(၉၈)နှစ်အရွယ်ရောက်မှ အထက်တန်းအောင်လက်မှတ်ရရှိခဲ့တဲ့ အမေရိကန်စစ်ပြန် တစ်ဦး
190
Pika (NP News) - နိုဝင်ဘာ ၂၉
အသက်(၉၈)နှစ်အရွယ်ရှိ ဒုတိယကမ္ဘာ စစ်အတွင်းကစစ်ပြန်တစ်ဦးကို အမေရိကန်နိုင်ငံ Rhode Island ပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ခုက အထူးအခမ်းအနားတစ်ခုအတွင်း အထက်တန်းအောင်လက်မှတ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
Anthony Simeone ဟုခေါ်သော အမျိုးသားသည် အသက်(၁၆)နှစ်အရွယ်တွင် ၎င်း၏မိသားစုကို ကူညီထောက်ပံ့ရန်အတွက် အထက်တန်း ကျောင်းမှထွက်ခဲ့ပြီး အသက်(၁၇)နှစ်အရွယ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်း ပါဝင်တိုက်ခိုက်ရန်အတွက် အမေရိကန်ရေတပ်တွင် စာရင်းသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Battle of Bulge တွင်တိုက်ပွဲဝင်ခဲ့သော Anthony Simeone သည် စစ်ပွဲအပြီးတွင် အမေရိကန်ကို ပြန်လည်ရောက်ရှိလာခဲ့ကာ GED လက်မှတ်ကို ရရှိခဲ့ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် Anthony Simeone သည် Cranston High School East ၏ တရားဝင် အထက်တန်းကျောင်းအောင်လက်မှတ်ကို ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
Anthony Simeone က “ဒီလိုမျိုး ဂုဏ်ပြုခံရလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှမထင်ထားခဲ့ဖူးပါဘူး”ဟု ပြောဆိုခဲ့သည်။
အဆိုပါအခမ်းအနားကို Cranston ရပ်ကွက်ရှိ မူလတန်းကျောင်းတစ်ခုတွင် ပညာသင်ကြားနေသော Anthony Simeone ၏မြေးမလေးဖြစ်သူက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
zawgyi version
(၉၈)ႏွစ္အ႐ြယ္ေရာက္မွ အထက္တန္းေအာင္လက္မွတ္ရရွိခဲ့တဲ့ အေမရိကန္စစ္ျပန္ တစ္ဦး
Pika (NP News) - ႏိုဝင္ဘာ ၂၉
အသက္(၉၈)ႏွစ္အ႐ြယ္ရွိ ဒုတိယကမာၻ စစ္အတြင္းကစစ္ျပန္တစ္ဦးကို အေမရိကန္ႏိုင္ငံ Rhode Island ျပည္နယ္ရွိ အထက္တန္းေက်ာင္းတစ္ခုက အထူးအခမ္းအနားတစ္ခုအတြင္း အထက္တန္းေအာင္လက္မွတ္ကို ေပးအပ္ခဲ့ေၾကာင္း သိရသည္။
Anthony Simeone ဟုေခၚေသာ အမ်ိဳးသားသည္ အသက္(၁၆)ႏွစ္အ႐ြယ္တြင္ ၎၏မိသားစုကို ကူညီေထာက္ပံ့ရန္အတြက္ အထက္တန္း ေက်ာင္းမွထြက္ခဲ့ၿပီး အသက္(၁၇)ႏွစ္အ႐ြယ္တြင္ ဒုတိယ ကမာၻစစ္အတြင္း ပါဝင္တိုက္ခိုက္ရန္အတြက္ အေမရိကန္ေရတပ္တြင္ စာရင္းသြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Battle of Bulge တြင္တိုက္ပြဲဝင္ခဲ့ေသာ Anthony Simeone သည္ စစ္ပြဲအၿပီးတြင္ အေမရိကန္ကို ျပန္လည္ေရာက္ရွိလာခဲ့ကာ GED လက္မွတ္ကို ရရွိခဲ့ေၾကာင္းလည္း သိရသည္။ လက္ရွိအခ်ိန္တြင္ Anthony Simeone သည္ Cranston High School East ၏ တရားဝင္ အထက္တန္းေက်ာင္းေအာင္လက္မွတ္ကို ရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
Anthony Simeone က “ဒီလိုမ်ိဳး ဂုဏ္ျပဳခံရလိမ့္မယ္လို႔ ကြၽန္ေတာ္တစ္ခါမွမထင္ထားခဲ့ဖူးပါဘူး”ဟု ေျပာဆိုခဲ့သည္။
အဆိုပါအခမ္းအနားကို Cranston ရပ္ကြက္ရွိ မူလတန္းေက်ာင္းတစ္ခုတြင္ ပညာသင္ၾကားေနေသာ Anthony Simeone ၏ေျမးမေလးျဖစ္သူက စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။