ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိဟု နစက တုန့်ပြန်

 1360

သန့်ဇင်(NP News) - နိုဝင်ဘာ ၂၈

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုသည်ဆိုသောကိစ္စနှင့်ပတ်သက်၍ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားချက်အရ သိရသည်။

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် ကာရင်အေအေခန် (Karim A.A. Khan)က နစက ဥက္ကဋ္ဌအား ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံး ကို နိုဝင်ဘာ ၂၇ ရက်တွင် လျှောက်ထားခြင်းအပေါ် မီဒီယာတစ်ခု၏ မေး မြန်းမှုကို နစကအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့် အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ”ဟု ထည့်သွင်းဖြေကြားထားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိကြောင်းလည်း ထည့်သွင်း ဖြေကြားထားသည်။

zawgyi version
ICC ၏ ေျပာၾကားခ်က္မ်ားအေပၚ မည္သည့္အခါကမွ အသိအမွတ္ျပဳျခင္းမရွိဟု နစက တုန႔္ျပန္
သန႔္ဇင္(NP News) - ႏိုဝင္ဘာ ၂၈

နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အား ဖမ္းဝရမ္းထုတ္ရန္ ေတာင္းဆိုသည္ဆိုေသာကိစၥႏွင့္ပတ္သက္၍ ICC ၏ ေျပာၾကားခ်က္မ်ားအေပၚ မည္သည့္အခါကမွ အသိအမွတ္ျပဳျခင္းမရွိေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ေျဖၾကားခ်က္အရ သိရသည္။

ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး (ICC)၏ ေရွ႕ေနခ်ဳပ္ ကာရင္ေအေအခန္ (Karim A.A. Khan)က နစက ဥကၠ႒အား ဖမ္းဝရမ္းထုတ္ရန္ ICC တရား႐ုံး ကို ႏိုဝင္ဘာ ၂၇ ရက္တြင္ ေလွ်ာက္ထားျခင္းအေပၚ မီဒီယာတစ္ခု၏ ေမး ျမန္းမႈကို နစကအစိုးရ သတင္းထုတ္ျပန္ေရးအဖြဲ႕က အထက္ပါကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ျမန္မာႏိုင္ငံသည္ ICC အဖြဲ႕ဝင္ႏိုင္ငံမဟုတ္သကဲ့သို႔ ICC ၏ ေျပာၾကားခ်က္မ်ားအေပၚ မည္သည့္ အခါကမွ အသိအမွတ္ျပဳျခင္းမရွိပါ”ဟု ထည့္သြင္းေျဖၾကားထားသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံအေနျဖင့္ ေဒသတြင္းအျပင္ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ ဆက္ဆံရာတြင္ လြတ္လပ္၍တက္ႂကြၿပီး ဘက္မလိုက္ေသာ ႏိုင္ငံျခားေရးမူဝါဒကို က်င့္သုံးလ်က္ရွိၿပီး ႏိုင္ငံမ်ားအၾကား ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူကို က်င့္သုံးလ်က္ရွိေၾကာင္းလည္း ထည့္သြင္း ေျဖၾကားထားသည္။

Picture

Pyoe Khinn

28/11/2024 19:00

international crazy council

Related news

© 2021. All rights reserved.