ဒေါ်လာဈေး အကျပိုင်းတွင်ရှိသော်လည်း စက်သုံးဆီ ဈေးပြန်လည် မြင့်တက်လာ
1252
ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂၉
အမေရိကန်တစ်ဒေါ်လာလျှင်ပြင်ပပေါက်ဈေး ၄၄၀၀ ကျပ်ဝန်းကျင်သာပေါက်ဈေးရှိသော်လည်း ရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ စက်သုံးဆီးဈေး တစ်လီတာလျှင် ၆၀ ကျပ်နီးပါးခန့်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ပြည်တွင်းစက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းများအတွင်း ယခင်က ပြင်ပ ဒေါ်လာပေါက်ဈေးပေါ်မူတည်ကာ စက်သုံးဆီဈေး အပြောင်းအလဲဖြစ်ပေါ်လေ့ရှိသော်လည်း လက်ရှိတွင် ပြင်ပဒေါ်လာဈေး အပြောင်းအလဲမရှိသော်လည်း စက်သုံးဆီဈေးများ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
“နိုဝင်ဘာ၂၅ ရက်ကထက် နိုဝင်ဘာ ၂၉ ရက်တွင် စက်သုံးဆီအားလုံး တစ် လီတာကို ၆၀ ကျပ် ဝန်းကျင်လောက်ဈေးတက်သွားတယ်။ စက်သုံးဆီဈေးတက်ရင် ကျန်တဲ့ကုန်စည်တွေဈေးကျဖို့မဖြစ်နိုင်ဘူး။ အထွေထွေ ကုန်ဈေး နှုန်းတွေ ဆက်တက်နေမှာဘဲ”ဟု ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံမှတက္ကစီ အငှားယာဉ်မောင်း တစ်ဦးက ပြောသည်။
နိုဝင်ဘာ ၂၅ ရက်တွင် ပြင်ပဒေါ်လာပေါက်ဈေး ၄၄၀၀ ကျပ်မှ ၄၅၀၀ ကျပ် ဝန်းကျင်ပေါက်ဈေးရှိချိန်၌ ရန်ကုန်မြို့ရှိ စက်သုံးဆီပေါက်ဈေးများသည် 92 Ron တစ်လီတာလျှင် (၂၉၅၅)ကျပ်၊ 95 Ron တစ်လီတာလျှင် (၃၁၅၀) ကျပ်၊ HSD (500 ppm) ဒီဇယ် တစ်လီတာလျှင် (၂၆၂၀) ကျပ် HSD (50 ppm)၊ ဒီဇယ်တစ်လီတာလျှင် (၃၂၅၅)ကျပ် နှင့် HSD (10ppm) ဒီဇယ် တစ်လီတာလျှင် (၃၂၅၅)ကျပ် ပေါက်ဈေး ရှိကြောင်းသိရသည်။
လက်ရှိ နိုဝင်ဘာ ၂၉ ရက် ပြင်ပဒေါ်လာပေါက်ဈေး ၄၃၉၀ ကျပ်မှ ၄၄၉၀ ကျပ်ဝန်းကျင်သာပေါက်ဈေးရှိချိန်၌ ရန်ကုန်မြို့ စက်သုံးဆီပေါက်ဈေးများသည် 92 Ron တစ်လီတာလျှင် (၃၀၁၅)ကျပ်၊ 95 Ron တစ်လီတာလျှင် (၃၁၈၀) ကျပ်၊ HSD (500ppm) ဒီဇယ် တစ်လီတာလျှင် (၂၆၅၅) ကျပ် HSD (50 ppm)၊ ဒီဇယ် တစ်လီတာလျှင် (၃၂၉၀) ကျပ် နှင့် HSD (10ppm) ဒီဇယ် တစ်လီတာလျှင် (၃၂၉၀) ကျပ် ပေါက်ဈေး ရှိကြောင်းသိရသည်။
လက်ရှိနိုဝင်ဘာ (၂၉)ရက်၌ ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာဈေး ကွာခြားချက်ကြီးကြီးမားမားမရှိသော်လည်း စက်သုံးဆီတစ်လီတာလျှင် (၆၀)ကျပ် ဝန်းကျင်ဈေးတက်လာခြင်းဖြစ်သည်။
