အလှန်ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ မာကိုရူဘီယိုတို့ဟာ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းရွေးကောက်ပွဲမှာ အ ငြင်းပွားစရာအဖြစ်အပျက်တွေရှိခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ ဆက်ဆံရေးပြန်လည်ကောင်းမွန်ခဲ့ ပါတယ်။ ဒါကြောင့် မာကိုရူဘီယိုဟာ (၂၀၂၄)ခုနှစ် အတွင်းကျင်းပတဲ့ အမေရိကန်သမ္မတရွေးကောက် ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရအောင် အစွမ်းကုန် ကြိုးပမ်းခဲ့သူတွေထဲ ပါဝင်နေပါတယ်။
မာကိုရူဘီယိုဟာအထက်လွှတ်တော်မှာ နိုင်ငံခြားထောက်လှမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ဖူးသလို နိုင်ငံခြားဆက်ဆံရေး ကော် မတီဝင်အဖြစ်ပါဝင်ခဲ့ဖူးရာ ပြည်ပနိုင်ငံတွေရဲ့ စစ်ရေးနဲ့ပတ်သက်ပြီး မကြာခဏဆွေးနွေးပြောဆိုခဲ့ဖူးပါတယ်။ အထူးသဖြင့် မာကိုရူဘီယိုဟာ တရုတ် နိုင်ငံ၊ အီရန်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ တို့နဲ့ပတ်သက်လို့ဝေဖန်ပြောဆိုခဲ့ဖူးပြီး အဲဒီနိုင်ငံ တွေက အမေရိကန်နိုင်ငံကို ဆန့်ကျင်ဖို့ မိတ်ဖက် အဖြစ် ဖွဲ့စည်းရပ်တည်နေတယ်လို့ ပြောဆိုခဲ့ဖူးပါ တယ်။ မာကိုရူဘီယိုက"တရုတ်၊ ရုရှား ၊ မြောက်ကို ရီးယားနဲ့အီရန်နိုင်ငံတို့ဟာ အမေရိကန်နဲ့ မဟာမိတ် တွေ အားနည်းစေဖို့ တူညီတဲ့ရည်မှန်းချက်တွေရှိနေတဲ့နိုင်ငံတွဖြစ်တယ်"လို့မတ်လတုန်းကပြောဆိုခဲ့ဖူးပါတယ်။
မာကိုရူဘီယိုဟာ ဆီးရီးယားလက်နက်ကိုင် အဖွဲ့တွေကို လက်နက်တပ်ဆင်ပေးဖို့ ထောက်ခံခဲ့ ဖူးသလို ကာကွယ်ရေးအသုံးစရိတ်ကိုဦးစားပေးသုံးစွဲဖို့လည်း ထောက်ခံခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ ရာသီဥတုပြောင်းလဲမှုအတွက် သိပ္ပံညာအကျိုးဆက် တွေကို ငြင်းဆန်သူဖြစ်ပြီး ဖက်ဒရယ်ဘတ်ဂျက် အသုံးစရိတ် ဟန်ချက်ညီအောင်ထိန်းသိမ်းရေးကို ထောက်ခံသူဖြစ်ပါတယ်။ ရူဘီယိုဟာ စစ်ရေးနဲ့ ထောက်လှမ်းရေးကော်မတီတွေမှာ ပါဝင်ခဲ့ဖူးသူ ဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲ တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုဖူးသူဖြစ်ရာအစ္စရေးနဲ့ဟားမတ်စ်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲမှာ အစ္စရေးနိုင်ငံကို အပြည့်အဝ ထောက်ခံကြောင်းရပ်တည်ခဲ့တဲ့အမတ်တစ်ဦးဖြစ် သလို ပါလက်စတိုင်းတွေထိခိုက်ပျက်စီးမှုအတွက် ဟားမတ်စ်အဖွဲ့ကို လူသိရှင်ကြားဝေဖန်ခဲ့ဖူးသူဖြစ် ပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ရူဘီယိုဟာ ရုရှားနိုင်ငံကို အစော ပိုင်းမှာပြစ်တင်ရှုတ်ချခဲ့ပေမယ့် ထိခိုက်သေဆုံးမှု မဖြစ်ရအောင် စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့တောင်း ဆိုခဲ့ဖူးသူဖြစ်ပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူ တွေက မာကိုရူဘီယိုဟာ ခက်ထန်ကြမ်းတမ်းတဲ့ နိုင်ငံခြားရေး မူဝါဒချဉ်းကပ်မှုတွေကို ကာလအတန် ကြာ ရပ်တည်လုပ်ကိုင်ခဲ့သူဖြစ်ပြီး တစ်ခါတစ်ရံမှာ သူရဲ့အယူအဆတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန် ပထမဖြစ်ရေး ရပ်တည်ချက်မျိုးဖြစ်တယ် လို့ ပြောပါတယ်။ မာကိုရူဘီယိုဟာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲမှာ ရုရှားကို ဝေဖန်ပြစ်တင်ခဲ့ပေမယ့် ယူက ရိန်းကို အမေရိကန်ငွေကြေးများ ကူညီထောက်ပံ့ခြင်း ကို ဆန့်ကျင်ကန့်ကွက်ဖူးသူ ဖြစ်ပါတယ်။ တရုတ် နိုင်ငံနဲ့ ထိပ်တိုက် တွေ့ဆုံရေးချဉ်းကပ်ပြောဆိုမှုတွေ ကို လုပ်ဆောင်ခဲ့ဖူးသူဖြစ်ရာ ၎င်းသာ အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဖြစ်လာမယ်ဆိုရင် အမေရိကန်နဲ့ တရုတ်ဆက်ဆံရေး စိုးရိမ်ရဖွယ်ရှိတယ်လို့ သုံးသပ် ပြောဆိုတာတွေလည်း ရှိနေပါတယ်။ မာကိုရူဘီယိုဟာ တရုတ်နည်းပညာကုမ္ပဏီတွေက တင်သွင်းတဲ့ပစ္စည်း တွေကိုအခွန်တိုးကောက်ဖို့ကတော့ ကုမ္ပဏီကထုတ်ကုန်တွေကို အမေရိကန်နိုင်ငံအတွင်းရောင်းချခြင်းကို ပိတ်ပင်ဖို့ တောင်းဆိုကြိုးပမ်းခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ နိုင်ငံစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို အားပေးပေမယ့် လိင်တူလက်ထပ်ခြင်းကို ဆန့်ကျင်သူလည်းဖြစ်ပါတယ်။ မာကိုရူဘီယိုကို အမေရိကန်နိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပုံစံမျိုးထက် နိုင်ငံရေးသမားပုံစံမျိုးကို ပိုမိုလူသိများပြီး ၎င်းဟာ ပါတီအတွင်း မူဝါဒအပြောင်းအလဲတွေကို လိုက်ကာအမြင်တွေ ပြောင်းလဲတတ်သူဖြစ်ပါတယ်လို့ ဆိုကြပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေး ကောက်ပွဲကာလတုန်းက အဓိကပံ့ပိုးကူညီပေးခဲ့သူတွေကို ၎င်းဦးဆောင်မယ့် အမေရိကန်အစိုးရ အဖွဲ့အသစ်မှာ ပါဝင်ဖို့အမည်စာရင်းတင်သွင်းနေရာ ရူဘီယိုဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာချိန်မှာ သမ္မတဖြစ်သူဒေါ်နယ်ထရမ့် ချမှတ်မယ့် မူဝါဒတွေကို ဟန်ချက်ညီအောင် စွမ်းဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ ရူဘီယိုဟာ တရုတ်ဆန့်ကျင့်ရေးသမားအဖြစ် လူသိများတဲ့အတွက် အမေရိကန်အစိုးရအသစ်လက်ထက်မှာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးဟာ ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရဖွယ် ရှိနေပါတယ်။
zawgyi version
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ျဖစ္လာမယ့္သူက ဘယ္လို လူစားမ်ိဳးလဲ (အတၳဳပၸတၱိ)
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈
ႏိုဝင္ဘာလ (၅) ရက္ကက်င္းပခဲ့တဲ့ အေမရိ ကန္သမၼတေ႐ြးေကာက္ပြဲမွာအႏိုင္ရၿပီးေနာက္ ရီပတ္ ဘလီကန္ပါတီရဲ႕ေ႐ြးေကာက္ခံသမၼတ ျဖစ္သူ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ က်မ္းသစၥာမက်ိန္ဆို မီ အစိုးရအဖြဲ႕အသစ္မွာပါဝင္မယ့္သူေတြကို အမည္ စာရင္းတင္သြင္းလ်က္ရွိေနပါတယ္။ ဘီလ်ံနာ ေဒၚ နယ္ထရမ့္ အမည္စာရင္းတင္သြင္းခဲ့သူေတြထဲမွာ မာကိုအန္တိုနီယို ႐ူဘီယိုလည္းပါဝင္ေနပါတယ္။ ႐ူဘီ ယိုဟာ (၂၀၁၁) ခုႏွစ္ေနာက္ပိုင္းတည္းက ဖေလာ္ရီ ျပည္နယ္က ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ အထက္ လႊတ္ေတာ္အမတ္တစ္ဦးလည္းျဖစ္ပါတယ္။ ႐ူဘီ ယိုဟာ ေဒၚနယ္ထရမ့္ရဲ႕ၿပိဳင္ဘက္ေဟာင္းတစ္ဦး ျဖစ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ ေဒၚနယ္ထရမ့္အေပၚ သစၥာရွိသူတစ္ဦးအျဖစ္ သတ္မွတ္ေျပာဆိုခံရၿပီး အေမရိ ကန္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ အမည္စာ ရင္းတင္သြင္းခံထားရသူျဖစ္ပါတယ္။ (၂၀၁၆)ခုႏွစ္တုန္းက ရီပတ္ဘလီကန္ပါတီကိုယ္စားျပဳၿပီး သမၼတေလာင္းအျဖစ္ေ႐ြးခ်ယ္ခံရဖို႔ေဒၚနယ္ထရမ့္နဲ႔ ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး အဲဒီအခ်ိန္တုန္းက ႐ူဘီယိုဟာ ေဒၚနယ္ထရမ့္ကို ရႈံးနိမ့္ခဲ့ပါတယ္။ အသက္ (၅၃)ႏွစ္အ႐ြယ္ရွိ ႐ူဘီယိုကို က်ဴးဘားေ႐ႊ႕ေျပာင္း သြားလာသူ မိသားစုက မိုင္ယာမီၿမိဳ႕မွာေမြးဖြားခဲ့တာျဖစ္ၿပီး ဖခင္ျဖစ္သူဟာ ဘားသမားတစ္ဦးျဖစ္ကာ မိခင္ျဖစ္သူကေတာ့ ဟိုတယ္အကူအမ်ိဳးသမီးျဖစ္ပါ တယ္။ ႐ူဘီယိုရဲ႕မိဘႏွစ္ပါးဟာ က်ဴးဘားေတာ္လွန္ ေရးျဖစ္ၿပီးေနာက္ ဟိုတယ္လုပ္ငန္းေတြမွာ လုပ္ ကိုင္ႏိုင္ေအာင္ (၁၉၅၆)ခုႏွစ္မွာ အေမရိကန္ႏိုင္ငံ ကိုေျပာင္းေ႐ႊ႕လာတဲ့ က်ဴးဘားႏိုင္ငံသားေတြျဖစ္ပါ တယ္။ ႐ူဘီယိုဟာ ေ႐ႊ႕ေျပာင္းသြားလာတဲ့ မိသားစုက ေမြးဖြားသူျဖစ္တဲ့အတြက္ အသက္ (၆)ႏွစ္အ႐ြယ္အထိ လက္ဗီးဂတ္စ္ၿမိဳ႕မွာ ေနထိုင္ကုန္ဆုံးခဲ့ရၿပီး အသက္ (၁၄)ႏွစ္အ႐ြယ္မွာ မိုင္ယာမီၿမိဳ႕ကိုျပန္လည္ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့သူျဖစ္ပါတယ္။ ငယ္စဥ္ ကေလးဘဝတုန္းက လက္ဗီးဂတ္စ္ၿမိဳ႕ရွိ ကက္ သလစ္ဘုရားေက်ာင္းမွာ ေက်ာင္းတက္ခဲ့ရဖူးသလို မိုင္ယာမီၿမိဳ႕အထက္တန္းေက်ာင္းမွာလည္း ေက်ာင္း တက္ခဲ့ရဖူးသူျဖစ္ပါတယ္။ ႐ူဘီယိုဟာ ဖေလာ္ရီဒါ ျပည္နယ္တကၠသိုလ္ကေန ႏိုင္ငံေရးသိပၸံဘာသာ ရပ္နဲ႔ ဘြဲ႕ရခဲ့သလို (၁၉၉၆)ခုႏွစ္မွာ မိုင္ယာမီ ဥပေဒ ပညာ ပိုင္းဆိုင္ရာတကၠသိုလ္ကေနလည္း ေဒါက္တာ ဘြဲ႕ေတြရရွိခဲ့သူျဖစ္ပါတယ္။ တကယ္ေတာ့ ႐ူဘီ ယိုဟာ ငယ္စဥ္ ကေလးဘဝတုန္းက ႏိုင္ငံေရးသမား ျဖစ္ဖို႔ ရည္႐ြယ္ခ်က္မရွိဘဲ အေမရိကန္ Football League NFLကစားသမားတစ္ဦးျဖစ္ဖို႔ ႀကီးမားတဲ့ အိမ္မက္ရွိခဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေကာလိပ္ၿပိဳင္ပြဲေတြမွာ ပါဝင္ကစားခဲ့ၿပီး ေကာလိပ္ လိဂ္ၿပိဳင္ပြဲ ႏွစ္ပြဲကစားၿပီးခ်ိန္မွာ NFL ကစားသမား ျဖစ္ဖို႔ ပိုမိုစိတ္ဝင္စားလာခဲ့သလို တျခားေကာ လိပ္ေတြက ကမ္း လွမ္းျခင္းေတြကိုလည္းခံခဲ့ရဖူး သူျဖစ္ပါတယ္။ ဒါေပမဲ့ ႐ူဘီယိုဟာ ဒဏ္ရာျပႆ နာေတြအျပင္ ေငြေၾကးလို အပ္ခ်က္ေတြေၾကာင့္ NFL ကစားသမားျဖစ္ဖို႔ ရည္႐ြယ္ခ်က္ကို စြန႔္လႊတ္ကာ တကၠသိုလ္ကေန ဘြဲ႕ရရွိေအာင္ ႀကိဳးပမ္းခဲ့ တယ္လို႔ သိရပါတယ္။ ႐ူဘီယိုဟာ NFL ကစားသမားျဖစ္မလာခဲ့ေပမယ့္ ၎တို႔အသင္းကို အားေပးတဲ့ ပရိသတ္တစ္ဦးျဖစ္သူနဲ႔ လက္ထပ္ကာ သားသမီး ေလးဦးရရွိထားပါတယ္။ (၁၉၉၉) ခုႏွစ္မွာ ႏိုင္ငံေရးေလာကကို ဝင္ေရာက္ကာ ဖေလာ္ရီဒါျပည္ နယ္ အထူးေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ပါတီ ကိုယ္စားျပဳၿပီး ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာ အႏိုင္ရခဲ့ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္လာခဲ့ပါတယ္။ ဖေလာ္ရီဒါျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေလးႀကိမ္ဆက္တိုက္ ေ႐ြးေကာက္ခံရၿပီး ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ (၉) ႏွစ္ၾကာ တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ ႐ူဘီယိုဟာ ဖေလာ္ရီဒါျပည္နယ္မွာ လႊတ္ေတာ္ဥကၠ႒တာဝန္ေတြ အျပင္ လူမ်ားစုေခါင္း ေဆာင္အျဖစ္ေ႐ြးခ်ယ္တာဝန္ ေပးျခင္းေတြလည္းခံခဲ့ရဖူးပါတယ္။
ဖေလာ္ရီဒါ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ပါဝင္ ယွဥ္ၿပိဳင္ဖို႔ ႀကိဳးပမ္းခ်ိန္တုန္းက ရီပတ္ဘလီကန္ ပါတီေခါင္းေဆာင္ေတြဟာ ၎င္းကို ပါဝင္မယွဥ္ၿပိဳင္ဖို႔ဖိအားေပးခဲ့ၿပီး ေရွ႕ေနခ်ဳပ္ေနရာအတြက္ ဖိအားေပးခဲ့ဖူးေၾကာင္း မာကို႐ူဘီယိုက "An American Son."အမည္ရွိစာအုပ္ထဲမွာ ထည့္သြင္းေရးသား ခဲ့ဖူးပါတယ္။ ႐ူဘီယိုဟာ ဖေလာ္ရီဒါျပည္နယ္လႊတ္ ေတာ္ဥကၠ႒အျဖစ္တာဝန္ယူခဲ့ၿပီးေနာက္ အေမရိကန္ သမၼတေ႐ြးေကာက္ပြဲကို (၂၀၁၆)ခုႏွစ္က ပါဝင္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ျမင္မႈမ ရဘဲျဖစ္ခဲ့ပါတယ္။ အေမရိကန္သမၼတ ေ႐ြး ေကာက္ ပြဲကိုပါဝင္ယွဥ္ၿပိဳင္ျခင္းမျပဳမိ ရီပတ္ဘလီကန္ ပါတီသမၼတေလာင္းေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာ ေဒၚနယ္ထရမ့္နဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ရၿပီးအျပန္အလွန္ေဝဖန္ျပစ္တင္ခဲ့ဖူးပါတယ္။
ေဒၚနယ္ထရမ့္နဲ႔ မာကို႐ူဘီယိုတို႔ဟာ ရီပတ္ဘလီကန္ပါတီ သမၼတေလာင္းေ႐ြးေကာက္ပြဲမွာ အ ျငင္းပြားစရာအျဖစ္အပ်က္ေတြရွိခဲ့ဖူးေပမယ့္ ေနာက္ပိုင္းမွာ ဆက္ဆံေရးျပန္လည္ေကာင္းမြန္ခဲ့ ပါတယ္။ ဒါေၾကာင့္ မာကို႐ူဘီယိုဟာ (၂၀၂၄)ခုႏွစ္ အတြင္းက်င္းပတဲ့ အေမရိကန္သမၼတေ႐ြးေကာက္ ပြဲမွာ ေဒၚနယ္ထရမ့္ အႏိုင္ရေအာင္ အစြမ္းကုန္ ႀကိဳးပမ္းခဲ့သူေတြထဲ ပါဝင္ေနပါတယ္။
