စိတ်ဓာတ်ကျလူငယ်များအီးစီးကရက်(Vape)သုံးစွဲရန် နှစ်ဆများနေ
293
ဒေါက်တာလွင်သန့် (NP News) - နိုဝင်ဘာ ၂၉
ဩစတြေလျနိုင်ငံရဲ့ဆယ်ကျော်သက်တွေကို လေ့လာမှုစစ်တမ်းအရစိတ်ကျရောဂါလက္ခဏာခံစားနေရတဲ့လူငယ်တွေက အီးစီးကရက်(vape) သောက်နိုင်ခြေအလားအလာ၊ နှစ်ဆပိုတိုးတာကိုတွေရှိရတယ်ဆိုပါတယ်။(Vape)မှာပါတဲ့ နီကိုတင်းကရေတိုအတွင်း စိုးရိမ်စိတ်နဲ့စိတ်ဖိစီးမှုခံစားချက်တွေကိုလျော့နည်းသက်သာသွားစေနိုင်တာကြောင့် သည်လိုပြဿနာတွေကိုကိုင်ကွယ်ဖြေရှင်တဲ့အန္တရာယ်တစ်ခုအဖြစ် လူငယ်တွေက အီးစီးကရက် (vape)ကိုသုံးစွဲလာနေကြတာဖြစ်တယ်လို့လေ့လာမှုကို ပူးတွဲရေးသားတဲ့ဆစ်ဒနီတက္ကသိုလ်မာတီဒါစင်တာနဲ့ဆေးပညာတွဲဖက်ပါမောက္ခ အမ်မလီစတော့လင်းကဆိုတယ်။
စိတ်အဆင်မပြေတာကြောင့် ဆေးလိပ်နဲ့အီးစီးကရက်(vape)သောက်တာတွေရှိတတ်ပြီး အပြန်အလှန်အနေနဲ့ဆေးလိပ်နဲ့ဘိတ်(vape)သောက်တာတွေဟန့်ထားဖို့ဆိုရင်လည်း စိတ်ကျန်းမာရေးကဏ္ဍကိုတစ်ချိန်တည်းမှာပဲထည့်သွင်းပြောကြဖို့လိုအပ်တယ်ဆိုတာကို ယခုလေ့လာမှုကပြသပါတယ်လို့ သူကဆိုတယ်။ အဆိုပါလေ့လာမှုအတွက် နယူးဆောက်ဝေးပြည်နယ်၊ ကွင်းစလန်ပြည်နယ် ဩစတြေလျအနောက်ပိုင်း(western Austria) ပြည်နယ်တွေက စာသင်ကျောင်း(၄၀)မှာတက်ရောက်နေကြတဲ့အသက်(၁၂-၁၃)နှစ်အရွယ် ဆယ်ကျော်သက်ကျောင်းသားလူငယ်ဦးရေ (၅၀၀၀)ကျော်ကို စိတ်ကျန်းမာရေးနဲ့အီးစီးကရက်(vape)သောက်မှုနူန်းဆိုင်ရာအချက်အလက်တွေ၊ စစ်တမ်းကောက်ယူပြီး လေ့လာခဲ့ကြတာလို့သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှဆေးလိပ်သောက်တာကြောင့် ကမ္ဘာတစ်ဝန်းလူသန်ပေါင်း(၅.၄)သန်းခန့်နှစ်စဉ်သေဆုံးလျက်ရှိတယ်လို့ဆိုတယ်။ သေဆုံးခြင်းကိုကာကွယ်လို့ရတဲ့အကြောင်းတရားတွေမှာ ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ခြင်းက အဓိကကျပါတယ်။ ဆေးလိပ်မှာနီကိုတင်းခေါ်လူကိုစွဲလန်းတတ်စေတဲ့ပစ္စည်းအပါအဝင် ဓာတုပစ္စည်းအမျိုးပေါင်း (၄၀၀၀)ကျော်နဲ့ကင်ဆာဖြစ်စေတဲ့ပစ္စည်း(၄၀)ကျော်ပါဝင်တယ်။ ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဟာ ဦးနှောက်ရှိအာရုံခံနေရာတွေမှာ ဓာတ်ပြုခြင်းအပေါ် လှုံ့ဆော်လို့ စိတ်ကျေနပ်မှုရရှိခြင်းဖြစ်တယ်။
