မြန်မာ-ဗီယက်နမ် ကုန်စည်ပြပွဲသို့ နေ့စဉ် လူ(၁၀၀၀)ဝန်းကျင် လာရောက်

 1515

ချယ်ရီ (NP News)- နိုဝင်ဘာ ၂၈

ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပနေသည့် မြန်မာ-ဗီယက်နမ် ကုန်စည်ပြပွဲသို့ နေ့စဉ် လူဦးရေ(၁၀၀၀)ဝန်းကျင် လာရောက်ခဲ့ကြကြောင်း ပွဲစီစဉ်သူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ ယနေ့ (နိုဝင်ဘာ လ၂၈ ရက်)အထိ (၃ ရက်)တိုင်တိုင် ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာပြပွဲခန်းမ၌ ကျင်းပပြုလုပ်နေခြင်း ဖြစ်သည်။

“အခုလို ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနဲ့ ဗီယက်နမ် ချစ်ကြည်မှုပုံစံမျိုးပေါ့။ ဒါကလည်းဒီနှစ်မှာ ပထဦးဆုံး စလုပ်တယ်ဆိုတော့ နောက်နှစ်တွေကျလို့ရှိရင်လည်း ထပ်လုပ်ဖို့ ရှိပါတယ်ခင်ဗျ။ ရန်ကုန်မှာပဲ လုပ်ဖို့များပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုန်ပစ္စည်းများကို ပြခန်းပေါင်း (၁၂၀)ခန့်ဖြင့် ကုန်ပစ္စည်းအမှတ် တံဆိပ်ပေါင်း (၉၇) မျိုးအထိ ခင်းကျင်းပြသနေကြောင်း သိရသည်။

“တစ်နေ့ကို လူ(၁)ထောင် ပတ်ဝန်းကျင်လောက် လာကြတယ်။ ဒါကတော့ ခန့်မှန်းချေပေါ့။ ပြီးတော့ လာတဲ့သူတွေထဲမှာ စားသောက်ကုန်ကို ပိုစိတ်ဝင်စားမှုများပါတယ်ဗျ”ဟု ပွဲစီစဉ်သူက ပြောသည်။

ခင်းကျင်းပြသသည့် ကုန်ပစ္စည်းများထဲတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ စက်မှုနှင့် အိမ်သုံးမီးအားမြှင့်စက်များ၊ ကြွေထည်နှင့် မီးဖိုချောင်သုံး ပစ္စည်းများ၊ ၊ အိုင်တီနည်းပညာနှင့် လယ်ယာထွက်ကုန်ပစ္စည်းများအပြင် ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ လက်မှုအနုပညာပစ္စည်းများ၊ ဖိနပ်များနှင့် မြန်မာအမျိုးသမီးများစီးပွားရေးကွန်ရက်မှ MSME လုပ်ငန်းများမှ ထုတ်ကုန် အမယ်သစ်များ ပါဝင်ပြသခဲ့ကြောင်းလည်း သိရသည်။

zawgyi version
ျမန္မာ-ဗီယက္နမ္ ကုန္စည္ျပပြဲသို႔ ေန႔စဥ္ လူ(၁၀၀၀)ဝန္းက်င္ လာေရာက္
ခ်ယ္ရီ (NP News)- ႏိုဝင္ဘာ ၂၈

ရန္ကုန္ကြန္ဗင္းရွင္းစင္တာတြင္ က်င္းပေနသည့္ ျမန္မာ-ဗီယက္နမ္ ကုန္စည္ျပပြဲသို႔ ေန႔စဥ္ လူဦးေရ(၁၀၀၀)ဝန္းက်င္ လာေရာက္ခဲ့ၾကေၾကာင္း ပြဲစီစဥ္သူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ကုန္စည္ျပပြဲကို ႏိုဝင္ဘာလ ၂၆ ရက္မွစတင္ကာ ယေန႔ (ႏိုဝင္ဘာ လ၂၈ ရက္)အထိ (၃ ရက္)တိုင္တိုင္ ရန္ကုန္ၿမိဳ႕၊ အင္းလ်ားလိတ္ဟိုတယ္ဝင္းအတြင္းရွိ ရန္ကုန္ကြန္ဗင္းရွင္းစင္တာျပပြဲခန္းမ၌ က်င္းပျပဳလုပ္ေနျခင္း ျဖစ္သည္။

“အခုလို ပြဲလုပ္ရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ ျမန္မာနဲ႔ ဗီယက္နမ္ ခ်စ္ၾကည္မႈပုံစံမ်ိဳးေပါ့။ ဒါကလည္းဒီႏွစ္မွာ ပထဦးဆုံး စလုပ္တယ္ဆိုေတာ့ ေနာက္ႏွစ္ေတြက်လို႔ရွိရင္လည္း ထပ္လုပ္ဖို႔ ရွိပါတယ္ခင္ဗ်။ ရန္ကုန္မွာပဲ လုပ္ဖို႔မ်ားပါတယ္”ဟု ၎က ေျပာသည္။

အဆိုပါ ျပပြဲတြင္ ျမန္မာႏိုင္ငံႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔မွ ကုန္ပစၥည္းမ်ားကို ျပခန္းေပါင္း (၁၂၀)ခန႔္ျဖင့္ ကုန္ပစၥည္းအမွတ္ တံဆိပ္ေပါင္း (၉၇) မ်ိဳးအထိ ခင္းက်င္းျပသေနေၾကာင္း သိရသည္။

“တစ္ေန႔ကို လူ(၁)ေထာင္ ပတ္ဝန္းက်င္ေလာက္ လာၾကတယ္။ ဒါကေတာ့ ခန႔္မွန္းေခ်ေပါ့။ ၿပီးေတာ့ လာတဲ့သူေတြထဲမွာ စားေသာက္ကုန္ကို ပိုစိတ္ဝင္စားမႈမ်ားပါတယ္ဗ်”ဟု ပြဲစီစဥ္သူက ေျပာသည္။

ခင္းက်င္းျပသသည့္ ကုန္ပစၥည္းမ်ားထဲတြင္ လူသုံးကုန္ပစၥည္းမ်ား၊ စားေသာက္ကုန္မ်ား၊ စက္မႈႏွင့္ အိမ္သုံးမီးအားျမႇင့္စက္မ်ား၊ ေႂကြထည္ႏွင့္ မီးဖိုေခ်ာင္သုံး ပစၥည္းမ်ား၊ ၊ အိုင္တီနည္းပညာႏွင့္ လယ္ယာထြက္ကုန္ပစၥည္းမ်ားအျပင္ ဗမာတိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္းမွ လက္မႈအႏုပညာပစၥည္းမ်ား၊ ဖိနပ္မ်ားႏွင့္ ျမန္မာအမ်ိဳးသမီးမ်ားစီးပြားေရးကြန္ရက္မွ MSME လုပ္ငန္းမ်ားမွ ထုတ္ကုန္ အမယ္သစ္မ်ား ပါဝင္ျပသခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.