ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နယ်စပ်ဒေသအခြေအနေ ပုံမှန်အတိုင်းသာရှိနေကြောင်း ထိုင်းစစ်တပ်ပြော

 1088

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နယ်စပ်ဒေသအခြေအနေများသည် ပုံမှန်အတိုင်းသားဖြစ်ကြောင်း ထိုင်း အမှတ် ၃ တပ်မ၏ တပ်မှူးက နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော "ဝ" UWSA အဖွဲ့သည် ထိုင်းနိုင်ငံပိုင်နက်အတွင်း ကျူးကျော်ကာ ဝင်ရောက်တပ်စွဲထားသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Rungkhun Mahapanyawong က ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုင်းစစ်တပ်၏ပြောရေးဆိုခွင့်ရှိသူက ချင်းမိုင် နှင့် မယ်ဟောင်ဆောင်နယ်စပ်ဒေသအခြေနေများသည် ထိုင်းစစ်တပ်၏ မစ်ရှင်များနှင့်အညီ လုပ်ပိုင်ခွင့်၊ တာဝန်များအတိုင်းလုပ်ကိုင်လျက်ရှိနေကြောင်း၊ထိုင်းနယ်စပ်ကော်မတီ မယ်ဟောင်ဆောင်နယ်စပ်ဒေသ ကော်မတီအပါအဝင် အဖွဲ့စည်းပေါင်းစုံနှင့်ချိတ်ဆက်ဆောင်ရွက်နေကြောင်း ပြောသည်။ အငြင်းပွားမှုပြဿနာများကိုအဆုံးသတ်နိုင်ရန်အတွက် ပဋိပက္ခများကို အတူတကွဆွေးနွေးဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ထိုင်းစစ်တပ်အနေဖြင့် အစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထိုင်းနယ်စပ်ဒေသဖြစ်သော ချင်းမိုင်နှင့်မယ်ဟောင်ဆောင်နယ်စပ်ဒေသအခြေနေများက ပုံမှန်အတိုင်းဖြစ်နေသည့်အတွက် ဒေသခံများ၏နေ့စဉ်ရှင်သန်နေထိုင်မှုများက ပုံမှန်အတိုင်းပဲဖြစ်ပြီး နယ်စပ်ဒေသ ဆက်ဆံရေးက ကောင်းမွန်သောအခြေနေမျိုးရှိနေကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ထိုင်းနယ်စပ်တစ်လျှောက်ရှိနေသည့် UWSA ၏ တပ်စခန်းကိုးခုကို ၎င်းတို့နိုင်ငံနယ်နိမိတ်အတွင်းရှိနေသည့်အတွက် ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က ဖိအားပေးလာခဲ့ပြီး ယခုလ (နိုဝင်ဘာလ)အတွင်း UWSA နှင့် ထိုင်းစစ်တပ်တို့ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။

zawgyi version
ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္နယ္စပ္ေဒသအေျခအေန ပုံမွန္အတိုင္းသာရွိေနေၾကာင္း ထိုင္းစစ္တပ္ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္နယ္စပ္ေဒသအေျခအေနမ်ားသည္ ပုံမွန္အတိုင္းသားျဖစ္ေၾကာင္း ထိုင္း အမွတ္ ၃ တပ္မ၏ တပ္မႉးက ႏိုဝင္ဘာ ၂၆ ရက္က ျပဳလုပ္ခဲ့ေသာ သတင္းစာရွင္းလင္းပြဲအတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ျမန္မာတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ "ဝ" UWSA အဖြဲ႕သည္ ထိုင္းႏိုင္ငံပိုင္နက္အတြင္း က်ဴးေက်ာ္ကာ ဝင္ေရာက္တပ္စြဲထားသည္ဟု သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ ထိုင္းစစ္တပ္၏ ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မႉးႀကီး Rungkhun Mahapanyawong က ထုတ္ေဖာ္ေျပာဆိုလိုက္ျခင္းျဖစ္သည္။ ထိုင္းစစ္တပ္၏ေျပာေရးဆိုခြင့္ရွိသူက ခ်င္းမိုင္ ႏွင့္ မယ္ေဟာင္ေဆာင္နယ္စပ္ေဒသအေျခေနမ်ားသည္ ထိုင္းစစ္တပ္၏ မစ္ရွင္မ်ားႏွင့္အညီ လုပ္ပိုင္ခြင့္၊ တာဝန္မ်ားအတိုင္းလုပ္ကိုင္လ်က္ရွိေနေၾကာင္း၊ထိုင္းနယ္စပ္ေကာ္မတီ မယ္ေဟာင္ေဆာင္နယ္စပ္ေဒသ ေကာ္မတီအပါအဝင္ အဖြဲ႕စည္းေပါင္းစုံႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္ေနေၾကာင္း ေျပာသည္။ အျငင္းပြားမႈျပႆနာမ်ားကိုအဆုံးသတ္ႏိုင္ရန္အတြက္ ပဋိပကၡမ်ားကို အတူတကြေဆြးေႏြးေျဖရွင္းသြားမည္ျဖစ္ေၾကာင္း၊ ထိုင္းစစ္တပ္အေနျဖင့္ အစိုးရအခ်င္းခ်င္း ခ်ိတ္ဆက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထိုင္းစစ္တပ္ေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။ ထိုင္းနယ္စပ္ေဒသျဖစ္ေသာ ခ်င္းမိုင္ႏွင့္မယ္ေဟာင္ေဆာင္နယ္စပ္ေဒသအေျခေနမ်ားက ပုံမွန္အတိုင္းျဖစ္ေနသည့္အတြက္ ေဒသခံမ်ား၏ေန႔စဥ္ရွင္သန္ေနထိုင္မႈမ်ားက ပုံမွန္အတိုင္းပဲျဖစ္ၿပီး နယ္စပ္ေဒသ ဆက္ဆံေရးက ေကာင္းမြန္ေသာအေျခေနမ်ိဳးရွိေနေၾကာင္း ထိုင္းစစ္တပ္ ေျပာေရးဆိုခြင့္ရွိသူကေျပာသည္။

ထိုင္းနယ္စပ္တစ္ေလွ်ာက္ရွိေနသည့္ UWSA ၏ တပ္စခန္းကိုးခုကို ၎တို႔ႏိုင္ငံနယ္နိမိတ္အတြင္းရွိေနသည့္အတြက္ ဖယ္ရွားေပးရန္ ထိုင္းစစ္တပ္က ဖိအားေပးလာခဲ့ၿပီး ယခုလ (ႏိုဝင္ဘာလ)အတြင္း UWSA ႏွင့္ ထိုင္းစစ္တပ္တို႔ ခ်င္းမိုင္ၿမိဳ႕တြင္ ေဆြးေႏြးခဲ့ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ သတင္းမ်ားထြက္ေပၚခဲ့သည္။

Related news

© 2021. All rights reserved.