ဆေးလိပ်နဲ့အီးစီးကရက်(vape)သောက်လို့ဆိုးကျိုးများ ရနိုင်တယ်။နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ကင်ဆာ၊လည် ချောင်းကင်ဆာ၊ အခြားကင်ဆာများ၊ အဆုတ်လေပြွန်ရောင်ခြင်း၊ လက်နဲ့ခြေထောက်သွေးလွှတ်ကြောကြီးများပိတ်ကာခြေချောင်း၊ လက်ချောင်းပုပ်ခြင်း၊ ခြေထောက်ဖြတ်ရတာကြောင့် လူစဉ်မမီခြင်း၊ ပန်းသေပန်းညှိုးရောဂါ၊ကလေးမရပဲရှိခြင်း၊ မိခင်တွေမှာကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးပေါင်မပြည့်ခြင်းမွေးကင်းစကလေးသေဆုံးခြင်းစတဲ့ကျန်းမာရေး ဆိုးကျိုးများရရှိစေပါတယ်။
စီးပွားရေးနဲ့ပတ်သက်တဲ့ဆိုးကျိုးများလဲဖြစ်ပေါ်စေပါတယ်။ ဆေးလိပ်ကြောင့်အပိုကုန်ကျငွေဟာ မိသားစုစားဝတ်နေရေးကိုကျပ်တည်စေခြင်း၊အိမ်ထောင်ဦးစီးမှာ ရောဂါရပါက မိသားစုမှာဆုံရှုံးမှုကြီးစွာဖြစ်ခြင်း၊ဆေးလိပ်မှအရက်၊ မူးယစ်ဆေးဝါးစိတ်ကြွဆေးဝါးအထိစွဲသွားပြီး လူမှုရေးဆုံးရှုံးမှုများ၊ ရာဇဝတ်မှုများများပြားခြင်းတို့ရဲ့အခြေခံအစဟာဆေးလိပ်ကလို့ဆိုပါတယ်။ ဒါ့ပြင်ဆေးလိပ်ဟာ လူတို့ရဲ့ကာယဉာဏစွမ်းအားကို ထိခိုက်စေခြင်း၊ ဆေးရွက်စိုက်ခင်း၊ စီးကရက်စက်ရုံတို့ကြောင့် သဘာဝပတ်ဝန်း ကျင် ညစ်ညမ်းခြင်းစတဲ့ လူမှုရေးဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်လို့ ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။
ဆေးလိပ်ကိုဘယ်အရွယ်ကစပြီး သောက်သောက်၊ ဖြတ်လိုက်တဲ့အချိန်မှစကာကိုယ့်ကျန်းမာရေးကို သိသာစွာတိုးတတ်ကောင်းမွန်လာစေတယ်။နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆုတ်ရောဂါစတဲ့ဆေးလိပ်ကြောင့်ဖြစ်တတ်တဲ့ရောဂါများဖြစ်ပွားနိုင်မှု လျော့သွားတယ်။ လူ့သက်တမ်းစေ့နေနိုင်တယ်။ မိသားစုကုန်ကျစရိတ်သက်သာကာ ကျန်းမာပျော်ရွှင်ကြတယ်။မိသားစုစောင့်ရှောက်မှုလုပ်ငန်းမှာ ဝန်ထုပ်ဝန်းပိုးလျော့နည်းသွားတယ်။
ဆေးလိပ်၊ အီးစီးကရက်(vape)ဖြတ်ရင် ဆုံးဖြတ်ချက်ခိုင်မာသင့်တယ်။ဆေးလိပ်ဖြတ်တဲ့နေ့ကိုရွေးကာ သူငယ်ချင်းမိသားစုဝင်တွေကိုဆေးလိပ်ဖြတ်ပြီဖြစ်ကြောင်း ကြေညာထားရတယ်။ လျှော့သောက်တာမလုပ်သင့်ပါဘူး။ တိကနဲဖြတ်သင့်တယ်။ ဆေးလိပ်၊ မီးခြစ်စတဲ့ပစ္စည်းများ၊ vape များ ပတ်ဝန်းကျင်မှာမရှိစေသင့်ဘူး။ ဆေးလိပ်သောက်မယ့်နေရာဆီမသွားသင့်ပါဘူး။ မိဘ၊ မိသားစု၊ သူငယ်ချင်းတို့ရဲ့ထောက်ခံမှုကို ရယူသင့်ပါတယ်။အဆုတ်ကင်ဆာရောဂါဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက်အသေအများဆုံးရောဂါတစ်ခုဖြစ်သလို ထိုင်းနိုင်ငံရဲ့အသေအများဆုံးကင်ဆာရောဂါဖြစ်တယ်။ အဆုတ်ကင်ဆာအများစုဟာ ရောဂါနောက်ဆုံးအဆင့်မှာ ရောဂါရှာတွေ့ပါက ကုသမှုပိုမိုရှုပ်သွားပြီး၊ အသက်ရှင်မှုနှုန်းမှာသိသိသာသာလျော့ကျစေတယ်။ အရင်ကာလကလိုအဆုတ်ကင်ဆာရှိ မရှိ၊ စမ်းသပ်စစ်ဆေးခြင်းကို အဆုတ်ဓာတ်မှန်(CXR)ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်း (Sputum cytology) နဲ့ရှာဖွေတယ်။ သည်လိုရောဂါရှာဖွေခြင်းနည်းလမ်းတွေဟာ သေးငယ်တဲ့ကင်ဆာအကျိတ်များကို ရှာမတွေ့နိုင်လို့ အဆုတ်ကင်ဆာကို စောစီးစွာရောဂါသိရှိနိုင်ခြေ မရှိတာဖြစ်ပါတယ်။
(၂၀၁၁)ခုနှစ် အမေရိကန်မှာပြုလုပ်တဲ့(National Lungs Screening Trial ,NLST)က တစ်နိုင်ငံလုံးအဆုတ်ရောဂါရှိ၊ မရှိလက်တွေ့စမ်းသပ်မှုမှာအဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေရှိသူတွေဟာ ဆေးသွင်းပြီး အဆုတ်ကွန်ပျူ တာ ဓာတ်မှန်ရိုက်ခြင်း၊ အဆုတ်ဓာတ်မှန်(CXR)ရိုက်ခြင်းနဲ့ယှဉ်ရင်၊ ထိရောက်တဲ့ရောဂါရှာဖွေခြင်းနည်းလမ်းတစ်ခုဖြစ်တယ်လို့ဖော်ပြခဲ့တယ်။ တစ်နှစ်တစ်ခါရောဂါစစ်ဆေးခြင်းက အဆုတ်ကင်ဆာနဲ့သေဆုံးနှုန်းကို (၂၀%)လျှော့ချပေးနိုင်တယ်။ ဒါကြောင့်လက်ရှိမှာ အမျိုးသားအဆင့်ကင် ဆာကွန်ရက် (National Comprehensive Cancer Network_NCCN)အမေရိကန်ဆေးဝါးကုသမှုကင်ဆာအဆင့်(ASCO_American _Souciety of Clinical Oncology)နဲ့ အမေရိကန်ရင်ခေါင်းသမားတော်ကောလိပ် (ACCP_American Collage OF chest Physician)လို့ အဆင့်များကကင်ဆာဖြစ်နိုင်ခြေများတဲ့သူတွေကို ဆေးသွင်းတာ၊ အဆုတ်ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး အဆုတ်ကင်ဆာရောဂါရှိ မရှိရှာဖွေဖို့အကြံပေးထားတယ်။ရောဂါဖြစ်နိုင်တဲ့အုပ်စုထဲမှာ
(၁)အသက်(၅၅)နှစ်အထက်
(၂)လက်ရှိဆေးလိပ်သောက်သုံးသူ(သို့)ဖြတ်ထားသူ
(၃)ဆေးလိပ်ကို တစ်နှစ်ဘူး(၃၀)နဲ့အထက်သောက်သုံးသူဖြစ်ရင်အဆုတ်ကင်ဆာစစ်ဆေးမှုပြုလုပ်ဖို့လိုတယ်။
တစ်နေ့မှာကိုယ်သောက်တဲ့ဆေးလိပ်အရေတွက်ကို(၂၀)နဲ့စား၊ရတဲ့အဖြေကိုကိုယ်သောက်ခဲ့တဲ့နှစ်အရအတွက်နဲ့မြှောက်ခြင်းရလဒ်ပဲဖြစ်တယ်။
(၁)တစ်နှစ်ဆေးလိပ်(၂)ဗူးသောက်သူများ(၁၅)နှစ်ကြာရင်
(၂)တစ်နေ့ဆေးလိပ်(၁)ဗူးသောက်သူများ(၃၀)နှစ်ကြာရင်
(၃)တစ်နေ့ဆေးလိပ်တစ်ဗူးခွဲသောက်သူများ(၂၀)နှစ်ကြာရင်
(၃)ယခင်ကဆေးလိပ်သောက်သုံးသူဟာဆေးလိပ်ဖြတ်ပြီး(၁၅)နှစ်အတွင်းဖြစ်ရင် အဆုတ်ကင်ဆာဖြစ်နိုင်တယ်။