zawgyi version
ေဒၚလာေဈး အက်ပိုင္းတြင္ရွိေသာ္လည္း စက္သုံးဆီ ေဈးျပန္လည္ ျမင့္တက္လာ
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၂၉
အေမရိကန္တစ္ေဒၚလာလွ်င္ျပင္ပေပါက္ေဈး ၄၄၀၀ က်ပ္ဝန္းက်င္သာေပါက္ေဈးရွိေသာ္လည္း ရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕၌ စက္သုံးဆီးေဈး တစ္လီတာလွ်င္ ၆၀ က်ပ္နီးပါးခန႔္ျမင့္တက္လာေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
ျပည္တြင္းစက္သုံးဆီ ေရာင္းဝယ္ေရးလုပ္ငန္းမ်ားအတြင္း ယခင္က ျပင္ပ ေဒၚလာေပါက္ေဈးေပၚမူတည္ကာ စက္သုံးဆီေဈး အေျပာင္းအလဲျဖစ္ေပၚေလ့ရွိေသာ္လည္း လက္ရွိတြင္ ျပင္ပေဒၚလာေဈး အေျပာင္းအလဲမရွိေသာ္လည္း စက္သုံးဆီေဈးမ်ား ျပန္လည္ျမင့္တက္လာျခင္းျဖစ္သည္။
“ႏိုဝင္ဘာ၂၅ ရက္ကထက္ ႏိုဝင္ဘာ ၂၉ ရက္တြင္ စက္သုံးဆီအားလုံး တစ္ လီတာကို ၆၀ က်ပ္ ဝန္းက်င္ေလာက္ေဈးတက္သြားတယ္။ စက္သုံးဆီေဈးတက္ရင္ က်န္တဲ့ကုန္စည္ေတြေဈးက်ဖို႔မျဖစ္ႏိုင္ဘူး။ အေထြေထြ ကုန္ေဈး ႏႈန္းေတြ ဆက္တက္ေနမွာဘဲ”ဟု ရန္ကုန္ၿမိဳ႕ ရွစ္မိုင္လမ္းဆုံမွတကၠစီ အငွားယာဥ္ေမာင္း တစ္ဦးက ေျပာသည္။
ႏိုဝင္ဘာ ၂၅ ရက္တြင္ ျပင္ပေဒၚလာေပါက္ေဈး ၄၄၀၀ က်ပ္မွ ၄၅၀၀ က်ပ္ ဝန္းက်င္ေပါက္ေဈးရွိခ်ိန္၌ ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီေပါက္ေဈးမ်ားသည္ 92 Ron တစ္လီတာလွ်င္ (၂၉၅၅)က်ပ္၊ 95 Ron တစ္လီတာလွ်င္ (၃၁၅၀) က်ပ္၊ HSD (500 ppm) ဒီဇယ္ တစ္လီတာလွ်င္ (၂၆၂၀) က်ပ္ HSD (50 ppm)၊ ဒီဇယ္တစ္လီတာလွ်င္ (၃၂၅၅)က်ပ္ ႏွင့္ HSD (10ppm) ဒီဇယ္ တစ္လီတာလွ်င္ (၃၂၅၅)က်ပ္ ေပါက္ေဈး ရွိေၾကာင္းသိရသည္။
လက္ရွိ ႏိုဝင္ဘာ ၂၉ ရက္ ျပင္ပေဒၚလာေပါက္ေဈး ၄၃၉၀ က်ပ္မွ ၄၄၉၀ က်ပ္ဝန္းက်င္သာေပါက္ေဈးရွိခ်ိန္၌ ရန္ကုန္ၿမိဳ႕ စက္သုံးဆီေပါက္ေဈးမ်ားသည္ 92 Ron တစ္လီတာလွ်င္ (၃၀၁၅)က်ပ္၊ 95 Ron တစ္လီတာလွ်င္ (၃၁၈၀) က်ပ္၊ HSD (500ppm) ဒီဇယ္ တစ္လီတာလွ်င္ (၂၆၅၅) က်ပ္ HSD (50 ppm)၊ ဒီဇယ္ တစ္လီတာလွ်င္ (၃၂၉၀) က်ပ္ ႏွင့္ HSD (10ppm) ဒီဇယ္ တစ္လီတာလွ်င္ (၃၂၉၀) က်ပ္ ေပါက္ေဈး ရွိေၾကာင္းသိရသည္။
လက္ရွိႏိုဝင္ဘာ (၂၉)ရက္၌ ျပည္တြင္းေဈးကြက္အတြင္း ေဒၚလာေဈး ကြာျခားခ်က္ႀကီးႀကီးမားမားမရွိေသာ္လည္း စက္သုံးဆီတစ္လီတာလွ်င္ (၆၀)က်ပ္ ဝန္းက်င္ေဈးတက္လာျခင္းျဖစ္သည္။