မာကို႐ူဘီယိုဟာအထက္လႊတ္ေတာ္မွာ ႏိုင္ငံျခားေထာက္လွမ္းေရးေကာ္မတီ ဒုတိယဥကၠ႒ အျဖစ္တာဝန္ယူခဲ့ဖူးသလို ႏိုင္ငံျခားဆက္ဆံေရး ေကာ္ မတီဝင္အျဖစ္ပါဝင္ခဲ့ဖူးရာ ျပည္ပႏိုင္ငံေတြရဲ႕ စစ္ေရးနဲ႔ပတ္သက္ၿပီး မၾကာခဏေဆြးေႏြးေျပာဆိုခဲ့ဖူးပါတယ္။ အထူးသျဖင့္ မာကို႐ူဘီယိုဟာ တ႐ုတ္ ႏိုင္ငံ၊ အီရန္ႏိုင္ငံ၊ ေျမာက္ကိုရီးယားႏိုင္ငံ၊ ႐ုရွားႏိုင္ငံ တို႔နဲ႔ပတ္သက္လို႔ေဝဖန္ေျပာဆိုခဲ့ဖူးၿပီး အဲဒီႏိုင္ငံ ေတြက အေမရိကန္ႏိုင္ငံကို ဆန႔္က်င္ဖို႔ မိတ္ဖက္ အျဖစ္ ဖြဲ႕စည္းရပ္တည္ေနတယ္လို႔ ေျပာဆိုခဲ့ဖူးပါ တယ္။ မာကို႐ူဘီယိုက"တ႐ုတ္၊ ႐ုရွား ၊ ေျမာက္ကို ရီးယားနဲ႔အီရန္ႏိုင္ငံတို႔ဟာ အေမရိကန္နဲ႔ မဟာမိတ္ ေတြ အားနည္းေစဖို႔ တူညီတဲ့ရည္မွန္းခ်က္ေတြရွိေနတဲ့ႏိုင္ငံတြျဖစ္တယ္"လို႔မတ္လတုန္းကေျပာဆိုခဲ့ဖူးပါတယ္။
မာကို႐ူဘီယိုဟာ ဆီးရီးယားလက္နက္ကိုင္ အဖြဲ႕ေတြကို လက္နက္တပ္ဆင္ေပးဖို႔ ေထာက္ခံခဲ့ ဖူးသလို ကာကြယ္ေရးအသုံးစရိတ္ကိုဦးစားေပးသုံးစြဲဖို႔လည္း ေထာက္ခံခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ ရာသီဥတုေျပာင္းလဲမႈအတြက္ သိပၸံညာအက်ိဳးဆက္ ေတြကို ျငင္းဆန္သူျဖစ္ၿပီး ဖက္ဒရယ္ဘတ္ဂ်က္ အသုံးစရိတ္ ဟန္ခ်က္ညီေအာင္ထိန္းသိမ္းေရးကို ေထာက္ခံသူျဖစ္ပါတယ္။ ႐ူဘီယိုဟာ စစ္ေရးနဲ႔ ေထာက္လွမ္းေရးေကာ္မတီေတြမွာ ပါဝင္ခဲ့ဖူးသူ ျဖစ္တဲ့အတြက္ ကမာၻတစ္ဝန္းမွာျဖစ္ပြားေနတဲ့ စစ္ပြဲ ေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ျပဳေျပာဆိုဖူးသူျဖစ္ရာအစၥေရးနဲ႔ဟားမတ္စ္အဖြဲ႕ၾကား ျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲမွာ အစၥေရးႏိုင္ငံကို အျပည့္အဝ ေထာက္ခံေၾကာင္းရပ္တည္ခဲ့တဲ့အမတ္တစ္ဦးျဖစ္ သလို ပါလက္စတိုင္းေတြထိခိုက္ပ်က္စီးမႈအတြက္ ဟားမတ္စ္အဖြဲ႕ကို လူသိရွင္ၾကားေဝဖန္ခဲ့ဖူးသူျဖစ္ ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ူဘီယိုဟာ ႐ုရွားႏိုင္ငံကို အေစာ ပိုင္းမွာျပစ္တင္ရႈတ္ခ်ခဲ့ေပမယ့္ ထိခိုက္ေသဆုံးမႈ မျဖစ္ရေအာင္ စစ္ပြဲကိုအျမန္ဆုံးအဆုံးသတ္ဖို႔ေတာင္း ဆိုခဲ့ဖူးသူျဖစ္ပါတယ္။ ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ေတြက မာကို႐ူဘီယိုဟာ ခက္ထန္ၾကမ္းတမ္းတဲ့ ႏိုင္ငံျခားေရး မူဝါဒခ်ဥ္းကပ္မႈေတြကို ကာလအတန္ ၾကာ ရပ္တည္လုပ္ကိုင္ခဲ့သူျဖစ္ၿပီး တစ္ခါတစ္ရံမွာ သူရဲ႕အယူအဆေတြဟာ ေဒၚနယ္ထရမ့္ရဲ႕ အေမရိကန္ ပထမျဖစ္ေရး ရပ္တည္ခ်က္မ်ိဳးျဖစ္တယ္ လို႔ ေျပာပါတယ္။ မာကို႐ူဘီယိုဟာ ယူကရိန္းနဲ႔ ႐ုရွားစစ္ပြဲမွာ ႐ုရွားကို ေဝဖန္ျပစ္တင္ခဲ့ေပမယ့္ ယူက ရိန္းကို အေမရိကန္ေငြေၾကးမ်ား ကူညီေထာက္ပံ့ျခင္း ကို ဆန႔္က်င္ကန႔္ကြက္ဖူးသူ ျဖစ္ပါတယ္။ တ႐ုတ္ ႏိုင္ငံနဲ႔ ထိပ္တိုက္ ေတြ႕ဆုံေရးခ်ဥ္းကပ္ေျပာဆိုမႈေတြ ကို လုပ္ေဆာင္ခဲ့ဖူးသူျဖစ္ရာ ၎သာ အေမရိကန္ႏိုင္ ငံျခားေရးဝန္ႀကီးျဖစ္လာမယ္ဆိုရင္ အေမရိကန္နဲ႔ တ႐ုတ္ဆက္ဆံေရး စိုးရိမ္ရဖြယ္ရွိတယ္လို႔ သုံးသပ္ ေျပာဆိုတာေတြလည္း ရွိေနပါတယ္။ မာကို႐ူဘီယိုဟာ တ႐ုတ္နည္းပညာကုမၸဏီေတြက တင္သြင္းတဲ့ပစၥည္း ေတြကိုအခြန္တိုးေကာက္ဖို႔ကေတာ့ ကုမၸဏီကထုတ္ကုန္ေတြကို အေမရိကန္ႏိုင္ငံအတြင္းေရာင္းခ်ျခင္းကို ပိတ္ပင္ဖို႔ ေတာင္းဆိုႀကိဳးပမ္းခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ ႏိုင္ငံစီးပြားေရး ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေရးကို အားေပးေပမယ့္ လိင္တူလက္ထပ္ျခင္းကို ဆန႔္က်င္သူလည္းျဖစ္ပါတယ္။ မာကို႐ူဘီယိုကို အေမရိကန္ႏိုင္ငံမွာ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးပုံစံမ်ိဳးထက္ ႏိုင္ငံေရးသမားပုံစံမ်ိဳးကို ပိုမိုလူသိမ်ားၿပီး ၎ဟာ ပါတီအတြင္း မူဝါဒအေျပာင္းအလဲေတြကို လိုက္ကာအျမင္ေတြ ေျပာင္းလဲတတ္သူျဖစ္ပါတယ္လို႔ ဆိုၾကပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြး ေကာက္ပြဲကာလတုန္းက အဓိကပံ့ပိုးကူညီေပးခဲ့သူေတြကို ၎ဦးေဆာင္မယ့္ အေမရိကန္အစိုးရ အဖြဲ႕အသစ္မွာ ပါဝင္ဖို႔အမည္စာရင္းတင္သြင္းေနရာ ႐ူဘီယိုဟာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္လာခ်ိန္မွာ သမၼတျဖစ္သူေဒၚနယ္ထရမ့္ ခ်မွတ္မယ့္ မူဝါဒေတြကို ဟန္ခ်က္ညီေအာင္ စြမ္းေဆာင္ႏိုင္မလားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။ ႐ူဘီယိုဟာ တ႐ုတ္ဆန႔္က်င့္ေရးသမားအျဖစ္ လူသိမ်ားတဲ့အတြက္ အေမရိကန္အစိုးရအသစ္လက္ထက္မွာ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရးဟာ ဘယ္လိုပုံစံမ်ိဳး ျဖစ္လာမလဲဆိုတာေစာင့္ၾကည့္ရဖြယ္ ရွိေနပါတယ္။