အခြား အဆုတ်ကင်ဆာဖြစ်နိုင်သေးတဲ့သူများစွာ
(၁)အသက်
(၂)လိင်
(၃)လူမျိုးစုအရပ်အမြင့်
(၄)ကိုယ်အလေးချိန်
(၅)အချိန်၊ပညာအရည်အချင်း
(၆)မိသားစုဝင်မှာအဆုတ်ရောဂါရှိခြင်း
(၇)ကင်ဆာရောဂါဖြစ်ပွားဖူးသူ
(၈)မိသားစုဝင်မှာနာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါဖြစ်ဖူးသူရဲ့အခြားကင်ဆာရောတစ်မျိုးမျိုးရှိသူတို့ဖြစ်ကြတယ်။
ရောဂါဖြစ်စေနိုင်တဲ့အလယ်အလတ်အုပ်စုမှာလက်ရှိဆေးလိပ်သောက်သုံးနေသူများ(သို့)တစ်နေ့ကို(၁)ဗူးနဲ့အနှစ်(၂၀)ဆေးလိပ်သောက်သုံးသူများဆေးလိပ်အငွေ့ရှူရှိုက်နေရသူများ၊ လေထုညစ်ညမ်းတဲ့ပတ်ဝန်း ကျင်မှာနေထိုင်ရသူများ ပါဝင်ပါတယ်။ အခြားဖြစ်စေနိုင်တဲ့အန္တရာယ်အ ချက်များရှိပါသေးတယ်။
(၁)အမွှေးတိုင်။ ။ တရုတ်နိုင်ငံမှပြုလုပ်တဲ့သုတေသနတွေ့ရှိချက်အရအမွှေးတိုင်အငွေ့များအချိန်ကြာမြင့်စွာရှူရှိုက်ရသူတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနဲ့အဆုတ်ကင်ဆာရောဂါဖြစ်နိုင်ခြေများသူများဖြစ်ကြတယ်။
(၂)သေးငယ်တဲ့အမှုန်အမွှာများ။ ။ သေးငယ်တဲ့အမှုန်အမွှားဆိုတာ၊လေထုထဲမှာ(၂.၅)မိုက်ခရွန်နဲ့အောက် သေးငယ်တဲ့အမှုန့်အမွှားကိုဆိုလိုတယ်။ ထင်း၊ မီးဖိုလောင်စာဆီ၊ ကျောက်မီးသွေးနဲ့ ဆောက်လုပ်ရေးလုပ် ငန်းခွင်မှမီးခိုငွေ့များပါဝင်တယ်။
(၃)အမှုန်အမွှားတို့နဲ့ထိတွေ့ခြင်းဟာ အဆုတ်ရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေပြီး ပန်းနာရင်ကျပ်နဲ့နှလုံးရောဂါတို့လို ကျန်းမာရေးအခြေအနေများဆိုးရွားစေတယ်။ ဒါ့ပြင်လေထုထဲမှာ(PM 2.5)အဆင့် တိုးလာတာနဲ့အမျှ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေ တိုးလာပါတယ်။ (PM 2.5)အဆင့်မြင့်လာတဲ့အခါ အပြင်ထွက်ရှောင်ရှားခြင်း၊ လေသန့်စင်နည်းများအသုံးပြုနိုင်တယ်။
(၄)အီးစီးကရက် (Vape)နဲ့ မူလရည်ရွယ်ချက်မှာဆေးလိပ်ဖြတ်ဖို့ဖြစ်တယ်။ ဒါပေမဲ့ အီးစီးကရက် ရှူရှိုက်သူတွေဟာ နီကိုတင်း(သို့)နီကိုတင်းမဟုတ်တဲ့ပစ္စည်းတို့ကို အငွေ့အဖြစ်ထုတ်လွှတ်ကာ၊ ဘက်ထရီနဲ့လည်ပတ်တဲ့ကိရိယာတစ်ခုဖြစ်တယ်။ ယခင်က နီကိုတင်းမပါပေမယ့် နောက်ပိုင်းလူစွဲလန်းအောင်(Vape)ကို နီကိုတင်းနဲ့လိုချင်တဲ့ရနံ့ထည့်ပေးလိုက်တဲ့အခါဆေးလိပ်သောက်သူလိုပဲ အဆုတ်ကင်ဆာဖြစ်နိုင်ခြေရှိလာပါတယ်။ ယခုတွေ့ရှိထားတဲ့ ရိုးရိုးဆေးလိပ်နဲ့အီးစီးကရက်(vape)(၂)မျိုးသောက်သူတွေမှာအဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေ(၈)ဆများနိုင်တယ်ဆိုတာ(Vape)ကိုအတိုင်းအဆမရှိရှူရှိုက်နေခြင်းနဲ့ စီးကရက်စွဲလန်းခြင်းတို့ကြောင့် အဓိကဖြစ်နိုင်ပါတယ်။
zawgyi version
စိတ္ဓာတ္က်လူငယ္မ်ားအီးစီးကရက္(Vape)သုံးစြဲရန္ ႏွစ္ဆမ်ားေန
ေဒါက္တာလြင္သန႔္ (NP News) - ႏိုဝင္ဘာ ၂၉
ဩစေၾတလ်ႏိုင္ငံရဲ႕ဆယ္ေက်ာ္သက္ေတြကို ေလ့လာမႈစစ္တမ္းအရစိတ္က်ေရာဂါလကၡဏာခံစားေနရတဲ့လူငယ္ေတြက အီးစီးကရက္(vape) ေသာက္ႏိုင္ေျခအလားအလာ၊ ႏွစ္ဆပိုတိုးတာကိုေတြရွိရတယ္ဆိုပါတယ္။(Vape)မွာပါတဲ့ နီကိုတင္းကေရတိုအတြင္း စိုးရိမ္စိတ္နဲ႔စိတ္ဖိစီးမႈခံစားခ်က္ေတြကိုေလ်ာ့နည္းသက္သာသြားေစႏိုင္တာေၾကာင့္ သည္လိုျပႆနာေတြကိုကိုင္ကြယ္ေျဖရွင္တဲ့အႏၲရာယ္တစ္ခုအျဖစ္ လူငယ္ေတြက အီးစီးကရက္ (vape)ကိုသုံးစြဲလာေနၾကတာျဖစ္တယ္လို႔ေလ့လာမႈကို ပူးတြဲေရးသားတဲ့ဆစ္ဒနီတကၠသိုလ္မာတီဒါစင္တာနဲ႔ေဆးပညာတြဲဖက္ပါေမာကၡ အမ္မလီစေတာ့လင္းကဆိုတယ္။
စိတ္အဆင္မေျပတာေၾကာင့္ ေဆးလိပ္နဲ႔အီးစီးကရက္(vape)ေသာက္တာေတြရွိတတ္ၿပီး အျပန္အလွန္အေနနဲ႔ေဆးလိပ္နဲ႔ဘိတ္(vape)ေသာက္တာေတြဟန႔္ထားဖို႔ဆိုရင္လည္း စိတ္က်န္းမာေရးက႑ကိုတစ္ခ်ိန္တည္းမွာပဲထည့္သြင္းေျပာၾကဖို႔လိုအပ္တယ္ဆိုတာကို ယခုေလ့လာမႈကျပသပါတယ္လို႔ သူကဆိုတယ္။ အဆိုပါေလ့လာမႈအတြက္ နယူးေဆာက္ေဝးျပည္နယ္၊ ကြင္းစလန္ျပည္နယ္ ဩစေၾတလ်အေနာက္ပိုင္း(western Austria) ျပည္နယ္ေတြက စာသင္ေက်ာင္း(၄၀)မွာတက္ေရာက္ေနၾကတဲ့အသက္(၁၂-၁၃)ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္ေက်ာင္းသားလူငယ္ဦးေရ (၅၀၀၀)ေက်ာ္ကို စိတ္က်န္းမာေရးနဲ႔အီးစီးကရက္(vape)ေသာက္မႈႏူန္းဆိုင္ရာအခ်က္အလက္ေတြ၊ စစ္တမ္းေကာက္ယူၿပီး ေလ့လာခဲ့ၾကတာလို႔သိရပါတယ္။
ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)မွေဆးလိပ္ေသာက္တာေၾကာင့္ ကမာၻတစ္ဝန္းလူသန္ေပါင္း(၅.၄)သန္းခန႔္ႏွစ္စဥ္ေသဆုံးလ်က္ရွိတယ္လို႔ဆိုတယ္။ ေသဆုံးျခင္းကိုကာကြယ္လို႔ရတဲ့အေၾကာင္းတရားေတြမွာ ေဆးလိပ္ေသာက္ျခင္းမွေရွာင္ၾကဥ္ျခင္းက အဓိကက်ပါတယ္။ ေဆးလိပ္မွာနီကိုတင္းေခၚလူကိုစြဲလန္းတတ္ေစတဲ့ပစၥည္းအပါအဝင္ ဓာတုပစၥည္းအမ်ိဳးေပါင္း (၄၀၀၀)ေက်ာ္နဲ႔ကင္ဆာျဖစ္ေစတဲ့ပစၥည္း(၄၀)ေက်ာ္ပါဝင္တယ္။ ေဆးလိပ္မွာပါဝင္တဲ့ နီကိုတင္းဟာ ဦးေႏွာက္ရွိအာ႐ုံခံေနရာေတြမွာ ဓာတ္ျပဳျခင္းအေပၚ လႈံ႕ေဆာ္လို႔ စိတ္ေက်နပ္မႈရရွိျခင္းျဖစ္တယ္။
