ချွန်ဘူရီပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသား (၁၀၀)ကျော်ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

 547

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

ထိုင်းလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများနှင့် Nong Yai ရဲစခန်းမှရဲမှူးကြီး မာဆက်ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ချွန်ဘူရီပြည်နယ် Nong Yai အရပ်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းခဲ့ပြီး မြန်မာအလုပ်သ မား (၁၁၀)ကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ထိုင်းအာဏာပိုင်များသည် ဖမ်းဆီးရမိခဲ့သော မြန်မာနိုင်ငံသား(၁၁၀)ကို စုံစမ်းစစ်ဆေးခဲ့ရာ (၈၅)ဦးက ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်နေသူများဖြစ်ပြီး တရားဝင်အထောက်အထားစာရွက်စာတမ်းများမရှိကြောင်း ပြောသည်။ အဆိုပါမြန်မာနိုင်ငံသား (၈၅)ဦးကို ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

ထို့ပြင် အခြားမြန်မာအလုပ်သမား (၂၅)ဦးကိုလည်း ထိုင်းနိုင်ငံအတွင်းမှ ပြန်လည်နှင်ထုတ်သွားဖွယ်ရှိနေကြောင်း၊ Nong Yai ရဲစခန်းမှသတင်းထုတ်ပြန်ထားသည်။ Nong Yai အရပ်ဒေသသည် ထိုင်းနိုင်ငံအတွင်း စက်မှုလုပ် ငန်းများနှင့်စက်ရုံများ ပိုမိုများပြားလာခဲ့ရာ ရွှေ့ပြောင်းအလုပ်သမားများ တရားမဝင် ဝင်ရောက်အလုပ်လုပ်ရန်အတွက် အဓိကနေရာတစ်ခုဖြစ်လာခဲ့ပြီး အခက်ခဲပြဿနာများဖြစ်လာခဲ့ကြောင်း သိရသည်။ အဆိုပါအရပ်ဒေသတွင်နေထိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအချင်းချင်းအရက်သောက်စကားများခြင်း၊ ဓားထိုးရန်ဖြစ်ခြင်းများမကြာခဏဖြစ်လာခြင်းကြောင့် ထိုင်းရဲတပ်ဖွဲ့က အဆိုပါအရပ်ဒေသတွင် တရားမဝင်နေထိုင်နေသူများကို စီးနင်းဖြိုခွင်းခြင်းများ အရှိန်မြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ
နှစ်ရက်အတွင်း မြန်မာနိုင်ငံသားအလုပ်သမား (၁၁၀)ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံရသော အသက် (၂၀)အရွယ်မြန်မာအမျိုးသမီးက ၎င်းသည် ထိုင်းနိုင်ငံတွင်နေထိုင်အလုပ်လုပ်ကိုင်နေသည်မှာ (၅)နှစ်ကြာမြင့်နေကြောင်း၊ အလုပ်ရှင်များက လုပ်အားခပေးရန် ငြင်းဆန်ခြင်းကြောင့် Nong Yai အရပ်ဒေသကို လာရောက်အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ Nong Yai အရပ်ဒေသရှိ စက်ရုံအလုပ်ရုံများတွင် နေထိုင်လုပ်ကိုင်နေသူများသည် အမျိုးသမီးများဖြစ်ပါက တစ်ရက်ကို လုပ်အားခ ဘတ် (၃၃၀) ရရှိပြီးအမျိုး သားဖြစ်ပါက ဘတ် (၃၇၀)ရရှိကြောင်းသိရသည်။

ဖမ်းဆီးခံရသူထဲတွင်ပါဝင်ခဲ့သူအချို့က ပွဲစားဖြင့်လာရောက်ခြင်းဖြစ်ပြီး ပွဲစားခ ဘတ် ၁၇၀၀၀ ပေးရကြောင်း သိရသည်။

zawgyi version
ခြၽန္ဘူရီျပည္နယ္ရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ တရားမဝင္ေနထိုင္ေနသည့္ ျမန္မာႏိုင္ငံသား (၁၀၀)ေက်ာ္ကို ထိုင္းရဲတပ္ဖြဲ႕ ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

ထိုင္းလူဝင္မႈႀကီးၾကပ္ေရးတာဝန္ရွိသူမ်ားႏွင့္ Nong Yai ရဲစခန္းမွရဲမႉးႀကီး မာဆက္ဦးေဆာင္ေသာ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ခြၽန္ဘူရီျပည္နယ္ Nong Yai အရပ္ေဒသရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို စီးနင္းခဲ့ၿပီး ျမန္မာအလုပ္သ မား (၁၁၀)ကို ဖမ္းဆီးခဲ့ေၾကာင္းသိရသည္။

