တောင်ကိုရီးယား မြို့တော်ဆိုးလ်မှာ တစ်နှစ်တာရဲ့ပထမဆုံးဆီးနှင်း စံချိန်တင်ကျဆင်း၊ လေကြောင်း ခရီးစဉ်တွေ ရပ်နားထားရ

 902

ရောင်နီ (NP News) - နိုဝင်ဘာ ၂၉

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၇ ရက်) က စံချိန်တင် ဆီးနှင်း ကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

အနောက်မြောက်ဘက်မှ ရွေ့လျားလာတဲ့ ဆောင်းလေအေးဟာ ညတွင်းချင်း ဆီးနှင်းကျဆင်းတဲ့ အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး နိုဝင်ဘာ ၂၇ ရက် ညနေ ၃ နာရီ အချိန်မှာ မြေပြင်ပေါ် ၁၈ စင်တီမီတာထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ၁၉ဝ၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ဆီးနှင်းကျဆင်းမှုဖြစ်တယ်လို့ ကိုရီးယားမိုးလေဝသစီမံခန့်ခွဲရေးအဖွဲ့က ပြောကြားပါတယ်။

လေပြင်း တိုက်ခတ်မှုကြောင့် မြို့တော် အရှေ့ဘက် အဝေးပြေးလမ်းမတွေပေါ်မှာ လူနှစ်ဦးထက်မနည်း ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး ဆိုးလ်မြို့ရှိ လမ်းသွားလမ်းလာအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းတို့ဖြစ်ခဲ့ပြီး ဆိုးလ်မြို့နဲ့ အလယ်ပိုင်းဒေသနေရာအများအပြားမှာ သစ်ပင်တွေပြိုလဲခြင်း၊ ဆီးနှင်းကြောင့် အိမ်ထောင်စုထောင်နဲ့ချီ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားတယ်လို့ သိရပါတယ်။

ဆီးနှင်း ထူထပ်စွာကျဆင်းနေတဲ့အတွက် ဒေသခံတွေ ယာဉ်မောင်းနှင်ခြင်းမှ ရှောင်ကြဉ်ဖို့ နဲ့ ပြင်ပ လှုပ်ရှားမှုတွေနဲ့ သစ်ပင် လဲကျမှုဖြစ်စဉ်တွေကို သတိပြုဖို့ ဒေသခံတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယား ၿမိဳ႕ေတာ္ဆိုးလ္မွာ တစ္ႏွစ္တာရဲ႕ ပထမဆုံးဆီးႏွင္း စံခ်ိန္တင္က်ဆင္း၊ ေလေၾကာင္း ခရီးစဥ္ေတြ ရပ္နားထားရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၉

ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕မွာ ဗုဒၶဟူးေန႔ (ႏိုဝင္ဘာ ၂၇ ရက္) က စံခ်ိန္တင္ ဆီးႏွင္း က်ဆင္းမႈေၾကာင့္ ေလယာဥ္ခရီးစဥ္ ၂၀၀ ေက်ာ္ ဖ်က္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။

အေနာက္ေျမာက္ဘက္မွ ေ႐ြ႕လ်ားလာတဲ့ ေဆာင္းေလေအးဟာ ညတြင္းခ်င္း ဆီးႏွင္းက်ဆင္းတဲ့ အျဖစ္ကို ေျပာင္းလဲသြားခဲ့ၿပီး ႏိုဝင္ဘာ ၂၇ ရက္ ညေန ၃ နာရီ အခ်ိန္မွာ ေျမျပင္ေပၚ ၁၈ စင္တီမီတာထိ က်ဆင္းသြားခဲ့ပါတယ္။ ဒါဟာ ၁၉ဝ၇ ခုႏွစ္ေနာက္ပိုင္း အႀကီးမားဆုံး ဆီးႏွင္းက်ဆင္းမႈျဖစ္တယ္လို႔ ကိုရီးယားမိုးေလဝသစီမံခန႔္ခြဲေရးအဖြဲ႕က ေျပာၾကားပါတယ္။

ေလျပင္း တိုက္ခတ္မႈေၾကာင့္ ၿမိဳ႕ေတာ္ အေရွ႕ဘက္ အေဝးေျပးလမ္းမေတြေပၚမွာ လူႏွစ္ဦးထက္မနည္း ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ၿပီး ဆိုးလ္ၿမိဳ႕ရွိ လမ္းသြားလမ္းလာအခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ ေလယာဥ္ခရီးစဥ္ ၂၀၀ ေက်ာ္ ဖ်က္သိမ္းျခင္း (သို႔မဟုတ္) ေႏွာင့္ေႏွးျခင္းတို႔ျဖစ္ခဲ့ၿပီး ဆိုးလ္ၿမိဳ႕နဲ႔ အလယ္ပိုင္းေဒသေနရာအမ်ားအျပားမွာ သစ္ပင္ေတြၿပိဳလဲျခင္း၊ ဆီးႏွင္းေၾကာင့္ အိမ္ေထာင္စုေထာင္နဲ႔ခ်ီ လွ်ပ္စစ္ဓာတ္အားလိုင္းေတြ ျပတ္ေတာက္သြားတယ္လို႔ သိရပါတယ္။

ဆီးႏွင္း ထူထပ္စြာက်ဆင္းေနတဲ့အတြက္ ေဒသခံေတြ ယာဥ္ေမာင္းႏွင္ျခင္းမွ ေရွာင္ၾကဥ္ဖို႔ နဲ႔ ျပင္ပ လႈပ္ရွားမႈေတြနဲ႔ သစ္ပင္ လဲက်မႈျဖစ္စဥ္ေတြကို သတိျပဳဖို႔ ေဒသခံေတြကို တိုက္တြန္းထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.