ေဆးလိပ္နဲ႔အီးစီးကရက္(vape)ေသာက္လို႔ဆိုးက်ိဳးမ်ား ရႏိုင္တယ္။ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေလျဖတ္ေရာဂါ၊ အဆုတ္ကင္ဆာ၊လည္ ေခ်ာင္းကင္ဆာ၊ အျခားကင္ဆာမ်ား၊ အဆုတ္ေလႁပြန္ေရာင္ျခင္း၊ လက္နဲ႔ေျခေထာက္ေသြးလႊတ္ေၾကာႀကီးမ်ားပိတ္ကာေျခေခ်ာင္း၊ လက္ေခ်ာင္းပုပ္ျခင္း၊ ေျခေထာက္ျဖတ္ရတာေၾကာင့္ လူစဥ္မမီျခင္း၊ ပန္းေသပန္းညႇိဳးေရာဂါ၊ကေလးမရပဲရွိျခင္း၊ မိခင္ေတြမွာကိုယ္ဝန္ပ်က္က်ျခင္း၊ ကေလးေပါင္မျပည့္ျခင္းေမြးကင္းစကေလးေသဆုံးျခင္းစတဲ့က်န္းမာေရး ဆိုးက်ိဳးမ်ားရရွိေစပါတယ္။
စီးပြားေရးနဲ႔ပတ္သက္တဲ့ဆိုးက်ိဳးမ်ားလဲျဖစ္ေပၚေစပါတယ္။ ေဆးလိပ္ေၾကာင့္အပိုကုန္က်ေငြဟာ မိသားစုစားဝတ္ေနေရးကိုက်ပ္တည္ေစျခင္း၊အိမ္ေထာင္ဦးစီးမွာ ေရာဂါရပါက မိသားစုမွာဆုံရႈံးမႈႀကီးစြာျဖစ္ျခင္း၊ေဆးလိပ္မွအရက္၊ မူးယစ္ေဆးဝါးစိတ္ႂကြေဆးဝါးအထိစြဲသြားၿပီး လူမႈေရးဆုံးရႈံးမႈမ်ား၊ ရာဇဝတ္မႈမ်ားမ်ားျပားျခင္းတို႔ရဲ႕အေျခခံအစဟာေဆးလိပ္ကလို႔ဆိုပါတယ္။ ဒါ့ျပင္ေဆးလိပ္ဟာ လူတို႔ရဲ႕ကာယဉာဏစြမ္းအားကို ထိခိုက္ေစျခင္း၊ ေဆး႐ြက္စိုက္ခင္း၊ စီးကရက္စက္႐ုံတို႔ေၾကာင့္ သဘာဝပတ္ဝန္း က်င္ ညစ္ညမ္းျခင္းစတဲ့ လူမႈေရးဆိုးက်ိဳးေတြျဖစ္ေပၚေစႏိုင္လို႔ ေဆးလိပ္ေသာက္ျခင္းကိုေရွာင္ၾကဥ္သင့္ပါတယ္။
ေဆးလိပ္ကိုဘယ္အ႐ြယ္ကစၿပီး ေသာက္ေသာက္၊ ျဖတ္လိုက္တဲ့အခ်ိန္မွစကာကိုယ့္က်န္းမာေရးကို သိသာစြာတိုးတတ္ေကာင္းမြန္လာေစတယ္။ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ အဆုတ္ေရာဂါစတဲ့ေဆးလိပ္ေၾကာင့္ျဖစ္တတ္တဲ့ေရာဂါမ်ားျဖစ္ပြားႏိုင္မႈ ေလ်ာ့သြားတယ္။ လူ႔သက္တမ္းေစ့ေနႏိုင္တယ္။ မိသားစုကုန္က်စရိတ္သက္သာကာ က်န္းမာေပ်ာ္႐ႊင္ၾကတယ္။မိသားစုေစာင့္ေရွာက္မႈလုပ္ငန္းမွာ ဝန္ထုပ္ဝန္းပိုးေလ်ာ့နည္းသြားတယ္။
ေဆးလိပ္၊ အီးစီးကရက္(vape)ျဖတ္ရင္ ဆုံးျဖတ္ခ်က္ခိုင္မာသင့္တယ္။ေဆးလိပ္ျဖတ္တဲ့ေန႔ကိုေ႐ြးကာ သူငယ္ခ်င္းမိသားစုဝင္ေတြကိုေဆးလိပ္ျဖတ္ၿပီျဖစ္ေၾကာင္း ေၾကညာထားရတယ္။ ေလွ်ာ့ေသာက္တာမလုပ္သင့္ပါဘူး။ တိကနဲျဖတ္သင့္တယ္။ ေဆးလိပ္၊ မီးျခစ္စတဲ့ပစၥည္းမ်ား၊ vape မ်ား ပတ္ဝန္းက်င္မွာမရွိေစသင့္ဘူး။ ေဆးလိပ္ေသာက္မယ့္ေနရာဆီမသြားသင့္ပါဘူး။ မိဘ၊ မိသားစု၊ သူငယ္ခ်င္းတို႔ရဲ႕ေထာက္ခံမႈကို ရယူသင့္ပါတယ္။အဆုတ္ကင္ဆာေရာဂါဟာ ကမာၻေပၚမွာ ဒုတိယေျမာက္အေသအမ်ားဆုံးေရာဂါတစ္ခုျဖစ္သလို ထိုင္းႏိုင္ငံရဲ႕အေသအမ်ားဆုံးကင္ဆာေရာဂါျဖစ္တယ္။ အဆုတ္ကင္ဆာအမ်ားစုဟာ ေရာဂါေနာက္ဆုံးအဆင့္မွာ ေရာဂါရွာေတြ႕ပါက ကုသမႈပိုမိုရႈပ္သြားၿပီး၊ အသက္ရွင္မႈႏႈန္းမွာသိသိသာသာေလ်ာ့က်ေစတယ္။ အရင္ကာလကလိုအဆုတ္ကင္ဆာရွိ မရွိ၊ စမ္းသပ္စစ္ေဆးျခင္းကို အဆုတ္ဓာတ္မွန္(CXR)႐ိုက္ျခင္း၊ သလိပ္စစ္ေဆးျခင္း (Sputum cytology) နဲ႔ရွာေဖြတယ္။ သည္လိုေရာဂါရွာေဖြျခင္းနည္းလမ္းေတြဟာ ေသးငယ္တဲ့ကင္ဆာအက်ိတ္မ်ားကို ရွာမေတြ႕ႏိုင္လို႔ အဆုတ္ကင္ဆာကို ေစာစီးစြာေရာဂါသိရွိႏိုင္ေျခ မရွိတာျဖစ္ပါတယ္။
(၂၀၁၁)ခုႏွစ္ အေမရိကန္မွာျပဳလုပ္တဲ့(National Lungs Screening Trial ,NLST)က တစ္ႏိုင္ငံလုံးအဆုတ္ေရာဂါရွိ၊ မရွိလက္ေတြ႕စမ္းသပ္မႈမွာအဆုတ္ကင္ဆာျဖစ္ပြားႏိုင္ေျခရွိသူေတြဟာ ေဆးသြင္းၿပီး အဆုတ္ကြန္ပ်ဴ တာ ဓာတ္မွန္႐ိုက္ျခင္း၊ အဆုတ္ဓာတ္မွန္(CXR)႐ိုက္ျခင္းနဲ႔ယွဥ္ရင္၊ ထိေရာက္တဲ့ေရာဂါရွာေဖြျခင္းနည္းလမ္းတစ္ခုျဖစ္တယ္လို႔ေဖာ္ျပခဲ့တယ္။ တစ္ႏွစ္တစ္ခါေရာဂါစစ္ေဆးျခင္းက အဆုတ္ကင္ဆာနဲ႔ေသဆုံးႏႈန္းကို (၂၀%)ေလွ်ာ့ခ်ေပးႏိုင္တယ္။ ဒါေၾကာင့္လက္ရွိမွာ အမ်ိဳးသားအဆင့္ကင္ ဆာကြန္ရက္ (National Comprehensive Cancer Network_NCCN)အေမရိကန္ေဆးဝါးကုသမႈကင္ဆာအဆင့္(ASCO_American _Souciety of Clinical Oncology)နဲ႔ အေမရိကန္ရင္ေခါင္းသမားေတာ္ေကာလိပ္ (ACCP_American Collage OF chest Physician)လို႔ အဆင့္မ်ားကကင္ဆာျဖစ္ႏိုင္ေျခမ်ားတဲ့သူေတြကို ေဆးသြင္းတာ၊ အဆုတ္ကြန္ပ်ဴတာဓာတ္မွန္႐ိုက္ၿပီး အဆုတ္ကင္ဆာေရာဂါရွိ မရွိရွာေဖြဖို႔အႀကံေပးထားတယ္။ေရာဂါျဖစ္ႏိုင္တဲ့အုပ္စုထဲမွာ
(၁)အသက္(၅၅)ႏွစ္အထက္
(၂)လက္ရွိေဆးလိပ္ေသာက္သုံးသူ(သို႔)ျဖတ္ထားသူ
(၃)ေဆးလိပ္ကို တစ္ႏွစ္ဘူး(၃၀)နဲ႔အထက္ေသာက္သုံးသူျဖစ္ရင္အဆုတ္ကင္ဆာစစ္ေဆးမႈျပဳလုပ္ဖို႔လိုတယ္။
တစ္ေန႔မွာကိုယ္ေသာက္တဲ့ေဆးလိပ္အေရတြက္ကို(၂၀)နဲ႔စား၊ရတဲ့အေျဖကိုကိုယ္ေသာက္ခဲ့တဲ့ႏွစ္အရအတြက္နဲ႔ေျမႇာက္ျခင္းရလဒ္ပဲျဖစ္တယ္။
(၁)တစ္ႏွစ္ေဆးလိပ္(၂)ဗူးေသာက္သူမ်ား(၁၅)ႏွစ္ၾကာရင္
(၂)တစ္ေန႔ေဆးလိပ္(၁)ဗူးေသာက္သူမ်ား(၃၀)ႏွစ္ၾကာရင္
(၃)တစ္ေန႔ေဆးလိပ္တစ္ဗူးခြဲေသာက္သူမ်ား(၂၀)ႏွစ္ၾကာရင္
(၃)ယခင္ကေဆးလိပ္ေသာက္သုံးသူဟာေဆးလိပ္ျဖတ္ၿပီး(၁၅)ႏွစ္အတြင္းျဖစ္ရင္ အဆုတ္ကင္ဆာျဖစ္ႏိုင္တယ္။
အျခား အဆုတ္ကင္ဆာျဖစ္ႏိုင္ေသးတဲ့သူမ်ားစြာ
(၁)အသက္
(၂)လိင္
(၃)လူမ်ိဳးစုအရပ္အျမင့္
(၄)ကိုယ္အေလးခ်ိန္
(၅)အခ်ိန္၊ပညာအရည္အခ်င္း
(၆)မိသားစုဝင္မွာအဆုတ္ေရာဂါရွိျခင္း
(၇)ကင္ဆာေရာဂါျဖစ္ပြားဖူးသူ
(၈)မိသားစုဝင္မွာနာတာရွည္အဆုတ္ေလႁပြန္ေရာင္ေရာဂါျဖစ္ဖူးသူရဲ႕အျခားကင္ဆာေရာတစ္မ်ိဳးမ်ိဳးရွိသူတို႔ျဖစ္ၾကတယ္။
ေရာဂါျဖစ္ေစႏိုင္တဲ့အလယ္အလတ္အုပ္စုမွာလက္ရွိေဆးလိပ္ေသာက္သုံးေနသူမ်ား(သို႔)တစ္ေန႔ကို(၁)ဗူးနဲ႔အႏွစ္(၂၀)ေဆးလိပ္ေသာက္သုံးသူမ်ားေဆးလိပ္အေငြ႕ရႉရႈိက္ေနရသူမ်ား၊ ေလထုညစ္ညမ္းတဲ့ပတ္ဝန္း က်င္မွာေနထိုင္ရသူမ်ား ပါဝင္ပါတယ္။ အျခားျဖစ္ေစႏိုင္တဲ့အႏၲရာယ္အ ခ်က္မ်ားရွိပါေသးတယ္။
(၁)အေမႊးတိုင္။ ။ တ႐ုတ္ႏိုင္ငံမွျပဳလုပ္တဲ့သုေတသနေတြ႕ရွိခ်က္အရအေမႊးတိုင္အေငြ႕မ်ားအခ်ိန္ၾကာျမင့္စြာရႉရႈိက္ရသူေတြဟာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားနဲ႔အဆုတ္ကင္ဆာေရာဂါျဖစ္ႏိုင္ေျခမ်ားသူမ်ားျဖစ္ၾကတယ္။
(၂)ေသးငယ္တဲ့အမႈန္အမႊာမ်ား။ ။ ေသးငယ္တဲ့အမႈန္အမႊားဆိုတာ၊ေလထုထဲမွာ(၂.၅)မိုက္ခ႐ြန္နဲ႔ေအာက္ ေသးငယ္တဲ့အမႈန႔္အမႊားကိုဆိုလိုတယ္။ ထင္း၊ မီးဖိုေလာင္စာဆီ၊ ေက်ာက္မီးေသြးနဲ႔ ေဆာက္လုပ္ေရးလုပ္ ငန္းခြင္မွမီးခိုေငြ႕မ်ားပါဝင္တယ္။
(၃)အမႈန္အမႊားတို႔နဲ႔ထိေတြ႕ျခင္းဟာ အဆုတ္ရဲ႕လုပ္ေဆာင္ခ်က္ကိုထိခိုက္ေစၿပီး ပန္းနာရင္က်ပ္နဲ႔ႏွလုံးေရာဂါတို႔လို က်န္းမာေရးအေျခအေနမ်ားဆိုး႐ြားေစတယ္။ ဒါ့ျပင္ေလထုထဲမွာ(PM 2.5)အဆင့္ တိုးလာတာနဲ႔အမွ် အဆုတ္ကင္ဆာျဖစ္ပြားႏိုင္ေျခ တိုးလာပါတယ္။ (PM 2.5)အဆင့္ျမင့္လာတဲ့အခါ အျပင္ထြက္ေရွာင္ရွားျခင္း၊ ေလသန႔္စင္နည္းမ်ားအသုံးျပဳႏိုင္တယ္။
(၄)အီးစီးကရက္ (Vape)နဲ႔ မူလရည္႐ြယ္ခ်က္မွာေဆးလိပ္ျဖတ္ဖို႔ျဖစ္တယ္။ ဒါေပမဲ့ အီးစီးကရက္ ရႉရႈိက္သူေတြဟာ နီကိုတင္း(သို႔)နီကိုတင္းမဟုတ္တဲ့ပစၥည္းတို႔ကို အေငြ႕အျဖစ္ထုတ္လႊတ္ကာ၊ ဘက္ထရီနဲ႔လည္ပတ္တဲ့ကိရိယာတစ္ခုျဖစ္တယ္။ ယခင္က နီကိုတင္းမပါေပမယ့္ ေနာက္ပိုင္းလူစြဲလန္းေအာင္(Vape)ကို နီကိုတင္းနဲ႔လိုခ်င္တဲ့ရနံ႔ထည့္ေပးလိုက္တဲ့အခါေဆးလိပ္ေသာက္သူလိုပဲ အဆုတ္ကင္ဆာျဖစ္ႏိုင္ေျခရွိလာပါတယ္။ ယခုေတြ႕ရွိထားတဲ့ ႐ိုး႐ိုးေဆးလိပ္နဲ႔အီးစီးကရက္(vape)(၂)မ်ိဳးေသာက္သူေတြမွာအဆုတ္ကင္ဆာျဖစ္ပြားႏိုင္ေျခ(၈)ဆမ်ားႏိုင္တယ္ဆိုတာ(Vape)ကိုအတိုင္းအဆမရွိရႉရႈိက္ေနျခင္းနဲ႔ စီးကရက္စြဲလန္းျခင္းတို႔ေၾကာင့္ အဓိကျဖစ္ႏိုင္ပါတယ္။