တောင်သာမြို့နယ်တွင် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
518
နာမူ (NP News) - နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်၊ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ နဂါးဘိုကျေးရွာနှင့် ကျွဲတလင်းကျေးရွာကြားရှိ မြေသားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာများတွင်နေထိုင်သည့် အသက် (၆၂)နှစ်အရွယ် ဦးကနက်စိန်နှင့် အသက်(၅၃)နှစ်အရွယ် ဒေါ်လှစန်းရီ(ခ)မွှေးနီမတို့သည် ၎င်းတို့ နေအိမ်များတွင် အသီးသီးရှိနေစဉ် PDF အဖွဲ့ဝင် (၆) ဦးခန့်က ဆိုင်ကယ် (၃)စီးဖြင့်ရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အထက်ပါ နေရာအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးကနက်စိန်နှင့် ဒေါ်လှစန်းရီ(ခ) မွှေးနီမတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့၊ မွန်းလွဲ ၁ နာရီခန့်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ကြို့ ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအနီးရှိ တောင်ယာတဲ၌ အမျိုးသားတစ်ဦးကို KNU နှင့် PDF ပူးပေါင်းအဖွဲ့ဝင်(၇)ဦးက “ဒလန်”ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက် (၄၉)နှစ်အရွယ် ဦးကျော်လွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
zawgyi version
ေတာင္သာၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး ႏွင့္ အမ်ိဳးသမီးတစ္ဦးကို PDF အဖြဲ႕က ေနအိမ္မွဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္
နာမူ (NP News) - ႏိုဝင္ဘာ ၂၉
မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကို PDF အဖြဲ႕က ေနအိမ္မွ ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၆ ရက္၊ မြန္းလြဲ ၁ နာရီအခ်ိန္ခန႔္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္၊ နဂါးဘိုေက်း႐ြာႏွင့္ ကြၽဲတလင္းေက်း႐ြာၾကားရွိ ေျမသားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာမ်ားတြင္ေနထိုင္သည့္ အသက္ (၆၂)ႏွစ္အ႐ြယ္ ဦးကနက္စိန္ႏွင့္ အသက္(၅၃)ႏွစ္အ႐ြယ္ ေဒၚလွစန္းရီ(ခ)ေမႊးနီမတို႔သည္ ၎တို႔ ေနအိမ္မ်ားတြင္ အသီးသီးရွိေနစဥ္ PDF အဖြဲ႕ဝင္ (၆) ဦးခန႔္က ဆိုင္ကယ္ (၃)စီးျဖင့္ေရာက္ရွိလာကာ ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး အထက္ပါ ေနရာအေရာက္တြင္ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဦးကနက္စိန္ႏွင့္ ေဒၚလွစန္းရီ(ခ) ေမႊးနီမတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ ယင္းေန႔၊ မြန္းလြဲ ၁ နာရီခန႔္ကလည္း ပဲခူးတိုင္းေဒသႀကီး၊ ႀကိဳ႕ ပင္ေကာက္ၿမိဳ႕နယ္၊ ႐ုံးေခ်ာင္းေက်း႐ြာအနီးရွိ ေတာင္ယာတဲ၌ အမ်ိဳးသားတစ္ဦးကို KNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕ဝင္(၇)ဦးက “ဒလန္”ဟု စြပ္စြဲကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အသက္ (၄၉)ႏွစ္အ႐ြယ္ ဦးေက်ာ္လြင္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။