မြန်မာနိုင်ငံအတွင်း (၃)နှစ်နီးပါး အခက်အခဲများကြုံတွေ့နေရသည့် နိုင်ငံခြာသား (၁၂၀၀) ကျော်ကို သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းခဲ့ဟု ဆို

 1404

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံအတွင်း (၃)နှစ်နီးပါး အခက်အခဲများကြုံတွေ့နေရသည့် နိုင်ငံခြာသား(၁၂၀၀)ကျော်ကို ရှာဖွေကူညီကယ်တင်ပေးခဲ့ပြီး သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက ထုတ်ဖော်ပြောကြားခဲ့သည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ နိုဝင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်း အခက်အခဲများကြုံတွေ့နေရသဖြင့် ရှာဖွေ ကူညီကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား(၁၂၄၂)ဦးရှိခဲ့ကာ ၎င်းတို့ကို သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းဆောင်ရွက်ပေးလျက် ရှိကြောင်း ၎င်းကဆိုသည်။

ထို့ပြင် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကာ Online လိမ်လည်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသော နိုင်ငံခြားသား များအား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု၊ လူသားချင်းစာနာထောက်ထားမှုတို့အပေါ် အခြေခံ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက် ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရေးကိုလည်း စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းကထည့်သွင်း ပြောကြားခဲ့သည်။

ယင်းနောက် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော် ထုတ်ဖမ်း ဆီးပြီး ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိ အဖွဲ့ အစည်း များ ပူးပေါင်းကာ အဆိုပါလုပ်ငန်းများကို တားဆီးနှိမ်နင်းလျက်ရှိကြောင်းလည်း သိရသည်။

အလားတူ ပြီးခဲ့သည့်ကာလကလည်း မြန်မာနိုင်ငံ၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား (၄၈၂၁၀)ဦးကို နစကမှ တရုတ်ထံလွှဲပြောင်းပေးထားကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲဖူးသည်။

zawgyi version
ျမန္မာႏိုင္ငံအတြင္း (၃)ႏွစ္နီးပါး အခက္အခဲမ်ားႀကဳံေတြ႕ေနရသည့္ ႏိုင္ငံျခာသား(၁၂၀၀)ေက်ာ္ကို သက္ဆိုင္ရာႏိုင္ငံသို႔ လႊဲေျပာင္းခဲ့ဟု ဆို
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၈

ျမန္မာႏိုင္ငံအတြင္း (၃)ႏွစ္နီးပါး အခက္အခဲမ်ားႀကဳံေတြ႕ေနရသည့္ ႏိုင္ငံျခာသား(၁၂၀၀)ေက်ာ္ကို ရွာေဖြကူညီကယ္တင္ေပးခဲ့ၿပီး သက္ဆိုင္ရာႏိုင္ငံသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္တိုးရီက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ေနျပည္ေတာ္ရွိ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္၊ အရိႏၵမာခန္းမ၌ ႏိုဝင္ဘာ ၂၇ ရက္တြင္ ျပဳလုပ္သည့္ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွ ၂၀၂၄ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၂ ရက္အထိ ျမန္မာႏိုင္ငံအတြင္း အခက္အခဲမ်ားႀကဳံေတြ႕ေနရသျဖင့္ ရွာေဖြ ကူညီကယ္တင္ေပးခဲ့သည့္ ႏိုင္ငံျခားသား(၁၂၄၂)ဦးရွိခဲ့ကာ ၎တို႔ကို သက္ဆိုင္ရာႏိုင္ငံသို႔ ျပည္ႏွင္လႊဲေျပာင္းေဆာင္႐ြက္ေပးလ်က္ ရွိေၾကာင္း ၎ကဆိုသည္။

ထို႔ျပင္ ႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာကာ Online လိမ္လည္မႈလုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေနေသာ ႏိုင္ငံျခားသား မ်ားအား ႏွစ္ႏိုင္ငံခ်စ္ၾကည္ ရင္းႏွီးမႈ၊ လူသားခ်င္းစာနာေထာက္ထားမႈတို႔အေပၚ အေျခခံ၍ ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ သက္ ဆိုင္ရာ ႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပည္ႏွင္လႊဲေျပာင္းႏိုင္ေရးကိုလည္း စိစစ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ၎ကထည့္သြင္း ေျပာၾကားခဲ့သည္။

ယင္းေနာက္ Online Scam Center လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ားႏွင့္ ေနာက္ကြယ္မွ ႀကိဳးကိုင္ေသာ ႏိုင္ငံျခားသားမ်ားကို ေဖာ္ ထုတ္ဖမ္း ဆီးၿပီး ထိေရာက္စြာ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွ တာဝန္ရွိ အဖြဲ႕ အစည္း မ်ား ပူးေပါင္းကာ အဆိုပါလုပ္ငန္းမ်ားကို တားဆီးႏွိမ္နင္းလ်က္ရွိေၾကာင္းလည္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ကာလကလည္း ျမန္မာႏိုင္ငံ၌ တရားမဝင္ ဝင္ေရာက္ေနထိုင္သည့္ တ႐ုတ္ႏိုင္ငံသား (၄၈၂၁၀)ဦးကို နစကမွ တ႐ုတ္ထံလႊဲေျပာင္းေပးထားေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲဖူးသည္။

Related news

© 2021. All rights reserved.