ထိုင္းအာဏာပိုင္မ်ားသည္ ဖမ္းဆီးရမိခဲ့ေသာ ျမန္မာႏိုင္ငံသား(၁၁၀)ကို စုံစမ္းစစ္ေဆးခဲ့ရာ (၈၅)ဦးက ထိုင္းႏိုင္ငံအတြင္း တရားမဝင္ ေနထိုင္ေနသူမ်ားျဖစ္ၿပီး တရားဝင္အေထာက္အထားစာ႐ြက္စာတမ္းမ်ားမရွိေၾကာင္း ေျပာသည္။ အဆိုပါျမန္မာႏိုင္ငံသား (၈၅)ဦးကို ထိုင္းႏိုင္ငံသို႔တရားမဝင္ ဝင္ေရာက္ရန္ ႀကိဳးပမ္းမႈျဖင့္ စြဲခ်က္တင္သြားမည္ျဖစ္ေၾကာင္း ထိုင္းအာဏာပိုင္မ်ားက ေျပာသည္။

ထို႔ျပင္ အျခားျမန္မာအလုပ္သမား (၂၅)ဦးကိုလည္း ထိုင္းႏိုင္ငံအတြင္းမွ ျပန္လည္ႏွင္ထုတ္သြားဖြယ္ရွိေနေၾကာင္း၊ Nong Yai ရဲစခန္းမွသတင္းထုတ္ျပန္ထားသည္။ Nong Yai အရပ္ေဒသသည္ ထိုင္းႏိုင္ငံအတြင္း စက္မႈလုပ္ ငန္းမ်ားႏွင့္စက္႐ုံမ်ား ပိုမိုမ်ားျပားလာခဲ့ရာ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား တရားမဝင္ ဝင္ေရာက္အလုပ္လုပ္ရန္အတြက္ အဓိကေနရာတစ္ခုျဖစ္လာခဲ့ၿပီး အခက္ခဲျပႆနာမ်ားျဖစ္လာခဲ့ေၾကာင္း သိရသည္။ အဆိုပါအရပ္ေဒသတြင္ေနထိုင္ေနသည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအခ်င္းခ်င္းအရက္ေသာက္စကားမ်ားျခင္း၊ ဓားထိုးရန္ျဖစ္ျခင္းမ်ားမၾကာခဏျဖစ္လာျခင္းေၾကာင့္ ထိုင္းရဲတပ္ဖြဲ႕က အဆိုပါအရပ္ေဒသတြင္ တရားမဝင္ေနထိုင္ေနသူမ်ားကို စီးနင္းၿဖိဳခြင္းျခင္းမ်ား အရွိန္ျမင့္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ကာ
ႏွစ္ရက္အတြင္း ျမန္မာႏိုင္ငံသားအလုပ္သမား (၁၁၀)ဦး ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္းသိရသည္။

ဖမ္းဆီးခံရေသာ အသက္ (၂၀)အ႐ြယ္ျမန္မာအမ်ိဳးသမီးက ၎သည္ ထိုင္းႏိုင္ငံတြင္ေနထိုင္အလုပ္လုပ္ကိုင္ေနသည္မွာ (၅)ႏွစ္ၾကာျမင့္ေနေၾကာင္း၊ အလုပ္ရွင္မ်ားက လုပ္အားခေပးရန္ ျငင္းဆန္ျခင္းေၾကာင့္ Nong Yai အရပ္ေဒသကို လာေရာက္အလုပ္လုပ္ကိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။ Nong Yai အရပ္ေဒသရွိ စက္႐ုံအလုပ္႐ုံမ်ားတြင္ ေနထိုင္လုပ္ကိုင္ေနသူမ်ားသည္ အမ်ိဳးသမီးမ်ားျဖစ္ပါက တစ္ရက္ကို လုပ္အားခ ဘတ္ (၃၃၀) ရရွိၿပီးအမ်ိဳး သားျဖစ္ပါက ဘတ္ (၃၇၀)ရရွိေၾကာင္းသိရသည္။

ဖမ္းဆီးခံရသူထဲတြင္ပါဝင္ခဲ့သူအခ်ိဳ႕က ပြဲစားျဖင့္လာေရာက္ျခင္းျဖစ္ၿပီး ပြဲစားခ ဘတ္ ၁၇၀၀၀ ေပးရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.